Blog Archives

ဇင်လင်း – နှစ်သစ်ကူးပြန်ပေါ့ …

April 18, 2019

ဇင်လင်း – နှစ်သစ်ကူးပြန်ပေါ့ …

(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၉

– နှစ်တွေ  နှစ်တွေ သစ်လိုက် ညစ်လိုက်နဲ့

သစ်ခဲ့ပေါင်းလည်း များလှပေါ့၊ ညစ်ခဲ့ပေါင်းလည်း များလှပေါ့

– သစ်ပြီးရင် ညစ်

ညစ်ပြီးရင် ဟောင်း

ဟောင်းပြီးတော့ နွမ်းရတာ … ဓမ္မတာဆိုပေမယ့်

အသွင်သဏ္ဍာန်သာ သစ်ရုံမဟုတ်ဘဲ

အတွင်းအနှစ်ပါ သစ်ဖို့လိုတယ်

– အသွင်သဏ္ဍာန်ဆိုတာ …

အပေါ်ယံခြယ်သ တဒင်္ဂ

ခမ်းနားကြီးကျယ်သလောက်

နေ့မြင်ညပျောက် … ညမြင်နေ့ပျောက်

နေ့ချင်းပျောက် … ညချင်းပျောက်

အနှစ်သာရလောက် အဓွန့်မရှည်။

– နှစ်အသစ်ဟာ … ဟောင်းနွမ်းရမှာ ဓမ္မတာဆိုပေမယ့်

– အနှစ်သာရ တခုခု ဆစ်ထုထားရစ်ခဲ့ဖို့ လိုတယ်

– ၁၃၀ဝ ပြည့်နှစ်ဟာ ဟောင်းခဲ့တာကြာပေမယ့် ညစ်မသွားခဲ့

– ၁၃၀ဝ ပြည့်နှစ်မှာ ရေနံမြေသပိတ်ကြီး ပေါ်ခဲ့တယ်

– ၁၃၀ဝ ပြည့်နှစ် ရေနံမြေသပိတ်ဟာ နယ်ချဲ့ဆန့်ကျင်ရေးပြယုဂ်ဖြစ်တယ်

– ၁၃၀ဝ ပြည့်နှစ် ရေနံမြေသပိတ်ဟာ လွတ်လပ်ရေးတိုက်ပွဲခေါ်သံဖြစ်တယ်

– ၁၃၀ဝ ပြည့်နှစ်မှာ ပုဒ်မ ၁၄၄ ကို ထွန်းလှန် အာဏာဖီဆန်ခဲ့ကြတယ်

– ၁၃၀ဝ ပြည့်နှစ်မှာ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်လို့ ကြွေးကြော်ခဲ့ကြတယ်

– ၁၃၀ဝ ပြည့်နှစ်မှာ သခင်ခေါင်းဆောင်တွေ ထွန်းပေါ် တိုက်ပွဲပျော်တွေ ကျော်ခဲ့တယ်

– ၁၃၀ဝ ပြည့်နှစ်မှာ ပုလိပ်တပ် လှံစွပ်တပ် မြင်းစီးတပ် သေနတ်ကိုင်တပ်တွေကို ထိုးဖေါက်  ရွှေတိဂုံခံတပ်အထိ ရောက်ခဲ့တယ်

– ၁၃၀ဝ ပြည့်နှစ်ဟာ သမိုင်းမှာ ဂုဏ်ရောင်ပြောင်တဲ့နှစ်ပေပဲ

– ၁၃၀ဝ ပြည့်နှစ်ဟာ မဟောင်းနိုင်တဲ့ နှစ်၊ မညစ်နိုင်တဲ့ ခေတ်ရဲ့ အောင်ပွဲ သင်္ကေတပေပဲ

– လာမယ့် နှစ်သစ်ဟာ ၁၃၀ဝ ပြည့်နှစ်ရဲ့ စံချိန်စံညွှန်းတွေကို အရောင်ပြန်တင်ပေးနိုင်မလား

– မေးခွန်းတခု၊ စိန်ခေါ်မှုသဖွယ် ရှိနေတယ်

– တကယ့်နှစ်သစ်ဖြစ်ဖို့ စိန်ခေါ်မှုတွေ ကျော်ဖြတ်ရဦးမယ်

– သမိုင်းမှတ်တိုင်အသစ် စိုက်ထူရဦးမယ်

– သစ်ပြီးရင် ညစ်

ညစ်ပြီးရင် ဟောင်း

ဟောင်းပြီးတော့ နွမ်းမသွားစေချင်ဘူး

– လာမယ့် နှစ်သစ်မှာ တန်းတူရေးကို အလေးပြု

ငြိမ်းချမ်းမှုကို ဦးထိပ်ပန်

ဓမ္မကို ရည်သန်

အဓမ္မမှုကို ဖီဆန်ဖို့တော့ ဒိဋ္ဌ လိုပေလိမ့်ဦးမယ်။

ဇင်လင်း

၁၇ ဧပြီ၊ ၂၀၁၉။

(သရုပ်ဖော် သန်းဌေးမောင်)

လောကဓာတ်ခန်းသာဂိ – ရာဇဝင်ထဲမှာ ဇော်ဂျီကို ထားရစ်ခဲ့

April 17, 2019
လောကဓာတ်ခန်းသာဂိ – ရာဇဝင်ထဲမှာ ဇော်ဂျီကို ထားရစ်ခဲ့

ပန်းချီ (ဦး) ဝင်းဖေ၊ ဧရာ၀တီဝက်ဆိုက် လောကဓာတ်ခန်းသာဂိ – ရာဇဝင်ထဲမှာ ဇော်ဂျီကို ထားရစ်ခဲ့ (မိုးမခ) ဧပြီ ၁၇၊ ၂၀၁၉ မောင်ရစ် ဒီတခေါက် နိုင်ငံခြားက ပြန်လာတော့ (မြန်မာပြည်ကနေ ပြန်လာတာကို...

Read more »

ဝင်းဖေ – သင်္ကြန်အတွေး

April 14, 2019
ဝင်းဖေ – သင်္ကြန်အတွေး

ဝင်းဖေ – သင်္ကြန်အတွေး မိုးမခ၊ ဧပြီ ၁၃၊ ၂၀၁၉ (မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) (မိုးမခ ၂၀ဝ၇ သင်္ကြန်အစီအစဉ်ကနေ ပြန်လည်တင်ဆက်ပါတယ်) မြန်မာသင်္ကြန်နဲ ့ပတ်သက်ပြီး ထူးခြားတာလေးတစ်ခု တင်ပြချင်ပါတယ်။ “ကမ္ဘာ့လူသားတွေမှာ မွေးရာပါ...

Read more »

ပန်းချီသန်းဌေးမောင် – သင်္ကြန်ကျပြီ အချစ်ရေ

April 14, 2019
ပန်းချီသန်းဌေးမောင် – သင်္ကြန်ကျပြီ အချစ်ရေ

    ပန်းချီသန်းဌေးမောင် – သင်္ကြန်ကျပြီ အချစ်ရေ (မိုးမခ) ဧပြီ ၁၃၊ ၂၀၁၉

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သမ္မတထရမ့်နှင့် ဒီမိုကရေစီ၏နောင်ရေး 

April 12, 2019
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သမ္မတထရမ့်နှင့် ဒီမိုကရေစီ၏နောင်ရေး 

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သမ္မတထရမ့်နှင့် ဒီမိုကရေစီ၏နောင်ရေး (မိုးမခ) ဧပြီ ၁၂၊ ၂၀၁၉ ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၃၀ Steven Levitsky နှင့် Daniel Ziblatt...

Read more »

မောင်ရစ် – ကဗျာဆရာ၏ နောက်ဆုံးခရီး လိုက်ပို့ခြင်း

April 12, 2019
မောင်ရစ် – ကဗျာဆရာ၏ နောက်ဆုံးခရီး လိုက်ပို့ခြင်း

မောင်ရစ် – ကဗျာဆရာ၏ နောက်ဆုံးခရီး လိုက်ပို့ခြင်း (မိုးမခ) ဧပြီ ၁၁၊ ၂၀၁၉ မတ်လ ၂၂ ရက်နေ့မှာ တောင်ဒဂုံနဲ့ ဆိပ်ကမ်းမြို့နယ်ရဲ့ ကျည်စုသုဿန်ကို ရောက်ပါတယ်။ ကဗျာဆရာမောင်သင်းမိုး(၆၇နှစ်)ရဲ့ နောက်ဆုံးအသုဘခရီးကို လိုက်လံပို့ဆောင်တာပါ။...

Read more »

သန်းဝင်းလှိုင် – သူရဦးရွှေမန်းအပေါ် တပ်မတော်၏သဘောထား

April 11, 2019
သန်းဝင်းလှိုင် – သူရဦးရွှေမန်းအပေါ် တပ်မတော်၏သဘောထား

သန်းဝင်းလှိုင် – သူရဦးရွှေမန်းအပေါ် တပ်မတော်၏သဘောထား (မိုးမခ) ဧပြီ ၁၁၊ ၂၀၁၉ အခန်း (၇) သူရဦးရွှေမန်းအပေါ်  တပ်မတော်၏သဘောထား (မိုးမခစာအုပ်စင်ကောက်နှုတ်ချက်- သူရရွှေမန်းကိုလေ့လာခြင်း မှ) တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များက သူရဦးရွှေမန်းသည် မြန်မာ့နိုင်ငံရေးလောကကို...

Read more »

ကောကော်  – ကယားပြည်နယ်မှ ရေရှားပါးမှုပြဿနာနှင့် အမျိုးသမီးများဘဝ

April 10, 2019
ကောကော်  – ကယားပြည်နယ်မှ ရေရှားပါးမှုပြဿနာနှင့် အမျိုးသမီးများဘဝ

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ ကယားပြည်နယ်ရှိ ရေအရှားပါးဆုံးဒေသများ ဖြစ်သည်။ ရေအရင်းအမြစ်ရှိသည့်နေရာမှ ရရှိသော သောက်သုံးရေကို ပုံးဖြင့်ထည့်ပြီး ထိုပုံးကို ပလိုင်းဖြင့် သယ်ဆောင်ကြသည် (ဓာတ်ပုံ – ကောကော်/HI) ကောကော်  – ကယားပြည်နယ်မှ ရေရှားပါးမှုပြဿနာနှင့်...

Read more »

ပန်းချီစိုးနိုင်နှင့် ဝ ထ က လ သ

April 10, 2019
ပန်းချီစိုးနိုင်နှင့် ဝ ထ က လ သ

ပန်းချီစိုးနိုင်နှင့် ဝ ထ က လ သ သူရထိုက်  (မိုးမခ) ဧပြီ ၉၊၂၀၁၉ ပန်းချီစိုးနိုင် ၏ တကိုယ်တော် ပန်းချီပြပွဲဖိတ်စာ ကျွန်တော်က ဘာကောင်မှမဟုတ်ပေမယ့် အလုပ်များတဲ့သူတစ်ယောက်ပါ၊ ပုဂ္ဂလိက စက်ရုံငယ်လေးတရုံ...

Read more »

မောင်စွမ်းရည် –  မြန်မာသံချပ် စုကြစို့

April 9, 2019
မောင်စွမ်းရည် –  မြန်မာသံချပ် စုကြစို့

သရုပ်ဖော် မောင်စွမ်းရည် မောင်စွမ်းရည် –  မြန်မာသံချပ် စုကြစို့ မိုးမခ၊ ဧပြီ ၉၊ ၂၀၁၉ ငယ်ငယ်ကတည်းက သင်းကြန်သံချပ်တွေကို ကြားဖူးပါတယ်၊ “အစောင်းအချိတ် ဘိတ်မပါဗျ” အစချီပြီး သီဆိုသွားတဲ့သံချပ်တွေပါ။ တချိူ့အစောင်းအချိတ်တွေက မျက်မှောက်မှာ...

Read more »

ခင်နှင်းဝေ ● ဘီယာစက်ရုံ မြေနေရာ အငြင်းပွားမှု ပုသိမ်ကြီးတွင် ပေါ်ပေါက်

April 8, 2019
ခင်နှင်းဝေ ● ဘီယာစက်ရုံ မြေနေရာ အငြင်းပွားမှု ပုသိမ်ကြီးတွင် ပေါ်ပေါက်

ခင်နှင်းဝေ ● ဘီယာစက်ရုံ မြေနေရာ အငြင်းပွားမှု ပုသိမ်ကြီးတွင် ပေါ်ပေါက် (မိုးမခ) ဧပြီ ၇၊ ၂၀၁၉   ၂၀၁၉ ဧပြီ ၇ ရက်နေ့က မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာတွင် ဆန္ဒပြနေကြသော...

Read more »

မာန်သီဟထွန်း – ဆေပီယန်စ် (၁၉) – ရှေးခေတ်လူတွေကို အားကျစရာလား

March 16, 2019
မာန်သီဟထွန်း – ဆေပီယန်စ် (၁၉) – ရှေးခေတ်လူတွေကို အားကျစရာလား

  မာန်သီဟထွန်း – ဆေပီယန်စ် (၁၉) – ရှေးခေတ်လူတွေကို အားကျစရာလား Sapiens – A Brief History of Humankind by Yuval Noah Harari...

Read more »

ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Sitting on the fence

March 16, 2019
ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Sitting on the fence

  ကာတွန်း မောင်ရစ် – ရွှေမိနဲ့ အင်္ဂလိပ်စာ – Sitting on the fence (Academic Weekly Journal, Yangon) မိုးမခ၊ မတ် ၁၆၊ ၂၀၁၉

Read more »

မောင်ကြူးရင့် – “ဧရာဝတီ”

March 16, 2019
မောင်ကြူးရင့် – “ဧရာဝတီ”

Than Htay Maung  မောင်ကြူးရင့် – “ဧရာဝတီ” (မိုးမခ) မတ် ၁၆၊ ၂၀၁၉ ဧရာဝတီဟာ လူထုရဲ့ ကဗျာတပုဒ်ပါပဲ ဧရာဝတီဟာ လူထုရဲ့ တေးတပုဒ်ပါပဲ ဧရာဝတီဟာ လူထုရဲ့ ပန်းချီကားတချပ်ပါပဲ...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ထရမ့်၏ ဒီမိုကရေစီဆန့်ကျင်ရေးလုပ်ငန်းများ

March 16, 2019
ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ထရမ့်၏ ဒီမိုကရေစီဆန့်ကျင်ရေးလုပ်ငန်းများ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ထရမ့်၏ ဒီမိုကရေစီဆန့်ကျင်ရေးလုပ်ငန်းများ ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၉ (မိုးမခ)  မတ်  ၁၆၊ ၂၀၁၉ Steven Levitsky နှင့် Daniel Ziblatt...

Read more »

လုပ်ဇာတ်သတင်း၊ အမှန်လွန်ခေတ်နဲ့ ပုံပြင်ထဲပျော်တဲ့ ကျနော်တို့လူသားတွေ (၃) နိဂုံး

March 14, 2019
လုပ်ဇာတ်သတင်း၊ အမှန်လွန်ခေတ်နဲ့ ပုံပြင်ထဲပျော်တဲ့ ကျနော်တို့လူသားတွေ (၃) နိဂုံး

လုပ်ဇာတ်သတင်း၊ အမှန်လွန်ခေတ်နဲ့ ပုံပြင်ထဲပျော်တဲ့ ကျနော်တို့လူသားတွေ (၃) နိဂုံး ယူဗဲနိုအာဟာရာရီ၊ The Globe and Mail (စက်တင်ဘာ ၂၀၁၈) ဘာသာပြန်သာဂိ (မိုးမခ) မတ် ၁၄၊ ၂၀၁၉  ပကတိအမှန်တရားနဲ့...

Read more »

သန်းဝင်းလှိုင် – သူရရွှေမန်းကို လေ့လာခြင်း (၆)

March 14, 2019
သန်းဝင်းလှိုင် – သူရရွှေမန်းကို လေ့လာခြင်း (၆)

သန်းဝင်းလှိုင် – သူရရွှေမန်းကို လေ့လာခြင်း (၆) (မိုးမခစာအုပ်စင် ကောက်နုတ်ချက်) မတ် ၁၄၊ ၂၀၁၉ အခန်း (၆) – သူရဦးရွှေမန်းအပေါ် အမြင်စောင်းနေမှု သူရဦးရွှေမန်း ဦးဆောင်သော ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ...

Read more »

ဂျူနီယာဝင်း – မစ်ဇူရီက ကောင်ကလေးတယောက် သို့မဟုတ် “၀ီနာ လျောက်သောလမ်း“

March 14, 2019
ဂျူနီယာဝင်း – မစ်ဇူရီက ကောင်ကလေးတယောက် သို့မဟုတ် “၀ီနာ လျောက်သောလမ်း“

ဂျူနီယာဝင်း – မစ်ဇူရီက ကောင်ကလေးတယောက် သို့မဟုတ် “၀ီနာ လျောက်သောလမ်း“ (အတွေးအမြင် ၃၁၉ ။ မတ်လ ၂၀၁၉) မိုးမခ၊ မတ် ၁၄၊ ၂၀၁၉ (2001 ခုနှစ်ထုတ် M....

Read more »

မင်းငြိမ်းအေး – ၁၃/ မတ်/ ၈၈

March 14, 2019
မင်းငြိမ်းအေး – ၁၃/ မတ်/ ၈၈

မင်းငြိမ်းအေး – ၁၃/ မတ်/ ၈၈ (မိုးမခ) မတ် ၁၄၊ ၂၀၁၉ ဖုန်းမော်ရဲ့၊အလောင်းဟာ ကျောက်သားဖြစ်လာပြီး ငါတို့ဟာ၊ကျောက်စာကိုထွင်းထုရပေါ့ ဒီမိုကရေစီ လူ့အခွင့်အရေး ဖိနှိပ်မှု အုံကြွမှု ပိုင်ရှင့်မဲ့အလောင်းများ လူမသိအောင်ကြွေတဲ့ကြယ် ကံ့ကော်ရနံ...

Read more »

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ မတ် ၁၃ ကျင်းပ

March 14, 2019
မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ မတ် ၁၃ ကျင်းပ

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ မတ် ၁၃ ကျင်းပ ရန်နောင်(ဗိုလ်တထောင်) မတ် ၁၄၊ ၂၀၁၉ ရန်ကုန် မတ် ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် နှင့် ကိုစိုးနိုင် တို့ ကျဆုံးခြင်း ၃၁...

Read more »

Archives