မောင်မိုးသူ

ရခိုင်အရေး ရင်မအေးရပါနှင့် မောင်မိုးသူ


ရခိုင်အရေး ရင်မအေးရပါနှင့် မောင်မိုးသူ
(ကုမုဒြာအွန်လိုင်း) မိုးမခ၊ မေ ၁၁၊ ၂၀၁၈

ရခိုင်ဒေသအရေးမှာ မြန်မာနိုင်ငံအ တွက် နှစ်ပရိစ္ဆေဒ များစွာကပင် အဖြေမရှိတဲ့ ပဟေဠိပုစ္ဆာပမာ ရှုပ်ထွေးနက်နဲပြီး ကိုင်တွယ်ဖြေရှင်းဖို့ ဆိုရာမှာလည်း ထိ လွယ် ရှလွယ် ပြဿနာအရပ်ရပ်နဲ့ ဖြစ်ပေါ် တည်ဆောက်ထားသည့်အတွက် ဖြေရှင်းရတာ ခက်ခဲမှုရှိသည်ကို တွေ့မြင်နေရပါ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုး ရ တက်လာပြီးသည့်နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အမှူးပြုပြီး စုံစမ်းရေးကော်မရှင်ဖွဲ့စည်း ကာ ရခိုင်အရေးနဲ့ပတ်သက်ပြီး အစီရင်ခံ စာ တင်သွင်းစေခဲ့ပါတယ်။ ကိုဖီအာနန် အမှူးပြုသော စုံစမ်းရေးကော်မရှင်အဖွဲ့ တွင် နိုင်ငံခြားသားများ ပါဝင်သည်ဆိုသော အကြောင်းပြချက်ဖြင့် မကျေမနပ်သော လေသံတချို့ကိုလည်း ကြားသိခဲ့ရပါတယ်။

ရခိုင်ဒေသအရေးနဲ့ပတ်သက်ပြီး ရိုး ရှင်းစွာ ရှုမြင်သုံးသပ်ရမည်ဆိုပါလျှင် ဟိုး နှစ်ပေါင်းများစွာသောကာလက ရခိုင်တိုင်း ရင်းသားများသည် ရေလုပ်ငန်း၊ လယ်ယာ လုပ်ငန်းများအတွက် ဝန်ထမ်းအလုပ်သ မားများအဖြစ် ဘင်္ဂါလီများကို ခေါ် ယူ အ သုံးပြုခဲ့ခြင်းက စသည်လို့ဆိုရမည် ဖြစ်ပါ တယ်။

ထို့နောက် ဘူးသီးတောင်မောင်တော ဒေသတွင် နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသော ဘင်္ဂါလီများကို အလွယ်တကူ ပေါပေါပဲပဲလက်ခံခဲ့ရာမှ ဘူးသီးတောင် မောင်တောဒေသတွင် ဘင်္ဂါလီများ များ သထက်များလာသည်ကို တွေ့မြင်ရပါ တယ်။ ထိုကဲ့သို့ များပြားရခြင်း အကြောင်း များအနက် လူဦးရေတိုးပွားနှုန်းမြင့်မားမှု များ ပါဝင်ခဲ့ပါတယ်။ ၄င်းဘူးသီးတောင် မောင်တောဒေသတွင် နောက်ဆုံးအခြေ အနေအရ ရခိုင်မျိုးနွယ်စုတိုင်းရင်းသားက လူနည်းစုဖြစ်လာပြီး ဘင်္ဂါလီမျိုးနွယ်စုက အများစုဖြစ်လာခဲ့ပါတယ်။ အချိုးအစား အားဖြင့် ၂၀၊ ၈၀ သို့မဟုတ် ၃၀၊ ၇၀ အထိ ဖြစ်လာခဲ့ပါတယ်။ သိသာထင်ရှားသော အချက်တစ်ခုမှာ ၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တချို့ မှာ ဘင်္ဂါလီမျိုးနွယ်စုများဖြစ်နေသည်ကို တွေ့မြင်နိုင်ပါတယ်။

၎င်းတို့အနက် အမေရိကန်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော ၉၀ ကိုယ်စား လှယ် တစ်ဦးနဲ့ ARSA အကြမ်းဖက်အဖွဲ့ ကို ထောက်ပံ့ပေးသည်ဆိုသော လေဆိပ် တွင် ဖမ်းဆီးမိသည်မှာလည်း ဘင်္ဂါလီမျိုး နွယ်စုပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ အစီရင်ခံစာသည် အဓိက အားဖြင့် အကြံပြုချက်များသာဖြစ်ပါတယ်။ ၄င်း အကြံပြုချက်များအနက် အရေးကြီး ဆုံးအချက်မှာ မတူကွဲပြားသည့် လူမျိုးစု နှစ်ဖွဲ့ အတူတကွပူးတွဲနေထိုင်ကြပြီး ဖွံ့ဖြိုး တိုးတက်ရေးများ လုပ်ဆောင်ကြရန် ဖြစ်ပါ တယ်။ အကြောင်းမှာ ရခိုင်ဒေသသည် လမ်းပန်းဆက်သွယ်ရေးမကောင်း၊ ဖွံ့ဖြိုး တိုးတက်ရေးမှာလည်း အားအနည်းဆုံး ဖြစ်သည့်အပြင် အခြေခံ သူမတူသည့် လူ မျိုးစုနှစ်ဖွဲ့၏ ပဋိပက္ခကို ထင်ထင်ရှားရှား သိမြင်ခဲ့ရပါတယ်။ နှစ်ပေါင်းများစွာအတွင်း လူမျိုးစုနှစ်ဖွဲ့၏ ပဋိပက္ခသဘောမှာ ဘာ သာရေးသဘော ဆက်နွှယ် လာသည့် ပို၍ ဆိုးရွားသောအခြေအနေကို ရောက်ရှိခဲ့ပါ တယ်။ နှစ်ပေါင်းများစွာကာလအတွင်း နှစ်ဖက်သော ပဋိပက္ခများ ကြိမ်ဖန်များစွာ ပေါ်ပေါက်ခဲ့ကြပြီး ဖြစ်ပါတယ်။

ကိုဖီအာနန်၏ အစီရင်ခံစာသည် ဩ ဂုတ်လ ၂၄ ရက်နေ့ ကုလသမဂ္ဂတွင်လည်း ကောင်း၊ မြန်မာအစိုးရထံတွင်လည်း ကောင်း တင်သွင်းလိုက်ပါတယ်။ ဇာတ် လမ်းအစမှာ ၄င်းအစီရင်ခံစာတင်သွင်း သည့် နောက်ရက်ဖြစ်သော ဩဂုတ် ၂၅ ရက်နေ့တွင် ရခိုင်မြောက်ပိုင်းဒေသရှိ လုံ ခြုံရေးစခန်း ၃၀ ကို အရဆအ အကြမ်းဖက် အဖွဲ့က စီးနင်းတိုက်ခိုက်လာခဲ့ခြင်း ဖြစ်ပါ တယ်။ (၄င်း ARSA အဖွဲ့ဆိုသည်မှာ ထို စီးနင်းတိုက်ခိုက်မှုဖြစ်သည့်အချိန်မှသာ ပေါ်ပေါက်ကြေညာ တိုက်ပွဲဆင်နွှဲလာ သည့် အဖွဲ့ဖြစ်ပါတယ်။ ) ထိုကဲ့သို့ လုံခြုံ ရေးစခန်း ၃၀ ကို ARSA အဖွဲ့ စီးနင်း တိုက်ခိုက်လာသည်ကို အကြောင်းပြု၍ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်း လင်းရေး တိုက်ခိုက်လိုက်ရာ ၄င်းဒေသမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွား သည့် ဒုက္ခသည်များမှာ ခြောက်သိန်း၊ ခုနစ်သိန်းရှိသည်ဟုပင် အဆိုရှိပါတယ်။

ထို ထွက်ပြေးခိုလှုံကြသော ဘင်္ဂါလီ ဒုက္ခသည်များနဲ့ တွေ့ဆုံမေးမြန်းမှုများကို အကြောင်းပြု၍ မြန်မာလုံခြုံရေးတပ်ဖွဲ့ များက လူမျိုးတုံးရှင်းလင်းမှုများ ပြုလုပ်ခဲ့ သည်ဆိုသော စွပ်စွဲချက်များ ဖြစ်ပေါ်လာ ခဲ့ပါတယ်။ ၄င်းအရေးအခင်းမှာ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီအထိပင် ရောက် ရှိခဲ့ပါတယ်။

ကာယကံရှင်နိုင်ငံများဖြစ်သော မြန် မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန် ကြီးတို့ တွေ့ဆုံကြပြီးသည့်နောက် ဇန်န ဝါရီလ နောက်ဆုံးပတ်တွင် ဒုက္ခသည်များ အား မြန်မာနိုင်ငံမှ လက်သင့်ခံရန် သဘော တူညီ စာချွန်လွှာ ရေးထိုးခဲ့ကြပါတယ်။ သို့ သော် လက်တွေ့အားဖြင့် ဖြစ်မြောက် အောင်မြင်မှု မရှိခဲ့ပါ။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ကိုဖီအာနန်ရဲ့ စုံစမ်းရေးကော်မရှင် အစီရင်ခံစာ ကို အကောင်အထည်ဖော်သည့် ကော် မတီတစ်ရပ် ဖွဲ့စည်းပြီး အကောင်အ ထည်ဖော်ဖို့ ကြိုးစားသည့် နည်းတူ ဒုက္ခ သည်များ ပြန်လည်လက်ခံဖို့ အစီအစဉ် များ ဆောင်ရွက်လျက်ရှိကြောင်း သတင်း များအရ သိရှိရပါတယ်။

ယခုနောက်ဆုံးဖြစ်ပေါ်သည့် အခြေ  အနေအချက်အလက်မှာ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့ သည် ဧပြီ ၂၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နေထိုင်နေကြသည့် ဘင်္ဂါလီဒုက္ခသည်များထံ သွားရောက်ခဲ့ပြီး သည့်နောက် ဧပြီ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ တွေ့ဆုံ ခဲ့ပြီး ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းတွင် မြန်မာ နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ယင်းကုလသမဂ္ဂလုံခြုံ ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်က ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်မှ စိစစ်သူများ အား ပြန်လည်လက်ခံရန် အဆင်သင့် ဖြစ် နေပြီဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများအား ဆောလျင်စွာ ပြန်လည်လက်ခံရေးမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပူးပေါင်းမှုလိုအပ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူထားသည့် ပုံစံမှန်များ ကို ဖြည့်စွက်၍ ဆောလျင်စွာ ပြန်ပေးပို့ဖို့ လို အပ်ကြောင်း၊ ထိခိုက်ခံအသိုင်းအဝိုင်း များ အားလုံးကို လူသားချင်းစာနာမှု အ ကူအ ညီများ ပေးအပ်မှု၊ အသိုက်အဝန်း များအကြား ယုံကြည်မှုပြန်လည်တည် ဆောက် ရေး လိုအပ်မှု၊ နိုင်ငံသားပြုရေး ကိစ္စ၊ IDP စခန်းများ ပိတ်သိမ်းလျက်ရှိမှု၊ National Verification Card (NCV) များ ထုတ် ပေးသည့်ကိစ္စ၊ တရားဥပဒေ စိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ နယ် နိမိတ်မျဉ်းပေါ်တွင် နေထိုင် သူများ ပြဿနာ၊ အကြမ်းဖက်မှု အချိန် မရွေး ပြန်လည်ဖြစ် ပေါ်လာနိုင်ခြေရှိမှု၊ ပဋိပက္ခဖြစ်ပွားရသည့် အကြောင်း ဇာစ် မြစ်ကို ရှာဖွေဖြေရှန်းရန် လိုအပ်မှု၊ အမုန်း တရားပြန့်ပွားစေသည့် ပြောကြားမှုများ ကာကွယ်တားဆီးရေး တို့ကို ပြောခဲ့သည် များကို သတင်းများတွင် ဖတ်ရှုရတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလ သမဂ္ဂလုံခြုံရေးကောင်စီမှ အမြဲတမ်းကိုယ် စားလှယ်အဖွဲ့ဝင်များအား ညနေပိုင်းတွင် လည်း နေပြည်တော်ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်မတော် သည် နိုင်ငံတော်ကို ကိုယ်စားပြုသည့် ကာကွယ်ရေးအဖွဲ့အစည်း တစ်ခုတည်း သော တပ်မတော်ဖြစ်၍ စည်းကမ်းနဲ့ ပတ် သက်ပြီး တိကျစွာ လုပ်ဆောင်ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစွန်း ရောက် အင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့်သာ ယခုကဲ့သို့အခြေအနေ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ် ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွား သည့် ဘင်္ဂါလီများအား နှစ်နိုင်ငံသဘော တူညီချက်များနဲ့အညီ ပြန်လည်လက်ခံနိုင် ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အသင့် ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံ တော်အစိုးရ၏ ညွှန်ကြားချက်များနဲ့အညီ ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိကြောင်း၊ စွပ်စွဲခံနေရသော လိင်အကြမ်းဖက်မှုများနဲ့ ပတ်သက်ပြီး မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာအရ စက်ဆုပ်ဖွယ် အပြုအမူအဖြစ် သတ်မှတ်ထားပြီး ပြင်း ထန်စွာ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း၊ သမိုင်းကြောင်းတွင်လည်း ၄င်း ကဲ့သို့ လိင်အကြမ်းဖက်မှုများ မရှိကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ လူသား ချင်း စာနာမှုအကူအညီများ ပေးအပ်ရာ တွင် ဒေသခံတိုင်းရင်းသားများအားလည်း အလေးထား သာတူညီမျှသည့် ကူညီမှုများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနဲ့ မေ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ သွားေ ရောက် လေ့လာစဉ် ပွင့်လင်းစွာ မေးမြန်း ပြီး နှစ်ဖက် မျှတစွာ စဉ်းစားသုံးသပ်စေ လိုကြောင်းများကို ပြောဆိုဆွေးနွေးခဲ့ သည်ကို သတင်းများအရ သိရပါတယ်။

ထို့နောက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အထူးကိုယ်စားလှယ်အဖွဲ့သည် မေ ၁ ရက်တွင် ရခိုင်ပြည်နယ်သို့ သွား ရောက်ကာ ညပိုင်းတွင် နေပြည်တော် အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိပြီး သတင်းစာရှင်းလင်းပွဲပြုလုပ် ရာတွင် ဘင်္ဂါလီတို့ကို ဖိနှိပ်မှုစွပ်စွဲချက်များ နဲ့ပတ်သက်၍ မြန်မာနိုင်ငံက မှန်မှန်ကန် ကန် စုံစမ်းစစ်ဆေးပေးရမည်ဟု ပြော ကြားခဲ့တယ်။

ဗြိတိန်၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ကာရင်ပီယာ့စ်က – တာဝန်ခံမှု ရှိဖို့ဆိုရင် မှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးရ ပါမယ် – ဟု သတင်းထောက်များကို ပြော ကြားခဲ့ပါတယ်။

“ ပြည်တွင်းကပဲဖြစ်ဖြစ်၊ အပြည်ပြည် ဆိုင်ရာကပဲဖြစ်ဖြစ် ဘယ်လိုစုံစမ်းစစ်ဆေး မှုပဲဖြစ်ဖြစ် ယုံကြည်စိတ်ချရမှုရှိဖို့ပဲ အရေး ကြီးပါတယ်”ဟု ပီယာ့စ်က ထပ်မံပြော ကြားခဲ့ကြောင်း သတင်းများဖတ်ရှုရပါ တယ်။

ရခိုင်အရေး ရင်မအေးရပါနှင့် မောင်မိုးသူပါ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts