မောင်စွမ်းရည် –  မြန်မာသံချပ် စုကြစို့

April 9, 2019

သရုပ်ဖော် မောင်စွမ်းရည်



မောင်စွမ်းရည် –  မြန်မာသံချပ် စုကြစို့
မိုးမခ၊ ဧပြီ ၉၊ ၂၀၁၉

ငယ်ငယ်ကတည်းက သင်းကြန်သံချပ်တွေကို ကြားဖူးပါတယ်၊ “အစောင်းအချိတ် ဘိတ်မပါဗျ” အစချီပြီး သီဆိုသွားတဲ့သံချပ်တွေပါ။ တချိူ့အစောင်းအချိတ်တွေက မျက်မှောက်မှာ မြင်တာကို ရုတ်ချည်း လက်တန်း ဖွဲ့ဆိုသွားကြတာပါ။ သံချပ်ထိုးသူက ‘ငမိုး’ ဆိုထင်ပါရဲ့။”သံချပ်ထိုးတဲ့ ငမိုးရေ၊ နင်တို့အဖေ – မေးစေ့ခြောက်လုံ” ဆိုတာလဲ ငယ်စဉ်ကတည်းက ကြားဖူးပြီး နားကြားလွဲတာနဲ့ တခစ်ခစ်ရယ်ခဲ့ရတာ။

ကျနော်ကတော့ တောသား။ တောသားမြို့ရောက် ဆိုတဲ့အတိုင်း ရောက်သွားတဲ့မြို့က မန်းတလေး၊ မန်းတလေးသင်းကြန်ပွဲဆိုတာကလည်း မြန်မာ့စံပြသင်းကြန်ပွဲလေ။ လမ်းတကာမှာ မဏ္ဍပ်ကြီးတွေထိုးပြီး စည်ပိုင်းကြီးတွေ၊ ပိုက်တွေနဲ့ ပက်ကြတာ။ “ကျူံးတော်ကြီးကို ခြေကန်ပက်တော့ ရယ်တာပေါ့ ရယ်တာပေါ့” ဆိုပြီး သံချပ်ထိုးသံ ကြားရပြန်တော့လဲ ပျော်လိုက်တဲ့ဖြစ်ခြင်း။ ကားကြီးတွေကို တန်ဆာဆင်ပြီး ကားပေါ်မှာ  ဂီတအဖွဲ့နဲ့ ယိမ်းအဖွဲ့တင်ပြီး ကပြတယ်လေ။ မဏ္ဍပ်တကာမှာ သင်းကြန်ကားနဲ့သွားပြီး ကားပေါ်ကအဖွဲ့နဲ့ မဏ္ဍပ်ထဲက အဖွဲ့တို့ အပြိုင်သီဆိုကပြကြတာ ပွဲကြည့်ပရိသတ်ကလဲ မဏ္ဍပ်ခြေရင်းမှာ သင်းကြန်ကားကို ပတ်ပြီး ကကြတာ တပျော်တပါး၊ သီချင်းတွေကလည်း မြို့မသီချင်းတွေလေ။ “ဖြူဖြူပြာပြာနီနီ၀ါ၀ါ ဝေဆာမြူးလို့လွင်” ဆိုတဲ့ သီချင်း၊ “တူးပို့ တူးပို့” သီချင်း။ လူတိုင်းရပြီး လူတိုင်းဆို လူတိုင်းကကြ။ ဒီလို ဆိုကြ ကကြတာဟာ မန်းတလေး၊ ရန်ကုန်၊ မော်လမြိုင် အတူတူလိုပါပဲ။ သီချင်းတို့ အကတို့မှာတော့ ပန်တျာမြို့ဖြစ်တဲ့ မန်းတလေးက ပထမလို့ ဆိုရမှာပေါ့။ သံချပ်တွေကလည်း တပြည်လုံး ဟိန်းနေတာပါပဲ။

သံချပ်ဆိုတာ သရော်လှောင်ပြောင်တာက အဓိကလေ။ အစိုးရ၊ သမ၀ါယမ၊ ရပ်ကွက်လူကြီး၊ ဘုန်းကြီး၊ မယ်သီလရှင်တွေပါမကျန် သရော်ကြတာကလား။ ဒီလိုသရော်ကြတာကို သရော်ခံသူများကလဲ ပြုံးပြုံးရယ်ရယ်နဲ့ပဲ ခံယူလေ့ရှိပါတယ်။ အာဏာရှင်စစ်အစိုးရလက်ထက်မှာတော့ သံချပ်တွေကို စစ်အာဏာရှင်ရဲ့ ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့ကို တင်ပြပြီး အဖြတ်အတောက် အပိတ်အပင်ခံကြရပါတယ်။ သင်းကြန်ရသ ပျက်တော့တာပေါ့။ တချို့သင်းကြန်အဖွဲ့တွေ သင်းကြန်မင်းသားတွေ ဖမ်းဆီးထောင်ချခံရသတဲ့။ ကျနော် မမေ့နိုင်တာကတော့ အမျိူးသားစာပေဆုကို ပထမဆုံး နှစ်ခါပြန် ဆွတ်ခူးတဲ့ ကဗျာဆရာအနုပညာရှင်ကြီး ဦးတင်မိုးကို စစ်အာဏာပိုင်တွေက ခေါ်ယူစစ်မေး သတိပေးခဲ့တဲ့ ကိစ္စပါပဲ။ (တင်မိုးက သံချပ်မရေးဖူးဘူးပါဘူး။ မရေးတတ်လို့တော့ မဟုတ်ဘူး။)

လူကြီးသူမတွေက သံချပ်ရေးစပ်သီဆိုတယ်ဆိုတာ ကဗျာဆရာတွေရဲ့ အလုပ်လို့ ထင်မှတ်ထားကြပုံရပါတယ်။ တကယ်တော့ သံချပ်ဆိုတာ ပြည်သူလူထုရဲ့ မူပိုင်အနုပညာပါ။ တချို့သံချပ်တွေကို တယောက်ယောက်က ဒိုင်ခံပြီး ရေးဖွဲ့ပေမယ့် တယောက်တပေါက်၊ တယောက်တပိုဒ် ဆိုသလို ၀ိုင်း၀န်း ဖြည့်စွက်ပေးကြတာလဲ ရှိပါတယ်။ ‘မိုး မိုး မိုးလားမောင်တို့၊ လေ လေ လေလား မောင်တို့” လို့ အစချီပြီး ကိုယ်ပြောချင်ရာ တယောက်တပေါက်ပြောကြတဲ့ (ဖိုလ့်ဆောင်း) ခေါ် ဖို့လ်အတ် ခေါ် လူထုအနုပညာ ပြည်သူ့အနုပညာပါ။ (Folks Song)

ဒီလို ပြည်သူ့အနုပညာ လူထုအနုပညာတွေဟာ အနုပညာတန်ဖိုးလည်း ရှိတဲ့အပြင် လူမှုရေးဝေဖန်ချက် နိုင်ငံရေးဝေဖန်ချက်တွေ အမျိူးမျိူး ပါရှိတဲ့အတွက် သမိုင်းတန်ဖိုးလည်း ရှိပါတယ်။ ဒီလိုသံချပ်တွေကို နှစ်စဉ် စုပေါင်းပြီး စာအုပ်ရိုက်ထားဖို့ ကောင်းပါတယ်။ အနုပညာမော်ကွန်း တင်တဲ့သဘောပေါ့။ အရပ်သားဝါသနာရှင်တွေကလဲ စုပေါင်းသိမ်းဆည်းထားဖို့ ကောင်းပါတယ်။ စာကြည့်တိုက်တွေမှာ သိမ်းဆည်းထားပေါ့။ စာကြည့်တိုက်တွေမှာ သိမ်းဆည်းထားပေါ့။ အထူးသဖြင့် မန်းတလေး၊ ရန်ကုန်၊ မော်လမြိုင်တို့မှာ အဓိကထားပြီး စုဆောင်းသိမ်းဆည်းထားသင့်ပါတယ်။ ကျနော့်မှာ အဲသလိုကြံစည်ခဲ့တာကြာလှပြီ။ ဒါပေမယ့် စစ်အစိုးရကာလမှာ ပြောင်းရရွှေ့ရ ရှာဖွေမွေနှောက်ခံရနဲ့ ပျောက်ရှကုန်ပါတယ်။ ပြည်ပရောက်တော့ ဝါရှင်တန်က သင်္ကြန်အဖွဲ့နဲ့ အိန္ဒိယကသင်္ကြန်အဖွဲ့တွေက နာမည်ကြီးလွန်းလို့ လှမ်းပြီး တောင်းဆို စုဆောင်းထားတာလေးတွေ ရှိပါသေးတယ်။ သံချပ်တွေကို စုဆောင်း စာအုပ်ရိုက်နှိပ်ထုတ်ဝေသူ ရှိလာနိုင်ရင် ပေးချင်လှူချင်ပါတယ်။ ကောက်စိုက်ဗုံကြီးသံတွေကိုလဲ ကျနော် တပြည်လုံး လိုက်လံ စုဆောင်းဖူးပါတယ်။ စတင်စုဆောင်းသူကတော့ ၁၉၃၃ လောက်ကစပြီး ကြီးပွားရေးမဂ္ဂဇင်းမှာ ရွှေကိုင်းသားခေါ် ရတနာပုံ ဖိုးမှတ်စု ပါပဲ။ ကြီးပွားရေးမောင်လှက လူထုဦးလှ ဖြစ်လာတဲ့အခါ လူထုဂျာနယ်မှာလဲ စုဆောင်းဖော်ပြခဲ့ဖူးပါတယ်။ သုတေသနဂျာနယ်၊ သူရိယမဂ္ဂဇင်း၊ တို့မှာလည်း စုဆောင်းဖော်ပြခဲ့တာ ရှိပါတယ်။ ဒါပေမယ့် အားလုံးကို လိုက်ပြီး စုဆောင်းသူတော့ မရှိသေးပါဘူး။ ကျနော်စုထားတာတွေကို ဗိုလ်နေဝင်းက သုတေသနအသင်း ဖျက်သိမ်းရာမှာ ပါသွားခဲ့လို့ ပျောက်ပျက် ဆုံးရှုံးခဲ့ရပါတယ်။

ရန်ကုန်မှာ သင်္ကြန်သံချပ် အစဉ်အလာကြီးသူတွေ ရှိပါတယ်။ မောင်မောင်ဆိုလေ ထီးရိုးရှည် တို့ ဂန္ထဝင်မောင်ဝိုင်းတို့ စတဲ့အဖွဲ့တွေက ကိုယ့်အဖွဲ့ သံချပ်တွေကိုပဲ ဖြစ်စေ ပိုကောင်းတာက အဖွဲ့ပေါင်းစုံ မြို့နယ်ပေါင်းစုံက သံချပ်တွေကိုဖြစ်စေ စုစည်းပြီး စာအုပ်ပြုစု မော်ကွန်းတင်ထားကြဖို့ပါပဲ။ အဖိုးတန်တဲ့ ပြည်သူ့ရတနာတွေမို့ပါ။ ကျနော့်မှာ ရှိတာတွေလဲ ပေးချင်ပါတယ်။ လုပ်ကြ ထုတ်ကြမယ်ဆိုရင် ဆက်သွယ်ကြပါ။

ကျနော် မောင်စွမ်းရည်ပါ။

ဧပြီ ၁၊ ၂၀၁၉

(မိုးမခမှတ်ချက် – မိုးမခလည်း ယူနီကုဒ်ဆိုက်ဖြစ်အောင် သွားမယ် ကြိုးစားနေပါတယ်။ သည်တော့ ဖောင့် ၂မျိုးနဲ့ တင်ပါမယ်။ စာရိုက်တာကတော့ ဇတ်ကုဒ် ကီးဘုတ်လေးအောက်ပါ။ ဇော်ဂျီအတိုင်းရိုက်၊ ယူနီကုဒ်နဲ့ ပေါ်ပါတယ်။)






ေမာင္စြမ္းရည္ –  ျမန္မာသံခ်ပ္ စုျကစို့


မိုးမခ၊ ဧျပီ ၉၊ ၂၀၁၉

ငယ္ငယ္ကတည္းက သင္းျကန္သံခ်ပ္ေတြကို ျကားဖူးပါတယ္၊ “အေစာင္းအခ်ိတ္ ဘိတ္မပါဗ်” အစခ်ီျပီး သီဆိုသြားတဲ့သံခ်ပ္ေတြပါ။ တခ်ိူ့အေစာင္းအခ်ိတ္ေတြက မ်က္ေမွာက္မွာ ျမင္တာကို ရုတ္ခ်ည္း လက္တန္း ဖြဲ့ဆိုသြားျကတာပါ။ သံခ်ပ္ထိုးသူက ‘ငမိုး’ ဆိုထင္ပါရဲ့။”သံခ်ပ္ထိုးတဲ့ ငမိုးေရ၊ နင္တို့အေဖ – ေမးေစ့ေျခာက္လံု” ဆိုတာလဲ ငယ္စဉ္ကတည္းက ျကားဖူးျပီး နားျကားလြဲတာနဲ့ တခစ္ခစ္ရယ္ခဲ့ရတာ။

က်ေနာ္ကေတာ့ ေတာသား။ ေတာသားျမို့ေရာက္ ဆိုတဲ့အတိုင္း ေရာက္သြားတဲ့ျမို့က မန္းတေလး၊ မန္းတေလးသင္းျကန္ပြဲဆိုတာကလည္း ျမန္မာ့စံျပသင္းျကန္ပြဲေလ။ လမ္းတကာမွာ မ႑ဍပ္ျကီးေတြထိုးျပီး စည္ပိုင္းျကီးေတြ၊ ပိုက္ေတြနဲ့ ပက္ျကတာ။ “က်ံူးေတာ္ျကီးကို ေျခကန္ပက္ေတာ့ ရယ္တာေပါ့ ရယ္တာေပါ့” ဆိုျပီး သံခ်ပ္ထိုးသံ ျကားရျပန္ေတာ့လဲ ေပ်ာ္လိုက္တဲ့ျဖစ္ျခင္း။ ကားျကီးေတြကို တန္ဆာဆင္ျပီး ကားေပၚမွာ  ဂီတအဖြဲ့နဲ့ ယိမ္းအဖြဲ့တင္ျပီး ကျပတယ္ေလ။ မ႑ဍပ္တကာမွာ သင္းျကန္ကားနဲ့သြားျပီး ကားေပၚကအဖြဲ့နဲ့ မ႑ဍပ္ထဲက အဖြဲ့တို့ အျပိုင္သီဆိုကျပျကတာ ပြဲျကည့္ပရိသတ္ကလဲ မ႑ဍပ္ေျခရင္းမွာ သင္းျကန္ကားကို ပတ္ျပီး ကျကတာ တေပ်ာ္တပါး၊ သီခ်င္းေတြကလည္း ျမို့မသီခ်င္းေတြေလ။ “ျဖူျဖူျပာျပာနီနီဝါဝါ ေဝဆာျမူးလို့လြင္” ဆိုတဲ့ သီခ်င္း၊ “တူးပို့ တူးပို့” သီခ်င္း။ လူတိုင္းရျပီး လူတိုင္းဆို လူတိုင္းကျက။ ဒီလို ဆိုျက ကျကတာဟာ မန္းတေလး၊ ရန္ကုန္၊ ေမာ္လျမိုင္ အတူတူလိုပါပဲ။ သီခ်င္းတို့ အကတို့မွာေတာ့ ပန္တ်ာျမို့ျဖစ္တဲ့ မန္းတေလးက ပထမလို့ ဆိုရမွာေပါ့။ သံခ်ပ္ေတြကလည္း တျပည္လံုး ဟိန္းေနတာပါပဲ။

သံခ်ပ္ဆိုတာ သေရာ္ေလွာင္ေျပာင္တာက အဓိကေလ။ အစိုးရ၊ သမဝါယမ၊ ရပ္ကြက္လူျကီး၊ ဘုန္းျကီး၊ မယ္သီလရွင္ေတြပါမက်န္ သေရာ္ျကတာကလား။ ဒီလိုသေရာ္ျကတာကို သေရာ္ခံသူမ်ားကလဲ ျပံုးျပံုးရယ္ရယ္နဲ့ပဲ ခံယူေလ့ရွိပါတယ္။ အာဏာရွင္စစ္အစိုးရလက္ထက္မွာေတာ့ သံခ်ပ္ေတြကို စစ္အာဏာရွင္ရဲ့ ကိုယ္စားလွယ္ စိစစ္ေရးအဖြဲ့ကို တင္ျပျပီး အျဖတ္အေတာက္ အပိတ္အပင္ခံျကရပါတယ္။ သင္းျကန္ရသ ပ်က္ေတာ့တာေပါ့။ တခ်ို့သင္းျကန္အဖြဲ့ေတြ သင္းျကန္မင္းသားေတြ ဖမ္းဆီးေထာင္ခ်ခံရသတဲ့။ က်ေနာ္ မေမ့နိုင္တာကေတာ့ အမ်ိူးသားစာေပဆုကို ပထမဆံုး နွစ္ခါျပန္ ဆြတ္ခူးတဲ့ ကဗ်ာဆရာအနုပညာရွင္ျကီး ဦးတင္မိုးကို စစ္အာဏာပိုင္ေတြက ေခၚယူစစ္ေမး သတိေပးခဲ့တဲ့ ကိစၥပါပဲ။ (တင္မိုးက သံခ်ပ္မေရးဖူးဘူးပါဘူး။ မေရးတတ္လို့ေတာ့ မဟုတ္ဘူး။)

လူျကီးသူမေတြက သံခ်ပ္ေရးစပ္သီဆိုတယ္ဆိုတာ ကဗ်ာဆရာေတြရဲ့ အလုပ္လို့ ထင္မွတ္ထားျကပံုရပါတယ္။ တကယ္ေတာ့ သံခ်ပ္ဆိုတာ ျပည္သူလူထုရဲ့ မူပိုင္အနုပညာပါ။ တခ်ို့သံခ်ပ္ေတြကို တေယာက္ေယာက္က ဒိုင္ခံျပီး ေရးဖြဲ့ေပမယ့္ တေယာက္တေပါက္၊ တေယာက္တပိုဒ္ ဆိုသလို ဝိုင္းဝန္း ျဖည့္စြက္ေပးျကတာလဲ ရွိပါတယ္။ ‘မိုး မိုး မိုးလားေမာင္တို့၊ ေလ ေလ ေလလား ေမာင္တို့” လို့ အစခ်ီျပီး ကိုယ္ေျပာခ်င္ရာ တေယာက္တေပါက္ေျပာျကတဲ့ (ဖိုလ့္ေဆာင္း) ေခၚ ဖို့လ္အတ္ ေခၚ လူထုအနုပညာ ျပည္သူ့အနုပညာပါ။ (Folks Song)

ဒီလို ျပည္သူ့အနုပညာ လူထုအနုပညာေတြဟာ အနုပညာတန္ဖိုးလည္း ရွိတဲ့အျပင္ လူမႈေရးေဝဖန္ခ်က္ နိုင္ငံေရးေဝဖန္ခ်က္ေတြ အမ်ိူးမ်ိူး ပါရွိတဲ့အတြက္ သမိုင္းတန္ဖိုးလည္း ရွိပါတယ္။ ဒီလိုသံခ်ပ္ေတြကို နွစ္စဉ္ စုေပါင္းျပီး စာအုပ္ရိုက္ထားဖို့ ေကာင္းပါတယ္။ အနုပညာေမာ္ကြန္း တင္တဲ့သေဘာေပါ့။ အရပ္သားဝါသနာရွင္ေတြကလဲ စုေပါင္းသိမ္းဆည္းထားဖို့ ေကာင္းပါတယ္။ စာျကည့္တိုက္ေတြမွာ သိမ္းဆည္းထားေပါ့။ စာျကည့္တိုက္ေတြမွာ သိမ္းဆည္းထားေပါ့။ အထူးသျဖင့္ မန္းတေလး၊ ရန္ကုန္၊ ေမာ္လျမိုင္တို့မွာ အဓိကထားျပီး စုေဆာင္းသိမ္းဆည္းထားသင့္ပါတယ္။ က်ေနာ့္မွာ အဲသလိုျကံစည္ခဲ့တာျကာလွျပီ။ ဒါေပမယ့္ စစ္အစိုးရကာလမွာ ေျပာင္းရေရွြ့ရ ရွာေဖြေမြေနွာက္ခံရနဲ့ ေပ်ာက္ရွကုန္ပါတယ္။ ျပည္ပေရာက္ေတာ့ ဝါရွင္တန္က သကၤ࿿ျန္အဖြဲ့နဲ့ အိနၵိယကသကၤ࿿ျန္အဖြဲ့ေတြက နာမည္ျကီးလြန္းလို့ လွမ္းျပီး ေတာင္းဆို စုေဆာင္းထားတာေလးေတြ ရွိပါေသးတယ္။ သံခ်ပ္ေတြကို စုေဆာင္း စာအုပ္ရိုက္နွိပ္ထုတ္ေဝသူ ရွိလာနိုင္ရင္ ေပးခ်င္လႉခ်င္ပါတယ္။ ေကာက္စိုက္ဗံုျကီးသံေတြကိုလဲ က်ေနာ္ တျပည္လံုး လိုက္လံ စုေဆာင္းဖူးပါတယ္။ စတင္စုေဆာင္းသူကေတာ့ ၁၉၃၃ ေလာက္ကစျပီး ျကီးပြားေရးမဂၢဇင္းမွာ ေရွြကိုင္းသားေခၚ ရတနာပံု ဖိုးမွတ္စု ပါပဲ။ ျကီးပြားေရးေမာင္လွက လူထုဦးလွ ျဖစ္လာတဲ့အခါ လူထုဂ်ာနယ္မွာလဲ စုေဆာင္းေဖာ္ျပခဲ့ဖူးပါတယ္။ သုေတသနဂ်ာနယ္၊ သူရိယမဂၢဇင္း၊ တို့မွာလည္း စုေဆာင္းေဖာ္ျပခဲ့တာ ရွိပါတယ္။ ဒါေပမယ့္ အားလံုးကို လိုက္ျပီး စုေဆာင္းသူေတာ့ မရွိေသးပါဘူး။ က်ေနာ္စုထားတာေတြကို ဗိုလ္ေနဝင္းက သုေတသနအသင္း ဖ်က္သိမ္းရာမွာ ပါသြားခဲ့လို့ ေပ်ာက္ပ်က္ ဆံုးရံႈးခဲ့ရပါတယ္။

ရန္ကုန္မွာ သကၤ࿿ျန္သံခ်ပ္ အစဉ္အလာျကီးသူေတြ ရွိပါတယ္။ ေမာင္ေမာင္ဆိုေလ ထီးရိုးရွည္ တို့ ဂနၳဝင္ေမာင္ဝိုင္းတို့ စတဲ့အဖြဲ့ေတြက ကိုယ့္အဖြဲ့ သံခ်ပ္ေတြကိုပဲ ျဖစ္ေစ ပိုေကာင္းတာက အဖြဲ့ေပါင္းစံု ျမို့နယ္ေပါင္းစံုက သံခ်ပ္ေတြကိုျဖစ္ေစ စုစည္းျပီး စာအုပ္ျပုစု ေမာ္ကြန္းတင္ထားျကဖို့ပါပဲ။ အဖိုးတန္တဲ့ ျပည္သူ့ရတနာေတြမို့ပါ။ က်ေနာ့္မွာ ရွိတာေတြလဲ ေပးခ်င္ပါတယ္။ လုပ္ျက ထုတ္ျကမယ္ဆိုရင္ ဆက္သြယ္ျကပါ။

က်ေနာ္ ေမာင္စြမ္းရည္ပါ။

ဧျပီ ၁၊ ၂၀၁၉

(မိုးမခမွတ္ခ်က္ – မိုးမခလည္း ယူနီကုဒ္ဆိုက္ျဖစ္ေအာင္ သြားမယ္ ျကိုးစားေနပါတယ္။ သည္ေတာ့ ေဖာင့္ ၂မ်ိုးနဲ့ တင္ပါမယ္။ စာရိုက္တာကေတာ့ ဇတ္ကုဒ္ ကီးဘုတ္ေလးေအာက္ပါ။ ေဇာ္ဂ်ီအတိုင္းရိုက္၊ ယူနီကုဒ္နဲ့ ေပၚပါတယ္။)


သင့္အေၾကာင္း သင့္လုုပ္ငနး္ ေၾကာ္ျငာ သည္ေနရာမွာ ေၾကာ္ျငာႏိုုင္ပါျပီ

Tags:

အလားတူ စိတ္၀င္စားဖြယ္ရာ စာမ်ား၊ ေဆာင္းပါးမ်ား ...:ေမာင္စြမ္းရည္

Comments are closed.

Archives