သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၈) (မိုးမခ) ဧပြီ ၁၈၊ ၂ဝ၁၉ ချောက်မှာနေ့လည်စာစားပြီး ချောက် – ဆိပ်ဖြူမြစ်ကူးတံတားကိုဖြတ်တော့ မွန်းတိမ်းပြီ။ တံတားပေါ် ဥဒဟိုသွားလာနေတဲ့ ကားတွေ ဆိုင်ကယ်တွေငေးရင်း.. သြော် .. တချိန်တုန်းက ဒီမြစ်ကြီးကို ကူးတို့မော်တော်လေးနဲ့ ငါ ကြိမ်ဖန်များစွာ ဖြတ်ခဲ့ဖူး ပါသော်ကော။ ချောက်နဲ့ဆိပ်ဖြူဆိုတာ ဧရာဝတီမြစ်ရဲ့…

Continue Reading

အေးငြိမ်း ● အခွင့်ထူးခံ လူတန်းစား (မိုးမခ) ဧပြီ ၁၆၊ ၂၀၁၉ သည်ကနေ့ ကျွန်ုပ်တို့ စာသင်ရာနေရာသို့ နိုင်ငံတော်ဝန်ကြီး (Minister of State for Manpower and National Development) လာရောက်လေ့လာကြည့်ရှု၏။ လိုအပ်သည်များကို မှာစားရန်မဟုတ်။ မည်သည့်အဆောင်အယောင်မှ မပါ။ မည်သူမှ တန်းစီပြီး လက်အုပ်ချီ ကြိုဆိုနေစရာမလို။ မည်သည့်အခန်းအနားကြီးများမှ…

Continue Reading

မစပယ် ● ဘာလဲဟဲ့ … လူ့ငရဲကို လွမ်းတခြင်း (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၉ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် ဆွမ်းကျွေးအလှူဖိတ်စာလေးကို ကျန်ရစ်သူမိသားစုဆီက ကျွန်မ လက်ခံ ရရှိချိန်မှာ မရပ်မနားသွားနေတဲ့အချိန်ကာလကြီးကို အထိတ်တလန့် ရှိသွားမိပါတယ်။ ဘဘဦးဝင်းတင်နဲ့ ပတ်သက်ခဲ့ရတဲ့အကြောင်းလေးကို ရေးဖို့စဉ်းစားလိုက်တိုင်း ကိုယ့်လိုသာမန်လူတယောက်က ကြီးကျယ် မြင့်မြတ်တဲ့ နိုင်ငံတကာကလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတဦးအကြောင်းရေးရမှာ မဝံ့ရဲ…

Continue Reading

ကိုသန်းလွင် ● အချုပ်အခြာ အာဏာ (မိုးမခ) ဧပြီ ၁ဝ၊ ၂ဝ၁၉    လွန်ခဲ့သောလစောစောပိုင်းက တရုတ်ပြည်အရှေ့ပိုင်း ဂျင်ဟူ (Jinhu County) နယ်တွင် အဘယ့်ကြောင့်ကလေးငယ် ၁၄၅ ယောက်မှာ ဒိတ်လွန်နေသော ပိုလီယိုဆေးကို ထိုးပေးရပါသနည်းဟု မေးခွန်းထုတ်ခဲ့ကြပါသည်။ ဤသည်မှာ ၇ နှစ်အတွင်း ၅ ကြိမ်မြောက်ထိုးဆေးနှင့်ပတ်သက်၍ မေးခွန်းထုတ်ရခြင်းဖြစ်ပါသည်။ နိုင်ငံ၏ဆေးပညာလုပ်ငန်း၊  ကလေးများကာကွယ်…

Continue Reading

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄၁ဝ) (မိုးမခ) ဧပြီ ၈၊ ၂ဝ၁၉ စာရေးဆရာမ ခင်ဆွေဦး၏ စာနှင့်နောက်ဆုံးခရီး (၁) ၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ် ရောက်သောနှစ်တွင် မိမိထက် အသက် (၃) နှစ်လောက်ကြီး၊ (၃) နှစ်လောက် စောပြီး ရောက် နေနှင့်သူ နောင်သောအခါ မြန်မာစာပေလောက၌ ထင်ရှားလာမည့် စာရေးဆရာမ ခင်ဆွေဦးအားသတိမထားမိပါ။…

Continue Reading

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄ဝ၇) (မိုးမခ) ဧပြီ ၆၊ ၂ဝ၁၉ လှသော ပို၍လှသောနှင့် ခင်သန်းနု (၁) ၁၉၅၉ ခု၊ မြန်မာ့အသံသို့ ကျွန်တော်မရောက်မီကတည်း စာရေးဆရာဖြစ်နေပါပြီ။ ဇာတ်လမ်းပမာ နားဆင်စရာ တာဝန်ခံ စန္ဒရားအောင်ခင်နှင့် မောင်အောင်မွန်၏ဝတ္ထုတိုများကလည်း လူချင်းမဆုံမီကပင် ရင်းနှီးနေနှင့်၏။ ကျွန်တော်ပထမဆုံးရေး သော သိင်္ဂီရယ်မေ့ပါနိုင်ကိုတောင်ရှာတွေ့ပြီး ဇာတ်လမ်းလုပ်ကာ သူထုတ်လွှင့်ခဲ့သည်ကိုသာ ကြည့်ကြပါ။…

Continue Reading

သွေး (စစ်ကိုင်း) ● လူနည်းစု တိုင်းရင်းသားတို့ရဲ့ဆန္ဒကို လေးစားပါ (မိုးမခ) ဧပြီ ၅၊ ၂၀၁၉ Myanmar Now မှ ကူးယူသည်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသား ပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံ တခု ဖြစ်သလို ဖက်ဒရယ် ပြည်ထောင်စုဆီ ဦးတည်သွားနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်တာ၊ ငြိမ်းချမ်းရေး…

Continue Reading

မင်းကိုနိုင် ● အခါ (မိုးမခ) ဧပြီ ၄၊ ၂၀၁၉ အခါတပါး ကလေးတယောက်သည် ပုံဆွဲလျက် တေးသီ၏။ သူ့တေးကို ငှက်ကလေး၊ ယုန်ကလေးနှင့် ရှဥ့်ကလေးတို့ကြားကာ မိတ်ဖွဲ့ဖြစ်ကြ၏။ “မင့်တေးကြားမှ ငါတို့ဟာ ပြေးခြင်း၊ ခုန်ခြင်းက ရပ်ဖို့ သတိရကြသကွာ” ဟု ယုန်နှင့် ရှဥ့်တို့ကဆိုသလို … “အိုလူကလေး မင့်ရဲ့တေးကို နေရာအနှံ့ဃ ငါဆိုပြတိုင်း…

Continue Reading

ခင်ဆွေဦး ● ဗိုလ်မှူးချုပ်ကျော်ဇော (သို့မဟုတ်) ဗိုလ်သူရ (မိုးမခ) ဧပြီ ၄၊ ၂၀၁၉ (၁) ● ကျွန်မငယ်ငယ်တုန်းက ကိုကိုရွှေ တကယ်တော့ ဗိုလ်မှူးချုပ်ကျော်ဇော (ကိုကိုရွှေ) မှာ ကျွန်မငယ်ဘဝထဲက နှစ်လုံးသားထဲ စွဲထင်တဲ့ အစ်ကိုရင်းပမာဖြစ်သလို သူရဲကောင်းလည်း ဖြစ်ပါတယ်။ မှတ်မိသမျှ ကျွန်မ ၉ နှစ်သမီး အတွေ့အကြုံမှာ ကိုကိုရွှေနှင့်ပတ်သက်သမျှ ကျွန်မ…

Continue Reading

အေးငြိမ်း ● ချစ်စရာကောင်းသော စင်ကာပူမှ ထောက်ပံ့ကြေးများအကြောင်း (Government Subsidies) (မိုးမခ) ဧပြီ ၄၊ ၂၀၁၉ စင်ကာပူတွင် အစိုးရမှပေးသော ထောက်ပံ့ကြေးများ နေရာအတော်များများ၌ ရှိ၏။ ဆိုကြပါစို့။ မြန်မာပြည်မှ စင်ကာပူသို့ ပိုလီကျောင်းလာတက်သော သာမန်ကျောင်းသားတစ်ယောက်အဖို့ အစိုးရထောက်ပံ့ကြေးသာ မရပါက ကျောင်းတက်ဖို့ရာ မလွယ်လှပါ။ One semester ( ၆ လတန်း…

Continue Reading

ဇော်အောင် (မုံရွာ) ●  စည်ပင်ရွေးကောက်ပွဲသင်ခန်းစာ (မိုးမခ) ဧပြီ ၃၊ ၂၀၁၉   မ​နေ့က ရန်​ကုန်​စည်​ပင်​ ​ရွေး​ကောက်​ပွဲမှာ အင်​အယ်​ဒီပါတီကချည်းပဲ အနိုင်​ရရှိတယ်​။ မဲပေးပိုင်​ခွင့်​ရှိသူ အသက်​ ၁၈ နှစ်​ အထက်​ ပြည်​သူအားလုံးရဲ့ ၁၀ ရာနှုန်းပဲ မဲပေးကြတော့ အမျိုးမျိုးကောက်​ ချက်​ ချ ကြ တယ်​။ အင်​အယ်​ဒီပါတီအလံနဲ့ ပြိုင်​တာ…

Continue Reading

သားကြီးမောင်ဇေယျ ● နိုးထလာတဲ့ နဂါးကြီးနဲ့ မြန်မာနိုင်ငံ (၁) (မိုးမခ) ဧပြီ ၂၊ ၂၀၁၉ မြစ်ဆုံမှာ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ၊ ကြေးနီတောင်မှာ တရုတ်ဆန့်ကျင်ရေးတွေ အသံကျယ်လာတဲ့အချိန်။ အနောက် ဘက်တံခါးမှာ ဗုံးသံတွေ၊ သေနတ်သံတွေ ဆူညံနေတဲ့ အချိန်။ တနည်းအားဖြင့် အမှောင်ခေတ်က အမွေဆိုးတွေနဲ့ ရင်ဆိုင်နေ ရချိန်။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တရုတ်-မြန်မာနယ်စပ် အရှေ့မြောက်တံခါး…

Continue Reading

ကိုသန်းလွင် ● ရေနံတွင်းနှင့် မြေငလျင် (မိုးမခ) ဧပြီ ၂၊ ၂ဝ၁၉  (၁) လယ်ယာစိုက်ပျိုးသော စီချွန် (Sichun) ဒေသမှ သေးငယ်သော ဂိုရှမ် (Goxhan) ရွာကလေးတစ်ရွာကို ပထမဆုံး မြေငလျင် လှုပ်ခဲ့သည်မှာ ဖေဖော်ဝါရီ ၂၄ ရက် နံနက် နေမထွက်မီကလေးမှာဖြစ်ပါသည်။ စီချွန်သည် သဘာဝအရ မြေငလျင်အလှုပ်များသည့်နယ်ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်ကလည်း…

Continue Reading

အေးငြိမ်း ● နိုင်ငံသားတစ်ယောက်အနေနှင့် မတရားအလုပ်ခံရတာကို ကာကွယ်ပိုင်ခွင့်ရှိပါသလော (သို့မဟုတ်)  ကျွန်ုပ်တို့၌ ခေါ်စရာအဖေမရှိခြင်းအကြောင်း (မိုးမခ) ဧပြီ ၁၊ ၂၀၁၉ (၁) ကိုယ်မကျူးလွန်သော ပြစ်မှုတစ်ခုအတွက် အပြစ်ပေးအရေးယူခံရသည်ဆိုပါက တရားပါမည်လားဟု အကျွန်ုပ်ကမေးလျှင် အသင် မည်ကဲ့သို့ဖြေပါမည်နည်း။ မတရားပါဟုသာ အသင်ဖြေမည်ထင်၏။ အကျွန်ုပ်ကလည်း ဤကဲ့သို့ပင် ဖြေချင်ပါသည်။ သို့သော် အောက်ပါအမှုများကို အသင် မည်ကဲ့သို့ယူဆပါသနည်း။ (၂)…

Continue Reading

ကျော်ကျော်နိုင် ● ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲနှင့် ရန်ကုန်တိုင်းအစိုးရ (မိုးမခ) ဧပြီ ၁၊ ၂၀၁၉ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးဖြစ်သည်။ ငွေကျပ် ၂ ဘီလီယံခွဲခန့် အကုန်ခံ၍ ကျင်းပခဲ့သည့် အဆိုပါစည်ပင်ရွေးကောက်ပွဲကို ရန်ကုန်မြို့မှ မဲဆန္ဒရှင်များက စိတ်ဝင်စားမှု အလွန်နဲပါးသည်ဟု လေ့လာသူများက ဝေဖန်နေကြပါသည်။ သို့သော် ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို အထူးတလည် စိတ်ဝင်စားနေသူအချို့ရှိသည်ဆိုပါမူ ထိုသူတို့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့…

Continue Reading

လှကျော်ဇော ● မမခင်ဆွေဦးသို့ ဂါရဝ … (မိုးမခ) မတ်လ ၂၉၊ ၂ဝ၁၉ ၂၈-၃-၂ဝ၁၉ ရက်နေ့ မနက်အစောမှာ စာရေးဆရာမကြီး (ဒေါ်) ခင်ဆွေဦး ကွယ်လွန်သွားကြောင်းသတင်း သတင်းကွန် ရက်မှာတက်လာပါတယ်။ မကျန်းမမာဖြစ်နေတာကြာပြီးဖြစ်ကြောင်းကြားနေရပြီး နောက်ဆုံးမှာ မကြားချင်ဆုံးသတင်းကို ကြား လိုက်ရတာပါပဲ။ တသက်တာ တိုင်းပြုပြည်ပြု စာကောင်းပေမွန်များရေးသွားပြီး သက်တမ်းစေ့ (အသက် ၈၆ နှစ်)…

Continue Reading

အမ္ဗနဒီကျော်စွာ ● စည်ပင်ရွေးကောက်ပွဲက ပြည်သူတွေဘာပြန်ရမလဲ (မိုးမခ) မတ်လ ၂၈၊ ၂၀၁၉ စည်ပင်ဟုဆိုလျှင် ပြည်သူလူထုအများက ရေမြောင်းများ လမ်းများ ပလက်ဖောင်းများလောက်ကိုသာ အများအားဖြင့် အ လျှင်အမြန် ပြေးမြင်တတ်ကြလေသည်။ အမှန်မှာကား ထိုသို့မဟုတ်ပေ။ထိုမျှလည်း မကပေ။ စည်ပင်ဌာန၏ လုပ်ပိုင်ခွင့်များ ရပိုင်ခွင့်များနှင့် ပြည်သူလူထု တို့အပေါ် တွင် ဝန်ဆောင်မှုပေးရမည့်ကိစ္စများမှာကား များပြားလွန်းလှစွာ ရှိနေလသည်။ တိုင်းသူပြည်သား…

Continue Reading

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ –  ဆောင်းပါးအမှတ် (၅၁) (မိုးမခ) မတ်လ ၂၆၊ ၂ဝ၁၉ ဖက်ဆစ်တော်လှန်ရေးနဲ့ ဖေဖေ ၁။ ဂျပန်နဲ့ဆုံရတဲ့ရေစက်။ “ခင်ဗျား ဗမာပြည်လွတ်လပ်ရေးအတွက် ဘာမဆိုလုပ်မယ်မဟုတ်လား” “လုပ်ပါ့မယ်” “အင်္ဂလိပ်ကိုတိုက်ဖို့စစ်ပညာကို ဂျပန်ကသင်ပေးမယ်ဆိုလို့ ဂျပန်ပြည်ကို မျိုးချစ်လူငယ်တွေစေလွှတ်မယ်။ ခင်ဗျားလိုက် သွားပါ” ၁၉၄၁ ဧပြီလဆန်း ၈ ရက်။ နေရာက…

Continue Reading

ကိုသန်းလွင် ● ပြင်သစ်စာပေအကယ်ဒမီ (မိုးမခ) မတ်လ ၂၅၊ ၂၀၁၉ (၁) စာရေးဆရာကြီး ဘလေ့စ် Balzac မှာဝင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ ဇိုလာက တံခါးကို အကြိမ် ပေါင်း ဒါဇင်ကျော် အောင်အကြိမ်ကြိမ်ခေါက်သော်လည်း အမြဲတမ်းငြင်းပယ်ခံရသည်။ ဘဲလာရင်း (Valarine) မှာ မဲတချပ်မှမရ။ ဟူဂိုးမှာ အကြိမ်မြောက်များစွာကြိုးစားပြီးမှဝင်ခွင့်ရသည်။ ပြင်သစ်ပြည်၏ အထင်ကရ ကလပ်တခုဖြစ်ပါသည်။…

Continue Reading

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄ဝ၆) (မိုးမခ) မတ်လ ၂၅၊ ၂၀၁၉ မီ Han Suyin နှင့် ဝတ်စားဆင်ယင်မှု အကယ်ဒမီဆု (၁) မီ သည် ၁၉၄၉ ခု၊ ဇွန်လထုတ် ရှုမဝမ္မဇင်းထဲတွင် ပါရှိသော ကြည်အေး၏ ပထမဆုံး ဝတ္ထုရှည်ဖြစ်သည်။ ကျွန်တော်သည် ကြည်အေးရေးသော စာဟူသမျှ အကုန်လုံးနီးပါးကြိုက်၍ မီ…

Continue Reading