သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – အမျိုးသားရင်ကြားစေ့ရေးနှင့် အစိုးရသစ်

news.yahoo.com



မောင်မောင်စိုး – အမျိုးသားရင်ကြားစေ့ရေးနှင့် အစိုးရသစ် 

(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၆

အစိုးရသစ်တွင် မည်သူဦးစီး၍ မည်သူတွေပါဝင်မည်ဆိုသည် ကို လူအများစိတ်ဝင်စားကြသည်။ သို့သော် အချိန်တန်မှ ထုတ် ပြန်မည်ဆို၍ အားလုံးစောင့်စားနေကြသည်။ ဒေါ်အောင်ဆန်းစု ကြည်မှ ထိမ်းကျောင်းလမ်းညွှန်မည့်အစိုးရသစ်အဖြစ် ယုံကြည် မျှော်လင့်ချက်ထားကြသည်။ ထို့ပြင် အမျိုးသားရင်ကြားစေ့ရေး ကိုရှေ့ရှုသည့် မြန်မာပြည်ကို တည်ငြိမ်စွာဦးဆောင်နိုင်မည့် အစိုး ရသစ်အဖြစ်မျှော်လင့်ထားကြသည်။ ယခု မြန်မာစစ်ဖက်မှ လွှတ်တော်ကိုယ်စားလှယ်များကို ကြေငြာ လိုက်ပြီဖြစ်သည်။ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအဖြစ် ဗိုလ်ချုပ်များ ဦးစီးတက်ကြသည်မှာ မ ဆန်းလှပေ။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လည်များတွင် ဗိုလ်မှူးကြီးတစ်ဦး ဦးစီး တက်ကြသည်။ တိုင်းနှင့် ပြည်နယ်များ၏ နယ်/လုံ ဝန်ကြီးများမှာ တပ်မှ ဗိုလ်မှူးကြီးအဆင့် မှ တာဝန်ယူလေ့ရှိသည်မှာ မဆန်းပေ။

သို့သော် ရန်ကုန်တိုင်းတွင် ဗိုလ်မှူးချုပ်တစ်ဦး ပါဝင်လာခြင်း သည် အများအတွက် စဉ်းစားဘွယ်ဖြစ်သည်။ ပြီးခဲ့သော ဖြစ်စဉ် များကိုကြည့်ပါက ထိုသို့ အဆင့်မြင့်စစ်ဖက်အရာရှိတစ်ဦး ထည့် သွင်းခြင်းသည် ထိုတိုင်း ထိုပြည်နယ်တွင် ဝန်ကြီးချုပ်တာဝန်ပေးသည့် အစဉ်အလာရှိခဲ့သည်။ ကရင်ပြည်နယ်မှ ဗိုလ်မှူးချုပ်ဇော်မင်း သည်၎င်း ရခိုင်ပြည်နယ်မှ ဗိုလ်ချုပ်မောင်မောင်အုန်းသည်၎င်း မြန်မာစစ်ဖက်ကိုယ်စားလှယ်မှ ဝန်ကြီးချုပ်ဖြစ်ခဲ့သူများဖြစ်သည်။ ရန်ကုန်တိုင်းမှ ဦးမြင့်ဆွေ ဒုသမတ တစ်ပြေးစဉ်ကလည်း ဒုဗိုလ်ချုပ်ကြီးဝေလွင် ရန်ကုန်တိုင်းသို့ စစ်ဖက်ကိုယ်စားလှယ်အနေနှင့် ရောက်လာသည်ကို မှတ်မိကြအုံးမည်ထင်သည်။ ဒုသမတ နေရာ အား ဦးဥာဏ်ထွန်းရယူသွားမှ ဗိုလ်ချုပ်ဝေလွင် လွှတ်တော်တွင်း မှ ပြန်ထွက်သွားခဲ့သည်။

ယခု ရန်ကုန်တိုင်းလွှတ်တော်တွင်းသို့ ရောက်ရှိလာသည့် အဆင့်မြင့် အရာရှိမှာ လေတပ်မှ ဗိုလ်မှူးချုပ်သိန်းနိုင်ဖြစ်သည်။ ၎င်း သည် ဦးသန်းရွှေ၏သားမက်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ စစ် ဖက်အရာရှိ ဝန်ကြီးချုပ်ဖြစ်မည်လော မေးခွန်းထုတ်ကြသည်။ အချို့ကတော့ ရွေးကောက်ခံမဟုတ်သူထဲမှ ဝန်ကြီးချုပ်မဖြစ်သင့် ဟုဆိုကြသည်။ မည်သည့်ရလဒ် ထွက်လာမည်ကို မသိသေး သဖြင့် စောင့်ကြည့်ရပေဦးမည်။

NLD နှင့် မြန်မာစစ်ဖက်ခေါင်း ဆောင်များ အာဏာအလွှဲအပြောင်းချောမွေ့ရေးအတွက် မည်သည့် အချက်များ ညှိနှိုင်းသဘောတူထားကြသည်ကို မသိသည့်အား လျော်စွာ လေ့လာစူးစမ်းရပေအုံးမည်။

သို့သော် မလွှဲမရှောင်သာ အလေးထားရမည့်အချက်တခု တော့ ရှိသည်ဟု ဆိုရမည်။ ၎င်းမှာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သည့် တိုင်းရင်းသားပါတီများနှင့်ဖြစ်သည်။ ပြီးခဲ့သောရွေးကောက် ပွဲတွင် အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ANP နှင့် SNLD တို့အနိုင်ရထားသည်။ SNLD သည်၎င်း ANP အဖြစ် ပူးပေါင်းဖွဲ့စည်းထားသော ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည်၎င်း ၁၉၉၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရဖိနှိပ်မှုကို အတူတကွခံခဲ့ရပြီး အတူတကွရင်ဆိုင်ခဲ့ကြသော လက်တွဲခဲ့ကြ သော မဟာမိတ်များဖြစ်ခဲ့ကြသည်။

ရွေးကောက်ပွဲမတိုင်မှီကပင် NLD အနေနှင့်အမျိုးသားပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်သွားမည်ဟုကြေငြာခဲ့သည်။ သို့အ တွက် မြန်မာစစ်ဖက်ခေါင်းဆောင်များနှင့်ညှိနှိုင်းမှုများပြုလုပ်ခဲ့ ကြသည်။ အမျိုးသားရင်ကြားစေ့ရေးအဖြစ် အားလုံးကကြိုဆိုခဲ့ ကြသည်။ အလားတူပင် NLD နှင့်တလျှောက်လုံးလက်တွဲလာ သည့် တိုင်းရင်းသားပါတီများနှင့် အစိုးရသစ်ဖွဲ့စည်းရေး အထူးသဖြင့် ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်သွားမည်ဟု မျှော်လင့်ခဲ့ကြသည်။ အမျိုးသား ရင်ကြားစေ့ရေးတွင် တိုင်းရင်းသားပါတီများအားလည်း အလေးထား လုပ်ဆောင်သွားမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ရွေးကောက်ပွဲအပြီး ၂ လကျော်ကြာ၍ လွှတ်တော်အသစ်ခေါ် ရန် ရက်ပိုင်းသာလိုတော့သော်လည်း NLD နှင့် ရွေးကောက်ပွဲ တွင်အနိုင်ရသည့် တိုင်းရင်းသားပါတီများတွေ့ဆုံရန် ဖိတ်ခေါ် ညှိနှိုင်းမှုမရှိသဖြင့် တိုင်းရင်းသားပါတီခေါင်းဆောင်များ စိတ်ပျက် ခဲ့ရသည်ဟုဆိုသည်။

ပြီးခဲ့သော ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်တွင် ANP မှ ၂၃ ဦး NLD မှ ၈ ဦး USDP မှ ၃ ဦး အနိုင်ရခဲ့ပြီး မြန်မာစစ်ဖက်မှ ၁၂ ဦးပါဝင်မည်ဖြစ်သည်။ ရွေး ကောက်ခံလွှတ်တော်အမတ်များတွင် ANP မှ အများဆုံးအနိုင်ရခဲ့ သည်။ ယခုလပိုင်းတွင် NLD ရခိုင်ပြည်နယ် ဥက္ကဌ ဦးညီပုသည် စစ်တွေမြို့၌ မြို့မိမြို့ဖများ စီးပွါးရေးလုပ်ငန်းရှင်များ အရပ်ဖက် လူ့အဖွဲ့စည်းများအား ဖိတ်ကြား၍ ရခိုင်ပြည်နယ်အစိုးရအား NLD မှ ဦးဆောင် ဖွဲ့စည်းသွားမည်ဟု ပြောကြားခဲ့သည်။ ဒေသခံများ အရပ်ဖက်အဖွဲ့အစည်းများက ရခိုင်ပြည်နယ်အစိုးရဖွဲ့စည်းရေး အတွက် ANP ပါတီနှင် တွေ့ဆုံညှိနှိုင်းရန် တောင်းဆိုခဲ့ကြသော် လည်း ယခုတွေ့ဆုံနိုင်ခြင်းမရှိသေးဟုဆိုသည်။

သို့ဖြစ်ရာ 19/1/2016 တွင် ANP ပါတီမှ ကြေငြာချက်တရပ် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ၎င်းကြေငြာချက်တွင် ANP ပါတီအနေဖြင့် NLD နှင့်ဆွေးနွေးရန် ဥက္ကဌ ဒေါက်တာအေးမောင် အတွင်းရေးမှူး ဦးထွန်းအောင်ကျော် ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်တို့ပါသော အဖွဲ့ဖွဲ့စည်းထားကြောင်း NLD မှ ဆွေးနွေးရန်ဆန္ဒရှိပါက ဆွေးနွေးရန်အသင့်ရှိကြောင်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ပွဲတွင် အများစုအနိုင်ရသည့် ANP ပါတီမှ ဖြစ်သင့်ကြောင်း အကယ်၍ ဝန်ကြီးချုပ်အဖြစ်ရွေး ချယ်တာဝန်ပေးခြင်းမရှိပါက ANP ပါတီမှ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အတွင်း အခြားဝန်ကြီးနေရာများ ရယူမည်မဟုတ်ဘဲ ရခိုင် အမျိုးသားအကျိုးစီးပွါးအတွက် အတိုက်အခံပါတီအဖြစ် ရပ်ခံ မည်ဖြစ်ကြောင်းပါရှိသည်။

စိတ်မချမ်းမြေ့ဘွယ်ရာ သတင်းဟုဆိုရမည်။ အပြန်အလှန် ဆွေးနွေးညှိနိုင်းမှုမရှိသဖြင့် ထွက်ပေါ်လာသော အခြေအနေဟု ဆိုရမည်။ ANP ပါတီအနေနှင့် NLD ၏ ဆွေးနွေးမှုကိုပြင်ဆင် စောင့်မျှော်ရင်း ဖြစ်မလာ၍ သူတို့၏စိတ်ပျက်လက်ပျက်ဖြစ်မှုကို ဖေါ်ပြခြင်းလည်းဖြစ်သည်။ အကယ်၍ ကောင်းမွန်စွာ ဆွေးနွေွးညှိနှိုင်းနိုင်မည်ဆိုပါက ဝန်ကြီးချုပ် ဘယ်ပါတီမှ လုပ်လုပ် ညှိနှိုင်း ၍ ရမည့်ကိစ္စဖြစ်သည်။ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို အတူတကွ ပူးပေါင်းလုပ်ဆောင်၍ရပေလိမ့်မည်။

နောက်ပြည်နယ်တခုမှာ ရှမ်းပြည်နယ်ဖြစ်သည်။ ရှမ်းပြည်နယ်လွှတ်တော်တွင် USDP မှ ၃၂ ဦး SNLD မှ ၂၄ ဦး NLD မှ ၂၁ ဦး TNP မှ ၇ ဦး PNO မှ ၆ ဦး WDP မှ ၂ ဦး လားဟူ/ကိုးကန့် / ကျားဖြူ/ ဝစည်းလုံညီညွတ်ရေးပါတီ စသည့် ပါတီ ၄ ခုမှ ၁ ဦးစီ နှင့် စုစုပေါင်း ၄ ဦး အနိုင်ရခဲ့ကာ မြန်မာစစ်ဖက်မှ ကိုယ်စားလည် ၃၄ ဦး ရှိမည်ဖြစ်သည်။ ရှမ်းပြည်နယ်လွှတ်တော်တွင် တစ်ပါတီမှ အပြတ်အသတ်အနိုင်ရသည့်အနေအထားမရှိပေ။ ယခုထိ ရှမ်း ပြည်အစိုးရ ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး မည်သည့်သတင်းမှ မကြားရသေးပေ။ မည်သို့ဆိုစေ ရှမ်းပြည်နယ်အစိုးရဖွဲ့စည်းရေး ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းရန် လိုအပ်ပေလိမ့်မည်။

အခြားပြည်နယ်များတွင် NLD ပါတီမှ အသာစီးရထား သည်ဆိုသော်လည်း ကျန်လွှတ်တော်တွင်းရောက်လာသည့်ပါတီ များအား အလေးထားညှိနှိုင်းသွားရန်လိုပေလိမ့်မည်။ ပြည်နယ် အစိုးရဖွဲ့စည်းရေးအား လွှတ်တော်တွင်း ရောက်မှ ညှိနှိုင်းဆွေး နွေးသွားလိမ့်မည်ဟု အကြောင်းပြနိုင်ပါသည်။

သို့သော် အမျိုးသား ရင်ကြားစေ့ရေးမူအရ အစိုးရသစ်ဖွဲ့ရေး အာဏာလွှဲပြောင်းရေး အတွက် လွှတ်တော်တွင်းမရောက်မှီ မြန်မာစစ်ဖက်နှင့် ညှိနှိုင်း ရန် တောင်းဆိုခဲ့ ဆွေးနွေးညှိနှိုင်းခဲ့သော NLD အနေနှင့် တိုင်းရင်း သားပါတီများနှင့် လွှတ်တော်မတက်မှီ ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပေလိမ့်မည်။ ဗဟိုအဆင့် ဆွေးနွေးမှုမျိုးလိုအပ်သကဲ့သို့ ပြည်နယ်အဆင့်ဆွေးနွေးမှုမျိုးလည်း လိုအပ်ပေလိမ့်မည်။ NLD အနေနှင့် အစိုးရသစ်ဖွဲ့ပြီးပါက NCA လက်မတ်မထိုး သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေး သွားမည်ဟုဆိုခဲ့ရာ အားလုံးက ကြိုဆိုခဲ့ကြသည်။ လက်ရှိအခြေ အနေတွင် ထိုအဖွဲ့များနှင့် ဆွေးနွေးနိုင်မှုမရှိသေးသည်ကို နားလည်ခဲ့ကြသည်။ သို့သော် လက်ရှိ မြေပေါ် ဥပဒေတွင်း လွှတ် တော်တွင်း အနိုင်ရသည့် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေး ညှိနှိုင်းခြင်းမရှိသေးသည်ကို နားလည်ရန်ခက်ခဲနေကြပေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်လည်း မြေပေါ်ရှိ တိုင်း ရင်းသားပါတီများအား NLD အနေနှင့် မည်သို့သဘောထားဆက် ဆံသည်ကို အလေးထားစောင့်ကြည့်နေသည်ကို သတိပြုရနိ လိုပေသည်။ ချုပ်၍ ဆိုရသော် အမျိုးသားရင်ကြားစေ့ရေးသည် ကောင်း မွန်သည့်ဦးတည်ချက်ဖြစ်သည်။ ၎င်းရင်ကြားစေ့ရေးသည် မြန်မာ စစ်ဖက်နှင့်သာမက တိုင်းရင်းသားပါတီများအပါ နိုင်ငံရေးအင်အား စုများပါ ပါဝင်ရန်လိုအပ်ပေသည်။ သို့မှသာ မလိုလားအပ်သော ပြသနာများကို ရှောင်ကွင်းနိုင်ပေသည်။

အားလုံးပါဝင်သည့် အမျိုးသားရင်ကြားစေ့ရေးကို ရှေ့ရှုသည့် တိုင်းရင်းသားအားလုံးနှင့်ပါ ရင်ကြားစေ့နိုင်သည့် အစိုးရသစ်သည် သာ တည်ငြိမ်တိုးတက်သည့် မြန်မာနိုင်ငံသစ်ကိုရှေ့ရှုနိုင်ပေမည်။ မြန်မာပြည်၏နိုင်ငံရေးပြသနာသည် ဒီမိုကရေစီနှင့်လူ့အခွင့် ရေးသက်သက်သာမဟုတ်။ တိုင်းရင်းရင်းသားလူမျိုးများပြသနာ တနည်းဆိုသော် အမျိုးသားရေးပြသနာလည်း ဖြစ်နေသည်ကို သတိပြုရန်လိုအပ်ပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်စိုး – အမျိုးသားရင်ကြားစေ့ရေးနှင့် အစိုးရသစ်
  1. ဗိုလ်ချုပ်တုန်းကတော့ တောင်းရင်ပေးတာပဲ။ဒေါ်အောင်ဆန်းစုကြည်ကရော ပေးမလားမသိ။
    စိတ်ဝင်စားတယ်။

Comments are closed.