မီးရထားနှင့်ခရီးသွားရအောင်နှင့် မောင်မိုးသူ ကုမုဒြာဂျာနယ်အွန်လိုင်းမှ  မိုးမခ၊ မတ် ၉၊ ၂၀၁၉ မောင်မိုးသူဟာ မီးရထားနဲ့ ခရီးသွားဖို့ အလွန်ပဲ ဝါသနာထုံလှသူ ဖြစ်ပါတယ်။ အဲ လေ ၈၈ အရေးတော်ပုံမတိုင်မီကဆိုရင် ရန်ကုန်နဲ့မန္တလေးအမြဲပဲ မီးရထားနဲ့ ခရီးသွားလ့ရှိပါတယ်။ စာပေအသိုင်းအဝိုင်း ထဲ ဝင်ခါစခေတ်တုန်းကဆိုရင် မီးရထားပဲ အမြဲစီးရတာ။ ယနေ့ခေတ်လို အဝေးပြေး ကားကြီးတွေလည်း သိပ်မရှိသေးဘူး။ ရန်ကုန်-မန္တလေး…

Continue Reading

မောင်မိုးသူ – ရန်သူမျိုး (၅)ပါးနှင့် ဘကြီးမိုး (ကုမုဒြာအွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ အောက်တိုဘာ ၁၉၊ ၂၀၁၈ ဘကြီးမိုးတို့ ငယ်စဉ်တောင်ကျေး ကလေးဘဝကစပြီး လူ့ဘဝ လူ့လောကမှာ ရန်သူမျိုးငါးပါးနဲ့ အမြဲရင်ဆိုင်ကြုံတွေ့ရ ကြောင်း ပြောဆိုခံခဲ့ရဖူးပါတယ်။ ရန်သူမျိုး ငါးပါးဆိုတာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ ဆိုတယ်ခင်ဗျ။ ရေနဲ့မီးကတော့ ရှင်းပါတယ်။…

Continue Reading

ခေတ်ဂျာနယ် နှင့် မောင်မိုးသူ (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ သြဂုတ် ၂၀၁၈ ခေတ်ဂျာနယ်တိုက်ကို တည်ထောင်သူကတော့ ကိုအေးမောင်နဲ့ ဦးလေးကိုတို့ ဖြစ်ပါတယ်။ ဦးလေးကိုက ပြည်လမ်းက ပုံနှိပ်တိုက်ပိုင်ရှင်ဖြစ်ပြီး ကိုအေးမောင်ကတော့ နိုင်ငံရေးသမား ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ဂျာနယ်တစ်စောင်ထုတ်ဝေဖို့ စီစဉ်ရာမှာ အယ်ဒီတာအဖြစ် ကိုသာနိုးကိုတာဝန်ပေးချောဆွဲပါတယ်။ ထုံးစံအတိုင်းပါပဲ ကိုသာနိုးက မောင်မိုးသူကို ချောဆွဲပြီး ခေတ်ဂျာနယ်ရဲ့ တိုက်ထိုင်တာဝန်ကိုပေးပါတယ်။…

Continue Reading

မောင်မိုးသူ – အောက်ဆုံးက လူ (ကုမုဒြာအွန်လိုင်းဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇူလိုင်၊ ၂၀၁၈ ပီးခဲ့တဲ့ရက်ပိုင်းက ဒေါ်လာဈေးတွေ အဆမတန်မြင့်တက်လာပြီး တစ်ဒေါ်လာ ကို ကျပ် ၁၃၇၀ ကျော်အထိ တက်ပြီးခါမှ တန့် သွားပါသတဲ့။ ဒေါ်လာဈေးတက် တာ နဲ့ ဘကြီးမိုး ဘာဆိုင်သလဲလို့ မမေးပါနဲ့။ ဟုတ်တယ်လေ၊ ဘကြီးမိုးက စာရေးဆရာ။ ရေးသမျှ…

Continue Reading

မောင်မိုးသူ – စာပေ ဖြတ်သန်းမှု (၁) (ကုမုဒြာ အွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ ဇွန် ၃၀၊ ၂၀၁၈ အသက် ၈၁ နှစ်ပြည့်တဲ့နေ့မှာ မိတ်ဆွေများကို မောင်မိုးသူက သူ့ဘဝ ဖြတ် သန်းမှုလေးခုကို ဖော်ပြတဲ့ စာတမ်းလေး တစ်စောင် ဝေငှခဲ့ပါတယ်။ အဲသည် ဖြတ် သန်းမှုတွေကတော့ (၁) စာပေဖြတ်သန်းမှု၊ (၂)…

Continue Reading

မောင်မိုးသူ – ကျဉ်းထဲ ကျပ်ထဲနှင့် ဘကြီးမိုး (ကုမုဒြာဂျာနယ် အွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ ဇွန် ၂၃၊ ၂၀၁၈ ကျဉ်းထဲကျပ်ထဲဖြစ်နေသူမှာ ဘကြီးမိုး ကိုယ်တိုင် မဟုတ်သော်လည်း ကျဉ်းထဲ ကျပ်ထဲ အဖြစ်အပျက်များနဲ့ ရင်ဆိုင်နေ ရတာက မြန်မာနိုင်ငံဖြစ်ပါတယ်။ ထို့ ကြောင့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဘကြီးမိုးကလည်း ကျဉ်းထဲကျပ်ထဲ ဖြစ် နေရခြင်းပါ။ မြန်မာနိုင်ငံတွင်…

Continue Reading

ဆေးလိပ်၊ ကွမ်းယာ၊ အရက်နှင့် မောင်မိုးသူ (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇွန် ၉၊ ၂၀၁၈ မူးယစ်ဆေးဝါးတွေထဲမှာ ဆေးလိပ်၊ ကွမ်းယာနဲ့ အရက်တွေလည်းပါသပေါ့လေ။ မောင်မိုးသူဟာ အဲသည် သုံးမျိုးစလုံးကိုသုံးစွဲသောက်စားလာသူတစ်ဦး ဖြစ်ပါတယ်။ ဆေးလိပ်သောက်သုံးခြင်းကို ပထမဆုံး ထောင်ထဲမှာ ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆေးလိပ်သောက်တာကို တက္ကသိုလ်ကျောင်းသားဘဝကတည်းကစတင်ခဲ့သည်ထင်ပါရဲ့။ စီးကရက်ကို စသောက်တတ်တာ။ နောက်တော့ ဆရာကြီးရွှေဥဒေါင်းတို့၊ စုံထောက်မောင်စံရှား(ရှားလော့ဟုမ်း)တို့ ကိုအားကျပြီး…

Continue Reading

ဘကြီးမိုး ၈၁ နှစ်ပြည့် မွေးနေ့စကား ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ မတ် ၁၈၊ ၂၀၁၈ တကယ်တော့ ဘကြီးက စာရေးဆရာ မဟုတ်ပါဘူး။ စာတွေကို ဘာသာပြန်တဲ့သူပါ။ သူများရေးထားတဲ့ စာကို ကိုယ့် မြန်မာတွေ ဖတ်ရအောင် ဘာသာပြန်ပေးတဲ့ သူပါ။ စာရေးဆရာ အစစ်မဟုတ်ပါဘူးကွာ ဟု မွေးနေ့ပွဲတွင် အမှတ်တရ ပြောပြခဲ့ပါတယ်။ နိုင်ငံရေး အနေနဲ့လည်း…

Continue Reading

ရခိုင်အရေး ရင်မအေးရပါနှင့် မောင်မိုးသူ (ကုမုဒြာအွန်လိုင်း) မိုးမခ၊ မေ ၁၁၊ ၂၀၁၈ ရခိုင်ဒေသအရေးမှာ မြန်မာနိုင်ငံအ တွက် နှစ်ပရိစ္ဆေဒ များစွာကပင် အဖြေမရှိတဲ့ ပဟေဠိပုစ္ဆာပမာ ရှုပ်ထွေးနက်နဲပြီး ကိုင်တွယ်ဖြေရှင်းဖို့ ဆိုရာမှာလည်း ထိ လွယ် ရှလွယ် ပြဿနာအရပ်ရပ်နဲ့ ဖြစ်ပေါ် တည်ဆောက်ထားသည့်အတွက် ဖြေရှင်းရတာ ခက်ခဲမှုရှိသည်ကို တွေ့မြင်နေရပါ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုး ရ…

Continue Reading

မောင်မိုးသူ – နာရေး သက်ကြီးနှင့် ဘကြီးမိုး (ကုမုဒြာအွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ မေ ၄၊ ၂၀၁၈ ပြည်သူ့ရင်ပြင် မောနင်းစတား သော ကြာဝိုင်း လူစုံတုန်းမှာ သားငယ်ညီညီက မမကြည် ကွယ်လွန်သွားတဲ့သတင်းကို ပြောပြပါတယ်။ မမကြည်ဆိုတာ သူငယ်ချင်း အ ထောက်တော်လှအောင်ရဲ့ ဇနီး ဒေါ်ကြည်ကြည်မြင့် ဖြစ်ပါတယ်။ မမကြည်ကွယ်လွန်ချိန်မှာ အသက် ၉၇…

