ပန်းချီ မောင်နိုး မောင်စွမ်းရည် – တသက်တာစာပေဆုရှင် သူငယ်ချင်းမောင်သာနိုး (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၈ ကျွန်တော့်အဖို့ သူငယ်ချင်း မောင်သာနိုးအကြောင်းဆောင်းပါးတွေရေးရတာ ဘယ်နှခါရှိမှန်း တောင်မသိတော့ဘူး၊ တကြိမ်ကတော့ ရေးရင်းနဲ့ လက်လွန်သွားလိုက်တာ စာမျက်နှာ ၄၀နီးပါးရှိသွားလို့ မနည်းအရှိန်သက်ပြီး “မဒမ်နိုး” ဆီကိုပဲပို့လိုက်ရပါတယ်၊ ခုလဲတောင်းပြန်ပြီ၊ ဟိုးအဝေးကြီးက။ အမေရိကားမှာ ရောက်နေတဲ့ မောင်စွမ်းရည်ဟာ မောင်သာနိုးရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတဦးပါလို့၊…

Continue Reading

ဆရာကြီး မောင်သစ်လွင်(လူထု)၊ မိုးမခဇူလိုင်လထုတ်နဲ့ ကျော်မိုးလွင် မောင်စွမ်းရည် – မောင်သစ်လွင်(လူထု) (မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၈ ကဗျာဆရာတင်မိုး၊ ကဗျာဆရာမောင်သိင်္ဂါ (ဘာသာပြန်ဆရာ မောင်သာနိုး)၊ ကဗျာဆရာကြည် အောင်၊ ဘာသာပြန်ဆရာ မောင်မိုးသူ၊ စာစီကုံးဆရာ ဂုဏ်ထူးသိန်းနိုင်၊ ကဗျာဆရာမောင်စွမ်းရည်စတဲ့ လူထု တိုက်ထွက် စာရေးဆရာများနဲ့အတူ လူထုတိုက်တွင်းကနေ စာရေးနေသူနှစ်ဦးရှိပါတယ်၊ မောင်သစ်လွင်နဲ့ နတ်မောက်ထွန်းရှိန်…

Continue Reading

လူထုဦးလှ၊ ဒေါက်တာသန်းထွန်း၊ ရွှေကိုင်းသား၊ ညိုမြ၊ လူထုဒေါ်အမာ (ကောင်းကင်အွန်လိုင်း) မောင်စွမ်းရည် – လူထုဦးလှနှင့် အရင်းနှီးဆုံးပုဂ္ဂိုလ် (မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၈ ကျွန်တော်ဟာ ဦးလးလူထုဦးလှထုတ်ခဲ့တဲ့ ကြီးပွားရေးမဂ္ဂဇင်းကို စာဖတ်တတ်စအရွယ်ကစပြီး ဖတ်ခဲ့ရပါ တယ်။ လစဉ် မှန်မှန်ဖတ်ရတာတော့ မဟုတ်ပါ၊ ဒါပေမယ့် စွဲနေပါတယ်၊ ဦးဘဂျမ်းရဲ့ ကာတွန်း လက်ရာတွေ ပါနေလို့လား မဆိုနိုင်ပါ၊…

Continue Reading

မောင်စွမ်းရည် ● လွတ်ပေမယ့် (မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၈ ငှက်ကလေးတကောင် လှောင်ချိုင့်ထဲမှာ နှစ်များစွာ အို – နာ အတောင်ကျွတ်။ လှောင်ချိုင့်ကလွှတ် လေဝယ်လွတ်လဲ တောင်ကျွတ် မွှေးကျဲ မပျံဝဲနိုင်။ မောင်စွမ်းရည် နိုဝင်ဘာ ၁၀၊ ၂၀၁၅

Continue Reading

ပန်းချီ စောငို မောင်စွမ်းရည် – “ရှစ်လေးလုံးအရေးတော်ပုံကဗျာ” (မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၈ ဒို့မြန်မာပြည် ပြည်သူစည်းရုံး၊ ရှစ်လေးလုံးကား နှစ် ၃၀ ပင် တိုင်ခဲ့ပြီ။ ရှမ်း, ချင်း, ကချင်, ကရင်, ကယား မွန်, မြန်မာ, တရုတ်, ကုလား ကျောင်းသား ရဟန်း၊ ဘန်းရွက်သီလရှင် မျက်မမြင်ရော၊ မျက်မြင်ရော…

Continue Reading

မောင်စွမ်းရည် – နယူးယောက်စာကြည့်တိုက်မှာ မြန်မာစာအုပ်တွေထားပြီ (မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၈ လူဆိုတာ စာဖတ်တဲ့ သတ္တ၀ါအမျိုးအစား ဖြစ်ပါတယ်။ လူကလွဲလို့ ဘယ်သက်ရှိသတ္တ၀ါမှ စာမဖတ်တတ်ကြပါဘူး။ ဒါကိုအထူး ပြောနေစရာမလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ဘာသာ“လူ”ဆိုတာကို သတိရအောင် အမြဲသတိပေးနေရပါတယ်။ လူ … ဦးနှောက်ကြီးတဲ့လူ။ စာဖတ်တတ်၊ ရေးတတ်တဲ့လူ။ တချို့က စာဖတ်ဖို့မေ့နေတယ်။ တချို့က စာမတတ်ဘူး။…

Continue Reading

မောင်စွမ်းရည် ● ရှစ်လေးလုံး အရေးတော်ပုံ (မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၈ ဒို့ ဗမာပြည် ပြည်သူစည်းရုံး၊ ရှစ်လေးလုံးကား နှစ်သုံးဆယ်ပင် တိုင်ခဲ့ပြီ။ ရှမ်း ချင်း ကချင် ကရင် ကယား မွန် မြန်မာ ရခိုင် တရုတ် ကုလား ကျောင်းသား ရဟန်း ဘမ်းရွက်သီလရှင် မျက်မမြင်ရော မျက်မြင်ရော တူတံဇဉ်ရော…

Continue Reading

မောင်စွမ်းရည် – ကမ္ဘာကျော် ထိုင်းသင်ခန်းစာ (မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၈ မြန်မာနိုင်ငံရဲ့ နယ်စပ်နဲ့မနီးမဝေး တောင်ခေါင်းလှိုဏ်ဂူအတွင်းမှာ ဒုက္ခရောက်နေ ကြတဲ့ ကလေးဘောလုံးအသင်းကို ကမ္ဘာအရပ်ရပ်က လာရောက်ကူညီကယ်ဆယ်ကြတဲ့ သတင်းဟာ ဒီနှစ် (၂၀၁၈) အတွင်းမှာ နိုင်ငံတကာ လူကြီးလူငယ်မရွေး စိတ်ဝင်စားမှုအခံရဆုံး သတင်းဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် ဒီသတင်းကို ကျွန်တော်အနေနဲ့ အစအဆုံးအကျယ်ချဲ့ပြီး ရှင်းလင်း…

Continue Reading

မောင်စွမ်းရည် – လူထုဂျာနယ်စာပေပြိုင်ပွဲ (၁၉၅ဝ) လူထုကြီးပွားရေးစာအုပ်တိုက် နှစ် ၈ဝ ပြည့်အထိမ်းအမှတ်ဆောင်းပါး (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈ လူထုကြီးပွားရေးစာအုပ်တိုက် နှစ် ၈ဝ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်မယ်လို့ကြားတော့ ဝမ်းသာရတယ်။ ကျွန်တော်က လူထုကြီးပွားရေးဆိုတာကို ကျွန်တော့်မိဘများနဲ့အတူ ငယ်စဉ်ကတည်းက ဖတ်လာခဲ့ရတာဆိုတော့ ”အစွဲ” ရှိပါတယ်။ လူထုကြီးပွားရေးဆိုတဲ့ အသံကြားလိုက်ရင် ခေါင်းထောင်ကြည့်တတ်ပါတယ်။ အဲဒါ…

Continue Reading

မောင်စွမ်းရည် ● ကျွန်တော်တို့ရဲ့ဖွားဖက် “ကြီးပွားရေးစာအုပ်တိုက်” နှစ် ရှစ်ဆယ်ပြည့်ပြီ (မိုးမခ) ဇွန် ၂၀၊ ၂၀၁၈ ကြီးပွားရေးမဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်းတို့ဟာ ကိုလိုနီခေတ်မှာနာမည်ကြီးခဲ့တဲ့ မဂ္ဂဇင်းတွေပါ။ “မဂ္ဂဇိန်” လို့ခေါ်တွင်ခဲ့ရာက “မဂ္ဂဇင်း” လို့ခေါ်ဝေါ်သုံးစွဲမှု တည်မြဲသွားတာဟာ အဲဒီ မဂ္ဂဇင်းကြီး သုံး၊ လေးခု ယှဉ်ပြိုင်ထွန်းကားလာ တော့မှသာ ဖြစ်ပါတယ်။ အရင်က မဂ္ဂဇင်းဆိုတာ ပါဠိပျက်စကားလုံးအေက်…

Continue Reading

မောင်စွမ်းရည် ● ဂန္ထဝင်နဲ့ ခေတ်ပေါ် (မိုးမခ) ဇွန် ၁၇၊ ၂၀၁၈ ယနေ့ မြန်မာစာပေလောကမှာ အမျိုးသားစာပေဆု(ကဗျာ) ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ၀ိဝါဒ/ ဒွိဝါဒ အငြင်းအခုံလေး တွေဖြစ်နေတာကို ဖေ့စ်ဘုတ်ပေါ်မှာ ဘာကာစာလွှာပြုနေကြတာကို ဖတ်နေရပါတယ်။ ဆရာကြည်မင်း၊ ကာတွန်းဝင်း အောင်၊ စံငြိမ်းဦး စသဖြင့် ပါဝင်ဆွေးနွေးနေကြတာတွေလည်း တွေ့ရပါ တယ်။ ဟိုလို ဖတ်ရ၊…

Continue Reading

မောင်စွမ်းရည် ● ရုရှားပညာရှင် ယီဂေါမိုဇွင်ရေးတဲ့ အောင်ဆန်း  (မြန်မာပညာရှင် ဦးဝင်းခင် ဘာသာပြန်) (မိုးမခ) ဇွန် ၁၆၊ ၂၀၁၈ ဗမာပြည်မှာ အောင်ဆန်းအတ္တုပ္ပတ္တိ စာအုပ်တွေ အများကြီးရှိပါတယ်။ ပြည်သူချစ်တဲ့၊ ကမ္ဘာချစ်တဲ့လွတ်လပ်ရေးတိုက်ပွဲဝင် အမျိုးသားခေါင်းဆောင်အဖြစ်နဲ့ အောင်ဆန်းအကြောင်းကို ရေးလို့မဆုံး၊ ဖတ်လို့ မဝနိုင်ကြပါ။ ပြည်သူလူထုအများစုက တော့ ဗိုလ်ချုပ်အောင်ဆန်းလို့ပဲ ဒီနေ့အထိခေါ်တွင်နေကြဆဲ ဖြစ်ပါတယ်။ အောင်ဆန်းကို မြန်မာတနိုင်ငံလုံးနဲ့…

Continue Reading

မောင်စွမ်းရည် ● ကဗျာဆရာ့အိမ် (မိုးမခ) မေ ၂၂၊ ၂၀၁၈ ရန်ကုန်မြို့မှာကဗျာဆရာ့အိမ်လို့ကျော်ကြားဖူးတာကတော့  ကဗျာဆရာတင်မိုးရဲ့ အိမ်ပဲဖြစ်ပါတယ်။ အင်းစိန်မှာရှိပါတယ်။ ရေမြောင်း (ချောင်းကလေး) ဘေးက ကမ်းပါးကို သူ့အိမ်အပေါ်ထပ်နဲ့ တံတားထိုးထားတယ်။ အိမ်ပုံစံကတော့ မြန်မာမှု လို့ ဗိသုကာဆရာရွှေက ပြောပါတယ်။ အိမ်ရှင်တွေ ဝင်မရှုပ်နဲ့ဆိုပြီး သူကိုယ်တိုင် သူ့လက်သမားနဲ့သူ စောင့်ကြပ်ကြည့်ရှုပြီး ဆောက်တာပါ။ အများကတော့ မြန်မာမှုဆိုတာ…

Continue Reading

မောင်စွမ်းရည် ● အမေ.. အမေ.. အမေ (မိုးမခ) မေ ၁၉၊ ၂၀၁၈ ကျွန်တော်ရဲ့စာအုပ်စင်မျာ ”ဂေါ်ကီ” ရေးတဲ့ ”အမေ” စာအုပ်နဲ့အတူ တခြားစာရေးဆရာတစ်ယောက်ရေးတဲ့ ”အမေ” စာအုပ်တအုပ်လည်း ရှိတယ်လို့ထင်တယ်။ ”လူ” ဆိုတာ ဘယ်သူမဆို သမ္မတဖြစ်ဖြစ်၊ စစ်ဗိုလ်ချုပ်ဖြစ်ဖြစ်၊ သူတောင်းစားဖြစ်ဖြစ်၊ လူမိခင်၊ လူအမေက မွေးတာချည်းပဲ မဟုတ်လား။ အမေ့ရင်ခွင်မှာ အမေ့နို့ချိုကိုစို့ပြီး…

Continue Reading

မောင်စွမ်းရည် ● လူထုဦးလှ၊ ဟံသာဝတီဦးဝင်းတင်နဲ့ ခြင်္သေ့တကောင် (မိုးမခ) မေ ၁၅၊ ၂၀၁၈ ဒီအကြောင်းအရာကို ကျွန်တော်ရေးဖူးတာ နှစ်ခါမကဘူး ထင်ပါရဲ့။ နှစ်ခါပဲ ထားပါတော့။ ဒီတစ်ခါပါဆိုရင် သုံးခါပေါ့။ မကြား ဖူးမသိဖူးတဲ့သူတွေ သိရတာပေါ့။ ဦးလေးပြောတဲ့ ခြင်္သေ့ပုံပြင်ပါ။ မန္တလေးမှာရှိတဲ့ လူထုသတင်းစာကို ဗိုလ်နေဝင်းက ပိတ်ပင်လိုက်တော့ မန္တလေးမှာ သတင်းစာမရှိတော့ဘူး။ မန္တလေးဆိုတာ မင်းနေပြည်အဖြစ်နဲ့တုန်းက…

Continue Reading

သခင်အုန်းမြင့်နဲ့ ဦးဝင်းတင် (၂၀၀၉ခုနှစ်) ဒေါ်ခင်မျိုးချစ်ကွယ်လွန်ခြင်း ၁၀နှစ်ပြည့် ဆွမ်းကျွေးမှာ အတူ တွေ့ခဲ့ရစဉ် (မိုးမခ) မောင်စွမ်းရည် – သခင်အုန်းမြင့် ရာပြည့်ပွဲ နွှဲခဲ့ရတယ် (မိုးမခ) မေ ၁၂၊ ၂၀၁၈ သခင်အုန်းမြင့်ကို ၁၉၁၈၊ ဧပြီ ၂၈ ရက်မှာမွေးတယ်။ သူ့မွေး ရပ်က လက်ပံတန်းတဲ့။ ၁၉၃၄ မှာ လက်ပံတန်းအစိုးရအထက်တန်း ကျောင်းက…

Continue Reading

မောင်စွမ်းရည် ● ဒဂုန်တာရာ ရာပြည့်ပွဲသို့ (မိုးမခ) မေ ၇၊ ၂၀၁၈ ဆရာဒဂုန်တာရာဟာ ၁၉၁၉၊ မေ ၁၀ မှာ မွေးဖွားသူဖြစ်ပါတယ်။ ၂ဝ၁၉၊ မေ ၁၀ မှာဆိုရင် ဒဂုန်တာရာအသက် ၁ဝဝ ပြည့် ပွဲဆင်နွှဲရတော့မှာဖြစ်ပါတယ်။ ဆရာဟာ ၂ဝ၁၃ ကွယ်လွန်တာ ဆိုတော့ အသက် ၉၄ နှစ်ကြာအောင် နေသွားရတယ်လို့ဆိုနိုင်…

Continue Reading

မောင်စွမ်းရည် ● ယောက္ခမ ယောက္ခထီး (မိုးမခ) မေ ၂၊ ၂၀၁၈ သိပ်မကြာသေးဘူး။ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောကြ တယ်။ သူ့အိမ်မှာ ဧည့်သည်ရောက်နေသတဲ့။ ဘယ်သူများလဲလို့ စပ်စုလိုက်မိတယ်။ သူ့အဖြေက ယောက္ခထီးတဲ့။ ကျွန်တော်အံ့ သြသွားမိတယ်။ သူပြောတာကိုတော့ ကျွန်တော်နားလည် လိုက်ပါတယ်။ ဆိုလိုတာက ”သူ့ဇနီုးရဲ့ဖခင်” လို့ ပြောတာဖြစ်ပါတယ်။ သူက မန္တလေးသား၊ အညာသားပါ။…

Continue Reading

File Photo – Khin Maung Lay ဦးတင်မိုး၊ မောင်စွမ်းရည် နဲ့ မာမာအေးတို့၏ အထိမ်းအမှတ်စာကြည့်တိုက်များ ဖွင့် (မိုးမခ) ဧပြီ ၁၄၊ ၂၀၁၈ မိုးမခ၏ နာယကကြီးများဖြစ်ကြတဲ့ ဆရာ တင်မိုး၊ မောင်စွမ်းရည်နဲ့ ဂီတမိခင်ကြီး မာမာအေးတို့၏ အထိမ်းအမှတ်စာကြည့်တိုက်များ ယမန်နှစ်နဲ့ ဒီနှစ်အတွင်းမှာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း မောင်စွမ်းရည်က မှတ်ချက်ပေးပါတယ်။ ကဗျာဆရာကြီး…

Continue Reading

မောင်စွမ်းရည် ● သားဂျာနယ်ကျော်မိုးဟိန်း (မိုးမခ) ဧပြီ ၁၂၊ ၂၁ဝ၈ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေးတို့က မွေးတဲ့သားအငယ်ရဲ့နာမည်က မိုးဟိန်းတဲ့။ မိုးဟိန်းဆိုတဲ့ နာမည် က သူ့မိဘတွေပေးတဲ့ နာမည်ပါ။ ဂျာနယ်ကျော်မမလေးဆိုသူတာ ဗေဒင်ကိန်းခန်းတွေ ဝါသနာပါသူဖြစ်တော့ သူ့သားကို ဗေဒင်နက္ခတ်တွေနဲ့အညီ တွက်ချက်ပြီး နာမည်ပေးထားတာ ဖြစ်ပါတယ်။ သူတို့မှာ ညီအစ်ကိုနှစ်ယောက်လည်း ရှိသတဲ့။ သူ့အစ်ကိုကို ကျွန်တော်မမြင်ဘူးပါ။ ပေတယ်၊…

Continue Reading