သတင္းပေဒသာ

ခင္ႏွင္းေဝ ● ဘီယာစက္႐ုံ ေျမေနရာ အျငင္းပြားမႈ ပုသိမ္ႀကီးတြင္ ေပၚေပါက္

ခင္ႏွင္းေဝ ● ဘီယာစက္႐ုံ ေျမေနရာ အျငင္းပြားမႈ ပုသိမ္ႀကီးတြင္ ေပၚေပါက္
(မိုးမခ) ဧၿပီ ၇၊ ၂၀၁၉

 


၂၀၁၉ ဧၿပီ ၇ ရက္ေန႔က မႏၲေလး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မဲကင္းကုန္း႐ြာတြင္ ဆႏၵျပေနၾကေသာ ေဒသခံမ်ား (ဓာတ္ပုံမ်ား – ခင္ႏွင္းေဝ/Myanmar Now)

ႏိုင္ငံအႏွံ႔အျပား  ျဖစ္ေပၚေနေသာ ေျမယာျပႆနာကို မႏၲေလး၊ ပုသိ
မ္ႀကီးၿမိဳ႕နယ္၊ မဲကင္းကုန္း႐ြာတြင္လည္း ေတြ႕ႏိုင္သည္။
တပ္မေတာ္ သိမ္းထားသည့္ လယ္ေျမမ်ား မူလပိုင္ရွင္ထံ ျပန္အပ္ရန္ မႏၲေလး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မဲကင္းကုန္း႐ြာ ေတာင္သူမ်ားက ဧၿပီ ၇ နံနက္ပိုင္းတြင္ ႐ြာအတြင္း ခ်ီတက္ ဆႏၵျပၾကသည္။

လယ္သိမ္းခံရသူ တစ္ဦးျဖစ္သည့္ ကိုေဌးေအာင္က ၎တို႔ေျမေနရာတြင္ ဘီယာစက္႐ုံ ေဆာက္လုပ္ေရး စီမံကိန္းတစ္ခု ရွိေနသည္ဟု ဆိုသည္။

“ကြၽန္ေတာ္တို႔ အႏိုင္က်င့္ခံေနရလို႔ ဆႏၵျပတယ္၊ ေနာက္ပိုင္း ကိုယ့္လယ္ ျပန္မရဘူး ဆိုရင္ ကုမၸဏီကို တရားစြဲတာတို႔ဘာတို႔ မရရတဲ့နည္းနဲ႔ ဥပေဒေဘာင္အတြင္းက နည္းေပါင္းစုံနဲ႔ လုပ္သြားပါမယ္” ဟု ၎က ေျပာသည္။

အသိမ္းခံရသည့္ ေျမအက်ယ္အဝန္းမွာ ၈၆.၄ ဧက ရွိသည္ဟု ေဒသခံတို႔ထံမွ သိရသည္။

၁၉၉၃ တြင္  တပ္မေတာ္က သိမ္းကာ ထိုေျမကို ၂၀၀၄ အထိ ျပန္အငွားခ်ခဲ့ေၾကာင္း ေတာင္သူတို႔က ဆိုသည္။

“႐ြာကိုလည္း ေျပာင္းခိုင္းတယ္၊ လယ္ေတြလည္း လာမလုပ္ေတာ့နဲ႔ ဆိုၿပီး ႏွင္ပါတယ္၊ အဲဒါနဲ႔  လယ္ေတြျပန္ရဖို႔ ဦးသိန္းစိန္ (အစိုးရ) လက္ထက္ ကတည္းက ေတာင္းလာလိုက္တာ အခုထိ ဘာမွ ထူးျခားမလာေသးဘူး” ဟု ေတာင္သူ ဦးစိန္ေမာင္က ေျပာသည္။

ဆႏၵျပသူတို႔သည္ “ေတာင္သူမ်ားပိုင္ လယ္ေျမမ်ား ျပန္လည္စိုက္ပ်ိဳးခြင့္ ရရွိေစေရး” ေတာင္သူမ်ား၏ အခက္အခဲမ်ား စာနာ ေထာက္ထားေရး”၊ “ေတာင္သူမ်ားႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား အျမန္ဆုံး ေဆြးေႏြး ညႇိႏႈိင္းခြင့္ျပဳရန္” အစရွိသည့္ စာသားပါ ဗီႏိုင္းဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ထားၾကသည္ကို ေတြ႕ရသည္။

၎တို႔၏ နစ္နာခ်က္ကို ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္တို႔ထံ တင္ျပထားေၾကာင္း သိရသည္။

အဆိုပါ အျငင္းပြားေျမသည္ မႏၲေလး တပ္မေတာ္ စည္ပင္သာယာေရးအဖြဲ႕ေျမ ျဖစ္ေၾကာင္း အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က ေျပာသည္ဟု The Fifth Wave News အြန္လိုင္းတြင္ ေဖာ္ျပထားသည္။

