ကဗျာ

ဖိုးရွှေညီမှိုင်း ● ရာဇဝင်

ဖိုးရွှေညီမှိုင်း ● ရာဇဝင်
(မိုးမခ) မတ်လ ၂၂၊ ၂၀၁၉

မနက်​ဖြန်​ ဖြစ်​လာမှာ​တွေကို
စောင့်​​မျှော်​​နေကြသူ​တွေနဲ့
မနက်​ဖြန်​ ဖြစ်​လာမှာ​တွေကို
ကြောက်​ရွံ့နေကြသူ​တွေရဲ့
ဒရာမာ*ကြီးမှာ
သူရဲ​ကောင်းက တ​ယောက်​တည်းလား
ချစ်​ခြင်းတရားကို
ချစ်​ရဲသူအားလုံးဟာ သူရဲ​ကောင်း
မဟုတ်​ဘူးလား ဒါဆို
မင်းလည်း တခြား​ကောင်​​တွေလိုပါပဲတဲ့
ယုံကြည်​မှုကို ရူးသွပ်​သူ​တွေနဲ့
ရူးသွပ်​မှုကို ယုံကြည်​သူ​တွေ

ကမ္ဘာ​လောကမှာ …
တခုက ​ပျောက်​ကွယ်​​နေပြီး
တခုက ရှိ​နေတယ်
မွန်​မြတ်​တဲ့ က​လေး​တွေကို
ယုတ်​ညံ့တဲ့ လူကြီး​တွေ
ညာ​နေတဲ့ ရာဇဝင်​ထဲ …
____________________
ဖိုး​ရွှေညီမှိုင်း
၂၀၁၉
(မနက်​ဖြန်​ ကမ္ဘာ့ ကဗျာ​နေ့အတွက်​)

*ဒရာမာ … drama


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts