လွင် (ဘော်တွင်း) ● ချိန်ခွင်လျှာကလေး (မိုးမခ) ဧပြီ ၁၀၊ ၂၀၁၉ သဲတုန်လေးဟာ ချိန်ခွင်ရဲ့လျှာကလေးကို ဘောင်ထဲမှာပိတ်မိနေအောင် လက်ကလေးနှစ်ဘက်နဲ့ ဆုပ်ကိုင်ထားတယ်။ လွှတ် လိုက်တာနဲ့ ချိန်ခွင်လျှာကလေးက တဖက်ကို စောင်းပြီးထွက်လာတယ်။ အဲဒီလျှာကလေးကို ချိန်ခွင်လက်ကိုင်ဘောင် ထဲပြန်ပိတ်မိအောင် ဇွတ်အတင်းပြန်ထည့်ပြီးဆုပ်ကိုင်ပြန်တယ်။ နောက် လက်ပြန်လွှတ်လိုက်တာနဲ့ ချိန်ခွင်လျှာက ပြန် ထွက်လာပြန်ပါတယ်။ မနေ့က သူ့ကြီးဒေါ်ကြီး ခင်မမ…

Continue Reading

လွင် (ဘော်တွင်း) ● သားရှင် (မိုးမခ) ဇန်နဝါရီ ၂၄၊ ၂၀၁၈ “မမကြီးကလည်းလေ၊ ဘာလို့များ ဒါတွေ ဒုက္ခခံပြီးပို့ရတာလဲ။ ကျေးဇူးတင်ပါတယ် သော်လေးရေ။ အဲဒီနားမှာချ။ ညည်း အကိုကျော်တော့ မြို့ထဲသွားလေရဲ့။ အဆင်ပြေပါစေ ဆုတောင်းရတာပါပဲအေ။ ညည်းတူတွေတော့ ခဏနေပြန်ရောက်လာ ကြတော့မှာ၊ စောင့်ဦးမလား။ ထိုင်အေ။ ငါဒါလေး လက်စသတ်လိုက်ဦးမယ်” “မမနှင်းရော အလုပ်ဖြစ်ရဲ့လား” “ဒီလိုပဲပေါ့သော်လေးရယ်။…

Continue Reading

လွင် (ဘော်တွင်း) ● တချိန်ကချစ်လှစွာသော (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၈ ‘ဖတ်ပြီးပြီဆိုရင် မကျေနပ်တာ၊ ပြင်စေချင်တာရှိရင်ပြောပါ’ ကျေနပ်ပါတယ်ဟူသောသဘောဖြင့် သူခေါင်းညိတ်ပြသည်။ သူ့အမည်၏အပေါ်ဖက်၊ ရှေ့နေမှ ထောက်ပြသော နေရာတွင် လက်မှတ်ထိုးလိုက်သည်။ ပြီးတော့ စာမျက်နှာတိုင်း၏  အောက်ဖက်နေရာလွတ်များတွင် လက်မှတ်ထိုးသည်။ သူလက်မှတ် ထိုးပြီးသောစာချုပ်ကို ရှေ့နေကယူ၍ လက်မှတ်များကိုစစ်ကြည့်ပြီးမှ ယုယုဘက် သို့ချပေးသည်။ ယုယုလက်မှတ်ထိုးရ မည့်နေရာကို…

Continue Reading

လွင် (ဘော်တွင်း) ● ခြတောက်သံ (မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၈ ရှမ်းပြည်မြောက်ပိုင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေသုံးထောင်ကျော်အရပ်၏ ဆောင်းညသည် ချမ်းအေးလှသည်။ မြို့ကလေးသည် နှင်းမှုန်တို့အောက်တွင် တိတ်ဆိတ်နေသည်။ ဥသြဆွဲသံလေးချက်က ညကိုးနာရီခွဲပြီဖြစ်ကြောင်း မြို့သူမြို့သားများကို အသိပေးလိုက်သည်။ သူမသည် မေမေနှင့်အတူ ဂွမ်းကပ်စောင်ထူများအောက်သို့ ရေနွေး ပုလင်းများ၊ ရေနွေးအိပ်များထည့်သည်။ ဒါမှ အိပ်ရာသည် နွေးထွေးနေလိမ့်မည်။ ကဲ…

Continue Reading

လွင် (ဘော်တွင်း) ● ချစ်သူနှင်းဆီ (မိုးမခ) မေ ၂၇၊ ၂၀၁၈ ဖော့ပိုက်ကလေးများကို အသာအယာဆွဲချွတ်လိုက်သောအခါ အချုပ်အနှောင်မှ လွတ်သွားသော နှင်းဆီပွင့်ချပ်တို့သည် အညောင်းအညာဆန့်လိုက်သည့်အလား ပွင့်အာလာလေသည်။ ရိုးတံတွေကို ညီအောင်ဖြတ်ရင်း မောင့်ကို ညာမိသည့် အကြောင်း တွေးမိနေသည်။ တကယ်တော့ ညိုမညာချင်။ ညာရတာမကောင်း။ မောင်ကိုညာဖို့ ရည်ရွယ်ချက်လည်းမရှိ၊ ညာမှဖြစ်မည့်အကြောင်းလည်းမဟုတ်ပါပဲ ညာရသည့်အတွက် စိတ်ပင်ပန်းရသည်။ ဘုရားစင်တွင်…

Continue Reading

လွင် (ဘော်တွင်း) ● ဗိုင်းရပ်စ် (မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၇ အေးတယ်။ ပတ်ဝန်းကျင်ဟာ မဲမှောင်နေတဲ့ မိုးတိမ်တွေကြောင့် မှုန်မှိုင်းနေတယ်။ လမ်းပေါ်က လူတွေဟာ ထီးကိုအားကိုး အကာအကွယ်ယူရင်း ခပ်သုတ်သုတ် သွားလာနေကြတယ်။ သုတ်ခနဲဝေ့လိုက်တဲ့ အေးစက်စက်လေညင်းဟာ မကောင်း ဆိုးဝါးတကောင်ကောင် အနားကပ်လာသလိုမျိုး။  အိမ်ထဲမှာပဲ အဝတ်တွေလှမ်းနေရတဲ့ အိမ်ရှင်မရဲ့ကျောရိုးတလျှောက် စိမ့်ခနဲ ဖြစ်သွားတယ်။ လည်ကုပ်ပေါ်ကမွှေးညင်းနုကလေးတွေ…

Continue Reading

လွင် (ဘော်တွင်း) ● သဟဇာတ (မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၇ “နင်တို့က ကုလားလား။ ငါမေးတာက ဝက်သားမစားတဲ့ကုလားလားလို့” ကျွန်မတို့ညီအစ်မနှစ်ယောက် တယောက်မျက်နှာတယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ ဒီလိုမေးခွန်း အမေးခံရခြင်း သည် ကျွန်မတို့အတွက် အဆန်းမဟုတ်။ ကျွန်မတို့၏ ရုပ်ရည်တွေသည် ကုလားနှင့်တူသည်ကို ကိုယ့်ဘာသာသိပြီးသား။ တက္ကသိုလ်ရောက်မှ ခင်ရသော သူငယ်ချင်းအတော်များများက လ္ဘက်ရည်ဆိုင်ထိုင်ရင်း၊ ထမင်းအတူစားရင်း ကျွန်မတို့…

Continue Reading

လွင် (ဘော်တွင်း) ● နှုတ်ဆက်အက်ဆေး (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ဇူလိုင် ၂၀၁၇ ထုတ်မဂ္ဂဇင်းမှ ဖြစ်သည်။   ကွင်းပြင်ကျယ်မှာ လေက ဟူးဟူးရားရားတိုက်နေတယ်။ တချက်တချက် လူပါယိမ်းထိုး သွားမတတ်ပဲ။ မြက်ပင် စိမ်းစိမ်းနုနု လေးတွေတောင် ကွေးညွတ်အိပြားနေကြတယ်။ ဒီကွင်းပြင်ကျယ်ကြီးထဲမှာ အိမ်ရာစီမံကိန်း စနေပြီမို့…

Continue Reading

လွင် (ဘော်တွင်း) ● သမုဒယသစ္စာ (မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၇ “ကတုံး ကတုံး ဥသျှစ်လုံး” အမေက သီလရှင်နှစ်ပါးကို ဆွမ်းဆန်လောင်းနေရင်း အော်လိုက်ပါတယ်။ စာကြည့်နေတဲ့ ကျွန်မ မျက်လုံးပြူးသွားပြီး အမေ၊ ဘာဖြစ်တာတုံးလို့ လှမ်းမေးလိုက်တော့မှ အမေလည်း သတိဝင်သွားပြီး သီလရှင်နှစ်ပါးကို ဆရာ လေးတို့ ကန်တော့နော်၊ ကန်တော့၊ တပည့်တော် ဟိုကလေးတွေကို…

Continue Reading

လွင် (ဘော်တွင်း) ● ရွှေရတု (မိုးမခ) မေ ၁၄၊ ၂၀၁၇ ‘အခါတော်..ပေး..တာက…နတ်ရေးငယ်..ရွှေစာ……….’ ရွှေရတုဆိုတာ နှစ်ပေါင်းငါးဆယ်လို့ပြောတာ။ သူနဲ့အန်တီ ခုတော့နှစ်ပေါင်း ငါးဆယ်တိုင်ခဲ့ပြီ။ ခုခေတ်စားနေတယ့် သီချင်း ထဲကလိုပြောရရင် မှားခဲ့တာ နှစ်ပေါင်း ငါးဆယ်ရှိခဲ့ပြီပေါ့။ ဒီအသက်ဒီအရွယ်မှာတော့ ငယ်ငယ်ကထားခဲ့တဲ့ မာနတွေ၊ တန်ဖိုးတွေ အရှက်တွေဟာ ဘာမှမဟုတ်တော့သလိုပဲ။ ‘နေနဲ့လ၊ ရွှေနဲ့မြပမာ..သူငယ်ချင်းတို့ မင်္ဂလာသတင်း..ကောင်းချီးသြဘာ ထောပနာသံတွေ…’…

Continue Reading

လွင် (ဘော်တွင်း) ● အိမ်ပျောက်သူ (မိုးမခ) မတ် ၃၀၊ ၂၀၁၇ ဆောင်းကျွတ်လုပြီ နွေရာသီလည်း မပီတတ်သေး ဝိုးဝါးထွေးလျက် ဆရာကြီးမြသန်းတင့်၏ တမာနုချိန်စစ်တမ်းကို ဖတ်သည်။ ဆရာကြီးသည် နွေဦးတွင် ဇာတိရွာ အညာကို လွမ်းလေသည်။ ရန်ကုန်မှာတော့ တမာက အရှားသား။ တမာကို ကျမ မကြိုက်ပါ။ ခါးသက်သော တမာရွက်နု၏ အရသာကို ကျမမခံစားနိုင်…

Continue Reading

လွင် (ဘော်တွင်း) ● တန်ဖိုး (မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၁၇ စာသင်ခန်းထဲသို့ မရဲတရဲလှမ်းဝင်လာသောသက်နှင်းကို ကလေးတွေက ပြုံးချိုစူးစမ်းသော မျက်နှာများနှင့်ကြည့်ကာ “မင်္ဂ လာပါဆရာမ”ဟု တညီတညာတည်း နှုတ်ဆက်လိုက်သည်။ သက်နှင်းလဲ ခပ်တည်တည်နှင့် “မင်္ဂလာပါကွယ်၊ ထိုင်ကြ ထိုင်ကြ” ဟု ပြန်ပြောလိုက်သည်။ ရင်ထဲမှာမူ တထိတ်ထိတ်။ ဘာကဘယ်လို စသင်ရမှန်းမသိ။ အို ဘာဖြစ်လဲ။…

Continue Reading

    လွင်(ဘော်တွင်း) – ညို ရဲ့ကမ္ဘာ (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၆ ညိုအိပ်လိုက်ဦးမယ်။ အိပ်ရင်အိပ်မက်မက်တယ်လေ။ အိပ်မက်ထဲမှာက ပျော်စရာကောင်းတယ်။ ညို့ရဲ့လက် တွေ့ဘဝက အိမ်ရှင်မ။ ကလေးတွေငယ်တုန်းကတော့ ညိုပျော်ပါတယ်။ သူတို့ကိုသေချာမစောင့်ရှောက်နိုင်မှာ စိုးလို့ ညိုအလုပ်ထွက်ပြီး အိမ်ရှင်မဘဝခံယူခဲ့တာ။ အခုတော့သူတို့တွေကြီးကုန်ပြီ။ ငယ်ငယ်တုန်းကလို ညိုကပဲ အကုန်လိုက်လုပ်ပေးနေစရာ မလိုတော့ဘူး။ အငယ်ဆုံးတကောင်ပဲ၊ ညို့ကိုသိပ်ကပ်တယ်။ သူလဲအချိန်တန်…

Continue Reading