မောင်မိုးသူ

ရသစာပေအရွေ့နှင့် မောင်မိုးသူ

သရုပ်ဖော် ကာတွန်း ဇော်မောင်


ရသစာပေအရွေ့နှင့် မောင်မိုးသူ
(ကုမုဒြာအွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ ဧပြီ ၆၊ ၂၀၁၈

မောင်မိုးသူက ၁၉၃၇ ခုနှစ် မွေးဖွားတာ ဖြစ်ပါတယ်။ ခုနစ်နှစ်၊ ရှစ်နှစ်သား အရွယ်ကတည်းက ကဗျာရေး၊ ၁၄ နှစ်၊ ၁၅ နှစ်ကျတော့ မန္တလေးက ဗဟိုစည်တို့ ၊ မြန် မာ့လမ်းစဉ်သတင်းစာတို့မှာ ကဗျာတွေ ပို့ နေပါပြီ။ ဒါပေမဲ့ ၁၉၅၆ တက္ကသိုလ်ကို ရောက်မှ မန်းတက္ကသိုလ်ကလောင်ရှင် အ သင်းမှာ ပါဝင်ပြီး စာတွေ၊ ကဗျာတွေ ရေး ဖြစ်တာ ဖြစ်ပါတယ်။ ပထမဆုံး အယ်ဒီတာ လုပ်ဖူးတာက တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ မြန်မာစာတည်း လုပ်ရတာပါ။

ကျောင်းကထွက်တော့ မိုးဦးပန်းစာပေ တိုက်ကို တည်ထောင်ပြီး စာအုပ်တွေထုတ် ခဲ့၊ မန်းခေတ်သတင်းစာနဲ့ ခေတ်ဂျာနယ်မှာ အယ်ဒီတာလုပ်ခဲ့၊နောက်မှ ရန်ကုန်ပြောင်း ပြီး မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ၊ ဝတ္ထု တွေ ၊ ဘာသာပြန်တွေ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ရန်ကုန်ရောက်မှ ဓနမဂ္ဂဇင်း၊ကလျာ မဂ္ဂဇင်းတို့မှာ အယ်ဒီတာ တာဝန်လည်း ယူ ဖူးပါတယ်။ မောင်မိုးသူ စာတွေ၊ ကဗျာတွေ၊ ဝတ္ထု တွေ ရေးတယ်ဆိုပေမဲ့ တကယ့် တကယ် က ရသစာပေ၊ ရသဝတ္ထု၊ ရသကဗျာများ ဖြစ်ဖြစ်မြောက်မြောက် ရေးတတ်သူ မဟုတ် ပါ။ ငယ်ငယ်တုန်းက မောင်သက်ဦး က လောင်အမည်နဲ့ “အသည်းငယ်ငယ် ကဗျာ ရွယ်ရွယ်များ” စာအုပ်ထုတ်ဖို့ ကဗျာအပုဒ် ပေါင်း ၇၀ လောက်စုစည်းပြီးခါမှ ရွယ်တူ သူငယ်ချင်း ကဗျာဆရာနှစ်ယောက်ဖြစ်တဲ့ ကြည်အောင်၊ မောင်စွမ်းရည်တို့ရဲ့ ကဗျာ တွေကိုဖတ်ပြီး ရှက်လို့ မထုတ်ဖြစ်တော့ပါ။

ကိုယ်ပိုင် ကဗျာစာအုပ် မထုတ်ဖြစ်ခဲ့ ပေမဲ့ တင်မိုး၊ ကြည်အောင်၊ ဘုတလင် ချစ် လေး၊ ကိုလေး (အင်းဝဂုဏ်ရည်) တို့ရဲ့ က ဗျာစာအုပ်တွေထုတ်ခဲ့သလို ဆရာဇော်ဂျီ ရဲ့ ရသစာပေအဖွင့်ဆောင်းပါးများ၊ ဆရာ မင်းသုဝဏ်၊ မင်းယုဝေတို့ရဲ့ ကဗျာ့ ပရိ ယာယ်စာအုပ်၊ ဆရာဇေယျရဲ့ စာသဘင် စာအုပ်၊ တက်တိုးရဲ့ … နှင့် စာပေစာအုပ်၊ ဆရာကြီးရွှေဥဒေါင်းရဲ့ အတွေးအခေါ် ဆောင်းပါးများစာအုပ် စသည် စသည်တို့ ထုတ်ဝေခဲ့ပါတယ်။

