ကဗျာ

လင်းသက်ငြိမ် ● မြို့ကြီးထဲမှာငါးတွေ

လင်းသက်ငြိမ် ● မြို့ကြီးထဲမှာငါးတွေ
(မိုးမခ) မတ်လ ၁၈၊ ၂၀၁၉

ကမ္ဘာကြီးမှာ
ရေပြင်က ကုန်းမြေထက်ပိုများသတဲ့
ဒါကြောင့်
လူဟာ ရေကူးတတ်ဖို့လိုတယ်
ငါးက မာကြောတယ် ပါရာစီတမော မလိုဘူး
အကိုက်အခဲပျောက်ဆေးမလိုဘူး
လူက နုနယ်တယ် ချောင်းဆိုးရင်ကြပ်
ချွဲသလိပ်လည်းကပ်တော့
ရေကူးသင့်တဲ့ အချိန် ရေကူး (ပါးပါးနပ်နပ်)
ရေလောင်းသင့်တဲ့ အချိန် ရေလောင်း (ပိပိရိရိ)
ရေဆေးရမယ့် အချိန် ရေဆေး (သေသေသပ်သပ်)
နွေးနွေးထွေးထွေးလည်းနေရဦးမယ်လေ
ငါးဟာ မီးပုံပေါ်မှာ
မက မခုန်ပဲ မွှေးလို့
လူတွေကတော့ မီးပုံနံဘေး ရီဝေဝေ ကခုန်ကြ
သူတို့ဆိုနေတဲ့တေးနာမည်
မြို့ကြီးထဲမှာ ငါးတွေ။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts