ရသဆောင်းပါးစုံ လှကျော်ဇော

လှကျောဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁၂)

လှကျောဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁၂) 
ပြင်သင့်ပီဖြစ်တဲ့…”တပ်မတော်သာအမိတပ်မတော်သာအဖဆိုတဲ့စိတ်ဓာတ်
(မိုးမခ) အောက်တိုဘာ ၇၊ ၂ဝ၁၈
 
ဒီနေ့သတင်းမီဒီယာတွေမှာလူအများအပြားစိတ်လှုပ်ရှားစွာပြောနေတဲ့သတင်းတပုဒ်ကတော့ ….

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ထိပ်သီးဆွေးနွေးပွဲကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာကျောက်ပန်း တောင်းမြို့နယ်က ပုပ္ပါးဒေသမှာ ကျင်းပသွားမယ် …ဆိုတာပါပဲ။

ဒီတော့ ၁၉၆၃ ခုနှစ်ကတော်လှန်ရေးကောင်စီရဲ့ပြည်တွင်းငြိမ်းချမ်းရေးအတွက်စေ့စပ်ဆွေးနွေးဖို့ ကမ်းလှမ်းခေါ်ယူခဲ့တဲ့ကာလကိုပြန် လည် သတိရ မိပါတယ်။
ဗမာ့တပ်မတော်က တော်လှန်ရေးကောင်စီအမည်ခံပြီး ၁၉၆၂မတ်လ()ရက်နေ့မှာ ၁၉၆၀ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရထားတဲ့ ဦးနုရဲ့ သန့်ရှင်းပထစအစိုးရကိုဖယ်ရှားပြီး နိုင်ငံတော်အာဏာအရပ်ရပ်ကိုသိမ်းယူလိုက်ပါတယ်။ တိုင်းပြည်ပြိုကွဲမှာစိုးလို့လို့အကြောင်းပြပါတယ်။
 
စစ်တပ်ရဲ့အာဏာသိမ်းမှုကို ပထမဆုံးနဲ့အပြင်းထန်ဆုံးကန့်ကွက်ခဲ့တဲ့ကျောင်းသားထုကြီးကို အာဃာတကြီးမားစွာနဲ့ (လက်လွန် ခြေလွန်)
၁၉၆၂ မှာ ရာချီပစ်ခတ်သတ်ဖြတ်ရုံမက၊ ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုကြီးအတွင်းအမှတ်တရသင်္ကေတကြီးဖြစ်တဲ့ ကျောင်းသားသမဂွကြီးကိုလည်းဖောက်ခွဲ ဖျက်ဆီးလိုက်ပါတော့တယ်။ဒါကိုတပြည်လုံးပြည်သူတွေဟာကြိမ်မီးအုံသလိုတငွေ့ငွေ့ နာကျည်းသွားခဲ့ပါတယ်။
နိုင်ငံတကာမှာလည်း အရှက်ကွဲပါတယ်။
(အဲဒီကာလဗိုလ်နေ၀င်းနိုင်ငံခြားခရီးတခုမှာကြက်ဥနဲ့အပေါက်ခံခဲ့ရဖူးပါတယ်။)
 
စစ်ဘီလူးရုပ်ပုံရိပ်ပေါ်သွားတော့ ဒီပုံရိပ်ကိုပြန်အဖတ်ဆည်ဖို့ ၁၉၆၃ မှာ (ပြည်သူတွေသည်းခြေကြိုက်)ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ် တာပါ။ တောတွင်းအဖွဲ့အစည်းအများအပြားကလည်းဒီအခွင့်အရေးကိုဖမ်းဆွဲပြီးမြို့ပေါ်တက်လာကြပါတယ်။အနိမ့်ဆုံးမိမိတို့ရဲ့မူဝါဒများကိုပြည်သူတွေကို တင်ပြခွင့်ရခဲ့ကြပါတယ်။
 

ဆွးနွေးပွဲကာလဟာသိပ်မကြာလိုက်ပါဘူး။ ဒီကာလတွင်းပြည်သူတွေရဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုအရှိန်ကလည်းမြင့် လာလေတော့ ၎
၅လအကြာမှာ တော်လှန်ရေးကောင်စီကဆွေးနွေးပွဲတွေကို တဖက်သတ်ရပ်ပစ်လိုက်ပါတော့တယ်။ ဒီနောက်မှာတော့စစ်အာဏာရှင်စနစ်ရဲ့လက္ခဏာတွေ ပြတ်ပြတ် သားသားပေါ်လာပါတော့တယ်။
 
တကယ်တော့ စစ်တပ်ကဒီဆွေးနွေးပွဲအပျက်မှာ အကျိုးအမြတ်တွေအတော်များများရလိုက်ပါတယ်။ အင်အားတစုံတရာအားနည်းတဲ့အဖွဲ့အစည်းတွေ ကို မြို့ပေါ်မလိမ့်တပတ်ခေါ်တင်ပါတယ်။ အဓိကခေါင်းဆောင်တွေကိုရာထူးကြီးတွေ(သံအမတ်)ပေးပြီး ကျန်အောက်ခြေတွေကို စီးပွားရေးအခွင့် အရေးတွေပေး ဖျက်ဆီး ပစ်ပါတယ်။ ခေါင်းမာသူများကိုတော့ ထုံးစံအတိုင်းဖမ်းဆီးထောင်ချနောက်ဆုံး ကိုးကိုးကျွန်းထိပို့ပစ်ပါတယ်။
 
ထို့အတူ မြေပေါ်နိုင်ငံရေးသမားများအားလုံးနီးပါး အဖွဲ့အစည်းပေါင်းစုံကလူတွေအတော်များများ ဖမ်းလိုက်ရုံမက ၁၉၆၃ နိုဝင်ဘာ လမှာတော့ အဖွဲ့
အစည်းအားလုံးကိုဖျက်သိမ်းပစ်လိုက်ပါတော့တယ်။
တောတွင်းပြန်သွားသူများကိုလည်း နောက်ကဒလကြမ်း လိုက်တိုက်ပါတယ်။
နည်းသဏ္ဍန်မျိုးစုံနဲ့
ခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ပါတယ်။ မဆလခေတ်မှာတော့
လူမျိုးစုအားလုံးနီးပါး လက်နက်ကိုင်ပုန်ကန်ကြပါတယ်။
 
၁၉၇၀ ခုနှစ်များမှာပေါ်ခဲ့တဲ့အလုပ်သမားအရေးအခင်းတခုကိုသတ်ဖြတ်နှိမ်နှင်းပြီးနောက် ကျန်အလုပ်သမားများကိုလာမိန့်ခွန်းပြောတဲ့ရန်ကုန်တိုင်းမှူး ဗိုလ်မှူးကြီးခင်အုန်းက မင်းတို့ငါတို့အစိုးရကိုမကြိုက်ရင် ပဲခူးရိုးမသွား (မှတ်ချက်ထိုကာလကဗမာပြည်ကွန်မြူနစ်ပါတီအခြေစိုက်ရာဒေသ) ငါတို့ လိုက်တောင်ပို့ပေးလိုက်ဦးမယ်။ ဒီနေရာမှာလာပြောလို့ကတော့ ကျည်ဆံပဲရမယ် …လို့ချိမ်းချောက်ပြောဆိုခဲ့ဖူးပါတယ်။
 
ဒီနည်းနဲ့(စစ်တပ်အကြိုက်)ပြည်တွင်းစစ်ကြီးဟာ သက်ဆိုးရှည်ခဲ့ရပါတယ်။
 
၁၉၉၀ ခုနှစ်နောက်ပိုင်းများမှာလည်း (စစ်အာဏာရှင်စနစ်ကိုဆက်လက်ကိုင်စွဲထားတဲ့) နဝတ နအဖဟာ(ရှစ်လေးလုံးအရေး အခင်းကြီးရဲ့ စိတ်ဓာတ်ကို လှည့်ပြောင်းဖို့နဲ့နိုင်ငံတကာရဲ့ပိတ်ဆို့မှုအမျိုးမျိုးကိုလျှော့ချဖို့) အပစ်အခတ်ရပ်စဲရေးဆိုတဲ့အမည်သစ်နဲ့ နည်းနာဟောင်းကိုပြန်အသုံးချလာပြီး လူမျိုးစု အဖွဲ့တွေကို တစစီ ဖဲ့ထုတ်စားပစ်ပြည်သူ့စစ်တွေနယ်ခြားစောင့်တွေလုပ်ခိုင်းနဲ့ ပြည်တွင်းစစ်ရှည်ကြာစေရေးလုပ်ဆောင်နေတာ တွေ့လာနေရပါ တယ်။ အခြေခံအကျဆုံးဖြစ်တဲ့နိုင်ငံရေးဆွေးနွေးပွဲများကိုတော့ နောက်တက်လာမယ့်အစိုးရနဲ့ကျမှပြောကြပေါ့ …လို့အပစ်အခတ်ရပ်စဲရေး လုပ် ထားတဲ့အဖွဲ့များကိုချွေးသိပ်ထားပါတယ်။
 
(အဲဒီကာလအဖြစ်အပျက်များကို ဗိုလ်ထက်မင်း ဆောင်းပါးများမှာ အသေးစိတ်တွေရေးထားတာ တွေ့နိုင်ပါတယ်။)
 
အပစ်အခတ်ရပ်ထားတဲ့အဖွဲ့နဲ့ဒေသတချို့ကို အခုနှစ်များအတွင်းပြန်တိုက်နေတာတွေ့နေရပါတယ်။ အခု ကာချုပ်မင်းအောင်လှိုင်တနေ့တမျိုး မရိုးနိုင်အောင် ပြောနေတာတွေလည်း တွေ့နေရပြန်တယ်။ငြိမ်းချမ်းရေးအခြေအနေလည်း နည်းနည်းကောင်းလာရင် ပျက်လိုပျက်စီး ဝင်ဝင်ပြောလိုက်တာတွေကိုကြားနေရပါတယ်။

 

သြော်ငြိမ်းချမ်းရေးရသွားမှာအတော်ကြောက်ရှာပါလားလို့ကောက်ချက်ဆွဲမိပါတယ်။
အခုလည်း (စစ်အာဏာရှင်စနစ်ရဲ့အသက်ဗူး၂၀၀၈ ဖွဲ့စည်းပုံကိုအသေဆုပ်ကိုင်ထားတဲ့) စစ်တပ်က၂၁ ရာစုပင်လုံလို့ အမည်တပ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဝင်ပါလာပြန်ပါပြီ။
ဒီနေ့ကာလအခြေအနေနဲ့ အရင့်အရင်ကအခြေအနေတွေနဲ့တူတာတွေလည်းရှိ၊ မတူတာတွေလည်းရှိပါတယ်။ စစ်တပ်ရဲ့ပုံရိပ်ပြည်တွင်းပြည်ပအဖက်ဖက်မှာကျဆင်းနေတာကတော့တူပါတယ်။ ဒီပုံရိပ်ပြန်ကောင်းဖို့စစ်တပ်ကကြိုးပန်းလာတဲ့ လုပ်ရပ်တွေလုပ်ဖို့လိုအပ်လာတဲ့အချိန်ကာလ ဖြစ်တာလည်း တူပါတယ်။
မတူတဲ့အချက်တွေကတော့ စစ်တပ်ရဲ့လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေဟာ လူထုတွင်းမှာရော၊ စစ်တပ်နဲ့ဆွေးနွေးဖက် (အထူးသဖြင့် (လူမျိုးစု လက်နက် ကိုင်အဖွဲ့များ)အတွင်းမှာရော ပွင့်ကျပြီးဖြစ်နေတဲ့အချက်ပါ။ အထူးသဖြင့် ငြိမ်းချမ်းရေးမလိုချင်သူများဟာ ဘယ်သူတွေဆိုတာ ပွင့်ကျပြီးဖြစ်နေလို့ပါ။
 
