Junior WIn ပင်တိုင်ကဏ္ဍ

ဂျူနီယာဝင်း – မြန်မာနေ့ရက်များနှင့် ပန်းများ

မြန်မာနေ့ရက်များနှင့် ပန်းများ
ဂျူနီယာဝင်း
ဧပြီ ၁၅၊ ၂၀၁၄

(Junior Win ရေးသားထားသောအင်္ဂလိပ်လိုရေး Burmese Days and Flowers (Kindle Ebook), သို့မဟုတ် Days and Flowers of Myanmar (မြန်မာပြည်က ပါရမီစာအုပ်တိုက်ထုတ်) ကိုကိုယ်တိုင် ဘာသာပြန်ထားသည်။၂၀၁၃ ခုနှစ်ထုတ် စာအုပ်ဖြစ်သောကြောင့် မြန် မာသက္ကရာဇ် ၁၃၇၄ ခုနှစ်ကို အဓိကထား၍ ရေးသားထားပါသည်။)

ကျွနိုပ်တို့သည် မြန်မာနှစ်သစ်ကို ၃ ရက် သို့မဟုတ် ၄ ရက် သင်္ကြန်ရေကစားပွဲ ကျင်းပလျက် ကြိုဆိုလိုက်ကြပါသည်။  မြန်မာနှစ် သစ် သည် ဧပြီလ၏ ဒုတိယပတ် ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်ပြီး ဧပြီလ ၁၅ ရက် သို့မဟုတ် ၁၆ ရက်နေ့တွင် အဆုံးသတ်ပါသည်။ ဧပြီ ၁၂ ရက်နေ့သည် သင်္ကြန်ရေကစားပွဲ အကြိုနေ့ဖြစ်ပြီး ဧပြီ ၁၅ သို့မဟုတ် ၁၆ ရက်နေ့သည် သင်္ကြန်ပွဲတော် နောက်ဆုံးနေ့ဖြစ်ပါသည်။ ရေကစားပွဲ၏ စစ်မှန်သော ပြယုသ်သည်ကား ချစ်ခင်သောသူငယ်ချင်းများကို တစ်ဦးကို တစ်ဦး အပြန်အလှန် သန့်ရှင်းသောရေဖြင့် ပက် ဖြန်းကြခြင်းပင် ဖြစ်ပါသည်။ ထိုဧပြီ တလလုံးသည် မြန်မာလူမျိုးများ ဥပုလ်သတင်းစောင့်ကြရာ၊ အလှူဒါနပြုကြရာ၊ ကောင်းမူကုသိုလ်များ ပြုကြရာ နေ့များဖြစ်ပါသည်။

ရှေးရိုးရာပုံပြင်များအရ ကောင်းကင်ယံကအရှင်သခင် သိကြားမင်းကြီးသည် လူ့ပြည်သို့ ထိုနေ့များတွင် အလည်တစ်ခေါက် အရောက် လာမည်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် သိကြားမင်းကြီးအား ဘုရားရှင်၏သာသနာတော်သည် လူ့ပြည် လူ့ရွာတွင် ဘယ်လောက် လွှမ်း ခြုံနေပြီလဲဆိုတာကို သွားရောက်ကြည့်ရှုရန်အတွက် ယုံယုံကြည်ကြည် တာဝန်လွှဲအပ်ထားသည်ဟု ဆိုပါသည်။ သိကြားမင်းသည် လူ့ပြည် သို့ဆင်းကာလူတွေ ဗုဒ္ဓ၏ဟောကြားချက်အတိုင်း လိုက်နာကြပါရဲ့လားဟူ၍ လာကြည့်မည်ဖြစ်ပါသည်။ “သူက အမှန်တရားသည် တည်နေပါရဲ့လားဆိုတာကို လာကြည့်ပါမည်။ သူက ကောင်းသူကို ကယ်တင်ကာ မကောင်းသူကို ပယ်မည်ဖြစ်ပါသည်” ကျွနု်ပ်တို့ အနေနှင့်တော့ သူ တကယ် တာဝန်ကျေသလားဆိုတာကို မသိပါ။ ဒါပေမယ့် သေချာတာတစ်ခုတော့ရှိပါသည် သူက မြန်မာနှစ်သစ်မှာ ရောက်လာကာလူတွေ ဘာသာရေးကောင်းမူကုသိုလ် လုပ်ဖို့ တာဝန်ကျေကြဖို့ သတိပေးမှာဖြစ်ပါသည်။ သိကြားမင်းကြီးသည် လူ့ပြည်သို့ ဆင်းလာကာ ဗုဒ္ဓလမ်းညွှန်ခဲ့သည့်အတိုင်း လူတွေနေထိုင် ကျင့်သုံးနေကြပါရဲ့လားဟု လာကြည့်ပါမည်။ သူက သင်္ကြန်ပွဲတော် နောက်ဆုံး နေ့ မှာ သူ့ဌာနေကောင်းကင်ယံသို့ ပြန်သွားမည်ဖြစ်ပါသည်။

 (၂၀၁၃ ခုနှစ် မြန်မာသင်္ကရာဇ် ၁၃၇၅ မဟာသင်္ကြန်စာ)

(ဒေါ်) ခင်မျိုးချစ် ရေးသားသော Colourful Burma ဟူသောစာအုပ်တွင်  ယခုလိုရေးသားထားတာတွေ့ရပါသည်။“သင်္ကြန်စာ – ကျွနု်ပ်တို့ ယခုတိုင် ယုံယုံကြည်ကြည်ဖြင့်ဖတ်နေဆဲ အဲသည်စာရွက်ပေါ်ကစာ ဖြစ်ပါသည်။ ဒါကို သင်္ကြန်စာဟု ခေါ်ပါသည်။ သင်္ကြန်စာတွင် ယခုလာမည့်နှစ်တွင် ဘာဖြစ်မယ်ဆိုသည့် သတင်းအချက်အလက်များ ရေးသားထားပါသည်။ ကျွနု်ပ်တို့အတွက် အနာဂါတ်ဟောကိန်း သဘောဖြစ်ပါသည်။ သိကြားမင်းက ဘယ်လိုပုံစံဖြင့် ကျွနု်ပ်တို့ဆီဆင်းလာမည်ဆိုတာကိုလည်း ရေးသားထားပါသည်။ ဥပမာ – သိကြားမင်း သည် သည်နှစ်မှာတော့ နဂါးကိုစီးလာပါမည်။ လက်တစ်ဖက်တွင် မြှားနှင့်လေးကို ကိုင်လာမည်။ နောက်လက်တစ်ဖက်မှာတော့  လှံကိုကိုင် လာမည်။“ အို…. ဘယ်လောက်အရေးကြီးတဲ့ သိကြားမင်းပါလဲ!  သူဒီနှစ်ဘာစီးလာမှာပါလိမ့်! သို့မဟုတ် သူဒီနှစ် ဘာများကိုင်လာမှာပါလိမ့်!…. ကျွနု်ပ်တို့သည် ထိုအရာများကရှေ့နှစ်ဘာဖြစ်မယ် ဆိုတာကိုပြောမည့်အရာများအဖြစ် ယုံကြည်နေကြပါသည်။

ကျွနု်ပ်တို့သည် ထိုစာတစ်မျက်နှာစာရှိသောစာရွက်ကြီးကို သင်္ကြန်မတိုင်မှီမှာ ၀ယ်ကြပါသည်။ ပြီးတော့ သေချာဖတ်ကာသူပြောထား သလိုလိုက် လုပ်ကြပါသည်။ ဟုတ်ပါသည်။ ကျွနု်ပ်တို့အားလုံး တစ်ယောက်စီအတွက် နေ့အလိုက် ဘာလုပ်ရမည်ဆိုတာ အဲသည်စာရွက် ထဲမှာ ရေးသားဖော်ပြထားပါသည်။ တခါတရံ ယခုလိုရေးထားပါသည် – “တနဂနွေနေ့မွေးသူများ ခေါင်းလျော်ပြီးနောက် ကန့်ကော်ပန်းများ ကိုပန်ပါ။ တနင်္လာမွေးသူများကတော့ ကျမ်းမာရေးကောင်းဖို့ အဖြူရောင်ကိုရွေးပါ။ စနေနေ့မွေးသူများအတွက်တော့ အရေးတကြီးပုဂ္ဂိုလ် များနှင့်တွေ့ဖို့ရှိရင် စိန်လက်စွပ်ကလေးစွပ်သွားပါ။ ဗုဒဟူးနေ့မွေးသူများအတွက်တော့ တစ်ခုခု အရေးတကြီးဆုံးဖြတ်ချက်ချဖို့ရှိရင် အစိမ်း ရောင်ကိုတော့ လုံးဝ လုံးဝ ရှောင်ရမည် … စသည် စသည်ဖြင့် ဖြစ်ပါသည်။ သင်္ကြန်စာသည် တိုင်းပြည်၏ အနာဂါတ်၊ တကမ္ဘာလုံး၏ နိုင်ငံ ရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ လူမူရေး၊ ရာသီဥတုအစရှိသည်များကိုလည်း ဟောကိန်းထုတ်ထားပါသည်။ သူက ယေဘုယျအားဖြင့် ဟော ထားသည် ဖြစ်သောလည်း ဒါကိုဖတ်ရတာ စိတ်လှူပ်ရှားစရာကောင်းပြီး မြန်မာဗုဒ္ဓဘာသာ လူမျိုးများကြားတွင် ပေါ်ပြူလာဖြစ်နေဆဲ ဖြစ်ပါသည်။

လွန်ခဲ့သောဆယ်စုနှစ်များစွာက သင်္ကြန်စာမှာ ယခုလိုရေးတာတွေ့ဖူးပါသည်။ သည်မြန်မာနှစ်သစ်မှာတော့ ခေါင်းဆောင်ပိုင်းဆိုင်ရာ ကောင်းသော အပြောင်းအလဲများ ကြုံရဦးမည်။ ကျွနိုပ်တို့လည်း တိုင်းပြည်အတွက် ကောင်းသောနေ့ရက်များ ရောက်လာဖို့ မျှော်လင့် လျက်ရှိပါသည်။

သိကြားမင်းသည် လူ့ပြည်သို့ဆင်းလာသည့်အခါ သူ့မှာ အလွန်အရေးကြီးသော တာဝန်တစ်ခုကို လုပ်ရမှာဖြစ်သည်ဟု ကျွနု်ပ်တို့ ယုံကြည် ကြပါသည်။ သူ့တွင် ရွှေပရပိုဒ်နှင့် ခွေးသားရည်ဟူ၍ ပေလွှာနှစ်ချပ် ပါလာပါသည်။ ကောင်းသောလူများ၏ အမည်များကို ရွှေပုရပိုဒ်တွင် ရေးမှတ်ကာ၊ မကောင်းသောသူများကို ခွေးသားရေတွင် မှတ်သည်ဟူ၏။ ဒါဆိုရင် ဘယ်ပုရပိုဒ်မှာ ဘယ်သူပါပြီး ခွေးသားရေမှာ ဘယ်သူပါ မည်ဆိုတာ အထူးရှင်းစရာမလိုပါ။ ကျွနု်ပ်တို့ ထိုသင်္ကြန်ရက်တွေမှာ မသတ်ရ၊ မခိုးရ၊ မညာရ၊ မဆဲဆိုရ၊ တပါးသူကို နာကျင်အောင် မလုပ်ရပါ။ အကြောင်းမှာ သိကြားမင်းက ကျွနု်ပ်တို့အမည်များကို ခွေးသားရေမှာ မှတ်လိုက်လိမ့်မည်။ ဒါဟာ ဂုဏ်ကျက်သရေကင်းမဲ့ခြင်း၊ အပြစ်ပေးခံရခြင်းပင်။ ကောင်းသောသူများ သူတို့အမည်ကို ရွှေပုရပိုဒ်မှာ ရေးမှတ်ခံရခြင်းကာ ဂုဏ်ပြုခြင်းခံရခြင်း မည်ပေသည်။

ကျွနု်ပ်ငယ်စဉ်က ကျွနု်ပ်အမည်ကို ခွေးသားရေတွင်မှတ်သွားမှာ အလွန်ကြောက်ပါသည်။ သည်တော့ ကောင်းတာတွေကို ကြိုးစားလုပ်ပါ သည်။ လူကြီးတွေကလည်း ထိုသင်္ကြန်နေ့တွေမှာ လိမ်လိမ်မာမာနေဖို့ ပြောပါသည်။ ဟုတ်ပါသည်။ နှစ်သစ်ဆိုတာ နှစ်ဟောင်းက စု ဆောင်းယူလာခဲ့သမျှ သောမကောင်းမူတွေကို သန့်စင်ပစ်ကာ ဘ၀အသစ်ကိုကူးပြောင်းဖို့ ဖြစ်ပါသည်။ သည်တော့ “သင်္ကြန်အိုး” ကို အိမ် ရှေ့မှာထားကာ သိကြားမင်းကြီးကို ကြိုဆိုလိုက်ကြရအောင်။ ဒါဟာလည်း ကျွနု်ပ်တို့လုပ်သည့် ကောင်းမှုတစ်ခုပဲမဟုတ်ပါလော။ ပြီးတော့ သိကြားမင်းကြီးက သူ့ကိုကြိုဆိုသည့် သင်္ကြန်အိုးကြောင့် ရွှေပုရပိုဒ်မှာ ကျွနု်ပ်တို့အမည် ရေးမှတ်သွားမည် ဖြစ်ပါသည်။ ကဲ… အလှဆုံးအ ကောင်းဆုံးသင်္ကြန်အိုးဖြင့် ကောင်းကင်ယံ၏အရှင်သခင် သိကြားမင်းကြီးကို ကြိုဆိုလိုက်ကြရအောင်။ ကျွနု်ပ်တို့အမည်သည် ရွှေပုရပိုဒ်မှာ ရှိပါစေသတည်း။

(သိကြားမင်းသည် လူ့ပြည်သို့ဆင်းလာသည့်အခါ သူ့တွင် ရွှေပရပိုဒ်နှင့် ခွေးသားရည်ဟူ၍ ပေလွှာနှစ်ခုပါလာပါသည်။ ပုံ – ကာတွန်း မောင်ရစ်)
 
 

အထက်ပါပုံတွင် ပန်းတွေနှင့်အိုး အတွဲကို “သင်္ကြန်အိုး” ဟု ခေါ်ပါသည်။ ဒါ သိကြားမင်းကို ကြိုဆိုတဲ့အိုးဖြစ်ပါသည်။ သူက လူ့ပြည်ဆင်းဖို့ မေ့သည် ဖြစ်စေ မမေ့သည်ဖြစ်စေ၊ ကျွနိုပ်တို့က သူ့ကို ကြိုဆိုဖို့ မမေ့ပါ။ သင်္ကြန်အိုးကို အိမ်ရှေ့ နေရာကောင်းကောင်းလေးမှာ ထားပါ သည်။ သိကြားမင်းကြီးကတွေ့မြင်ပြီး ကျွနု်ပ်တို့အမည်ကို သူ၏ရွှေပေလွာလေးမှာ ရေးပါစေသား။

(တခါတရံသင်္ကြန်အိုးရောင်းသူများက သိကြားမင်းကြီး ပြန်သွားသည့်နေ့ကိုကြည့်၍ သင်္ကြအိုးနှစ်အိုးဝယ်ဖို့ ပြောပါသည်။)

တခါတရံ သင်္ကြန်အိုးရောင်းသူများက ကျွနု်ပ်တို့ကို သင်္ကြန်အိုး နှစ်အိုး ၀ယ်ဖို့ ပြောပါသည်။ အကယ်၍များ အသင်တို့၏ မိသားစုဝင်တစ်ဦး ၏ မွေးရက်သည် သိကြားမင်း သူ့ဌာနေပြန်သောနေ့ (တနည်းအားဖြင့် သင်္ကြန်အတက်နေ့) နှင့် တစ်နေ့တည်းဖြစ်နေလျှင် အသင်တော့ သင်္ကြန်အိုး နှစ်အိုးဝယ်ရပါမည်။ တစ်အိုးက သင့်မိသားစုအတွက် နောက်တစ်အိုးက သိကြားမင်းပြန်တဲ့နေ့နှင့်တိုက်နေသော မွေးနေ့ရှင် သင့်မိသားစုဝင်အတွက် ဖြစ်ပါသည်။ သူတို့အတွက် သိကြားမင်းကို သင်္ကြန်အိုး နှစ်အိုးဖြင့် ကြိုဆိုရပါမည်။  ဥပမာ – သင်္ကြန်အတက်နေ့က စနေနေ့ဆိုပါစို့။ သင့်အဘွားမွေးနေ့က စနေနေ့ဆိုလျှင် သင်တို့အိမ်အတွက် သင်္ကြန်အိုး နှစ်အိုးဝယ်ရမည်။ နောက်ဥပမာတစ်ခုကတော့ အကယ်၍ သင်္ကြန်အတက်နေ့က ကြာသာပတေးနေ့ဖြစ်ပြီး သင်က ကြာသာပတေးနေ့မွေးသောသူဖြစ်လျှင် သင်္ကြန်အိုး နှစ်အိုးဝယ်ရမည်။ နောက်ဥပမာတစ်ခုအနေနှင့် ဆိုရသောသင်္ကြန်အတက်နေ့က သောကြာနေ့ဖြစ်ပြီးသင်တို့ မိသားစုမှာ တစ်ယောက်မှ သောကြာမွေးသူမပါ လျှင် သင်္ကြန်အိုး နှစ်အိုးဝယ်စရာမလိုပါ။ ၂၀၁၃ ခုနှစ် သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့သည် အင်္ဂါနေ့ဖြစ်ပါသည်။ သင့်မိသားစုတွင်းမှာ အင်္ဂါမွေးသူရှိနေလျှင် သင်္ကြန်အိုး နှစ်အိုးဝယ်ရမည်ဖြစ်သည်။

(ဒီနှစ် မြန်မာသကရာဇ် ၁၃၇၆ သို့ကူးပြောင်းသည့် ၂၀၁၄ ခုနှစ်အတွက်တော့ သင်္ကြန်အတက်နေ့က ဗုဒ္ဓဟူးနေ့ ကျပါသည်။)

(မြန်မာလူမျိုးများ ယုံကြည်ကြတာက အကယ်၍ ရက်သတ္တပတ်၏ တစ်ရက်မွေးနေ့ရှင်သည် သင်္ကြန်အတက်နေ့နှင့်သွားပြီးတိုက်နေလျှင် ကံမကောင်းပါ။ ဒါကြောင့် သင်္ကြန်အိုး အပိုတစ်အိုးလိုပါသည်။)

ဂျူနီယာဝင်း

(နောက်ဆက်ပြီး ဘာသာပြန်ဖို့ စိတ်ကူးရှိပါသည်။ ပရိသတ်များအတွက် သည်နှစ်အမှီ ရေးပေးလိုက်တာပါ။ ကောင်းသောမြန်မာနှစ် သစ်ဖြစ်ပါစေ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts