မောင်မိုးသူ

မောင်မိုးသူ – မြူမှောင်ဝေကင်း ငွေအဆင်း စန္ဒ ပြည်ထောင်တိုင်းမြန်ပြည် ငြိမ်းချမ်းအောင် ဆု …


မောင်မိုးသူ – မြူမှောင်ဝေကင်း ငွေအဆင်း စန္ဒ ပြည်ထောင်တိုင်းမြန်ပြည် ငြိမ်းချမ်းအောင် ဆု … 

(ကုမုဒြာအွန်လိုင်း၊ ရန်ကုန်) မိုးမခ၊ ဧပြီ ၁၃၊ ၂၀၁၈

စံ-မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ် လာအရ မြန်မာနှစ်သစ်ကူးအခါသမယတွင် နှစ်ဟောင်းက အညစ်အကြေးများကို အတာရေနဲ့ ဆေးကြော၍ နှစ်သစ်၊ ခေတ် သစ်ကို ကြိုဆိုကြရတဲ့ အစဉ်အလာ ဖြစ်ပါ တယ်။ မြန်မာ့ရိုးရာ အစဉ်အလာအရ သင်္ကြန် အခါသမယမှာ သက်ကြီးဝါကြီး လူကြီး မိဘများကို ရေကန်တော့တဲ့ အစဉ်အလာ ရှိပါတယ်။ မန္တလေးသားဖြစ်တဲ့ မောင်မိုးသူ လည်းပဲ မန္တလေးမှာ နေထိုင်စဉ်ကာလက သင်္ကြန်အခါသမယမှာ သက်ကြီးဝါကြီး ဆရာသမားများကို နှစ်စဉ်နှစ်တိုင်း ရေ ကန်တော့ သွားရလေ့ ရှိပါတယ်။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ ရန်ကုန်ကို ရောက်ရှိလာတဲ့ နှစ်ပေါင်းက ၅၀ ကျော် ရှိနေပြီဖြစ်လေတော့ အသက် ၈၂ နှစ်ရှိပြီ ဖြစ်တဲ့ မောင်မိုးသူအဖို့လည်း သင်္ကြန်ရဲ့ ရေကန်တော့တဲ့အစဉ်အလာ မလုပ်ဖြစ်တာ၊ မကန်တော့ဖြစ်တာ ကြာခဲ့ပြီဖြစ်သလို ရေလာကန်တော့တာ မခံရတာလည်း ကြာ ပါပြီ။
သည်နှစ်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူထုဦးစိန်ဝင်းရဲ့သမီး ချောအိတို့ ဇနီး မောင်နှံဟာ မောင်မိုးသူကို ရေလာကန် တော့ကြပါတယ်။ အင်းလေ ကိုစိန်ဝင်းက လည်း ရွှေဘိုသား မဟုတ်လား၊ ဦးလေးလှ၊ အမေမာတို့ရဲ့ လက်ရင်းသားတပည့်တွေ ပဲလေ။

ယခင် ကိုစိန်ဝင်းရှိစဉ်က ဦးဝင်းတင်၊ ကိုစိန်ဝင်းနဲ့ မောင်မိုးသူတို့သုံးယောက်လုံး ဟာ အပွဲပွဲသော သတင်းအရေး၊ နိုင်ငံ့အ ရေးတွေမှာ အတူနွှဲခဲ့ကြတာပေါ့။ ကိုစိန် ဝင်းလည်း ကွယ်လွန်သွားရှာပါပြီ။ ဦးဝင်း တင်လည်း ကွယ်လွန်တာ နှစ်ပတ်လည်ပဲ ပေါ့။

ချောအိတို့ဇနီးမောင်နှံလည်း ဦးလေးလှ၊ အမေမာတို့ကိုလည်း ကန်တော့စရာ မရှိတော့၊ ဦးဝင်းတင်လည်း ကန်တော့စရာ မရှိလေတော့ ကြံမိကြံရာ ရှင်သန်ကျန်ရစ်တဲ့ မောင်မိုးသူကို လာရောက် ရေကန် တော့တာ ဖြစ်ပေတာပေါ့လေ။ ချောအိတို့ ဇနီးမောင်နှံ ရေလာကန်တော့တဲ့အချိန်မှာ မောင်မိုးသူဟာ သင်္ကြန်အထူးထုတ်ကို မော်ဒန်ဂျာနယ်အတွက် ဆောင်းပါးလည်း ရေး၊ တစ်ချိန်တည်းမှာ နှစ်သစ်ဆုတောင်း စကားလည်း ရေးပေးရတာဖြစ်လေတော့ မန္တလေးသားပီသစွာပဲ မြူမှောင်ဝေကင်းနဲ့ ဖွင့်လိုက်ရပါတယ်။ အရေးကြီးတဲ့ ငြိမ်းချမ်း အောင်ဆု ရစေချင်ကြောင်း၊ ဖြစ်မြောက် အောင်မြင်စေချင်ကြောင်းလည်း ဆုတောင်းမိရတာပေါ့။

ဆုမတောင်းလို့လည်း မဖြစ်နိုင်ပေ ဘူး။ အသက် ၈၂ နှစ်ရှိနေပြီဖြစ်တဲ့ မောင် မိုးသူဟာ မန္တလေးကို ဗုံးကြဲခံရစဉ်က မိသားစုလိုက် စစ်ကိုင်းတောင်ရိုး ခိုခဲ့ရသူ ဖြစ်ပါတယ်။ ဂျပန်ခေတ်မှ မန္တလေး ပြန်ရောက်တာကိုး။ မန္တလေးပြန်ရောက်တော့ လည်း မြို့မရဲ့ ပြည်တော်ဝင်နဲ့္တမောင်မိုးသူ ကြိုခဲ့ကြရတာပေါ့။

“အခါတော်ရောက်ချိန် နီးလို့လာပြီ လေxx ဒေါ်ဒေါ် မမ နှမတို့ရေxxx အသည်း စွဲ ချစ်မိတ်ဆွေ xxx ခေတ†ခွဲလို့နေxxx မြို့မ နဲ့ အတူတကွ လိုက်ပါနိုင်ပြီလေ xxx အောင် စည်ရွမ်းသံကြားရင်ဖြင့် ပြည်တော်ဝင်မယ် လေxxx˘

မောင်မိုးသူ ၉၀-၉၁ ထောင်ထဲမှာ ရှိစဉ်တုန်းက မောင်မိုးသူ (၂) တိုက်မှာ နေရ ပါတယ်။ (၃) တိုက်မှာတော့ ဦးဝင်းတင်နဲ့ ဘကြီးအောင်တို့ ရှိကြတယ်။ (၂) တိုက်မှာ က မောင်မိုးသူရယ်၊ မောင်သော်ကရယ်၊ မောင်ကိုယုရယ်က ရှိကြတာ။ (၂) တိုက်နဲ့ (၃) တိုက်မှာက ဘုံရေကန်တစ်ခု (၃) တိုက် နံဘေးမှာ ရှိတယ်။ အဲသည်တော့ (၂) တိုက် မှာ နေကြရတဲ့ မောင်မိုးသူတို့က ရေချိုး ထွက်ရင် (၃) တိုက်ရဲ့ နောက်ကျောက ဖြတ် ပြီး ဘုံရေကန်မှာ ရေချိုးရပါတယ်။
မောင်မိုးသူ ရေချိုးထွက်တိုင်း (၃) တိုက်မှာ နေကြတဲ့ ဦးဝင်းတင်တို့၊ ဘကြီး အောင်တို့ ကြားရလေအောင် “ပြည်တော်ဝင်” သီချင်းကို အသံကုန်ဖွင့်ပြီး အမြဲဆို သွားနေကျပေါ့။ မောင်မိုးသူ ထောင်ထဲမှာ ရှိနေစဉ် ကာလအတွင်း သည်သီချင်းတစ် ပုဒ်တည်း အမြဲဆိုနေကျဖြစ်နေတော့ ထောင်ထဲမှာ အကျဉ်းကျနေခဲ့တဲ့ ရဲဘော်တွေ အားလုံးကလည်း သည်သီချင်းကို အ မှတ်ရကြပါတယ်။

မောင်မိုးသူရဲ့ ဘဝတစ်လျှောက်လုံး အင်္ဂလိပ်အစိုးရခေတ်၊ ဂျပန်အစိုးရခေတ်၊ လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ခေတ်၊၁၉၄၈ မှ လွတ်လပ်ရေးရတဲ့ခေတ်ကိုလည်း ကြုံ ကြိုက်ခဲ့ရသည့်နည်းတူ လွတ်လပ်ရေးနဲ့ တစ်ပါတည်း ပေါ်ပေါက်လာတယ်လို့ ဆိုရ မယ့် ပြည်တွင်းစစ်မီးကိုလည်း ကြုံကြိုက် ဆုံစည်းခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါ ကြောင့်လည်း ဆရာကြီးသခင်ကိုယ်တော် မှိုင်း ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုများ မှာ မောင်မိုးသူတို့ ပါဝင်ခဲ့ကြရတာပေါ့။ နောက်ပြီး စစ်အစိုးရခေတ်အဆက်ဆက် မှာ ထောင်တွင်းကိုလည်း နှစ်ကြိမ်သုံးကြိမ် ရောက်ခဲ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည် ထောင်ပြီး အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ပင်လုံအထိ အရောက်သွားပြီး ပင်လုံကျောက်တိုင်မှာ အဖွဲ့ချုပ် ကြေညာစာတမ်းဖတ်ကြားခဲ့ကြ ပါတယ်။ အဲသည်အချိန်က တောင်ကြီး ညစာစားပွဲတစ်ခုမှာ ဒေါ် အောင်ဆန်းစု ကြည်က ပင်လုံစာချုပ်မှာ ပါဝင်ခဲ့သူ ရှမ်းခေါင်းဆောင်တစ်ယောက်နဲ့ ညစာ စားပွဲမှာ စကားပြောဆိုကြတော့ ရှမ်း ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း လက်ထက်က လွတ်လပ်ရေးရအောင် ပင် လုံညီလာခံခေါ်ပြီးတော့ တိုင်းရင်းသား အားလုံး စုစည်းညီညွတ်မှုကို ပြသခဲ့ဖူးပါ တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကကော ဘယ်လိုလုပ်မလဲဆိုတော့ ဒေါ်အောင် ဆန်းစုကြည်က ကျွန်မတို့ခေတ်ကျတော့ လည်း တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ဒုတိယပင်လုံညီလာခံကို ခေါ်ကြရမှာပေါ့ လို့ ပြောခဲ့ဖူးပါတယ်။ အဲသည်အချိန်က သူတို့နှစ်ယောက်ဘေးမှာရှိနေသူကတော့ မောင်မိုးသူပဲ ဖြစ်ပါတယ်။

ယခုတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအားလုံးပါဝင်တဲ့ ပင်လုံ ညီလာခံကြီး ခေါ်ဆိုဖို့ လုပ်ဆောင်နေတာ ကို တွေ့မြင်နေရပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လုပ်ဆောင်ဖို့ ကြိုးပမ်းလုပ် ဆောင်ရာမှာ အခက်အခဲတွေ၊ စိန်ခေါ်မှု တွေ အများကြီးမှ အများကြီး ကျော်ဖြတ် ကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူသား က လေးတစ်ဦးရဲ့ ပထမဆုံး လမ်းစလျှောက် တဲ့ ခြေလှမ်းဟာ အလွန်အရေးကြီးတယ်၊ အရေးပါတယ်လို့ ဆိုကြတယ်မဟုတ် လား၊ ငြိမ်းချမ်းရေးခရီး ငြိမ်းချမ်းရေးလမ်း ကြောင်းပေါ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ တိုင်းရင်းသားပေါင်းစုံ ပြည်သူတစ် ရပ်လုံး အားလုံးစည်းလုံးညီညွတ်မှုနဲ့ ငြိမ်း ချမ်းရေးလမ်းစ ပထမခြေလှမ်းကို လှမ်းခဲ့ နိုင်ကြပြီ ဖြစ်ပါတယ်။

၂၀၁၈ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရသက်တမ်း နှစ်နှစ်ပြည့်မြောက် တဲ့ကာလ ဖြစ်ပါတယ်။ နောက် သုံးနှစ် ကာလကို ဖြတ်သန်းကြရဦးမှာ ဖြစ်ပါ တယ်။ အဲ သည် သုံးနှစ်ကာလကို ဖြတ် သန်းဖို့ သမ္မတအသစ် ဦးဝင်းမြင့် ကတိ သစ္စာပြုပြီး တိုင်းပြည်အတွက် အရေး ကြီးတဲ့ လုပ်ရပ်သုံးခုကို ဆောင်ရွက်ဖော် ဆောင်ဖို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ (၁) တရား ဥပဒေစိုးမိုးရေးနှင့် ပြည်သူများရဲ့ လူမှုစီးပွား ဘဝ တိုးတက်မြင့်မားရေး၊ (၂) အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုကြီး တည်ဆောက် ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမည် တို့ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာ အရ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုကြရမည် မဟုတ်ပါလား။ ပြည်တော် ဝင်ရဲ့ ဒုတိယအပိုဒ်မှာ “ကျွန်တော်တို့ ရတနာပုံနေပြည်xx တင့်တယ်သာယာ စည် ကား ဟိုတုန်းအခါကလေ xx အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံဖန်စို့ လေ xxx မေ့မေ့ပျောက်ပျောက် အောက်မေ့ လှပေ xx တိုက်တာအိမ်တွေ စည်းစိမ် ရှင်တွေ လူကြံရင် ခံနိုင်ဘူး အထူးပင် မှတ် ကြပေ xx အရင်လို ပျော်ပျော်ရွှင်ရွှင် နေxx မြို့မအသင်းက ပြောပေ xx ဖြစ်ဟေ့ ဆို ဖြစ်ရမယ်ဟဲ့ ခေတ်သစ်လူသား အား မာန်တောင့်တင်းနေ xx အခါတော်ရောက်ချိန် နီးလို့လာပြီလေ xx ဒေါ်ဒေါ် မမ နှမတို့ ရေ အသည်းစွဲချစ်မိတ်ဆွေ xx ခေတ္တခွဲလို့ နေ xx မြို့မနဲ့အတူတကွ လိုက်ပါနိုင်ပြီလေ xx အောင်စည်ရွမ်းသံကြားရင်ဖြင့် ပြည်တော်ဝင်မယ်လေxxx ” တဲ့။

၂၀၁၈ နှစ်သစ်ကူး အထူးကာလမှာ သင်္ကြန်မိုးလည်း တစ်ဖြိုက်နှစ်ဖြိုက် ရွာလိုက်လို့ ပိတောက်ပန်းများလည်း လန်းကြွစွာ ဆာဆာဝေနဲ့ သူလည်းလေ လောကီ သားပေမို့ ဆိုတဲ့ ဆရာဇော်ဂျီရဲ့ ပိတောက် ပန်းကဗျာထဲကလို ပိတောက် ပန်းတွေလည်း ပွင့်ဖူးနေကြပါပြီ။ ၂၀၁၈ နှစ်ကူး ကာလမှာ ခေတ်သစ်လူသားများ က ခေတ် သစ် လူသားအားမန် ဖွံ့ဖြိုးနေ ပါပြီ။ ငြိမ်းချမ်းအောင်ဆု ရအောင်ယူကြ ဖို့ ပြည်သူတွေရဲ့ အကျပ်အတည်းများကို ဖြေလျှော့ ပြီး ဖွံ့ဖြိုးတိုးတက်မှု ရရှိလာစေ အောင် တရားဥပဒေစိုးမိုးရေး မယိုင်မလဲ ခိုင်မြဲရ လေအောင် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုကြီး ဖော်ဆောင်နိုင်ကြပါ စေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက် ရ ပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts