ကဗျာ

ကျော်မိုးလွင် – မဆုံးသေးတဲ့ …

Min Ko Naing – Painting
 
ကျော်မိုးလွင် – မဆုံးသေးတဲ့ …
(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၆

တနေ့ကဘဲ
ငိုကြွေးသံတွေနဲ ခေါင် မလုံတဲ့
ဓနိအိမ်ကလေးထဲ မိသားစုများ
ကံကြမ္မအရိုင်းကို ခါးစည်းခံခဲ့ကြတယ်

ဘဝဆိုတာ ကန္တရပင်နှင့် တူလား
အာဏာရှင်စနစ်နှင့် အ-ဓမ္မ ဝါဒီ
တန်ခိုးကြီးထွားတဲ့ စစ်မြေယာ
အပုတ်နံ တထောင်းထောင်းထလို့
စစ်ကြောင်းတွေနဲ့ မတိုးမိဖို့
တဖြိုက်ဖြိုက် ကြွေကျ
မြေခ ရရှာတဲ့
သမီးလေးရဲ့ လောကဓမ္မတာ …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts