ကိုသန်းလွင် ● အချုပ်အခြာ အာဏာ
(မိုးမခ) ဧပြီ ၁ဝ၊ ၂ဝ၁၉
 

 လွန်ခဲ့သောလစောစောပိုင်းက တရုတ်ပြည်အရှေ့ပိုင်း ဂျင်ဟူ (Jinhu County) နယ်တွင် အဘယ့်ကြောင့်ကလေးငယ် ၁၄၅ ယောက်မှာ ဒိတ်လွန်နေသော ပိုလီယိုဆေးကို ထိုးပေးရပါသနည်းဟု မေးခွန်းထုတ်ခဲ့ကြပါသည်။ ဤသည်မှာ ၇ နှစ်အတွင်း ၅ ကြိမ်မြောက်ထိုးဆေးနှင့်ပတ်သက်၍ မေးခွန်းထုတ်ရခြင်းဖြစ်ပါသည်။ နိုင်ငံ၏ဆေးပညာလုပ်ငန်း၊  ကလေးများကာကွယ် ရေး ဆေးထိုးပေးရေးစီမံကိန်းနှင့် တာဝန်ရှိအစိုးရအမှုထမ်းများအပေါ် မေးခွန်းထုတ်ခြင်း ဖြစ်ပါသည်။ အုပ်ချုပ်သည့်အစိုးရ (CCP-Chinese Comunist Paty) ကွန်မြူနစ်ပါတီကို မေးခွန်းထုတ်ခြင်းလည်းဖြစ်ပါသည်။

လွန်ခဲ့သောနှစ်က တရုတ်ပြည်၏ အကြီးဆုံးဆေးထုတ်လုပ်သူက အနည်းဆုံး ၂၅ဝ,ဝဝဝ မျှသော အဆင့်အတန်းမမီသည့် ဆေးများကိုထုတ်ဝေခဲ့ပါသည်။ ထိုဆေးများမှာ Diphtheria, Tetaus နှင့် ချောင်းဆိုးဆေးတို့ ဖြစ်ပါသည်။ ထိုသို့ဖြစ်ပြီး များ မကြာမှီမှာပင် ထို့ထက်ဆိုးသောဆေးများ ပါဝင်ပါတ်သက်ကြောင်း တွေ့လာရပါသည်။ လူပေါင်း ၃ဝဝ,ဝဝဝ ကျော်ကို စစ်တမ်းကောက်ယူရာ ၇၉ % မျှသောဖြေဆိုသူတို့က ယခင်ကသူတို့၏ကလေးငယ်များကို တရုတ်လုပ်ဆေးများဖြင့် ထိုးပေး ပါမည်ဟုဆိုသော်လည်း၊ ဤဖြစ်ရပ်ဖြစ်ပြီးသည့်နောက်ပိုင်းတွင် ၂ဝ % ကသာ ထိုသို့လုပ်ပါမည်ဟု ကတိပေးကြသည်။ ၆ဝ % မျှသော လူတို့သည် တရုတ်ပြည်၏ပြင်ပတွင် မိမိတို့၏ကလေးများကို ကာကွယ်ဆေးထိုးလိုကြသည်။

ထို့ကြောင့်ယခုလတွင်ဒေသဆိုင်ရာတာဝန်ရှိသူများမှာ ဆန္ဒပြပွဲများနှင့် ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့် ဒေသဆိုင်ရာ ပုဂ္ဂိုလ်တို့ကတီဗွီထဲမှ ဖြေရှင်းချက်ပေးရာ သူတို့၏တင်းနေသောမျက်နှာနှင့် (Burberry) ဘာဘာရီ ရှပ်အကျႌများကို ဝတ် ဆင်ထားရာ အဖြစ်အပျက်နှင့် ဆီလျော်မှုမရှိဟု ဝေဖန်ကြသည်။ ထို့ကြောင့် ဒေသဆိုင်ရာပုဂ္ဂိုလ်များကို အလုပ်မှထုတ်ပယ် ခြင်း အင်တာနက်မှဆေးထုတ်လုပ်သောကုမ္ပဏီကို ကြီးစွာသော ဒဏ်ပေးဆောင်ခြင်းတို့မှာ ပြည်သူလူထု၏ဒေါသကို ဖြေ ဖျက်မသွားစေနိုင်။

ထိုကဲ့သို့ခဏခဏဖြစ်ပျက်ရသောအခါ (သို့မဟုတ်) အစိုးဘက်မှ တခါတရံ လွဲချော်မှုများရှိနေသောအခါ လူအများက နိုင်ငံ တော်အစိုးရကို အပြစ်တင်ကြသည်။ ဤဖြစ်ရပ်မှာ ဒေသအတော်များများတွင် ဖြစ်လေ့ရှိသော်လည်း တရုတ်ပြည်တွင်မှု ဤဖြစ်ရပ်မှာ ဆိုးရွားသော အကျိုးသက်ရောက်မှုများရှိသည်။

အစိုးရများအဖို့ မိမိတို့အာဏာပိုင်စိုးကြောင်းကို အချက် ၃ ချက်ဖြင့်ပြနိုင်ကြပါသည်။ အများပြည်သူတန်ဖိုးထားသည့်အရာ တခုကို လက်ခံ၍ပြသခြင်း၊ ရွေးကောက်ပွဲတွင်အောင်ပွဲခံခြင်းနှင့် တရားဥပဒေစိုးမိုးမှုတို့ ဖြစ်ပါသည်။ တရုတ်ပြည်တွင်ဖြစ်ပေါ် နေသည်မှာ စီစီပီ၏ပါဝါသည် ပေါ်ပြူလာရွေးကောက်ပွဲလုပ်ခြင်း၊ တရားဥပဒေစိုးမိုးမှုရှိ ခြင်းတို့နှင့် အာဏာရလာခြင်းမဟုတ်ဘဲ၊ ကွန်မြူနစ်ပါတီအနေဖြင့်လည်း ပါတီ၏နာမည်သက်သက်ဖြင့်အုပ်ချုပ်၍ မရနိုင်တော့ပေ။ ထို့ကြောင့် မိမိ၏ အုပ်ချုပ်ရခြင်းကို အများပြည်သူတို့၏ကောင်းကျိုးဖြစ်ထွန်းမှုများ စီးပွားရေးအောင်မြင်မှုများနှင့် လူနေမှုအဆင့်အတန်းမြင့်တက်လာခြင်းတို့ နှင့် သက်သေပြနေရပေသည်။

ဒီမိုကရေစီအစိုးရအနေဖြင့် မိမိ၏လုပ်ရပ်များကို အမြဲစောင့်ကြည့်နေရမည်။ အဘယ့်ကြောင့်ဆိုသော် နောင်လာမည့် ရွေး ကောက်ပွဲတွင် အနိုင်ရလို၍ဖြစ်သည်။ လုပ်နည်းလုပ်ဟန်မျှတမှုများ (လုပ်ရပ်သည် လိုအပ်သော အဖြေထွက်ချင်မှ ထွက် မည်) ရှိရန်လိုသည်။ လိုအပ်သောရည်ရွယ်ချက်ကိုမပြည့်မီလျင်လည်း နိုင်ငံ၏ ဒီမိုကရေစီ စည်းစနစ် ပျက်စီးသွား သည်မဟုတ်ပေ။ တရုတ်ပြည်တွင် ဤကဲ့သို့မဟုတ်။ သမ္မတရှီဂျင်ပင်းက ၂ဝ၁၃ ခုနှစ်က “အစားအသောက်လုံခြုံကောင်း မွန်မှုလောက်ကို သေချာမထိန်းသိမ်းနိုင်ရင် ငါတို့ဟာ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ သင့်တော်ရဲ့လား” လို့ ပြည်သူတွေကမေးကြလိမ့်မည်ဟုပြောခဲ့သည်။

တရုတ်တို့က သူတို့နိုင်ငံကိုအုပ်ချုပ်သော အင်ပါယာ၏အုပ်ချုပ်ခွင့်အာဏာသည် နိဗ္ဗာန်ကလာသည်ဟု ယူဆကြသည်။ သို့ သော် ထိုအင်ပါယာက တော်တည့်ဖြောင့်မတ်မှန်ကန်ပါမှ တာရှည်ခံမည်ဟုလည်း ယုံကြည်ကြသည်။ ထိုအင်ပါယာက အလွဲသုံးစားလုပ်ပါသော် ပြည်သူတို့တွင် တော်လှန်ပိုင်ခွင့်ဖယ်ရှားပိုင်ခွင့်ရှိသည်ဟုလည်း ဆိုသည်။

၁၉၄၉ ခုနှစ်က ကွန်မြူနစ်တို့ အောင်ပွဲခံပြီးသည့်နောက်ပိုင်းပြည်သူများသို့ နိုင်ငံတော်က ထိုးဖောက်ဝင်ရောက်ပြီး လူနေမှု အဆင့်အတန်းမြင့်မားရေးကို ကတိအမျိုးမျိုးပေးခဲ့သည်။ ပြည်သူတို့၏ကျန်းမာရေးမှာ လူသားတို့တွင် မရှိမဖြစ် ဖြစ်သည်။ မိမိမှာသာ တာဝန်အရှိဆုံးလည်းဖြစ်သည်။ သို့သော် မော်စီတုံးခေတ်က အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့် ပြည်သူတို့ အောက် တန်းကျခဲ့ကြသော်လည်း ကွန်မြူနစ်ပါတီကို မည်သူကမှ မေးခွန်းမထုတ်ခဲ့ကြပေ။

မော်ကွယ်လွန်ပြီးသောအခါ ပါတီ၏လုပ်ရပ်ကောင်းမကောင်းသည် ပြည်သူပြည်သားတို့၏ ဘဝသာယာမှုပေါ်တွင် မူတည်ခဲ့ သည်။ ကွန်မြူနစ်ပါတီသည် ပါတီအမည်သုံး၍ အုပ်ချုပ်ရန် (Legitimicy) ကိုယူ၍ မဖြစ်တော့ပေ။ အကယ်၍သာ “ပေါ်လ စီပြုပြင်ရေးနှင့် စီးပွားရေးသာမအောင်မြင်ခဲ့ပါက တင်ရန်မင်ရင်ပြင်မှအရေးသည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ” တိန့်ရှောက်ဖိန်းက ၁၉၉၂ ခုနှစ်တွင် သည်အတိုင်းမှတ်ချက်ချခဲ့ပါသည်။

တိန့်ရှောင်ဖိန်း၏ပြောကြားချက်သည် လုပ်ရပ် (Performance) များပေါ်တွင်မူတည်၍ အစိုးရ၏ တရားဝင်မှု၊ မဝင်မှုကို ဆုံးဖြတ်ရကြောင်း ဝန်ခံလိုက်ခြင်းလည်း ဖြစ်ပါသည်။ ယခုလို အစားအသောက်လုံခြုံမှုမရှိခြင်းမှာ ပေါ်လစီ၏မှားယွင်းမှု တခုဖြစ်ပါသည်။ ဆင်းရဲချမ်းသာ အဆင့်အတန်းကွဲပြားရခြင်းမှာ စီးပွားရေးစနစ်၏ပြဿနာပင် ဖြစ်ပါသည်။ တိုင်းပြည်၏ ဗဟိုဦးစီးစနစ်တွင်အထက်အောက်ဆက်ဆံရေးတွင် အလုပ်အောင်မြင်နှင့် တရားဝင်မှုပြဿနာမှာ ရော၍ ရှုပ်ထွေးနေပါ သည်။ တရုတ်ပြည်တွင် အစားအသောက်ခြုံမှုမရှိခြင်း၊ ဆင်းရဲ ချမ်းသာမညီမျှမှု ပြဿနာများမှာ အစိုးရ၏ပေါ်လစီမှားယွင်းမှု ဟု နားလည်ကြပါသည်။

၂ဝ၁၂- ၂ဝ၁၃  ခုနှစ် မစ္စတာရှီဂျင်ပင်း သမ္မတဖြစ်လာပြီးသည့်နောက်ပိုင်းတွင် စနစ်၏ မတည်ငြိမ် မခိုင်ခံ့မှုမှာ ပို၍ထင်ရှား လာပါသည်။ သမ္မတ၏ သက်တမ်းကန့်သတ်မှုကိုပယ်ဖျက်ခြင်း၊ သူ၏ကြောက်မက်ဖွယ်ရာကောင်း အောင်ခြစားမှုကို တိုက် ဖျက်ခြင်းများကြောင့် သူသည် တရုတ်ပြည်၏ခေါင်းဆောင်ကြီးတယောက် (Paramount Leader) ဖြစ်လာပါသည်။ သို့သော် သူ၏ ရိုးရိုးအတိုင်းမဟုတ်သော ကြီးမားလှသော သြဇာအာဏာမှာ ဝန်ထမ်းအဆင့်ဆင့်တို့တွင် မတည်မငြိမ်ဖြစ်သည့် မလိုလားအပ်သော အကျိုးတရားများဖြစ်ပေါ်စေပါသည်။

ငယ်ရွယ်သော အောက်ခြေလူတန်းစားက ရှီနှင့်အတူ လိုက်ပါလိုကြသည်။ ဥပမာ ပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာတွင် ဝိရီယပိုမှုများ၊ အလွန်အကျွံလုပ်မှုများရှိသည်။ သို့သော် ဆေးကုသရေးနှင့် ဆိုင်သည့်ကိစ္စများတွင် အစိုးရက ပြင်းပြင်းထန်ထန်အရေးယူလုပ်ပေးဖို့ပြောဆိုသော်လည်း တချို့ပုဂ္ဂိုလ်များက ဤကိစ္စကို စောင့်ကြည့်ပြီး (Wait and See) နေလိုကြသည်။ ဗဟိုကချမှတ်လိုက်သောအမိန့်ကို အမြဲရှုပ်ထွေးနေသော အခြေအနေ၌ တသဝေမတိမ်း မလိုက်နာလိုခြင်းပင်ဖြစ်သည်။

ဂျင်ဟူ အစိုးရအဖွဲ့က လေ့လာခြင်းများအရဆိုသော် ဆေးများကို မြို့နယ်အဆင့် ထိန်းသိမ်းစောင့်ရှောက်ရမည့်ပုဂ္ဂိုလ်၏ တာဝန်၌လစ်ဟင်းခြင်းပင်ဖြစ်သည်။ ထိုဌာနမှ ဆိုင်ရာပုဂ္ဂိုလ်တို့ကလည်း သတင်းပို့ရန် လိုအပ်သလို ဆောင်ရွက်ရန်ပျက် ကွက်ခဲ့သည်။ ရီပို့အရမူ ဝရုန်းသုန်းကားဖြစ်နေသောအုပ်ချုပ်မှုနှင့် တာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်မှုများဟုဆိုသည်။

ထို့ကြောင့် မြို့နယ်အဆင့် ပေါ်လစီမှားယွင်းမှုက အဓိကပြဿနာဖြစ်သည်။ ပြဿနာများဆက်တိုက်ဖြစ်လာ သောအခါ အစိုးရကလည်း လက်ပိုက်ကြည့်မနေနိုင်တော့ပေ။ အရေးယူသောအခါမှာလည်း လွန်ကျွံသွားသည် များရှိသည်။ အင်တာ နက်တွင် ပြည်သူတို့နှင့် တာဝန်ရှိပုဂ္ဂိုလ်များတွေ့ဆုံရာ၌ ခံရသူမိန်းမသား ဇနီးဖြစ်သူက “ဒီနည်းနှင့် အစိုးရက ကျမတို့ကို ဆက်ဆံသလား” ဟုမေးခွန်းကို ပြည်သူများကြားကြရသည်။

အစိုးရကလည်း မိမိလုပ်နိုင်သည်ထက် ပိုမို၍ ကတိမပေးမိရန် လိုသည်။ ပြည်သူအများ၏ လိုအပ်ချက်သည် အစားအစာနှင့် ဆေးလုံခြုံရေးဖြစ်ရာထိုကိစ္စများကိုသာ အလေးထားဖို့ အရေးကြီးသည်။ ထိုအရာများကို ပြည်သူအတွင်းသို့ရောက်အောင် ဖြန့်ချီရာတွင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအင်အားတို့ကို အသုံးပြုရန်လိုသည်။ ဥပမာ နိုင်ငံခြားဆေးစျေးကွက်ကို တွင် ကျယ်လာအောင် ဖွင့်လှစ်ပေးခြင်း ပြည်သူတို့ကိုစောင့်ကြည့်ခွင့်နှင့် ပါဝင်လုပ်ကိုင်ခွင့်တို့ကို ပေးရန်လိုသည်။

တရုတ်အစိုးရအနေဖြင့်ပြည်သူများ၏အစိုးရအပေါ် မုန်းတီးရမည့်အဖွဲ့အစည်းအဖြစ် မခံယူပါ။ အစိုးရကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အစိုးရဟူ၍ လက်ခံပြီးဖြစ်သည်။ အစိုးရကလည်း ပြည်သူတို့မကြိုက်နှစ်သော ပေါ်လစီကိုချခြင်းဖြင့် အစိုးရအပေါ် မကျေမနပ်ဖြစ်မှာကို စိုးရိမ်သည်။ ရှေးယခင်အယူအဆများအတိုင်း အာဏာသည် နိဗ္ဗာန်မှလာသည် အယူ အဆအရ တရုတ်ပြည်၏ဆေးပညာမှာ အကောင်းတွေဖြစ်လာမည်ဟု မျှော်လင့်ရပါသည်။ ပါတီ၏ဦးဆောင်မှုဆိုသော်လည်း ဗဟိုဦးစီးစနစ်ကိုဖြေလျှော့ပေးရန် လိုပါသည်။

Ref:
If a Governmant Can’t Deliver Safe Vaccines for Children, is It fit to rule? Yanzhong Huang Newyork Times 30 January 2019

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