ကောကော်  – ကယားပြည်နယ်မှ ရေရှားပါးမှုပြဿနာနှင့် အမျိုးသမီးများဘဝ

April 10, 2019

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ ကယားပြည်နယ်ရှိ ရေအရှားပါးဆုံးဒေသများ ဖြစ်သည်။ ရေအရင်းအမြစ်ရှိသည့်နေရာမှ ရရှိသော သောက်သုံးရေကို ပုံးဖြင့်ထည့်ပြီး ထိုပုံးကို ပလိုင်းဖြင့် သယ်ဆောင်ကြသည် (ဓာတ်ပုံ – ကောကော်/HI)

ကောကော်  – ကယားပြည်နယ်မှ ရေရှားပါးမှုပြဿနာနှင့် အမျိုးသမီးများဘဝ
(Myanmar Now) မိုးမခ၊ ဧပြီ၊ ၁၀၊ ၂၀၁၉

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မှ စတင်ပြီး ကန်ခုနှစ်ဆင့်အနီးရှိ လမ်းတစ်လျှောက် ဒေါတမကြီးရွာသို့ သွားရာ လမ်းသည် ကတ္တရာခင်းထားသည့်အတွက် လမ်းကြမ်းသည်ဟု မဆိုနိုင်ပေ။ သို့သော် တောင်တက် တောင်ဆင်းလမ်းဖြစ်သဖြင့် အကွေ့အကောက် များလှပေသည်။

လမ်းမကြီးဘေးရှိ တောင်တန်းများမှာ သစ်ပင်များ၊ ချုံနွယ်များ ထူထပ်လျက်ရှိပြီး ခြောက်သွေ့ကာ နေကလည်း အလွန်ပူပြင်းနေသည်။

ခရီးမိုင်ပေါင်း(၂၅)မိုင်ခန့် ရောက်ရှိသွားချိန်တွင် လမ်းမဘေးတောင်တန်းများနှင့် ရွာများကို တွေ့ရပြီး အိမ်တိုင်းလိုလိုတွင် (၅)ဂါလံဆံ့ ပုံးအဝါရောင်များကို တွေ့ရသည်။ ပြည်ပမှ တင်သွင်းသည့် စားသုံးဆီပုံးကို ရေသိုလှောင် သယ်ဆောင်သည့်ပုံးအဖြစ် ပြန်လည်အသုံးပြုခြင်းဖြစ်သည်။ သွားလာနေသော ဆိုင်ကယ်တို့၏ ဘေးနှစ်ဖက်တွင်လည်း ပုံးဝါများ ချိတ်ပြီး တင်ဆောင်ထားကြသည်။

ပိုပြီးထူးခြားသည်မှာ အမျိုးသမီးများက ထိုပုံးဝါများကို ပလိုင်းထဲ ထည့်ကာ သယ်ဆောင်လာကြခြင်းပင်။

တောင်တက်လမ်း အကွေ့အကောက်အတိုင်း အမျိုးသမီးများသည် ပလိုင်းကို ကျောနောက်တွင်ထား၊ လွယ်ကြိုးကို နဖူးဖြင့် ထိန်းကာ ဖြည်းဖြည်းချင်း တက်လာနေကြသည်ကို တွေ့ရသည်။

သောက်သုံးရေ၊ ချက်ပြုတ်ရေ ရရှိရန် တောင်အောက်ရှိ ချိုင့်ထဲမှ သယ်ယူလာကြခြင်း ဖြစ်သည်။

အသက် (၃ဝ) အရွယ်ရှိ ဒေါ်ရီးမိုမှာ ဒေါဖုကျေးရွာမှာ နေထိုင်ပြီး ရေရှားပါးမှုကြောင့် အိပ်ရေးပျက်သည့် ဒဏ်ကို တစ်နွေလုံးခံရသည်ဟု ဆိုသည်။

῝နောက်တစ်လလောက်ဆို ရွာအပြင် တောင်အောက်ချိုင့်ထဲမှာ ရေသွားခပ်ရတော့မယ်၊ မနက် (၃)နာရီ လောက် ထသွားရတာပေါ့၊ ရေရှားပြီဆို အိပ်ရေးတောင် မဝတော့ဘူး၊ ကိုယ်က အစောကြီးမထနိုင်ရင် သူများဦးသွားတော့ ရေရဖို့ အကြာကြီးစောင့်ရတယ်῎

မနက်စောစောထပြီး ရေခပ်သွားရာလမ်းတွင် မြွေများရှိသည့်အတွက် မြွေအန္တရာယ်ကိုလည်း ကြုံရသည်။

ရေအပြည့်ပါသော ပုံးအဝါကို ပလိုင်းထဲထည့်ရွက်ကာ အမျိုးသမီးတချို့မှာ လက်တစ်ဖက်စီတွင် ပုံးငယ်များကို ဆွဲထားသေးသည်ဟု ဆိုသည်။

῝မနက်အစောကြီးဆိုတာက ရွာမှာ မီးလည်း မရ၊ တောလမ်းအတိုင်းသွားရတာ ဆိုတော့ မှောင်တယ်လေ။ မြွေတွေဆို အကြီးကြီးပဲ၊ တွေ့ဖူးတယ်῎

ရွာမှ ရေခပ်သွားရာ ရေကန်သို့ အသွားအပြန် လမ်းခရီးမှာ (၁)နာရီခွဲခန့်ကြာပြီး တောင်တက် တောင်ဆင်းလမ်းများ ဖြစ်သည့်အတွက် အမျိုးသမီးတို့သည် ရေခပ်သည့်အလုပ်ကို လုပ်ရာတွင် တစ်နေကုန် အချိန်ပေးရသည်။

ရေသယ်နေရသဖြင့် အိမ်မှုကိစ္စများ၊ နေ့စားအလုပ်များ၊ တောင်ယာအလုပ်များ လစ်ဟင်းကာ စားရေး သောက်ရေးပင် ထိခိုက်လာသည်ဟု ဆိုသည်။

ထိုမိုးရေကန်ကို ရွာပေါင်း(၃)ရွာခန့်က စုပေါင်းခပ်ယူကြသည်။ ရေသိုလှောင်ရာကန်မှရေသည် မိုးရာသီတွင် လှောင်ထားခြင်းဖြစ်ပြီး ရွာအောက်ဖက်ရှိ ချိုင့်ထဲမှ မိုးရေကိုသာ အသုံးပြုရန် ခပ်ယူကြရသည်။ အဝတ်လျှော်ရန်နှင့် ရေချိုးရန် ထိုနေရာအနီးတွင်သာ လုပ်ဆောင်ကြပြီး ချက်ပြုတ်ဆေးကြောသောက်သုံးရန် အတွက်မူ အိမ်သို့ထမ်းပြန်ရသည်ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးပိုးရယ်က ပြောသည်။

ရေကန်ထဲရှိရေသည် သန့်ရှင်းမှုမရှိဘဲ တစ်ခါတရံ ကျောက်မှုန့်၊ သဲမှုန့်များ ပါတတ်ပြီး ဝမ်းလျှောဝမ်းပျက် ရောဂါများ ဖြစ်ခဲ့သည်ဟု ဦးပိုးရယ်က ပြောသည်။

῝အထူးသဖြင့် အမျိုးသမီးတွေ ရာသီလာတဲ့အချိန်ဆို တစ်ကိုယ်ရေသန့်ရှင်းမှုက မလုပ်နိုင်တော့ တချို့ဆို အမျိုးသမီးရောဂါဖြစ်ကြတယ်၊ သန့်ရှင်းတဲ့ရေ မရလို့ တစ်ခါကလည်း ရွာထဲမှာ ရွာလုံးကျွတ် ဝမ်းလျှောဝမ်းပျက် ဖြစ်သေးတယ်῎

WATER_KAYAH.JPG

သောက်သုံးရေကို ငါးဂါလံဆံ့ပုံးဖြင့် သယ်ယူနေသည့် ကယားပြည်နယ် ဒီးမော့ဆိုမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦး။ (ဓာတ်ပုံ – ကောကော်/HI)

မိုးရာသီတွင် မိုးရေခံပြီး အိမ်မှ အုတ်စည်ထဲ သိုလှောင်ထားသော်လည်း တစ်မိုးနှင့် တစ်ဆောင်းစာ အတွက်သာ လုံလောက်ပြီး နွေရာသီတွင် ဝေးလံသော ရေတွင်းရေကန်သို့ ရွာတိုင်း အိမ်တိုင်းလိုလို ရေခပ်သွားကြရသည်။

ဒေါပဲရွာနေ ဒေါ်ဝီမြာသည် ကိုယ်ဝန် (၇)လ ရသည့်တိုင် ရေထမ်းနေရသည့်အတွက် ခြေထောက် ညောင်း ညာ ကိုက်ခဲသည့်ဒဏ်ကို ခံစားရသည်ဟု ဆိုသည်။

῝ကလေးကတော့(၃)ယောက်ရပါပြီ၊ တစ်သက်လုံး ဒီလိုပဲ ရေရှားတော့ ရေသွားထမ်းရတယ်။ အန္တရာယ်တော့ မရှိဘူး။ တစ်ခါတလေ တစ်ရက်ကို (၃)ခေါက်လောက် သွားနိုင်တယ်။ တစ်ခါကြာချိန်က (၁)နာရီဝန်းကျင်ပေါ့῎

ကယားပြည်နယ်ရှိ ရေအရှားပါးဆုံးဒေသမှာ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့ဖြစ်ပြီး ဒုတိယမှာ ဖရူဆိုမြို့နယ်မှ ကျေးရွာများဖြစ်သည်။ ရေရှားပါးသည့် ဒေါဖူးကျေးရွာအုပ်စုတွင် ကျေးရွာ(၆)ရွာရှိပြီး ရေအရှားဆုံး နေရာများဖြစ်ကြသည်။

နွေဦးကာလမှစပြီး မိုးဦးကျသည့်အထိ တစ်နွေလုံး ရေရှားပါးသည့်ဒဏ်ကို ခံရကာ သောက်သုံးရေအဖြစ် မိုးရေလှောင်ကန်မှရေကို အသုံးပြုရသည့်အတွက် သန့်ရှင်းသောရေကို သုံးနိုင်ခြင်း မရှိပေ။

῝နွေရာသီမှာဆို ပိုပူတဲ့အတွက် ရေကန်ထဲက ရေတွေ အလိုအလျောက် ခမ်းသွားနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ အဝီစိတွင်းတူးကြည့်မလား ဆိုပြီး အစိုးရဖက်ကို တင်ပြသေးတယ်၊ သူတို့က နည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရွာထဲအထိ ဝင်လာဖို့ လမ်းကျဉ်းတဲ့အတွက် စက်တွေနဲ့ အဆင်မပြေသေးဘူး ပြောတယ်῎ ဟု ဒေါဖုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရီရယ်က ပြောသည်။

သူစတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂ဝ၁၅ ခုနှစ်မှစပြီး ဒီးမော့ဆိုမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ရေရရှိနိုင်ရေး တင်ပြခဲ့ပြီး အဝီစိတွင်းတူးပေးရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သေးသည်ဟု ဆိုသည်။ ပြည်နယ်လွှတ်တော်အမတ်များနှင့်တွေ့ဆုံကာ သန့်ရှင်းသော သောက်သုံး ရေရရှိရန် တင်ပြသွားမည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုနှစ်ထဲတွင် ကယားလူမျိုးတို့၏ ရိုးရာဖြစ်သော တိုက်နယ်တံခွန်တိုင်ပွဲ ဒေါဖုရွာတွင် ကျရောက်မည် ဖြစ်သောကြောင့် သောက်သုံးရေ၊ ချက်ပြုတ်ရန်ရေတို့အတွက် စိတ်ပူနေကြပြီး လူထု ဗဟိုပြု စီမံကိန်းအဖွဲ့က လှောင်ကန်အတွက် အကူအညီပေးမည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောပြသည်။

ကျေးရွာမှ ပြည်သူများ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ရေအသုံးပြုနည်းကို သင်ကြားပေးသော်လည်း ရေရှားပါးမှုကြောင့် ထိရောက်မှု မရှိဟု ကျေးလက်ကျန်းမာရေးဆရာမတစ်ဦးကလည်း ဆိုသည်။

῝အိမ်သာတက်ရင် ဘယ်လိုဆေးကြောရမယ်၊ တက်ပြီးရင် လက်ဘယ်လိုဆေးရတယ်၊ ဒါတွေကို ပြောပြပေမဲ့ သူတို့က … ‘ရေမှ မရှိတာ ဆရာမ၊ ချွေတာသုံးနေရတာ’ ဆိုတော့ ကျွန်မတောင် ဘယ်လို ပြန်ပြောရမှန်းမသိဘူး῎

(အမျိုးသမီးများ အသံကို အဓိက ဖော်ထုတ်နေသည့် Honesty Information သတင်းဌာန၏ အွန်လိုင်းစာမျက်နှာ http://www.hiburma.net တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်။)

 

ဒီးေမာ့ဆိုျမို့နယ္အတြင္းရွိ ေက်းရြာတခ်ို့မွာ ကယားျပည္နယ္ရွိ ေရအရွားပါးဆံုးေဒသမ်ား ျဖစ္သည္။ ေရအရင္းအျမစ္ရွိသည့္ေနရာမွ ရရွိေသာ ေသာက္သံုးေရကို ပံုးျဖင့္ထည့္ျပီး ထိုပံုးကို ပလိုင္းျဖင့္ သယ္ေဆာင္ျကသည္ (ဓာတ္ပံု – ေကာေကာ္/HI)

ေကာေကာ္ – ကယားျပည္နယ္မွ ေရရွားပါးမႈျပႆနာနွင့္ အမ်ိုးသမီးမ်ားဘဝ
(Myanmar Now) မိုးမခ၊ ဧျပီ၊ ၁၀၊ ၂၀၁၉

ကယားျပည္နယ္၊ ဒီးေမာ့ဆိုျမို့မွ စတင္ျပီး ကန္ခုနွစ္ဆင့္အနီးရွိ လမ္းတစ္ေလွ်ာက္ ေဒါတမျကီးရြာသို့ သြားရာ လမ္းသည္ ကတၱရာခင္းထားသည့္အတြက္ လမ္းျကမ္းသည္ဟု မဆိုနိုင္ေပ။ သို့ေသာ္ ေတာင္တက္ ေတာင္ဆင္းလမ္းျဖစ္သျဖင့္ အေကြ့အေကာက္ မ်ားလွေပသည္။

လမ္းမျကီးေဘးရွိ ေတာင္တန္းမ်ားမွာ သစ္ပင္မ်ား၊ ခ်ံုနြယ္မ်ား ထူထပ္လ်က္ရွိျပီး ေျခာက္ေသြ့ကာ ေနကလည္း အလြန္ပူျပင္းေနသည္။

ခရီးမိုင္ေပါင္း(၂၅)မိုင္ခန့္ ေရာက္ရွိသြားခ်ိန္တြင္ လမ္းမေဘးေတာင္တန္းမ်ားနွင့္ ရြာမ်ားကို ေတြ့ရျပီး အိမ္တိုင္းလိုလိုတြင္ (၅)ဂါလံဆံ့ ပံုးအဝါေရာင္မ်ားကို ေတြ့ရသည္။ ျပည္ပမွ တင္သြင္းသည့္ စားသံုးဆီပံုးကို ေရသိုေလွာင္ သယ္ေဆာင္သည့္ပံုးအျဖစ္ ျပန္လည္အသံုးျပုျခင္းျဖစ္သည္။ သြားလာေနေသာ ဆိုင္ကယ္တို့၏ ေဘးနွစ္ဖက္တြင္လည္း ပံုးဝါမ်ား ခ်ိတ္ျပီး တင္ေဆာင္ထားျကသည္။

ပိုျပီးထူးျခားသည္မွာ အမ်ိုးသမီးမ်ားက ထိုပံုးဝါမ်ားကို ပလိုင္းထဲ ထည့္ကာ သယ္ေဆာင္လာျကျခင္းပင္။

ေတာင္တက္လမ္း အေကြ့အေကာက္အတိုင္း အမ်ိုးသမီးမ်ားသည္ ပလိုင္းကို ေက်ာေနာက္တြင္ထား၊ လြယ္ျကိုးကို နဖူးျဖင့္ ထိန္းကာ ျဖည္းျဖည္းခ်င္း တက္လာေနျကသည္ကို ေတြ့ရသည္။

ေသာက္သံုးေရ၊ ခ်က္ျပုတ္ေရ ရရွိရန္ ေတာင္ေအာက္ရွိ ခ်ိုင့္ထဲမွ သယ္ယူလာျကျခင္း ျဖစ္သည္။

အသက္ (၃ဝ) အရြယ္ရွိ ေဒၚရီးမိုမွာ ေဒါဖုေက်းရြာမွာ ေနထိုင္ျပီး ေရရွားပါးမႈေျကာင့္ အိပ္ေရးပ်က္သည့္ ဒဏ္ကို တစ္ေနြလံုးခံရသည္ဟု ဆိုသည္။

῝ေနာက္တစ္လေလာက္ဆို ရြာအျပင္ ေတာင္ေအာက္ခ်ိုင့္ထဲမွာ ေရသြားခပ္ရေတာ့မယ္၊ မနက္ (၃)နာရီ ေလာက္ ထသြားရတာေပါ့၊ ေရရွားျပီဆို အိပ္ေရးေတာင္ မဝေတာ့ဘူး၊ ကိုယ္က အေစာျကီးမထနိုင္ရင္ သူမ်ားဦးသြားေတာ့ ေရရဖို့ အျကာျကီးေစာင့္ရတယ္῎

မနက္ေစာေစာထျပီး ေရခပ္သြားရာလမ္းတြင္ ျမြေမ်ားရွိသည့္အတြက္ ျမြေအနၱရာယ္ကိုလည္း ျကံုရသည္။

ေရအျပည့္ပါေသာ ပံုးအဝါကို ပလိုင္းထဲထည့္ရြက္ကာ အမ်ိုးသမီးတခ်ို့မွာ လက္တစ္ဖက္စီတြင္ ပံုးငယ္မ်ားကို ဆြဲထားေသးသည္ဟု ဆိုသည္။

῝မနက္အေစာျကီးဆိုတာက ရြာမွာ မီးလည္း မရ၊ ေတာလမ္းအတိုင္းသြားရတာ ဆိုေတာ့ ေမွာင္တယ္ေလ။ ျမြေတြဆို အျကီးျကီးပဲ၊ ေတြ့ဖူးတယ္῎

ရြာမွ ေရခပ္သြားရာ ေရကန္သို့ အသြားအျပန္ လမ္းခရီးမွာ (၁)နာရီခြဲခန့္ျကာျပီး ေတာင္တက္ ေတာင္ဆင္းလမ္းမ်ား ျဖစ္သည့္အတြက္ အမ်ိုးသမီးတို့သည္ ေရခပ္သည့္အလုပ္ကို လုပ္ရာတြင္ တစ္ေနကုန္ အခ်ိန္ေပးရသည္။

ေရသယ္ေနရသျဖင့္ အိမ္မႈကိစၥမ်ား၊ ေန့စားအလုပ္မ်ား၊ ေတာင္ယာအလုပ္မ်ား လစ္ဟင္းကာ စားေရး ေသာက္ေရးပင္ ထိခိုက္လာသည္ဟု ဆိုသည္။

ထိုမိုးေရကန္ကို ရြာေပါင္း(၃)ရြာခန့္က စုေပါင္းခပ္ယူျကသည္။ ေရသိုေလွာင္ရာကန္မွေရသည္ မိုးရာသီတြင္ ေလွာင္ထားျခင္းျဖစ္ျပီး ရြာေအာက္ဖက္ရွိ ခ်ိုင့္ထဲမွ မိုးေရကိုသာ အသံုးျပုရန္ ခပ္ယူျကရသည္။ အဝတ္ေလွ်ာ္ရန္နွင့္ ေရခ်ိုးရန္ ထိုေနရာအနီးတြင္သာ လုပ္ေဆာင္ျကျပီး ခ်က္ျပုတ္ေဆးေျကာေသာက္သံုးရန္ အတြက္မူ အိမ္သို့ထမ္းျပန္ရသည္ဟု ရပ္မိရပ္ဖတစ္ဦးျဖစ္သူ ဦးပိုးရယ္က ေျပာသည္။

ေရကန္ထဲရွိေရသည္ သန့္ရွင္းမႈမရွိဘဲ တစ္ခါတရံ ေက်ာက္မႈန့္၊ သဲမႈန့္မ်ား ပါတတ္ျပီး ဝမ္းေလွ်ာဝမ္းပ်က္ ေရာဂါမ်ား ျဖစ္ခဲ့သည္ဟု ဦးပိုးရယ္က ေျပာသည္။

῝အထူးသျဖင့္ အမ်ိုးသမီးေတြ ရာသီလာတဲ့အခ်ိန္ဆို တစ္ကိုယ္ေရသန့္ရွင္းမႈက မလုပ္နိုင္ေတာ့ တခ်ို့ဆို အမ်ိုးသမီးေရာဂါျဖစ္ျကတယ္၊ သန့္ရွင္းတဲ့ေရ မရလို့ တစ္ခါကလည္း ရြာထဲမွာ ရြာလံုးကြ်တ္ ဝမ္းေလွ်ာဝမ္းပ်က္ ျဖစ္ေသးတယ္῎

WATER_KAYAH.JPG

ေသာက္သံုးေရကို ငါးဂါလံဆံ့ပံုးျဖင့္ သယ္ယူေနသည့္ ကယားျပည္နယ္ ဒီးေမာ့ဆိုျမို့မွ ေဒသခံ အမ်ိုးသမီးတစ္ဦး။ (ဓာတ္ပံု – ေကာေကာ္/HI)

မိုးရာသီတြင္ မိုးေရခံျပီး အိမ္မွ အုတ္စည္ထဲ သိုေလွာင္ထားေသာ္လည္း တစ္မိုးနွင့္ တစ္ေဆာင္းစာ အတြက္သာ လံုေလာက္ျပီး ေနြရာသီတြင္ ေဝးလံေသာ ေရတြင္းေရကန္သို့ ရြာတိုင္း အိမ္တိုင္းလိုလို ေရခပ္သြားျကရသည္။

ေဒါပဲရြာေန ေဒၚဝီျမာသည္ ကိုယ္ဝန္ (၇)လ ရသည့္တိုင္ ေရထမ္းေနရသည့္အတြက္ ေျခေထာက္ ေညာင္း ညာ ကိုက္ခဲသည့္ဒဏ္ကို ခံစားရသည္ဟု ဆိုသည္။

῝ကေလးကေတာ့(၃)ေယာက္ရပါျပီ၊ တစ္သက္လံုး ဒီလိုပဲ ေရရွားေတာ့ ေရသြားထမ္းရတယ္။ အနၱရာယ္ေတာ့ မရွိဘူး။ တစ္ခါတေလ တစ္ရက္ကို (၃)ေခါက္ေလာက္ သြားနိုင္တယ္။ တစ္ခါျကာခ်ိန္က (၁)နာရီဝန္းက်င္ေပါ့῎

ကယားျပည္နယ္ရွိ ေရအရွားပါးဆံုးေဒသမွာ ဒီးေမာ့ဆိုျမို့နယ္အတြင္းရွိ ေက်းရြာအခ်ို့ျဖစ္ျပီး ဒုတိယမွာ ဖရူဆိုျမို့နယ္မွ ေက်းရြာမ်ားျဖစ္သည္။ ေရရွားပါးသည့္ ေဒါဖူးေက်းရြာအုပ္စုတြင္ ေက်းရြာ(၆)ရြာရွိျပီး ေရအရွားဆံုး ေနရာမ်ားျဖစ္ျကသည္။

ေနြဦးကာလမွစျပီး မိုးဦးက်သည့္အထိ တစ္ေနြလံုး ေရရွားပါးသည့္ဒဏ္ကို ခံရကာ ေသာက္သံုးေရအျဖစ္ မိုးေရေလွာင္ကန္မွေရကို အသံုးျပုရသည့္အတြက္ သန့္ရွင္းေသာေရကို သံုးနိုင္ျခင္း မရွိေပ။

῝ေနြရာသီမွာဆို ပိုပူတဲ့အတြက္ ေရကန္ထဲက ေရေတြ အလိုအေလ်ာက္ ခမ္းသြားနိုင္တဲ့ အေျခအေနမွာ ရွိတယ္၊ အဝီစိတြင္းတူးျကည့္မလား ဆိုျပီး အစိုးရဖက္ကို တင္ျပေသးတယ္၊ သူတို့က နည္းပညာရွင္ေတြနဲ့ ပူးေပါင္းျပီး ရြာထဲအထိ ဝင္လာဖို့ လမ္းက်ဉ္းတဲ့အတြက္ စက္ေတြနဲ့ အဆင္မေျပေသးဘူး ေျပာတယ္῎ ဟု ေဒါဖုေက်းရြာအုပ္စု အုပ္ခ်ုပ္ေရးမႉး ဦးရီရယ္က ေျပာသည္။

သူစတင္တာဝန္ထမ္းေဆာင္ခဲ့သည့္ ၂ဝ၁၅ ခုနွစ္မွစျပီး ဒီးေမာ့ဆိုျမို့နယ္၊ အေထြေထြ အုပ္ခ်ုပ္ေရးရံုးသို့ ေရရရွိနိုင္ေရး တင္ျပခဲ့ျပီး အဝီစိတြင္းတူးေပးရန္ နည္းအမ်ိုးမ်ိုးျဖင့္ ျကိုးစားခဲ့ေသးသည္ဟု ဆိုသည္။ ျပည္နယ္လွြတ္ေတာ္အမတ္မ်ားနွင့္ေတြ့ဆံုကာ သန့္ရွင္းေသာ ေသာက္သံုး ေရရရွိရန္ တင္ျပသြားမည္ဟု အုပ္ခ်ုပ္ေရးမႉးက ေျပာသည္။

ယခုနွစ္ထဲတြင္ ကယားလူမ်ိုးတို့၏ ရိုးရာျဖစ္ေသာ တိုက္နယ္တံခြန္တိုင္ပြဲ ေဒါဖုရြာတြင္ က်ေရာက္မည္ ျဖစ္ေသာေျကာင့္ ေသာက္သံုးေရ၊ ခ်က္ျပုတ္ရန္ေရတို့အတြက္ စိတ္ပူေနျကျပီး လူထု ဗဟိုျပု စီမံကိန္းအဖြဲ့က ေလွာင္ကန္အတြက္ အကူအညီေပးမည္ဟု ရပ္မိရပ္ဖတစ္ဦးက ေျပာျပသည္။

ေက်းရြာမွ ျပည္သူမ်ား တစ္ကိုယ္ေရသန့္ရွင္းမႈအတြက္ ေရအသံုးျပုနည္းကို သင္ျကားေပးေသာ္လည္း ေရရွားပါးမႈေျကာင့္ ထိေရာက္မႈ မရွိဟု ေက်းလက္က်န္းမာေရးဆရာမတစ္ဦးကလည္း ဆိုသည္။

῝အိမ္သာတက္ရင္ ဘယ္လိုေဆးေျကာရမယ္၊ တက္ျပီးရင္ လက္ဘယ္လိုေဆးရတယ္၊ ဒါေတြကို ေျပာျပေပမဲ့ သူတို့က … ‘ေရမွ မရွိတာ ဆရာမ၊ ေခြ်တာသံုးေနရတာ’ ဆိုေတာ့ ကြ်န္မေတာင္ ဘယ္လို ျပန္ေျပာရမွန္းမသိဘူး῎

(အမ်ိုးသမီးမ်ား အသံကို အဓိက ေဖာ္ထုတ္ေနသည့္ Honesty Information သတင္းဌာန၏ အြန္လိုင္းစာမ်က္နွာ http://www.hiburma.net တြင္ ေဖာ္ျပထားေသာ ေဆာင္းပါး ျဖစ္သည္။)


သင့္အေၾကာင္း သင့္လုုပ္ငနး္ ေၾကာ္ျငာ သည္ေနရာမွာ ေၾကာ္ျငာႏိုုင္ပါျပီ

Tags: , ,

အလားတူ စိတ္၀င္စားဖြယ္ရာ စာမ်ား၊ ေဆာင္းပါးမ်ား ...:သတင္းေဆာင္းပါး

Comments are closed.

Archives