Continue Reading

မောင်မိုးသူ – မြူမှောင်ဝေကင်း ငွေအဆင်း စန္ဒ ပြည်ထောင်တိုင်းမြန်ပြည် ငြိမ်းချမ်းအောင် ဆု …  (ကုမုဒြာအွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ ဧပြီ ၁၃၊ ၂၀၁၈ စံ-မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ် လာအရ မြန်မာနှစ်သစ်ကူးအခါသမယတွင် နှစ်ဟောင်းက အညစ်အကြေးများကို အတာရေနဲ့ ဆေးကြော၍ နှစ်သစ်၊ ခေတ် သစ်ကို ကြိုဆိုကြရတဲ့ အစဉ်အလာ ဖြစ်ပါ…

Continue Reading

သရုပ်ဖော် ကာတွန်း ဇော်မောင် ရသစာပေအရွေ့နှင့် မောင်မိုးသူ (ကုမုဒြာအွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ ဧပြီ ၆၊ ၂၀၁၈ မောင်မိုးသူက ၁၉၃၇ ခုနှစ် မွေးဖွားတာ ဖြစ်ပါတယ်။ ခုနစ်နှစ်၊ ရှစ်နှစ်သား အရွယ်ကတည်းက ကဗျာရေး၊ ၁၄ နှစ်၊ ၁၅ နှစ်ကျတော့ မန္တလေးက ဗဟိုစည်တို့ ၊ မြန် မာ့လမ်းစဉ်သတင်းစာတို့မှာ…

Continue Reading

မောင်မိုးသူ – မြန်မာ့အသံနှင့် ဘကြီးမိုး (ကုမုဒြာအွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ မတ် ၂၄၊ ၂၀၁၈ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံ အဆောက်အအုံသစ်ကြီး စတင်ွင့်လှစ်သည်မှစ၍ ဘကြီးမိုးနဲ့ မြန်မာ့အသံတို့ ပတ်သက်ခဲ့ကြပါတယ်။ စာရေးဆရာ ဘကြီးမိုးဟာ မြန်မာ့အ သံမှတစ်ဆင့် တာဝန်ခံထုတ်ဝေသော သောတရှင် မဂ္ဂဇင်းတွင် စာမူများရေးသားပေးပို့ရာ စာမူခကို ပြည်လမ်း မြန်မာ့အသံ ရုံးသစ်ကြီးကိုသွားရောက်၍…

Continue Reading

မောင်မိုးသူ – ရေဒီယို နှင့် ဘကြီးမိုး  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ မတ် ၆၊ ၂၀၁၈ ၂၀ဝ၀ ပြည့်နှစ် အကျဉ်းထောင်မှ လွတ်မြောက်လာပြီးသည့်နောက် ဘကြီးမိုးရဲ့ လက်ကသုံးတောင်းဝှေးဖြစ်သော ပဉ္စဂံစာပေတိုက် မှ အောင်သူအား ရေဒီယိုတစ်လုံးဝယ်ပေးဖို့ ပူဆာပါတယ်။ အောင်သူက ဟာ ဒီခေတ် ရေဒီယိုဘယ်သူမှမသုံးတော့ဘူးလို့ ပြောရှာပါတယ်။ ဒါပေမဲ့ အထိန်းအသိမ်းမခံရခင် တစ်လျှောက်လုံး…

Continue Reading

  စာအုပ်အငှားဆိုင်နှင့် မောင်မိုးသူ  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈ မောင်မိုးသူတို့ စာပေလောကအတွက် အလွန်အထောက်အကူပြုတဲ့ ဆိုင်များဟာ စာအုပ်အငှားဆိုင်များ ဖြစ်ပါတယ်။ မောင် မိုးသူတို့၊ မောင်ပေါ်ထွန်းတို့ရဲ့ ဘာသာပြန် စာအုပ်များကို ထုတ်ဝေတဲ့ ဘဝတက္က သိုလ် စာပေတိုက်ရဲ့ အခြေခံအုတ်မြစ်ဟာ စာအုပ်အငှားဆိုင်ပဲခင်ဗျ။ ထိုနည်းတူ မောင်မိုးသူရဲ့ ပင်တိုင်ထုတ်ဝေသူဖြစ်တဲ့ မြဝတ်ရည်စာပေတိုက်မှာလည်း…

Continue Reading

Illustration – Zaw Maung  မောင်မိုးသူ – ရုပ်ရှင်နှင့် ဘကြီးမိုး  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၈ ဘကြီးမိုးရဲ့ သောကြာစကားဝိုင်းက ရုပ်ရှင်အစည်းအရုံးမှာ ဖွင့်ထားတဲ့ မောနင်း စတားဆိုင်မှာ ဆုံလေ့ရှိကြတယ်။ ခုတစ်လော သောကြာပတ်မှာတော့ ဘကြီးမိုးကို ရုပ်ရှင်သမားတွေက လာနှုတ်ဆက်ကြ တယ်။ ရှေးဟောင်း ရုပ်ရှင်လူမျိုးများကိုပါ တွေ့ပါတယ်။…

Continue Reading

 မောင်မိုးသူ – ဖေ့စ်ဘွတ်နဲ့ ဘကြီးမိုး (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇန်န၀ါရီ ၂၆၊ ၂၀၁၈ ဘကြီးမိုးမှာ ဝ၁၃၇၆၄၃၅ ဆိုတဲ့ ကြိုး ဖုန်းတစ်လုံး ရှိပါတယ်။ သည်ကြိုးဖုန်းက ဟိုရှေးပဝေသဏီ ကျောက်မြောင်း ဣစ္ဆာသယလမ်းမှာ နေထိုင်စဉ်ကပဲ ရထားတဲ့ ဦးမိုးသူ ဆိုတဲ့ အမည်ပေါက်ဖုန်း ဖြစ်ပါ တယ်။ ၃၁ လမ်းကို လွန်ခဲ့တဲ့…

Continue Reading

မောင်မိုးသူ – သူငယ်ချင်းများနဲ့ ဆုံတဲ့ည နှင့် ဘကြီးမိုး  (ကုမုဒြာဂျာနယ်) မိုးမခ၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၈ ဂုဏ်ထူး ဦးသိန်းနိုင်ဟာ သာကေတ တံတားအဆင်း ရွှေပုစွန်စားသောက်ဆိုင် နဲ့ မျက်နှာချင်းဆိုင်က မြနန္ဒာအိမ်ရာဆိုလားမသိပါဘူး ခြံကြီးဝင်းကြီးထဲက အိမ် ကြီးတစ်လုံးမှာ နေပါတယ်။ သူ့ရဲ့ဇနီး ကြည်ကြည်တင်ကလည်း အချက်အပြုတ် ချန်ပီယံဆိုတော့ အကြောင်းတစ်ခုခုရှာပြီး မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ဖိတ်ပြီး…

Continue Reading

မောင်မိုးသူ – အတိုက်ခံရတာက ငါတို့အပစ်ခံရတာကလည်း ငါတို့ပဲ …….  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ အောက်တိုဘာ ၂၁၊ ၂၀၁၇ မောင်မိုးသူ အသက် ၈၁ နှစ် ရှိပါပြီ။ နှစ်ပေါင်း ၆၀ လောက် စာနယ်ဇင်း၊ အဓိက အားဖြင့် သတင်းစာ၊ ဂျာနယ်များမှာ အယ်ဒီတာ့ ဆောင်းပါးရေးသူအဖြစ် လုပ်ကိုင်ဖူးပါတယ်။ မောင်မိုးသူ မန္တလေးက…

Continue Reading

မောင်မိုးသူ ● ဘာသာပြန်နှင့် ဘကြီးမိုး (မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၇ ဘကြီးမိုး မေလ ၁၇ ရက်နေ့မှာ အသက် ၈၀ ပြည့်ပါမယ်။ မွေးနေ့ပွဲကိုတော့ သားတို့သမီးတို့က မွေးနေ့ပွဲကျရောက်တဲ့ ၁၇ ရက်နေ့မှာမပြုလုပ်ဘဲ ရန်ကုန်မြို့ ယာဉ်လမ်းကြောင်း အရှင်းဆုံးဖြစ်တဲ့ တနင်္ဂနွေနေ့မှာပြုလုပ်ဖို့ ဆုံးဖြတ်ကြတယ်လေ။ ဘကြီးမိုးရဲ့ထုံးစံအတိုင်း ကလေးများစီစဉ်တာကို လိုက်နာရတာပေါ့။ ကိုစိုးညွန့်ရဲ့ တော်ဝင်နှင်းဆီမှာပြုလုပ်ပါမယ်။…

Continue Reading