မဂ္ဂဇင်းတွေမှာ ပင်တိုင်ဆောင်းပါးများ အဖြစ် မိုးဝေမှာ “လွယ်အိတ်တစ်လုံးနှင့် ရွာစဉ်လည်”၊ ကလျာမဂ္ဂဇင်းမှာ “ခေတ်မီမီ ကမıာကြည့်ကြည့်မြင်၊ သရဖူမှာ “လွမ်းတော်မူဖို့ စာကိုစီတယ်”၊ တခြားတခြား မဂ္ဂဇင်းတွေမှာ “ပြောစရာတွေ အများကြီး” အစ ရှိသဖြင့် ပင်တိုင်းဆောင်းပါးများ ရေးသား ခဲ့ပါတယ်။ ပင်ကိုရေး လုံးချင်းဝတ္ထုအဖြစ် ည၊ မေမေကြည်၊ မိုးပိတောက်တို့ ပန်တော်မမှီ၊ ရန်ကုန်သားနဲ့ မန္တလေးသူ လေးပုဒ်သာ ရေးဖြစ်ပြီး စိတ္တဇဘာသာပြန် လုံးချင်း ဝတ္ထုကို ၁၉၆၅ ခုနှစ်က ပြန်ဆိုထုတ်ဝေခဲ့ ပါတယ်။

သည်တော့ ဆန်းစစ်လေ့လာကြည့် လိုက်တဲ့အခါ ရသ၊ ဒဿန၊ ကဗျာများ မရေးတတ်သလို ရသဝတ္ထုလည်း မရေး တတ်ကြောင်း ထင်ရှားလှပါတယ်။ သည် တော့ ပင်တိုင်ဆောင်းပါးတွေရေးတယ်။ တစ်ခါတစ်ရံ ဝတ္ထုတိုတွေ ရေးတယ်။ သရော်စာရေးဖို့ ဝါသနာပါတယ်။ ဘာသာပြန် ဝတ္ထုများကိုလည်း ရေးဖြစ်ပါတယ်။ စပြီး ဘာသာပြန်ခါစကတော့ လုံးချင်းစာအုပ် များအဖြစ် ဘာသာပြန်ထုတ်ဝေခဲ့တာ ဖြစ် ပေမဲ့ နောက်ပိုင်းမှာတော့ မဂ္ဂဇင်းများမှာ ဘာသာပြန်များ ရေးသားပြီး နောက်မှ စုပေါင်းထုတ်ဝေဖြစ်ပါတယ်။ တစ်လချင်း နည်းနည်းစီပဲ ရေးရလို့ ဖြစ်ပါတယ်။

အဲသည်လို အဲသည်လို လွန်ခဲ့တဲ့ နှစ် ပေါင်း ၆၀ ကျော်က စာပေလောကထဲကို တစိုက်မတ်မတ် ရေးသားလာခဲ့တဲ့ မောင် မိုးသူဟာ ၁၉၈၈ အရေးတော်ပုံမှာ ပါဝင်၊ အင်န်အယ်လ်ဒီဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပြီး ၁၉၈၉ မှ ၁၉၉၂ အထိ တစ်ကြိမ်၊ ၁၉၉၆ မှ ၂ဝဝဝ အထိ တစ်ကြိမ်၊ နှစ်ကြိမ် အင်းစိန် ရောက်ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ မှ ၂ဝဝဝ အတွင်း မောင်မိုးသူအနေနဲ့ အနုပညာရေး သား လုပ်ကိုင်စားသောက်ခွင့် မရှိခဲ့ပါ။ ၂ဝဝဝ လွတ်လာတဲ့အခါမှ စာရေးခွင့်ရပြီး မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ ရေး၊ ဘာ သာပြန်တွေရေး စသည်အားဖြင့် ဆက် လက်အသက်မွေးမှု လုပ်နေရပါတယ်။

မဂ္ဂဇင်းတွေအများကြီးမှာ ပင်တိုင် ဆောင်းပါးတွေရေး၊ ဘာသာပြန်တွေ ရေး လာခဲ့တဲ့ မောင်မိုးသူခမျာမှာ ၂ဝဝဝ ပြည့် နှစ် ထွက်လာတော့ ရေးစရာမဂ္ဂဇင်းများ မရှိတော့သလောက် ရှားသွားတာနဲ့ ကြုံရ ပါတယ်။ ဒါ့ကြောင့် သရဖူမှာ လွမ်းတော် မူဖို့ကိုရေး၊ Image မှာ ဘာသာပြန်ဝတ္ထု ရှည်ရေး။ Image မဂ္ဂဇင်းကလည်း ရပ်သွား။ နောက်ထပ် ဘာသာပြန်ဝတ္ထုများ အခန်းဆက်ထည့်နေကြတဲ့ မဂ္ဂဇင်းတွေကလည်း တဖြုတ်ဖြုတ်ရပ်သွားလေတော့ ဘယ်လိုလုပ်ရကိုင်ရမှန်း မသိဘဲ ဖြစ်နေခဲ့ ပါတယ်။

ယခုလတ်တလော မော်ဒန်၊ ကုမုဒြာနဲ့ သံတော်ဆင့် ဂျာနယ်တွေမှာ ပင်တိုင် ဆောင်းပါးတွေရေးပါတယ်။ ရေးတဲ့ဆောင်း ပါးတွေက နိုင်ငံရေး၊ စီးပွားရေး စသည့် သောင်းပြောင်းထွေလာ ရေးချင်ရာရာများ ရေးနေရတာ ဖြစ်ပါတယ်။ သည်နေ့ခေတ် ဂျာနယ်တွေဆိုတာ ရသစာပေ ၊ ရသ ဆောင်း ပါးတို့ထက် နိုင်ငံရေး၊ စီးပွားရေး တွေအကြောင်း ရေးသားဖော်ပြကြတာ များပါတယ်။

သတင်းစာတွေထဲမှာတော့ ယခင်က လည်း မရေးဖူး၊ အင်န်အယ်လ်ဒီအစိုးရ တက်လာပြီးနောက် ကြေးမုံနဲ့ မြန်မာ့အ လင်း သတင်းစာတွေမှာ တစ်ပုဒ်စီ ရေးဖူး တာကလွဲရင် ကျန်သတင်းစာများမှာ မရေး သားဖြစ်ခဲ့ပါ။ ဒါပေမဲ့ သတင်းသမားတစ်ဦး ဖြစ်လေတော့ သတင်းစာမဖတ်ရရင် မနေနိုင်သူတစ်ဦး ဖြစ်ပါတယ်။

မောင်မိုးသူက ၂ဝဝဝ ထောင်က လွတ် လာပြီးတဲ့နောက် ထောင်ထဲကပါလာတဲ့ အကျင့်ဖြစ်တဲ့အတွက် မနက်စောစော အိပ် ရာက ထပါတယ်။ အရင် လမ်းလျှောက်နိုင် တုန်းက ၆း၃၀ နာရီမှာ မောနင်းစတား၊ စိတ် တိုင်းကျ၊ လပ်ကီးဆဲ ဗင်း စတဲ့ လက်ဖက် ရည်ဆိုင်တွေသွား နံနက်စာစားလေ့ ရှိပါ တယ်။

မောနင်းစတားကတော့ မောင်မိုးသူ ဆိုင်လိုဖြစ်နေတဲ့အတွက် မောင်မိုးသူ ဆိုင် ထဲရောက်ရင် အဲသည်နေ့ထုတ် သတင်း စာများ၊ ဂျာနယ်များ စားပွဲရောက်လာပြီး မိတ်ဆွေအပေါင်းအသင်းများနဲ့ သတင်း တွေဖတ်၊ နိုင်ငံရေးသတင်းများ၊ လူမှုရေး သတင်းများ ပြောကြဆိုကြ ဆွေးနွေးဖြစ်ပါတယ်။ ဒါမှလည်း ဆောင်းပါးတွေ ရေးလို့ ရမှာကိုး။

လမ်း သိပ်မလျှောက်နိုင်တော့တဲ့အခါ ကျတော့ သောကြာ၊ စနေ၊ တနဂင်္နွေ လောက်သာ ကားနဲ့ လာခေါ်သူတွေရှိလို့ မောနင်းစတားကို သွားဖြစ်ပါတယ်။ ကျန်တဲ့ ရက်တွေမှာတော့ အိမ်နားက စားသောက် စရာများကို စား၊ အိမ်မှာရှိတဲ့ ကြက်ဥ ပေါင် မုန့်စားတာတွေ လုပ်ရပါတယ်။ ငချိပ်ပေါင်းနဲ့ ပဲပြုတ်ရရင် စားလေ့စားထ ရှိပါတယ်။

အိမ်မှာ နေရစဉ် မုန့်ဝယ်ထွက်တဲ့အခါ မှာ မြန်မာတိုင်းမ်သတင်းစာကို ဝယ်ခိုင်းရ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မောင်မိုး သူ အိမ်မှာရတဲ့ အလဲဗင်းသတင်းစာက ရး၃၀ နာရီ ၊ ၈းဝဝ နာရီကျမှ ရတာဖြစ်ပါ တယ်။ ဒါ့ကြောင့် ၆း၃၀ နာရီမှာ မြန်မာတိုင်းမ် ဝယ်ရတာပါ။ အဲ ကြေးမုံသတင်း စာက တော့ ဟိုးယခင်ကတည်းက တစ်လ ကျပ် ၂ဝဝဝ နဲ့ ယူခဲ့တဲ့ သတင်းစာဖြစ်နေ တော့ အခုအထိ ယူရပါတယ်။ ကြေးမုံက တော့ ၁၁းဝဝ နာရီ၊ ၁၂းဝဝ နာရီမှ ရောက် တယ်ခင်ဗျ။

အဲသည်လို ဂျာနယ်သုံးစောင်မှာ ပင် တိုင်ဆောင်းပါးရေး၊ မဂ္ဂဇင်းတစ်စောင်မှာ ပင်တိုင်ဆောင်းပါးရေးဖြစ်ပေမဲ့ ဘာသာ ပြန် လုံးချင်းဝတ္ထုများကို တစ်အုပ်လုံး မပြန် ဖြစ်နိုင်လေတော့ တစ်လချင်းထည့်ပေး မယ့် မဂ္ဂဇင်းတွေကလည်း မရှိဘူး ဖြစ်နေ ပါတယ်။ မောင်မိုးသူကိုယ်တိုင် နိုင်ငံရေး၊ လူမှုရေး အစရှိတဲ့ ဆောင်းပါးတွေကို ဂျာ နယ်သုံးစောင်မှာ ရေးနေသူတစ်ဦး ဖြစ်ပါ တယ်။ အဲသည်ဂျာနယ်တွေကလည်း အဓိကအားဖြင့် နိုင်ငံရေး၊ စီးပွားရး၊ လူမှုရေး ဆောင်းပါးတွေသာ ထည့်သွင်းဖော်ပြတာ များပြီး ရသဆောင်းပါးများ ဖော်ပြခြင်း သိပ်မရှိကြပါ။

သည်လို သည်လိုနဲ့ နိုင်ငံရေးသတင်း၊ စီးပွားရေးသတင်း၊ လူမှုရေးသတင်းတွေပဲ ဖော်ပြကြတဲ့ သတင်းစာတွေဟာ ခုတလော မှာတော့ ရသဝတ္ထုတိုတွေ၊ ရသဆောင်းပါး တွေ တစ်စတစ်စ စတင်ဖော်ပြလာတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် “ရသစာပေ အရွေ့”ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာသတင်း စာတွေမှာ ရသဝတ္ထုတွေ၊ ရသဆောင်းပါးတွေ တွေ့မြင်လာရတာ ဖြစ်ပါတယ်။

ဪသြော်…ရသစာပေဆရာများခမျာမှာ လည်း မဂ္ဂဇင်းတွေ မရှိတော့လေတော့ ဂျာနယ်၊ သတင်းစာတွေပဲ လှည့်ကြရတာ ကိုး။ ဂျာနယ်၊ သတင်းစာတွေကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြောင်း တွေပဲ အီနေအောင် ရေးသား ဖော်ပြခဲ့ရာမှ ရသဘက်ကို ရွေ့လာတဲ့ သဘော တွေ့ရပါ တယ်။ မောင်မိုးသူရဲ့ ညီတွေလိုဖြစ်တဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာရသ ဆောင်းပါးကို ဖတ်ရသလို မောင်သွေး သစ်၊ ဖျာပုံနီလုံဦးတို့ရဲ့ ဆောင်း ပါးများကိုလည်း ဖတ်ရပါတယ်။ ထိုနည်း တူ နေမျိုးရဲ့ မော်ဒန်ဝတ္ထုကိုလည်း ဖတ်ရ တယ် ခင်ဗျ။

သည်တော့ ရသစာပေအရွေ့ဟာ သ တင်းစာတွေဆီကို ရွေ့လာပုံရတာကို တွေ့ရပါတယ်။ မောင်မိုးသူရဲ့ သူငယ်ချင်း ဖြစ် တဲ့ ရသစာပေအရေးကောင်းလှတဲ့ ဇော်ဇော်အောင်သာ ရှိရင် သတင်းစာတွေထဲ ရေးပေဦးမှာလို့ တွေးမိသလို ရသဖန် တီးမှု ပေါင်းစုံကို ရေးအားကောင်းလှတဲ့ ညီငယ် လိုဖြစ်တဲ့ မင်းလူတို့ ညီအစ်ကို တစ်သိုက် လည်း သက်ရှိထင်ရှားရှိနေမယ် ဆိုရင် သတင်းစာတွေထဲမှာ ပြောင်းရေး ကြရှာမှာပေါ့ လို့ မောင်မိုးသူ တွေးမိပါ တယ်။ မောင်မိုး သူကိုယ်တိုင် ရသစာပေ အရွေ့ သတင်းစာ တွေမှာ ရေးရမလား ရယ်လို့ စဉ်းစားနေ မိပြီဖြစ်ပါကြောင်း။

ရသစာပေအရွေ့နှင့် မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts