ဇင်လင်း – နှစ်သစ်ကူးပြန်ပေါ့ … (မိုးမခ) ဧပြီ ၁၈၊ ၂၀၁၉ – နှစ်တွေ  နှစ်တွေ သစ်လိုက် ညစ်လိုက်နဲ့ သစ်ခဲ့ပေါင်းလည်း များလှပေါ့၊ ညစ်ခဲ့ပေါင်းလည်း များလှပေါ့ – သစ်ပြီးရင် ညစ် ညစ်ပြီးရင် ဟောင်း ဟောင်းပြီးတော့ နွမ်းရတာ … ဓမ္မတာဆိုပေမယ့် အသွင်သဏ္ဍာန်သာ သစ်ရုံမဟုတ်ဘဲ အတွင်းအနှစ်ပါ သစ်ဖို့လိုတယ်…

Continue Reading

ကိုအောင်မှိုင်း ● သြင်္ကန်ဆုတောင်း (မိုးမခ) ဧပြီ ၁၆၊ ၂၀၁၉ ပိတောက်တွေဝေနေတဲ့ တို့တိုင်းပြည်မှာလေ။ ယမ်းငွေ့တွေဖြန်းပက်လို့ အလှတွေပျက်ခဲ့။ သြင်္ကန်မျက်နှာပေါ် ထင်နေတဲ့ မျက်ရည်စတွေ။ စစ်ပွဲတွေကြားက စွန်းထင်းနေတဲ့ သွေးစတွေ။ စစ်ပွဲတွေကြားက ကခုန်နေကြတဲ့ ခြေတုတွေ။ စစ်ပွဲတွေကြားက ပြုံးရီနေကြတဲ့ မျက်နှာတုတွေ။ စစ်ပွဲတွေကြားက ဖူးပွင့်နေတဲ့ ပိတောက်တုတွေ။ စစ်ပွဲတွေကြားက မုဆိုးမအမေ အဖေမဲ့ကလေး ခြေတဖက်ပျောက်…

Continue Reading

ကမ်လူဝေး ● ဒီမိုကရေစီ (Langston Hughes ရဲ့ Democracy ကိုဘာသာပြန်သည်။) (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၉ အလျော့ပေးညှိနှိုင်းမှုနဲ့ အကြောက်တရားတွေကို ဖြတ်လို့ ဒီမိုကရေစီဟာ ရောက်မလာဘူး ဒီကနေ့ ဒီနှစ် ဘယ်တော့မှ ရောက်မလာဘူး။ တခြားရဲဘော်တွေ လိုပါပဲ ငါ့မှာ အမှန်တရားတွေ အများကြီးရှိရဲ့ ငါ့ ခြေနှစ်ချောင်းပေါ် မြဲမြဲရပ်ဖို့နဲ့ ငါ့မြေကို…

Continue Reading

ဝါကျဖြူ ● သတ္ထုအရေခွံများ (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၉ မီးရထားခိုးစီးလာတဲ့ တစ္ဆေတကောင်က မသိစိတ်နယ်ပယ်ထဲကနေ လျှပ်စစ်စီးကြောင်းတွေနဲ့ ကမ္ဘာကီးရဲ့မျက်နှာကို ဆွဲခွာချပစ်နေပါတယ်။ ပြင်မရတဲ့ နာရီတွေထဲမှာ နှစ်ဘဝမြောက် ခိုငှက်တွေ ကျောက်သားတွေကိုထိုးဆိတ်နေတဲ့ နှုတ်သီးတွေက ဘဝတွေကို အဖန်ဖန် ရစ်နွယ်ထားတဲ့ တိတ်သားများ။ တိမ်တွေကို ကော်ဖီတခွက်စာလိုမျိုး ဖျော်ပြီးသောက်ပစ်နေရတယ် ထမင်းတွေလို မျိုစားပစ်နေရတယ် ပုံပြင်တွေဟာ ငါ့အရေပြားထဲက…