“ဘီယာခ်က္စက္႐ုံ ေဆာက္လုပ္ရျခင္းသည္ အဆိုပါ ေျမေနရာအနီးတြင္ စစ္မႈထမ္းေဟာင္းအိမ္ရာ (မႏၲေလး) တည္ရွိသည့္ အတြက္ ႏိုင္ငံေတာ္အတြက္ အသက္စြန႔္လႊတ္ခဲ့ၾကသည့္ တပ္မေတာ္သားမ်ား၊ ကိုယ္လက္ အဂၤါ စြန႔္လႊတ္ခဲ့ၾကသည့္ စစ္မႈထမ္းေဟာင္းမ်ား ႏွင့္ ၎တို႔၏ မိသားစုဝင္မ်ား အလုပ္အကိုင္ အခြင့္အလမ္း ရရွိေရးအတြက္ ေဆာင္႐ြက္ျခင္းျဖစ္သည့္အျပင္ အနီးပတ္ဝန္းက်င္ရွိ ေဒသခံမ်ားလည္း အလုပ္အကိုင္ ရရွိႏိုင္ရန္ အတြက္ ျဖစ္ေၾကာင္း” အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ထံမွ သိရသည္ ဟု သတင္းတြင္ ေဖာ္ျပထားသည္။

၂၀၁၉ ဧပြီ ၇ ရက်နေ့က မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာတွင်
ဆန္ဒပြနေကြသော ဒေသခံများ (ဓာတ်ပုံများ – ခင်နှင်းဝေ/
Myanmar Now)
ဘီယာစက်ရုံ မြေနေရာ အငြင်းပွားမှု ပုသိမ်ကြီးတွင် ပေါ်ပေါက်

နိုင်ငံအနှံ့အပြား  ဖြစ်ပေါ်နေသော
မြေယာပြဿနာကို မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာတွင်လည်း တွေ့နိုင်သည်။

ခင်နှင်းဝေ

တပ်မတော် သိမ်းထားသည့် လယ်မြေများ မူလပိုင်ရှင်ထံ ပြန်အပ်ရန်
မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းရွာ တောင်သူများက ဧပြီ ၇ နံနက်ပိုင်းတွင်
ရွာအတွင်း ချီတက် ဆန္ဒပြကြသည်။

လယ်သိမ်းခံရသူ တစ်ဦးဖြစ်သည့် ကိုဌေးအောင်က ၎င်းတို့မြေနေရာတွင်
ဘီယာစက်ရုံ ဆောက်လုပ်ရေး စီမံကိန်းတစ်ခု ရှိနေသည်ဟု ဆိုသည်။
ကျွန်တော်တို့
အနိုင်ကျင့်ခံနေရလို့ ဆန္ဒပြတယ်၊ နောက်ပိုင်း ကိုယ့်လယ် ပြန်မရဘူး ဆိုရင် ကုမ္ပဏီကို
တရားစွဲတာတို့ဘာတို့ မရရတဲ့နည်းနဲ့ ဥပဒေဘောင်အတွင်းက နည်းပေါင်းစုံနဲ့ လုပ်သွားပါမယ်
ဟု ၎င်းက ပြောသည်။

အသိမ်းခံရသည့် မြေအကျယ်အဝန်းမှာ ၈၆.၄ ဧက ရှိသည်ဟု ဒေသခံတို့ထံမှ
သိရသည်။

၁၉၉၃ တွင်  တပ်မတော်က
သိမ်းကာ ထိုမြေကို ၂၀၀၄ အထိ ပြန်အငှားချခဲ့ကြောင်း တောင်သူတို့က ဆိုသည်။

ရွာကိုလည်း ပြောင်းခိုင်းတယ်၊
လယ်တွေလည်း လာမလုပ်တော့နဲ့ ဆိုပြီး နှင်ပါတယ်၊ အဲဒါနဲ့  လယ်တွေပြန်ရဖို့ ဦးသိန်းစိန် (အစိုးရ) လက်ထက် ကတည်းက
တောင်းလာလိုက်တာ အခုထိ ဘာမှ ထူးခြားမလာသေးဘူး
ဟု တောင်သူ ဦးစိန်မောင်က ပြောသည်။

ဆန္ဒပြသူတို့သည် “တောင်သူများပိုင် လယ်မြေများ ပြန်လည်စိုက်ပျိုးခွင့်
ရရှိစေရေး
တောင်သူများ၏
အခက်အခဲများ စာနာ ထောက်ထားရေး
၊ “တောင်သူများနှင့်
သက်ဆိုင်ရာတာဝန်ရှိသူများ အမြန်ဆုံး ဆွေးနွေး ညှိနှိုင်းခွင့်ပြုရန်
အစရှိသည့် စာသားပါ ဗီနိုင်းဆိုင်းဘုတ်များ
ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။

၎င်းတို့၏ နစ်နာချက်ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ
တင်ပြထားကြောင်း သိရသည်။

အဆိုပါ အငြင်းပွားမြေသည် မန္တလေး တပ်မတော် စည်ပင်သာယာရေးအဖွဲ့မြေ
ဖြစ်ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောသည်ဟု
The Fifth Wave News အွန်လိုင်းတွင်
ဖော်ပြထားသည်။

ဘီယာချက်စက်ရုံ
ဆောက်လုပ်ရခြင်းသည် အဆိုပါ မြေနေရာအနီးတွင် စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) တည်ရှိသည့်
အတွက် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည့် တပ်မတော်သားများ၊ ကိုယ်လက် အင်္ဂါ
စွန့်လွှတ်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များ အလုပ်အကိုင်
အခွင့်အလမ်း ရရှိရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများလည်း
အလုပ်အကိုင် ရရှိနိုင်ရန် အတွက် ဖြစ်ကြောင်း” အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံမှ
သိရသည် ဟု သတင်းတွင် ဖော်ပြထားသည်။


သင့္အေၾကာင္း သင့္လုုပ္ငနး္ ေၾကာ္ျငာ သည္ေနရာမွာ ေၾကာ္ျငာႏိုုင္ပါျပီ

Similar Posts