ဒီပြည်တွင်းစစ်ကြီးရှိနေမှုကိုအကြောင်းပြုပြီး စစ်တပ်ကနိုင်ငံရေးအာဏာရော၊ စီးပွားရေးအာဏာရော လုံးဝချုပ်ကိုင်ပြီး မိမိတို့သာ အမိ၊  မိမိတို့သာအဖ ဆိုတဲ့အခွင့်ထူးခံစိတ်နဲ့ အခွင့်အရေးဟူသမျှ၊စီးပွားချမ်းသာမှန်သမျှ လုယက်ယူငင်ပြီး၊ တတိုင်းပြည်လုံးကို ဆင်းရဲတွင်းနှစ်စစ်ကျွန်သွင်းခဲ့တဲ့အဖြစ်ကိုကြည့်ပါ။ ဒီပြည်တွင်းစစ်ကြီးရှိနေမှစစ်တပ်အနေနဲ့ဒီမတရားတဲ့အခွင့်အရေးတွေဆက်ရနေမှာပါ။ ဒီတော့ ဒီပြည်တွင်းစစ်ကို ဒီစစ်တပ်က ရပ်စေချင်ပါ့ မလား။
တကယ်တော့ ဒီစိတ်ဓာတ်မျိုးစစ်တပ်က တလျှောက်လုံးရှိနေခဲ့တာပါ။ ဒါပေမဲ့ အရင့်အရင့်ကစစ်တပ်ကနည်း သဏ္ဍန်အမျိုးမျိုး သုံးပြီး တိုင်းပြည်ကို လှည့်စားပြနိုင်ခဲ့ပါတယ်။ အရင်နဲ့အခုအလွန်ကြီးမားတဲ့ကွာခြားမှုကတော့ နည်းပညာတွေဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေအနေနဲ့ သတင်းအချက် အလက်တွေကိုအချိန်နဲ့တပြေးညီရနိုင်တာပါပဲ။
ပမာလွှတ်တော်ကိုလာတက်တဲ့တပ်မတော်ကိုယ်စလယ်ဗိုလ်ချုပ်တဦးကသတင်းယူ ဗီဒီယိုရိုက်နေတဲ့သတင်းထောက်ကို ပယ်ပယ်နယ်နယ် ပျစပျစ် နစ်နစ် ဆဲလိုက်တဲ့သတင်းခွေ သတင်းကွန်ရက်မှာ တက်လာတဲ့ကိစ္စကိုကြည့်ပါ။
ဒီလိုလူမြင်ကွင်းကြီးမှာ ဒီလောက်ရိုင်းစိုင်းရမ်းကားသူများဟာ လူမြင်ကွယ်ရာတွေမှာ မိမိတို့အောက်ခြေရဲဘော်များကိုပဲဖြစ်ဖြစ်၊ လက်နက်မဲ့ပြည်သူများ (အထူးသဖြင့် ဗမာစကားမတတ်ရှာတဲ့လူမျိုးစုများ) ကိုပဲဖြစ်ဖြစ် ဘယ်လောက်ရမ်းကားကြမယ်ဆိုတာ မတွေးဝံ့စရာပဲ။ ဒါဟာ ဒီစစ်တပ်ကြီးကို ရိုက် သွင်းပေးထားတဲ့ တပ်မတော်ကအမိတပ်မတော်သာအဖ ဆိုတဲ့အတွေးအခေါ်ရဲ့ ဖော်ပြချက်တရပ်ဆိုတာ ပြည်သူတွေကြား ပွင့်ကျသွားစေပါတယ်။
ဒါ့ကြောင့်စစ်တပ်အနေနဲ့ဘယ်လိုနည်းပရိယာယ်တွေပဲသုံးသုံးမဆလနဝတနအဖခေတ်တွေလောက်တော့ လွယ်တော့မှာ မဟုတ်တော့ဘူးဆိုတာ သတိပေးပါရစေ။ အပြောတမျိုးအလုပ်တမျိုးလုပ်ဖို့မလွယ်တော့ပါဘူး။
နာက်မတူတဲ့အချက်တရပ်ကတော့ ဆွေးနွေးရာမှာ အရင့်အရင်ကလိုစစ်တပ်နဲ့တော်လှန်ရေးအဖွဲ့အစည်းနှစ်ဖက်မဟုတ်တော့ပဲ အတော်အရေးကြီးတဲ့ အခန်းက ပြည်သူလူထုရဲ့တခဲနက်ထောက်ခံမှုနဲ့တက်လာတဲ့နိုင်ငံရေးပါတီ (ဒီချုပ်)ရဲ့အစိုးရပါဝင်လာနိုင် တာပါပဲ။ ဒီချုပ်အနေနဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေးကိုဦးထိပ်ထားပြီး စစ်တပ်နဲ့ရင်ကြားစေ့ရေးကိုအတော်အလေးထားပေမယ့်ပြည်သူတွေရဲ့လိုအင်ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။
 
ပြည်သူလူထုဟာအလွန်အမြင်ရှင်းပြီးအလွန်လည်းလက်တွေ့ကျစွာ စဉ်းစားနိုင်သူများပါ။ ဒီချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးသမားများ တော်လှန်ရေးသမားများအပေါ်မှာလည်း အင်မတန်အမြင်ရှင်းပါတယ်။
ပြည်သူတွေအကျိုးစီးပွားပေါ်ရပ်တည်နေသူမှန်သမျှအပေါ် သဘောထားမှန်မှန်ထားနိုင်ပေမယ့် ပြည်သူတွေရဲ့ခံစားမှုအပေါ် မစာနာနိုင်သူများကိုတော့သမိုင်းအမှိုက်ပုံတွင်းပစ်လိုက်ဖို့လည်း
ဝန်မလေးပါဘူး။
 
ဒါ့အပြင် ပြည်သူတွေအနေနဲ့မိမိတို့ဆန္ဒကိုဖော်ပြနိုင်တဲ့အခွင့်အရေး(ရွေးကောက်ပွဲများ)လည်း ရရှိထားပါတယ်။ ဒါကိုလက်ရှိအာဏာရနိုင်ငံရေး သမားများ သတိချပ်စေလိုပါတယ်။
 
နောက်မတူတော့တဲ့အချက်တရပ်ကတော့တော်လှန်ရေးအဖွဲ့အစည်းအတော်များများတူရာတူရာတပ်ပေါင်းစုဖွဲ့ပြီး အင်အား တောင့်တင်းလာနိုင်မှုပါ။ (ဥပမာမြောက်ပိုင်းမဟာမိတ်အဖွဲ့ဖွဲ့စည်းလိုက်မှု)။ သတင်းမီဒီယာတွေ ပွင့်လင်းလာလို့ မိမိတို့ရဲ့နစ်နာ ချက်တွေကိုလည်း အချိန်မီပြည်သူတွေထံ တင် ပြနိုင်လိုက်ပါတယ်။ (ဥပမာပလောင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တဦးက မိမိတို့နအဖခေတ်ကတည်းက လက်နက်စွန့်ခဲ့ဖူးပြီဖြစ်ကြောင်း၊ စစ်အစိုးရဖက်က ကတိမတည်လို့ ပြန်လက်နက်စွဲကိုင်ရတာဖြစ် ကြောင်းတတိယပင်လုံညီလာခံမှာ ပြောသွားတာကြားဖူးပါတယ်။)

ဒါတွေကိုအခွင့်ကောင်းအဖြစ်သဘောထားပြီး ဒီအဖွဲ့အစည်းတွေဟာ
ညီညီညွှတ်ညွှတ်ပျော့ပျော့ပျောင်းပျောင်းနဲ့ ရနိုင်သမျှအခွင့် အရေးတွေရရှိရေးအတွက် ကြိုးပန်းနိုင်ပါတယ်။
(ဒါ အရင်ကလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမရခဲ့ဘူးတဲ့ အခွင့်အရေး များပါ။)
ဒါတွေဒါတွေကြောင့် စစ်တပ်အနေနဲ့မိမိတို့ရဲ့သမရိုးကျစဉ်းစားနည်း(တပ်မတော်သာအမိတပ်မတော်သာအဖ)ပေါ် အခြေခံပြီး အခွင့်ထူး ဟူသမျှ (နိုင်ငံရေးစီးပွားရေးအာဏာ)ဆက်လက်ကိုင်စွဲရေး (၀ါ) စစ်အာဏာရှင်စနစ်ကာကွယ်ရေးကိုသာ အဓိက မထားကြတော့ဖို့ ပန်ကြားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
 
….. တကယ်တော့ ဒီနေ့ကျွန်တော်တို့တိုင်းပြည် ရင်ဆိုင်နေရတဲ့ဒုက္ခဆင်းရဲအဖုံဖုံဟာ
စစ်အာဏာရှင်စနစ်ကမြစ်ဖျားခံ
တာပါ။ တပ်မတော်
သားများသိရှိနားလညိဖို့ကတော့ စစ်အာဏာရှင်စနစ်ဟာ ပြည်သူလူထုအတွက်
ဒုက္ခတွေသယ်လာရုံမက တပ်မတော် သားအများစုအပေါ်လည်း ဒုက္ခတွေကျရောက်စေတယ်
..ဆိုတာပါပဲ။ တကယ့်လက်တဆုပ်စာ
လူတ
စုလေးသာ ချမ်းသာနေတာပါ။ ဒါတောင်တသက်လုံး
စံစားသွားရတာ မဟုတ်ပါဘူး။ ရှေ့ကသွားနှင့်ကြပြီဖြစ်တဲ့ စစ်အာဏာရှင်ကြီးများရဲ့ဘဝဇာတ်သိမ်းကိုကြည့် ပါ။
 
ဒါကြောင့် အခုအချိန်မှာ ပြည်သူလူထုနဲ့အတူ
လက်တွဲပြီး ဒီမိုကရေစီ
ရရှိရေးတိုက်ပွဲထဲ ပူးပေါင်းပါဝင်လာကြပါ။ အရေးကိစ္စပေါ်လာရင်လည်း
ပြည်သူတွေကို ရန်သူတွေလိုသဘောမထားပဲ၊ မိမိတို့လွတ်မြောက်ရေး၊ ချမ်းသာဝပြောရေးဟာ ပြည်သူတွေဘဝလွတ်မြောက်ရေးနဲ့
တဆက် တစပ်တည်းရှိတယ်ဆိုတာသတိပြုကြပါ။ ပြည်သူသာအမိ
ပြည်သူသာအဖ ဆိုတာသတိရကြပါ။…..

 

(စစ်မှုထမ်းဟောင်းများသို့ပန်ကြားချက်မေခရေဒီယို၂၀၀၇။ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောသတင်းဌာနနှင့်အင်တာဗျူးများ။
(နေရီရီစာပေထုတ်)
နှာ၁၇၃)
လှကျော်ဇော။၆၁၀၂၀၁၈။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “လှကျောဇော ● တပ်ပြုပြင်ပြောင်းလဲရေး – အပိုင်း (၁၂)
  1. ဇူလိုင် ၇ရက် ၁၉၆၂ လူသတ်ပွဲနဲ့ နောက်တနေ့မနက်အစောကြီးမှာ ကျောင်းသားသမဂ္ဂကိုဗုံးခွဲအပြီးမှာ ဗိုလ်နေဝင်းမြန်မာပြည်မှာမနေရဲပါ၊ ဆေးကုဆိုပြီးနိုင်ငံခြားမှာလေးလလောက်ရှောင်နေပြီး ဗိုလ်အောင်ကြီးကိုလွှဲထားကာ “ရွှေပြည်အေးသမား” လုပ်ဖို့တာဝန်ပေးထားခဲ့ပါတယ်။ ဗိုလ်နေဝင်းကိုဩစတြိယားနိုင်ငံဗီယင်နာမြို့မှာ အပြည်ပြည်ဆိုင်ရာကျောင်းသားသမဂ္ဂကျောင်းသားတွေက “လူသတ်ကောင်ထွက်သွား” ဆိုတဲ့ပိုစတာတွေကိုင်ပြီးခဲနဲ့ဝိုင်းပေါက်ကြလို့နဖူးပြဲသွားကြောင်းသတင်းတွေထွက်လာပါတယ်။

Comments are closed.