အာရွတလႊား

ဇင်လင်း – နှစ်သစ်ကူးပြန်ပေါ့ …

April 18, 2019

ဇင်လင်း – နှစ်သစ်ကူးပြန်ပေါ့ …

(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၉

– နှစ်တွေ  နှစ်တွေ သစ်လိုက် ညစ်လိုက်နဲ့

သစ်ခဲ့ပေါင်းလည်း များလှပေါ့၊ ညစ်ခဲ့ပေါင်းလည်း များလှပေါ့

– သစ်ပြီးရင် ညစ်

ညစ်ပြီးရင် ဟောင်း

ဟောင်းပြီးတော့ နွမ်းရတာ … ဓမ္မတာဆိုပေမယ့်

အသွင်သဏ္ဍာန်သာ သစ်ရုံမဟုတ်ဘဲ

အတွင်းအနှစ်ပါ သစ်ဖို့လိုတယ်

– အသွင်သဏ္ဍာန်ဆိုတာ …

အပေါ်ယံခြယ်သ တဒင်္ဂ

ခမ်းနားကြီးကျယ်သလောက်

နေ့မြင်ညပျောက် … ညမြင်နေ့ပျောက်

နေ့ချင်းပျောက် … ညချင်းပျောက်

အနှစ်သာရလောက် အဓွန့်မရှည်။

– နှစ်အသစ်ဟာ … ဟောင်းနွမ်းရမှာ ဓမ္မတာဆိုပေမယ့်

– အနှစ်သာရ တခုခု ဆစ်ထုထားရစ်ခဲ့ဖို့ လိုတယ်

– ၁၃၀ဝ ပြည့်နှစ်ဟာ ဟောင်းခဲ့တာကြာပေမယ့် ညစ်မသွားခဲ့

– ၁၃၀ဝ ပြည့်နှစ်မှာ ရေနံမြေသပိတ်ကြီး ပေါ်ခဲ့တယ်

– ၁၃၀ဝ ပြည့်နှစ် ရေနံမြေသပိတ်ဟာ နယ်ချဲ့ဆန့်ကျင်ရေးပြယုဂ်ဖြစ်တယ်

– ၁၃၀ဝ ပြည့်နှစ် ရေနံမြေသပိတ်ဟာ လွတ်လပ်ရေးတိုက်ပွဲခေါ်သံဖြစ်တယ်

– ၁၃၀ဝ ပြည့်နှစ်မှာ ပုဒ်မ ၁၄၄ ကို ထွန်းလှန် အာဏာဖီဆန်ခဲ့ကြတယ်

– ၁၃၀ဝ ပြည့်နှစ်မှာ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်လို့ ကြွေးကြော်ခဲ့ကြတယ်

– ၁၃၀ဝ ပြည့်နှစ်မှာ သခင်ခေါင်းဆောင်တွေ ထွန်းပေါ် တိုက်ပွဲပျော်တွေ ကျော်ခဲ့တယ်

– ၁၃၀ဝ ပြည့်နှစ်မှာ ပုလိပ်တပ် လှံစွပ်တပ် မြင်းစီးတပ် သေနတ်ကိုင်တပ်တွေကို ထိုးဖေါက်  ရွှေတိဂုံခံတပ်အထိ ရောက်ခဲ့တယ်

– ၁၃၀ဝ ပြည့်နှစ်ဟာ သမိုင်းမှာ ဂုဏ်ရောင်ပြောင်တဲ့နှစ်ပေပဲ

– ၁၃၀ဝ ပြည့်နှစ်ဟာ မဟောင်းနိုင်တဲ့ နှစ်၊ မညစ်နိုင်တဲ့ ခေတ်ရဲ့ အောင်ပွဲ သင်္ကေတပေပဲ

– လာမယ့် နှစ်သစ်ဟာ ၁၃၀ဝ ပြည့်နှစ်ရဲ့ စံချိန်စံညွှန်းတွေကို အရောင်ပြန်တင်ပေးနိုင်မလား

– မေးခွန်းတခု၊ စိန်ခေါ်မှုသဖွယ် ရှိနေတယ်

– တကယ့်နှစ်သစ်ဖြစ်ဖို့ စိန်ခေါ်မှုတွေ ကျော်ဖြတ်ရဦးမယ်

– သမိုင်းမှတ်တိုင်အသစ် စိုက်ထူရဦးမယ်

– သစ်ပြီးရင် ညစ်

ညစ်ပြီးရင် ဟောင်း

ဟောင်းပြီးတော့ နွမ်းမသွားစေချင်ဘူး

– လာမယ့် နှစ်သစ်မှာ တန်းတူရေးကို အလေးပြု

ငြိမ်းချမ်းမှုကို ဦးထိပ်ပန်

ဓမ္မကို ရည်သန်

အဓမ္မမှုကို ဖီဆန်ဖို့တော့ ဒိဋ္ဌ လိုပေလိမ့်ဦးမယ်။

ဇင်လင်း

၁၇ ဧပြီ၊ ၂၀၁၉။

(သရုပ်ဖော် သန်းဌေးမောင်)

ဇင်လင်း ● ငြိမ်းချမ်းရေးသို့ ….

April 15, 2019
ဇင်လင်း ● ငြိမ်းချမ်းရေးသို့ ….

ဇင်လင်း ● ငြိမ်းချမ်းရေးသို့ …. (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၉ “ငါ” မပါဘဲ မင်းဆီလာဖို့ ငါ ကြိုးစားနေတယ် မင်းလာမယ်ဆိုရင်လည်း “ငါ” ကို ခေါ်မလာခဲ့နဲ့ မင်းလာတဲ့အခါ “ငါ”...

Read more »

ကိုသန်းလွင် ● အချုပ်အခြာ အာဏာ

April 10, 2019
ကိုသန်းလွင် ● အချုပ်အခြာ အာဏာ

ကိုသန်းလွင် ● အချုပ်အခြာ အာဏာ (မိုးမခ) ဧပြီ ၁ဝ၊ ၂ဝ၁၉    လွန်ခဲ့သောလစောစောပိုင်းက တရုတ်ပြည်အရှေ့ပိုင်း ဂျင်ဟူ (Jinhu County) နယ်တွင် အဘယ့်ကြောင့်ကလေးငယ် ၁၄၅ ယောက်မှာ ဒိတ်လွန်နေသော...

Read more »

ဇင်လင်း ● စစ်ရေးဖိအားများကြောင့် ယုံကြည်မှုပျက်ပြားခဲ့လျှင် NCA ငြိမ်းချမ်းရေးတံခါးပိတ်သွားနိုင်သည်

April 7, 2019
ဇင်လင်း ● စစ်ရေးဖိအားများကြောင့် ယုံကြည်မှုပျက်ပြားခဲ့လျှင် NCA ငြိမ်းချမ်းရေးတံခါးပိတ်သွားနိုင်သည်

ဇင်လင်း ● စစ်ရေးဖိအားများကြောင့် ယုံကြည်မှုပျက်ပြားခဲ့လျှင် NCA ငြိမ်းချမ်းရေးတံခါးပိတ်သွားနိုင်သည် (မိုးမခ) ဧပြီ ၇၊ ၂ဝ၁၉ လက်ရှိ မြန်မာနိုင်ငံ အစိုးရ နိုင်ငံ့တာဝန်ယူခဲ့သည်မှာ ယခု မတ်လ ၃၁ ရက်နေ့တွင် သုံးနှစ်တင်းတင်းပြည့်ခဲ့ပြီ...

Read more »

ဇော်အောင် (မုံရွာ) ● စည်ပင်ရွေးကောက်ပွဲသင်ခန်းစာ

April 3, 2019
ဇော်အောင် (မုံရွာ) ●  စည်ပင်ရွေးကောက်ပွဲသင်ခန်းစာ

ဇော်အောင် (မုံရွာ) ●  စည်ပင်ရွေးကောက်ပွဲသင်ခန်းစာ (မိုးမခ) ဧပြီ ၃၊ ၂၀၁၉   မ​နေ့က ရန်​ကုန်​စည်​ပင်​ ​ရွေး​ကောက်​ပွဲမှာ အင်​အယ်​ဒီပါတီကချည်းပဲ အနိုင်​ရရှိတယ်​။ မဲပေးပိုင်​ခွင့်​ရှိသူ အသက်​ ၁၈ နှစ်​ အထက်​...

Read more »

ကိုသန်းလွင် ● ရေနံတွင်းနှင့် မြေငလျင်

April 2, 2019
ကိုသန်းလွင် ● ရေနံတွင်းနှင့် မြေငလျင်

ကိုသန်းလွင် ● ရေနံတွင်းနှင့် မြေငလျင် (မိုးမခ) ဧပြီ ၂၊ ၂ဝ၁၉  (၁) လယ်ယာစိုက်ပျိုးသော စီချွန် (Sichun) ဒေသမှ သေးငယ်သော ဂိုရှမ် (Goxhan) ရွာကလေးတစ်ရွာကို ပထမဆုံး မြေငလျင်...

Read more »

ဇင်လင်း ● NLD အစိုးရ ဖေါက်ထွက်ရမည့် နိုင်ငံရေးနွံအိုင်ကြီးများ

March 31, 2019
ဇင်လင်း ● NLD အစိုးရ ဖေါက်ထွက်ရမည့် နိုင်ငံရေးနွံအိုင်ကြီးများ

ဇင်လင်း ● NLD အစိုးရ ဖေါက်ထွက်ရမည့် နိုင်ငံရေးနွံအိုင်ကြီးများ (မိုးမခ) မတ်လ ၃၁၊ ၂၀၁၉ ယနေ့မြန်မာနိုင်ငံသည် နိုင်ငံရေး ရွှံ့နွံအိုင်ကြီးများ အလယ်၌ ထွက်ရပ်လမ်းရှာတွေ့ဖို့ အလွန်ခက်ခဲနေသည်ကို မြင်နေရ သည်။ အကြမ်းမျဉ်းအားဖြင့်...

Read more »

လှကျော်ဇော ● မမခင်ဆွေဦးသို့ ဂါရဝ …

March 29, 2019
လှကျော်ဇော ● မမခင်ဆွေဦးသို့ ဂါရဝ …

လှကျော်ဇော ● မမခင်ဆွေဦးသို့ ဂါရဝ … (မိုးမခ) မတ်လ ၂၉၊ ၂ဝ၁၉ ၂၈-၃-၂ဝ၁၉ ရက်နေ့ မနက်အစောမှာ စာရေးဆရာမကြီး (ဒေါ်) ခင်ဆွေဦး ကွယ်လွန်သွားကြောင်းသတင်း သတင်းကွန် ရက်မှာတက်လာပါတယ်။ မကျန်းမမာဖြစ်နေတာကြာပြီးဖြစ်ကြောင်းကြားနေရပြီး...

Read more »

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ – ဆောင်းပါးအမှတ် (၅၁)

March 26, 2019
လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ –  ဆောင်းပါးအမှတ် (၅၁)

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ –  ဆောင်းပါးအမှတ် (၅၁) (မိုးမခ) မတ်လ ၂၆၊ ၂ဝ၁၉ ဖက်ဆစ်တော်လှန်ရေးနဲ့ ဖေဖေ ၁။ ဂျပန်နဲ့ဆုံရတဲ့ရေစက်။ “ခင်ဗျား ဗမာပြည်လွတ်လပ်ရေးအတွက် ဘာမဆိုလုပ်မယ်မဟုတ်လား” “လုပ်ပါ့မယ်”...

Read more »

ဇင်လင်း ● ငြိမ်းချမ်းရေးအတွက် တူညီစိတ်ထား မွေးဖို့လိုမည်

March 26, 2019
ဇင်လင်း ● ငြိမ်းချမ်းရေးအတွက် တူညီစိတ်ထား မွေးဖို့လိုမည်

ဇင်လင်း ● ငြိမ်းချမ်းရေးအတွက် တူညီစိတ်ထား မွေးဖို့လိုမည် (မိုးမခ) မတ်လ ၂၆၊ ၂၀၁၉ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ထင်တိုင်းမပေါက် ဖြစ်နေသည်။ လက်ငင်း အခြေအနေတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်သည် ရှေ့သို့တစ်လှမ်းတိုးနိုင်ရန် အားစိုက်...

Read more »

ကိုသန်းလွင် ● ပြင်သစ်စာပေအကယ်ဒမီ

March 25, 2019
ကိုသန်းလွင် ● ပြင်သစ်စာပေအကယ်ဒမီ

ကိုသန်းလွင် ● ပြင်သစ်စာပေအကယ်ဒမီ (မိုးမခ) မတ်လ ၂၅၊ ၂၀၁၉ (၁) စာရေးဆရာကြီး ဘလေ့စ် Balzac မှာဝင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ ဇိုလာက တံခါးကို အကြိမ် ပေါင်း ဒါဇင်ကျော်...

Read more »

ကိုသန်းလွင် ● အီဂျစ်မှနောက်ထပ် ဖါရိုဘုရင်

March 19, 2019
ကိုသန်းလွင် ● အီဂျစ်မှနောက်ထပ် ဖါရိုဘုရင်

ကိုသန်းလွင် ● အီဂျစ်မှနောက်ထပ် ဖါရိုဘုရင် (မိုးမခ) မတ်လ ၁၉၊ ၂ဝ၁၉ (၁) အီဂျစ်ပြည်တွင် ဖါရိုဘုရင်ကြီး ဟုတင်စားခေါ်ဝေါ်ခြင်းခံရသူ ဟော့စနီမူဘာရက် (Hosni Mubarak) အနှစ် ၃ဝ ကြာ အုပ်စိုး...

Read more »

ကိုသန်းလွင် ● သစ်ပင်စိုက်သူ

March 11, 2019
ကိုသန်းလွင် ● သစ်ပင်စိုက်သူ

  ကိုသန်းလွင် ● သစ်ပင်စိုက်သူ (မိုးမခ) မတ်လ ၁၁၊ ၂ဝ၁၉ (၁) ၁၉၇၂ ခုနှစ်က ကျွန်တော်သည် တစ်ပြည်လုံးစာမတတ်သူပပျောက်ရေး “အ” သုံးလုံးစီမံကိန်းအရ လုပ်အားပေးဖို့ “ကုန်း ကြီး” ဆိုသောရွာကလေးကိုရောက်သွားစဉ်ကဖြစ်ပါသည်။...

Read more »

ဇင်လင်း ● တရုတ် ပိုးလမ်းမစီမံကိန်းဖြတ်ခွင့်ပြုမည်ဆိုလျှင် မြန်မာ့အချုပ်အခြာအာဏာ မပွန်းမပဲ့ရေး သတိရှိဖို့လိုသည်

March 10, 2019
ဇင်လင်း ● တရုတ် ပိုးလမ်းမစီမံကိန်းဖြတ်ခွင့်ပြုမည်ဆိုလျှင် မြန်မာ့အချုပ်အခြာအာဏာ မပွန်းမပဲ့ရေး သတိရှိဖို့လိုသည်

ဇင်လင်း ● တရုတ် ပိုးလမ်းမစီမံကိန်းဖြတ်ခွင့်ပြုမည်ဆိုလျှင် မြန်မာ့အချုပ်အခြာအာဏာ မပွန်းမပဲ့ရေး သတိရှိဖို့လိုသည် (မိုးမခ) မတ်လ ၁ဝ၊ ၂ဝ၁၉ ၂ဝ၂ဝ ခုနှစ်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေခြင်းအပေါ်တရုတ်နိုင်ငံအနေဖြင့် အားပေး ထောက် ခံလျှက်ရှိကြောင်း...

Read more »

လှကျော်ဇော – ဂလိုဘယ်လိုက်ဇေးရှင်း ဖိုးပွိုင့်အို အကြောင်း သိကောင်းစရာများ

March 6, 2019
လှကျော်ဇော – ဂလိုဘယ်လိုက်ဇေးရှင်း ဖိုးပွိုင့်အို အကြောင်း သိကောင်းစရာများ

လှကျော်ဇော – ဂလိုဘယ်လိုက်ဇေးရှင်း ဖိုးပွိုင့်အို အကြောင်း သိကောင်းစရာများ  (မိုးမခ) မတ် ၆၊ ၂၀၁၉ ၂၀၁၉ ဇန္နဝါရီလ ၂၂ -၂၅ ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗိုစ့် မှာကျင်းပခဲ့တဲ့ (နှစ်စဉ်ကျင်းပမြဲ)...

Read more »

ကိုသန်းလွင် ● အိန္ဒိယအစိုးရနှင့် အင်တာနက်ဆင်ဆာ

March 4, 2019
ကိုသန်းလွင် ● အိန္ဒိယအစိုးရနှင့် အင်တာနက်ဆင်ဆာ

  ကိုသန်းလွင် ● အိန္ဒိယအစိုးရနှင့် အင်တာနက်ဆင်ဆာ (မိုးမခ) မတ်လ ၄၊ ၂၀၁၉ အိန္ဒိယအစိုးရက မိမိတို့ဘာသာ အင်တာနက်ကို ဆင်ဆာလုပ်ကိုင်ခွင့် အာဏာအပြည့်ပေးထားသော ဥပဒေကို ပြဌာန်းပါ တော့မည်။ ချက်ချင်းကမ္ဘာကိုလွှမ်းမိုးထားသောအင်တာနက်ကုမ္ပဏီများနှင့် တိုက်ပွဲကို...

Read more »

ဂါမဏိ ● လူ့အခွင့်အရေး၏ တခြားတဖက်မျက်နှာ

March 3, 2019
ဂါမဏိ ● လူ့အခွင့်အရေး၏ တခြားတဖက်မျက်နှာ

ဂါမဏိ ● လူ့အခွင့်အရေး၏ တခြားတဖက်မျက်နှာ (မိုးမခ) မတ်လ ၃၊ ၂ဝ၁၉ ၂ဝဝ၈ ခု ဒီဇင်ဘာ ၁ဝ ရက်မှာ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၆ဝ ပြည့်အခမ်းအနားတွေ တကမ္ဘာလုံးမှာ ကျင်းပခဲ့ပါ...

Read more »

ကိုသန်းလွင် ● ဂျပန် နိုင်ငံ၏တရားစီရင်ရေး

February 25, 2019
ကိုသန်းလွင် ● ဂျပန် နိုင်ငံ၏တရားစီရင်ရေး

ကိုသန်းလွင် ● ဂျပန် နိုင်ငံ၏တရားစီရင်ရေး (မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉ (၁) မားဒေါ့ (Bernard Madoff) သည် အလွန်ဆိုးဝါးသော ငွေးကြေးလိမ်လည်သူဖြစ်ပါသည်။ တချိန်က အဆိုးဆုံး ပွန်စီ (Ponzi)...

Read more »

February 24, 2019

ဇင်လင်း ● နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်ယဉ်ကျေးမှုထူထောင်နိုင်မှသာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းမည် (မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉ မြန်မာနိုင်ငံ အစိုးရသည် ယခုနှစ် ဖေဖေါ်ဝါရီလတွင် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှု အထွေထွေနှင့် ရင်ဆိုင်နေရသည်။...

Read more »

ကိုသန်းလွင် ● လွတ်လပ်ခွင့်

February 19, 2019
ကိုသန်းလွင် ● လွတ်လပ်ခွင့်

ကိုသန်းလွင် ● လွတ်လပ်ခွင့် (မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉ (၁) ၁၉၆၈ ခုနှစ်ကစာစီစာကုံးတခုတွင် ဂျရပ်ဟာဒင် (Garrett Hardin) က လူတွေကို “အရာအားလုံးမှာ လူတွေကို လွတ်လွတ်လပ်လပ် ကြိုက်သလို...

Read more »

Archives