Continue Reading

ဇင်လင်း ● ငြိမ်းချမ်းရေးသို့ …. (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၉ “ငါ” မပါဘဲ မင်းဆီလာဖို့ ငါ ကြိုးစားနေတယ် မင်းလာမယ်ဆိုရင်လည်း “ငါ” ကို ခေါ်မလာခဲ့နဲ့ မင်းလာတဲ့အခါ “ငါ” ဆိုတဲ့မာန မင်းချထားခဲ့စေချင်တယ် တဒင်္ဂတိုင်း တဒင်္ဂတိုင်းမှာ “ငါ” ပေါင်းများစွာကြောင့် လူပေါင်းများစွာ သေဆုံးနေတယ် မျက်စိတမှိတ်  လျှပ်တပြက်မှာ “ငါ”…

Continue Reading

မောင်ထိန်လင်း (မြို့သာ) ● စားပွဲပေါ်က ကမ္ဘာလုံး (မိုးမခ) ဧပြီ ၁၀၊ ၂၀၁၉ စားပွဲပေါ်မှာ ကမ္ဘာလုံး ရှိတယ် ဒါကြောင့် စားပွဲပေါ်မှာ စစ်ပွဲရှိတယ်။ စားပွဲပေါ်မှာ ကမ္ဘာလုံး ရှိတယ် ဒါကြောင့် စားပွဲပေါ်မှာ ပုဒ်မ ၃၉၂ ရှိတယ်။ စားပွဲပေါ်မှာ ကမ္ဘာလုံး ရှိတယ် ဒါကြောင့် စားပွဲပေါ်မှာ လော်ဘီတွေ ရှိတယ်။…

Continue Reading

ငဇ ● ဗလာဝင်ရိုး (မိုးမခ) ဧပြီ ၇၊ ၂၀၁၉ လမင်း … လို့ ရေးလိုက်ရင် ခင်ဗျားမျက်လုံးထဲမှာ သူ့ကိုမြင်လိုက်ပြီ လေညင်းဆို အေးကြောင်း ခင်ဗျားခံစားလိုက်ပြီ ပန်းပွင့် … လို့ပြောလိုက်တာနဲ့ မွှေးတယ်လို့ ခင်ဗျားယုံကြည်ထားပြန်တယ် ယုံကြည်ချက်ကြီး ခိုင်မာတာ ကောင်းတယ်လို့ ကျွန်တော်မပြောခင် ခင်ဗျားအိတ်ကပ်ကြီးလည်း ဆပ်ပြာပူဖောင်း ကျွန်တော့် ရင်ဘတ်ကြီးလည်း ပါးစပ်ဟောင်းလောင်း…

Continue Reading

ရိုးဖွဲ့အိမ် ● ရေသေနတ်ထဲမှာ အံသွားပုံ (မိုးမခ) ဧပြီ ၆၊ ၂၀၁၉ ကျောက်စရစ်ခဲတလုံးစီကောက်ပြီး ရေထဲပစ်ချနေကြတာ လှတယ် လမ်းမပေါ်ရှိသမျှခဲတွေ လမ်းဘေးကန်ချလိုက်တယ် သစ်ရိပ်ဝါးရိပ်အမည်ရတဲ့ပန်းချီကားထဲမှာ ရယ်သံတွေ ခြောက်ကပ်ကပ်ပွင့်ကျလာတာ လှတယ် မနေ့ကအထိ ညဘက်ရောက်ရင် ကြယ်ကြည့်ဖြစ်တယ် အနီ အစိမ်း အဝါ အဖြူ  အမည်း အကုန် အလွတ်ရတဲ့အရောင်တွေ မျက်စိမှိတ်ပြီး ဝါးနေလိုက်တယ် အအ…

Continue Reading

လင်းသက်ငြိမ် ● မဟာဂီတ (မိုးမခ) ဧပြီ ၅၊ ၂၀၁၉ လူသေကောင်ရဲ့ဦးခေါင်းခွံဟာ အုတ်ဂူထဲပျင်းရိငြီးငွေ့ အပြင်ကိုလမ်းလျှောက်ထွက်လာ သူသေတဲ့ခုနှစ် သူ့ဖာသာ ပြန်မမှတ်မိတော့တဲ့ ဦးခေါင်းခွံရဲ့လမ်းလျှောက်ခန်းမှာ သမားစဉ်အတိုင်း ခွေးအူသံတွေ ထည့်ထား လိုတာထက်ပိုမှောင်ဖို့ ညကို ပြင်ဆင်ထား သွပ်မိုးကို တဗျန်းဗျန်းမြည်အောင် လေတိုးစေ သစ်ပင်တွေကို ကြောက်မက်ဖွယ် ယိမ်းကစေ ဦးခေါင်းခွံရဲ့လမ်းလျှောက်သံကို တဒေါက်ဒေါက်ကြားရ ခြေမပါလက်မပါ ဦးခေါင်းခွံက…

Continue Reading

ဆောင်းယွန်းလ ● ကြောင်လိမ်လှေခါးပေါ်မှာ (မိုးမခ) ဧပြီ ၃၊ ၂၀၁၉ ယဉ်ကျေးမှုနယ်လွန်ခဲ့တဲ့ သံစဉ်ထဲ ရိုင်းပျခြင်းက သီချင်းလေးတအေးအေးဘဲ လေအဟုန်ဆန်ဖို့ ခြေစုန်ကန်မှ အထပ်တရာတိုက်ထဲ စီးကရက်ငြိမ့်ငြိမ့်လေးခဲနိုင်မယ့် အ,ကာလကြီး ဘဝမီးတောက်ကို မူးယစ်မှုနဲ့ ဖြေဖျောက်ထားရတာက ပျော်စရာ သတင်းများများဖတ်လေလေ ဦးနှောက်များများပျက်လေလေဘဲ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ လက်ဖက်ရည်ခွက်များလည်း အီလက်ထရောနစ် ကြမ်းပြင်ပေါ်မှာ အေးစက်သွားရုံသက်သက် အမှတ်သည်းခြေဟာ ခဲလေသမျှသဲရေကျ ကြယ်တွေအကြောင်းပြောပြဖို့…

Continue Reading

  မင်းချောမြင့် ● ပေါင်းလောင်း (၂) (မိုးမခ) ဧပြီ ၁၊ ၂၀၁၉ ချောင်းကြည့်နေရတာ ပြီးတော့ မြင်ကွင်းက လွတ်မြောက်ချင်တာ အချိုသပ်လိုက်ရရုံပဲ ရနံ့တွေက ကုန်ပြီ တောင်ကတုံးများ ငယ်ဘဝများ ရေဟာ ဆာလောင်မှုအတွက် စီးမျောပစ်လိုက်ပြီ ကြည်ကြည်နူးနူးနဲ့ သယ်ဆောင်ခဲ့ပါပြီ အနည်ကျချိန်ပေါ့ ပေါင်းလောင်းဖြစ်ခဲ့တယ် ငါတို့အဖြစ်ပေါ့ မင်းချောမြင့်

Continue Reading

ေ အာ င်ေ ဝး ● ပ န်းေ ကြွ တဲ့ မ ယ် လို ဒီ (မိုးမခ) မတ်လ ၂၇၊ ၂၀၁၉ ၁၉၉၉၊ မတ်လ (၂၇) ရက်၊ ဒေါက်တာမိုက်ကယ်အဲရစ် ကွယ်လွန်။ ၂၀၀၉၊ မတ်လ…

Continue Reading

လင်းသစ္စာဦး ● အငွေ့ပျံတောအုပ် (မိုးမခ) မတ်လ ၂၃၊ ၂၀၁၉ ရင့်ကျက်ခြင်းတွေဆီ နာရီတွေဘယ်တော့မှရောက်မလာဘူး …. စိတ်ကူးထဲ နစ်နေတဲ့ပန်းလေးတပွင့်က ဒီကနေ့အဖြစ်ကို ဒုက္ခနဲ့စဖွင့်တယ် ဘယ်အရာ မဆို ချော်လဲ ရောထိုင်အဖြစ်က သိပ်မလွယ်ပါဘူး အရိပ်ချိုးနေတဲ့ သစ်ပင်တွေ အဝေးမှာ သီချင်းတပုဒ်ဟာ အသံချိုချိုနဲ့ လွင့်နေတယ် … စစ်ကြီးပြီးက အစွဲအလန်းဟာ သိပ်ပူလောင်တာပဲ စစ်ကြီးပြီးစ…

Continue Reading

ဆောင်းယွန်းလ ● ကိုယ်နဲ့လမ်းခွဲသွားတဲ့ ကမ္ဘာကြီးအကြောင်း သောင်းပြောင်းထွေလာ (မိုးမခ) မတ်လ ၂၃၊ ၂၀၁၉ အခမဲ့လွတ်လွတ်လပ်လပ်တွေးနိုင်ပါတယ် ရေးရေးလေးတောင်မထင်ခဲ့ဘူး ဘယ်လိုဘဲ တွဲရေးပေမယ့်လည်း ချမ်းသာခြင်းနဲ့ ဆင်းရဲမှုဟာ တနေရာစီမှာ မွေးနေ့ပွဲကျင်းပဖို့ကလွယ်လွန်းပြီး အသုဘကို မြေကျအောင်မချနိုင်တဲ့ပြဿနာ ကိတ်မုန့်တလုံးကို ကာလတန်ဘိုးဖြတ်မရနိုင်သလို အခေါင်းတခေါင်းထဲ အလောင်းနှစ်လောင်းထပ်ထည့်နေရတဲ့ ကာလကြီး ဒီမီးကို ဘယ်သူတွေပျိုးခဲ့တာလဲ မြေသြဇာမသုံးရဘဲ ကြီးထွားမြင့်တက်လာတဲ့ အခိုးအငွေ့ တွေထဲ…

Continue Reading

ဖိုးရွှေညီမှိုင်း ● ရာဇဝင်​ (မိုးမခ) မတ်လ ၂၂၊ ၂၀၁၉ မနက်​ဖြန်​ ဖြစ်​လာမှာ​တွေကို ​စောင့်​​မျှော်​​နေကြသူ​တွေနဲ့ မနက်​ဖြန်​ ဖြစ်​လာမှာ​တွေကို ​ကြောက်​ရွံ့နေကြသူ​တွေရဲ့ ဒရာမာ*ကြီးမှာ သူရဲ​ကောင်းက တ​ယောက်​တည်းလား ချစ်​ခြင်းတရားကို ချစ်​ရဲသူအားလုံးဟာ သူရဲ​ကောင်း မဟုတ်​ဘူးလား ဒါဆို မင်းလည်း တခြား​ကောင်​​တွေလိုပါပဲတဲ့ ယုံကြည်​မှုကို ရူးသွပ်​သူ​တွေနဲ့ ရူးသွပ်​မှုကို ယုံကြည်​သူ​တွေ ကမ္ဘာ​လောကမှာ … တခုက…

Continue Reading

ယံဇငြိဏ်း ● ငါ့ကိုလိုက်​မရှာနဲ့ ငါထွက်​သွားပြီ (မိုးမခ) မတ်လ ၂၀၊ ၂၀၁၉ အိမ်​​ရှေ့ကစားပွဲ​ပေါ်မှာ စာ​ရေးပြီးထားခဲ့လိုက်​တယ်​ ငါ့ကိုလိုက်​မရှာနဲ့ ငါထွက်​သွားပြီ ဒီစာကိုဖတ်​ပြီးတဲ့​နောက်​ အရင်​ဆုံးပြူးပြူးပြာပြာဖြစ်​သွားမယ့်​သူက ဘယ်​သူဖြစ်​မှာပဲ တစ်​ခါတစ်​​လေ စိတ်​ဝင်​စားဖို့သိပ်​ပြီးမ​ကောင်းတဲ့အရာ​တွေက ငါတို့အတွက်​စိတ်​ဝင်​စားစရာ​ကောင်း​နေပြန်​တယ်​ ထွက်​သွားတာ ဘာနဲ့လဲ … ဘာအဝတ်​အစားဝတ်​သွားတာလဲ … ကျောပိုးအိတ်​​ရောပါသွား​သေးလား … ပိုက်​ဆံ​တွေ​ရောပါသွား​သေးလား … ပိုက်​ဆံဆိုတဲ့​နေရာ​ရောက်​​တော့ခဏရပ်​သွားမယ်​ တစ်​​ယောက်​ကို တစ်​​ယောက်​…

Continue Reading

လင်းသက်ငြိမ် ● မြို့ကြီးထဲမှာငါးတွေ (မိုးမခ) မတ်လ ၁၈၊ ၂၀၁၉ ကမ္ဘာကြီးမှာ ရေပြင်က ကုန်းမြေထက်ပိုများသတဲ့ ဒါကြောင့် လူဟာ ရေကူးတတ်ဖို့လိုတယ် ငါးက မာကြောတယ် ပါရာစီတမော မလိုဘူး အကိုက်အခဲပျောက်ဆေးမလိုဘူး လူက နုနယ်တယ် ချောင်းဆိုးရင်ကြပ် ချွဲသလိပ်လည်းကပ်တော့ ရေကူးသင့်တဲ့ အချိန် ရေကူး (ပါးပါးနပ်နပ်) ရေလောင်းသင့်တဲ့ အချိန် ရေလောင်း (ပိပိရိရိ)…

Continue Reading

ဆောင်းယွန်းလ ● အသက်က စကားပြောလာလို့ (မိုးမခ) မတ်လ ၁၇၊ ၂၀၁၉ အသက်က စကားပြောလာပြီဆိုတော့ အသည်းက စကားပြောမလာလို့လားလို့ မေးစရာဘဲ အသက်က စကားပြောလာလို့ ဘေးကင်းရာအရပ်ကို ရှောင်ထွက်လည်း ကမ္ဘာကြီးကကျဉ်းလွန်းပြီး အဖြစ်အပျက်တွေက ကျယ်ပြန့်လွန်းနေတော့ သံသရာနဲ့ ကံကြမ္မာဟာ အရေးအခင်းအထပ်ထပ်နဲ့ မလွတ်မလွဲတဲ့ ဇာတာဘဲ အသက်က စကားပြောလာပြီဆိုတော့ အာဂျီနိုမိုတိုများများပါတဲ့ အစာကိုစားရင် အာခေါင်တွေခြောက်ပြီး…

Continue Reading

Than Htay Maung  မောင်ကြူးရင့် – “ဧရာဝတီ” (မိုးမခ) မတ် ၁၆၊ ၂၀၁၉ ဧရာဝတီဟာ လူထုရဲ့ ကဗျာတပုဒ်ပါပဲ ဧရာဝတီဟာ လူထုရဲ့ တေးတပုဒ်ပါပဲ ဧရာဝတီဟာ လူထုရဲ့ ပန်းချီကားတချပ်ပါပဲ ဧရာဝတီဟာ လူထုပါပဲ လူထုဟာ ဧရာဝတီပါပဲ ဧရာဝတီကို ဘယ်သူမှမပိုင်ဘူး ဧရာဝတီကို လူထုကပိုင်တယ် ဧရာဝတီကို ဘာနဲ့မှမလဲနိုင်ဘူး ၁၅…

Continue Reading

နေချိုသွေး ● ကလေးတစ်ယောက်ရင်ထဲမှာ (မိုးမခ) မတ်လ ၁၅၊ ၂၀၁၉ ကလေးတစ်ယောက်ရင်ထဲမှာ ရေလောင်းပေါင်းသင်ထားတဲ့ အညွှန့်တလူလူ တောတောင်တွေရှိတယ်။ ကလေးတစ်ယောက်ရင်ထဲမှာ ရစ်ခွေစီးဆင်းနေတဲ့ စိမ့်စမ်းချောင်းလေးရှိတယ်။ ကလေးတစ်ယောက်ရင်ထဲမှာ ရှူမျှော်မဆုံးတဲါ ရွှေဝါရောင် စပါးခင်းတွေရှိတယ်။ ကလေးတစ်ယောက်ရင်ထဲမှာ အမျိုးဘာသာ သာသနာ စာပေ အနုသုခုမပညာနဲ့ စေတီပုထိုးတွေရဲ့ ဆည်းလည်းသံလေးရှိတယ်။ ကလေးတစ်ယောက်ရင်ထဲမှာ မီးအိုင်အတွင်းက ထ လာတဲ့ ချိုးဖြူငှက်ကလေးရှိတယ်။…

Continue Reading