သတင်းဆောင်းပါး

ဖေသက်နီ – ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေ ပျောက်ကွယ်သွားလေတော့မလား

ဖေသက်နီ – ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေ ပျောက်ကွယ်သွားလေတော့မလား

(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၅
ဘီဘီစီ ၀က်ဆိုဒ်ရဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ အနာဂါတ် Future Last Place on Earth | 19 December 2014  .  Will religion ever disappear?  http://www.bbc.com/future/story/20141219-will-religion-ever-disappear

ရေချယ်လ် နူးဝါး – Rachel Nuwer

ရေချယ်လ် နူးဝါး Rachel Nuwer ဟာ နယူးယောက်မြို့ အခြေစိုက်ပြီး သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေကို နယူးယောက်တိုင်းစ် သတင်းစာကြီး၊ အောင်ဒူဘွန်၊ စမစ္စဆိုနီယံ မဂ္ဂဇင်းတွေအပါအ၀င် အခြားစာစောင်တွေမှာ ဆောင်းပါးတွေကို တစိုက်မတ်မတ် ရေးသားနေခဲ့သူပါ။

အခုတွေ့ မြင်နေရတဲ့ ဓါတ်ပုံဟာ စပိန်နိုင်ငံမှာ ကျင်းပနေတဲ့ “ခရစ်ယာန် ‘လော့စ် အက်စ်ကိုဘာဇို့ စ်’ ဘာသာရေးပွဲတော်” မှာ “ဗာဂျင်း မာရီ Virgin Mary” ကို ပူဇော်နေတဲ့ပုံ (ဒီဓါတ်ပုံကို Getty Images အဖွဲ့ က ရယူပါတယ်)

“ဘာသာတရားကိုမှ မကိုးကွယ်ဘူးဆိုပြီး ကြွေးကြော်နေခဲ့တဲ့ Atheism အယူအဆဟာ ကမ္ဘာတ၀ှမ်းမှာ အတော့်ကို ပြန့် နှံ့ လာ နေပါတယ်။ အဲဒါကိုကြည့်ရင် အရင်အတိတ်သမိုင်းမှာတုန်းက နတ်ကိုးကွယ်မှုမျိုး ပြန်ဖြစ်လာဦးမလားလို့ မစဉ်းစားနိုင်ပေဘူးလော။ ရေချယ်လ် နူးဝါး Rachel Nuwer ဟာ အရင်အတိတ်သမိုင်း အထောက်အထားတွေနဲ့  အဖြေရှာပြီး ရေးသားထားပါတယ်။

ကမ္ဘာ့လူဦးရေ တဖြည်းဖြည်းတိုးပွားလာခဲ့တာ အခုဆိုရင် သန်းပေါင်းမြောက်များစွာဖြစ်လာခဲ့ရပါပြီ။ လူအများစုဟာ သူတို့ ရဲ့ အသက်တွေသာဆုံးပါး သွားကြပေမယ့် သူတို့ ဘ၀တွေမှာ ဘုရားဆိုတာလည်းမရှိခဲ့သလို ဘုရားတရားဆိုတာကို ကိုးကွယ်ရမယ်ဆိုတာမျိုးလည်း မရှိကြပါဘူး။ အဲဒီလို လူသားတွေဟာ ဘာသာတရားကို လျစ်လျူရှုနေကြတဲ့အတွက် နိုင်ငံတချို့ ကဆိုရင် ဘယ်ဘာသာတရားကိုမှ ကိုးကွယ်မှုမရှိတော့တာတွေ့ မြင်နေရ ပါတယ်။ လူသားအများသူအများစုဟာလည်း “ဘယ်ဘာသာတရားကိုမျှ မကိုးကွယ်ဘူး” ဆိုတဲ့ အသုံးအနှုန်းမျိုးကို အမြဲလိုလို အသုံးပြုနေကြတာ ကို တွေ့ မြင်နေကြရပါတယ်။

“ဒီနေ့ ခေတ်မှာ ဟိုး အရင်သမိုင်းတုန်းကနဲ့ စာရင် ဘာသာတရားမကိုးကွယ်မှုတွေဟာ တကမ္ဘာလုံးနေရာအနှံ့ တဖြည်းဖြည်းပိုပိုများများလာတာ တွေကို တွေ့ မြင်နေရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်း အတော်များများဟာ ဘာသာတရားကိုးကွယ်မှုတွေ သိပ်မရှိကြတော့ပါဘူး”လို့       အမေရိကန်နိုင်ငံရဲ့ ကယ်လီဖိုးနီးယားပြည်နယ် ကလဲမောင့်မြို့ မှာရှိတဲ့ ပစ်ဇာကောလိပ် Pitzer College ရဲ့ လူမှုဗေဒနဲ့ ဘာသာရေးပညာ ပါမောက္ခ လည်းဖြစ် “ဆက်လက်ရှင်သန်နေတဲ့ ဘ၀ Living the Secular Life” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ ဖီလ် ဇုက္ကာမဲန် Phil Zuckerman က ပြောဆိုခဲ့ပါတယ်။ နိုင်ငံပေါင်း ၅၇ နိုင်ငံက လူဦးရေ ၅၀ ၀၀၀ (ငါးသောင်းကျော်) ကို Gallup International အဖွဲ့ က သုတေသနပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ဘာသာတရားကိုးကွယ်မှုဟာ ၇၇ % ကနေ ၆၈ % အထိလျော့ကျခဲ့တယ်လို သိရှိရပါတယ်။ အဲဒီနှုန်းတွေကို သုံးသပ်ကြည့်လိုက်ရင် မိမိကိုယ်မိမိ ဘာသာတရားကို မယုံကြည်တော့လို့  မကိုးကွယ်ကြတဲ့အရေအတွက်ဟာ ၃ % အထိတိုးလာ နေခိုက်မှာ ဘာသာတရားကိုမယုံကြည်ပေမယ့် ကိုးကွယ်နေကြတဲ့ အရေအတွက်ဟာ ၁၃ % အထိ ရှိနေကြသေးတဲ့အကြောင်း သိရှိရပါတယ်။

(ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်။        ။ Gallup International အဖွဲ့ ဟာ WIN/Gallup International လို့ လည်း လူသိများ ပြီးထင်ရှားတဲ့ ဈေးကွက်စီးပွားရေးကို ဇောင်းပေးနေတဲ့ အဖွဲ့ အစည်းဖြစ်သလို ကမ္ဘာပေါ် က အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေကို စစ်တမ်း ကောက်ယူပြီး ပိုမိုသာယာဝပြောတဲ့ ကမ္ဘာကြီးဖြစ် ပေါ်လာစေရေးအတွက် လုပ်ကိုင်နေတဲ့ အဖွဲ့ အစည်းတခုလည်း ဖြစ်ပါတယ်။)

ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေဟာ အများစုမဟုတ်တဲ့အတွက် ဘာတွေဖြစ်လာတော့မယ်ဆိုတာမျိုးတော့ကြိုတင်နိမိတ်ဖတ်လို့ တော့ မရနိုင်ပေဘူးလော။ ရွေ့ လျားနေတဲ့ ကမ္ဘာကြီးရဲ့ လားရာလမ်းဟာ အခုအတိုင်း ဆက်သွားနေမယ်ဆိုရင် ကိုးကွယ်မှုဘာသာတရားတွေဟာ တနေ့  နေ့ မှာ ကမ္ဘာကြီးပေါ်ကနေ လုံးဝပျောက်ကွယ်သွားရတော့မည်လော။

အနာဂါတ်ကို ကြိုတင်ဟောကိန်းထုတ်ဖို့ မဖြစ်နိုင်ပေမယ့် ကိုးကွယ်မှုဘာသာတရားကိစ္စကိုတော့ ဆန်းစစ်လေ့လာကြည့်လို့ တော့ ရနိုင်ပါတယ်။ ပထမဆုံး ဘယ်လိုပေါ်ပေါက်လာသလဲ၊ လူတွေက ဘာသာတရားကို ဘာကြောင့် ယုံကြည်ခဲ့ကြသလဲ၊ တချို့ လူတွေက ဘာကြောင့် မယုံကြည်ကြ သလဲ။ ဘာသာတရားဆိုတာကို ကျွန်ုပ်တို့ ဘယ်လိုသဘောထားခဲ့ကြသလဲ။ ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေနဲ့ ချီပြီး ကျွန်ုပ်တို့ ဘယ်လို စခန်းသွားခဲ့ကြ သလဲ။

စစ်မက်ဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံက ပျက်စီးပြိုပျက်သွားခဲ့တဲ့ ယူကရိန်းနိုင်ငံရဲ့ မြို့ တော် ကိယက်ဗ်မှာရှိတဲ့ ကိယက်ဗ်ကုန်သည်ကြီးများအသင်းရှေ့ မှာ ခရစ်ယာန်ဘုန်းကြီးတယောက်ဟာ ခရစ်တော်ကားစင်အတင်ခံရတဲ့ လက်ဝါးကပ်တိုင်ပုံ ကိုကိုင်ပြီး ဆုတောင်းနေပုံ (ဒီဓါတ်ပုံကို Getty Images အဖွဲ့ က ရယူပါတယ်)

အဲဒီ့အရေးနဲ့ ပါတ်သက်ပြီး ခက်ခဲရှုပ်ထွေးနေတဲ့ ဘာသာတရားကင်းမဲ့သူများအကြောင်းကို ပညာရှင်တွေဟာ တဦးချင်းအနေနဲ့ ရော၊ နိုင်ငံအလိုက် ရော တစိုက်မတ်မတ် လေ့လာနေခဲ့ကြပေမယ့် ရှာဖွေတွေ့ ရှိတဲ့ အချက်အလက်တွေက ယေဘုယျသိပ်မကျသေးတဲ့အတွက် လက်ခံအတည်ပြုလို့  မရနိုင်သေးပါဘူး။ ဘာသာတရားရှုဒေါင့်ဘက်ကနေကြည့်တဲ့အခါ ကမ္ဘာကြီးဟာ တည်ငြိမ်မှုမရှိသေးဘူးဆိုတဲ့ အမြင်တခုပဲ ထွက်ပေါ်လာပါတယ်။ ဒါကလည်း သိပ်တော့ အံ့သြစရာမကောင်းပါဘူး။ နိုင်ငံအတော်များများရဲ့ အစီရင်ခံစာတွေအရ သူတို့ နိုင်ငံသားအတော်များများဟာ စီးပွားရေး ကြပ်တည်းမှု၊ ဘဏ္ဍာငွေကြေး မတည်ငြိမ်မှုကြောင့်တို့ နဲ့ နိုင်ငံရေးလည်း မလွတ်လပ်၊ မပွင့်လင်းတော့ပါဘူး။ “လူ့ အဖွဲ့ အစည်းကြီးဟာလည်း ယုံကြည်မှု ဘာသာရေးပြဿနာတွေကြောင့် မတည်မငြိမ်ဖြစ်နေရတာပါ” လို့  ဖီလ် ဇုက္ကာမဲန် က သုံးသပ်ပြောဆိုခဲ့ပါတယ်။
အရင်းရှင်စနစ်မှာ စက်မှု နည်းပညာတွေက တိုးတက်လာခဲ့ပေမယ့် ဘာသာရေးရာကိစ္စရပ်တွေ၊ လူဦးရေးရာကိစ္စရပ်တွေနဲ့ ပညာရေးကိစ္စရပ်တွေမှာတော့ဆုံးရှုံးမှုတွေဖြစ်ပေါ် စေခဲ့တယ်လို့ လည်း ဖီလ် ဇုက္ကာမဲန် Phil Zuckerman က သုံးသပ်သွားခဲ့ပါတယ်။

ကိုးကွယ်ယုံကြည်မှု ပြဿနာ

ဂျပန်၊ အင်္ဂလန်၊ ကနေဒါ၊ နယ်သာလန်၊ ချက်ရီပတ်ဘလစ်၊ အက်စတိုးနီးယား၊ ဂျာမနီ၊ ပြင်သစ်နဲ့  ဥရောကသွေးမကင်းတဲ့ လူပုဂ္ဂိုလ်တွေ အများစု နေထိုင်လေ့ရှိတဲ့နိုင်ငံဖြစ်တဲ့ ဥရုဂွေးနိုင်ငံစတဲ့ နိုင်ငံတွေမှာ ကိုးကွယ်မှုဘာသာတရားဟာ အရေးပါလာခဲ့တာ ရာစုနှစ်တခုလောက်ပဲရှိသေးတယ်လို့  သိရပါတယ်။ အဲဒီလိုအချိန်မှာပဲ တခြားအယူအဆတခုကလည်း ရှိနေပါသေးတယ်။ သိပ်မကြာသေးမီကာလတုန်း ထွက်ပေါ်လာတဲ့စစ်တမ်းတခုအရ ကမ္ဘာပေါ်က ကိုးကွယ်မှုဘာသာတရားတွေ အနိမ့်ဆုံးအဆင့်အထိ လျော့ကျလာနေပြီလို့ ဆိုထားပြန်ပါတယ်။ အဲဒီ နိုင်ငံတွေမှာ ခိုင်မာကောင်းမွန်တဲ့ ပညာရေးနဲ့ လူနေမှုဘ၀တည်ငြိမ်မှုရှိပြီး မညီမျှမှုတွေလည်း မရှိသလောက်နည်းပါးတဲ့အတွက် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေလို့ ယေဘုယျသတ်မှတ် လို့ ရပါတယ်။ “အစွမ်းကုန်ပြောရရင် သူတို့ ရဲ့ လူမှုရေးလုံခြုံမှုကို စိုးရိမ်ကြောင့်ကြဖြစ်စရာဆိုရင် လုံးဝကိုမရှိပါဘူး” လို့  နယူးဇီလန်နိုင်ငံ အုက္ကလန် တက္ကသိုလ် University of Auckland ရဲ့ စိတ်ပညာရှင်တယောက်ဖြစ်တဲ့ ကွဲန်တင် အတ်ကင်ဆန် Quentin Atkinson က ပြောကြားခဲ့ ပါတယ်။

မူဆလင် ဥပုသ်ရက် အဆုံးသတ်ပွဲအတွက် အလှပြင်ထားကြတဲ့ ယီမင် နိုင်ငံသူတွေက သူတို့ ရဲ့လက်တွေမှာ
ဆေးမင်ကြောင်တွေ ရေးထိုးထားကြတဲ့ သူတို့ လက်ချောင်းတွေ (ဒီဓါတ်ပုံကို Getty Images အဖွဲ့ က ရယူပါတယ်)

ဘရာဇီးနိုင်ငံလို၊ ဂျမေကာနိုင်ငံလိုနဲ့  အိုင်ယာလန်နိုင်ငံလိုတွေမှာရှိတဲ့ ရိုးရာကိုးကွယ်မှုဘာသာရေးတွေကတော့ တခြားနိုင်ငံတွေနဲ့ မတူပဲ ဒီနေ့ ထိ တိုင် မယိမ်းမယိုင် ရှိနေကြဆဲပါ။ “တချို့ လူ့ အသိုင်းအ၀ိုင်းလောက်မှာပဲ အရင်နှစ်ပေါင်း ၄၀၊ ၅၀ လောက်နဲ့ စာရင် ကိုးကွယ်မှုဘာသာတရားကို ဆက်လက် ယုံကြည်နေကြပါတော့တယ်။ အီရန်တနိုင်ငံကလွဲလို့ ပေါ့။ အဲဒီမှာ ကိုးကွယ်မှုဘာသာတရားမရှိတဲ့ လူတွေကလည်း ရှောင်ရှားပုန်းခိုနေ ကြရပါတယ်” လို့  ဖီလ် ဇုက္ကာမဲန် က ပြောဆိုသွားခဲ့ပါတယ်။

ကမ္ဘာပေါ်က အချမ်းသာအကြွယ်ဝဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ အမေရိကန်မှာလည်းပဲ ဘာသာတရားယုံကြည်မှုကလည်း အရမ်းကိုမြင့်တက် နေပါတယ်။ (၂၀၀၁ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ လူဦးရေစာရင်းတွေနဲ့ ကိုးကွယ်မှုတရားတွေကို သုတေသနပြုလုပ်နေတဲ့ Pew Research Center’s Religion & Public Life Project ရဲ့ ၂၀၀၇ ခုနှစ် ၂၀၁၃ ခုနှစ် သုတေသနပြုလုပ်ချက်တွေအရ ဘာသာတရားမကိုးကွယ် တော့တဲ့ အမေရိကန်တွေရဲ့ အရေအတွက်ဟာ ၁.၆ % ကနေ ၂.၄ % အထိ မြင့်တက်လာခဲ့ပါတယ်)

ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ က ဘရစ်တစ်(ရှ်)ကိုလံဘီယာတက္ကသိုလ် University of British Columbia က လူမှုရေးစိတ္တဗေဒပညာရှင် လည်းဖြစ် ၂၀၁၃ ခုနှစ်မှာရေးသားခဲ့ပြီး ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံးစာအုပ်စာရင်းဝင်လာခဲ့တဲ့ “ဘုရားရှင်ကြီးများ Big Gods” စာအုပ်ကို ရေးသားခဲ့သူ အာရာ နိုရဲန်ဇာယမ် Ara Norenzayan ကတော့ ကိုးကွယ်မှုလျော့ကျလာတာဟာ ပျောက်ကွယ်သွားတာ မဟုတ်ဘူးလို့ ပြောဆို ခဲ့ပါတယ်။ လုံခြံရေးကတော့ မရှိတာ၊ မကောင်းတာ၊ မှားယွင်းတာ မဟုတ်ပေမယ့် အဓိက လိုအပ်နေပါသေးတယ်။ ဒီနေ့ ခေတ်ထဲမှာ အရာရာဟာ ပြောင်းလဲလာနေပါပြီ။ အရက်မူးနေတဲ့ ကားဒရိုင်ဘာတယောက်က သူ့ ချစ်သူကို သတ်ပစ်လိုက်နိုင်နေပါပြီ၊ တော်နေးဒိုးမုန်တိုင်းက မြို့ တမြို့ ကို ၀ါးမြိုဖျက်ဆီးလိုက်နိုင်နေပါပြီ၊ လူတွေကိုအသက်ဆုံးရှုံးစေနိုင်တဲ့ ကုထုံးတခုကိုဆရာဝန်တယောက်ကအသုံးပြုနိုင်နေပါပြီ။ ရာသီဥတုအပြောင်းအလဲ တွေက လယ်ယာကိုင်းကျွန်းတွေကိုသာမကပဲ သဘာဝအရင်းအမြစ်တွေကိုလည်း အကြီးအကျယ် ပျက်စီးဆုံးရှုံးစေနိုင်နေပါပြီ။ အဲဒီလိုဖြစ်လာရင် လူအများအပြားဟာ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်တဲ့အတွက် လူတွေဟာ ဘာသာတရားကို ကုထုံးတခုလိုမျိုး အသုံးပြုလာကြရတော့မှာ ဖြစ်ပါ တယ်။

“လူတွေဟာ ဒုက္ခတွေကနေ လွတ်မြောက်ရာကို ရှာကြံကြတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့အပြုအမူတမျိုးပါပဲ။ တကယ်လို့ သူတို့ ဟာ အဲဒီ့ ဒုက္ခ တွေကနေ မလွတ်မြောက်ဘူးဆိုရင် သူတို့ ဟာ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို တနည်းနည်းနဲ့  ရှာကြံကြရတော့မှာပါ။ အဲဒီလို အခက် အခဲတွေ ရှိနေနိုင်တာမို့ အခက်အခဲတွေက လွတ်မြောက်စေနိုင်ရေးအတွက် ဘာသာတရားဘက်ကို လူတွေရဲ့စိတ်ကယိုင်လာပြီး အတွေးအခေါ် အရဖြစ်စေ၊ မိရိုးဖလာယုံကြည်မှုထုံးစံအရဖြစ်စေ၊ ဘာသာတရားကို ပိုပြီးလုပ်ကိုင်လာကြပါတယ် ” လို့  အာရာ နိုရဲန်ဇာယမ် က သုံးသပ်ပြောဆို ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခိုက်ခဲ့တဲ့ ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်းကြီးဒဏ်ခံခဲ့ရပြီး သေကံမရောက်အသက်မပျောက်သူတွေဟာ ဘာသာရေးအရ ဆုတောင်းပွဲ ကျင်းပနေပုံ (ဒီဓါတ်ပုံကို Getty Images က ရယူပါတယ်)

ဒီလိုမျိုးအကြောင်းအရာတွေဟာ ဆေးရုံခန်းတွေထဲကနေ ကမ္ဘာအနှံ့ ပျံ့ နှံ့ သွားနေပါပြီ။ ဥပမာတခုပြရရင် ၂၀၁၁ ခုနှစ်ထဲမှာ နယူဇီလန်နိုင်ငံရဲ့ ခရစ္စ ချာ့ခ်ျမြို့ မှာ အင်အားပြင်းထန်တဲ့ မြေငလျင်တခု လှုပ်ခတ်သွားခဲ့ပါတယ်။ အဲဒီမြို့ ဟာ ဘာသာတရားနဲ့ ပါတ်သက်ပြီး လုံးဝအလေးမထားတဲ့မြို့ လည်း ဖြစ်ပါတယ်။ အခုကိစ္စက အရေးကြုံလာတဲ့အခါ ဘာသာတရားကို တောင့်တမိတတ်တဲ့သဘောကို ညွန်ပြနေတာဖြစ်ပေမယ့် အခြားဒေသတွေဟာ သူတို့ နဲ့ ဘာမှ ပါတ်သက်ဆက်နွယ်မှုမရှိသလို၊ မသက်ဆိုင်သလို ပြုမူနေထိုင်နေကြပါတယ်။ အဲဒီ့လို ချွင်းချက်တွေရှိနေတာကြောင့် ဘာသာရေးနဲ့  နွယ်ပြီးမှသာ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီးထဲ ၀င်ရောက်လာခဲ့တာလို့  ယူဆချက်တွေက ရှိနေကြပါတယ်။ “အဲ့ဒီ အတွေ့ အကြုံဆိုးတွေကို သာတွေ့ နေရမယ်ဆိုရင် လူတွေဟာ ‘ဘာသာမဲ့’ တွေဖြစ်ကုန်မှာပဲလို့  ဖီလ် ဇုက္ကာမဲန် Phil Zuckerman က ထောက်ပြပြောဆိုခဲ့ပါတယ်။

ကိုယ့်စိတ်ကိုယ်သာ ကိုးကွယ်ရာ

ကမ္ဘာကြီးပေါ်မှာ ပြဿနာတွေတောက်လျှောက်ဖြစ်နေတာမဟုတ်ပဲ ရံဖန်ရံခါမှသာဖြစ်တဲ့အတွက် တရားရေးကိစ္စတွေမှာရော ဘာသာရေးကိစ္စတွေ မှာပါ တနွယ်ငင်တစင်ပါ ဆက်တိုက်ဖြစ်သွားပါတော့တယ်။ ဒါဘာကိုပြသလဲဆိုတော့ ဘုရားရှိနေတယ်လို့  ယူဆထားတဲ့အခြေခံအယူအဆဟာ လူသားတွေအပါအ၀င် သက်ရှိသတ္တ၀ါတွေအားလုံးရဲ့ အာရုံဆိုင်ရာစိတ္တဗေဒဖြစ်နေတာမို့  ကျွန်ုပ်တို့ ရဲ့ ဆင့်ကဲဖြစ်စဉ် evolution သဘာဝတရား ကိုသာ ကျေးဇူးတင်ရတော့မှာဖြစ်ပါတယ်။

ဂျူးလူမျိုးတွေရဲ့ ဘာသာရေးပွဲတော်မှာ ရာဘီ rabbi လို့ ခေါ်တဲ့ ဂျူးဘုန်းကြီးတပါးက ကျမ်းစာအုပ်ကို  ဖတ်နေစဉ် (ဒီဓါတ်ပုံကို Getty Images အဖွဲ့ က ရယူပါတယ်)

“အဲဒါတွေကို နားလည်နိုင်ဖို့ ဆိုရင် ‘အယူအဆ နှစ်မျိုးအတူတကွ ပူးတွဲရှိနေတဲ့ သီဝရီ dual process theory’ ကိုနားလည်သဘောပေါက် ဖို့ လိုအပ်ပါတယ်” အဲဒီ အာရုံဆိုင်ရာစိတ္တဗေဒ ဟာ ထာဝရ မှန်ကန်နေဖို့ လိုအပ်သလို ကျွန်ုပ်တို့ အနေနဲ့ ကလည်း အခြေခံသဘောတရားပုံစံတွေ ဖြစ်တဲ့ အမှတ် (၁) စနစ် နဲ့  အမှတ် (၂) စနစ် တို့ ရှိနေပါတယ်။ အခုလောလောဆယ် အမှတ် (၂) စနစ် နဲ့ စမ်းသပ်ကြိုးစားနေပါပြီ။ ကျွန်ုပ်တို့  ခေါင်းထဲမှာ အမြဲတမ်းအဲဒါတွေက ပြည့်နှက်နေပါတယ်။ တခြားလူတွေကတော့ အဲဒါတွေကို လုံးဝသိမှာ မဟုတ်သလို အဲဒီလိုမျိုးလုပ်ရင်ရတယ် ဆိုတဲ့ အတွေးမျိုးတွေးမိဖို့ ကျွန်ုပ်တို့ ကပဲ ကျွန်ုပ်တို့ ကို ညွှန်ကြားထားတာမဟုတ်ပေမယ့် ညွှန်ကြားထားသလိုမျိုးဖြစ်နေပါတယ်။

စိတ်ခံစားမှု၊ တသီးပုဂ္ဂလခံစားမှုနဲ့  အလိုအလျောက်သိရှိခံစားမှုဆိုပြီး အမှတ် (၁) စနစ်အရ ခွဲခြားထားပါတယ်။ ဒီလိုခံစားမှုတွေဟာ သူတို့ ရဲ့ မွေးဖွား ရာ ဇာတိတွေနဲ့ မပါတ်သက်၊ မဆက်နွယ်ပဲ သက်ရှိလူသားတွေမှာပဲ ဖြစ်ပေါ်လာလေ့ရှိကြပါတယ်။ အဲဒီခံစားမှုတွေဟာ လူသားတွေရဲ့ ကိုယ်ခန္ဓာ တခုလုံးရဲ့ တောင်းဆိုမှုတွေကြောင့်ဖြစ်ပေါ်လာရတာပါ။ အဲဒီစနစ်အရဆိုရင် ပုပ်သိုးနေတဲ့ အစားအသောက်တွေကိုစားမိရင် ကိုယ်လက်မအီမသာ ဖြစ်တာမျိုးတွေကအစ တခြားမလိုလားအပ်တဲ့ အရာတွေကို ဖြစ်ပေါ်လာစေတတ်ပါတယ်။ ကလေးတွေကိုကျွေးမိရင် အသက်အန္ထရာယ်ကိုထိခိုက် စေတဲ့အထိ ဖြစ်နိုင်တဲ့အတွက် မိဘတွေအနေနဲ့ အထူးသတိထားဖို့ လိုအပ်ပါတယ်။ အဲဒီလိုကိစ္စမျိုးကို တကမ္ဘာလုံးက သိရှိလိုက်နာကြဖို့ အထူး လိုအပ်ပါတယ်။ အဲဒီလိုမျိုး လိုက်နာလက်ခံ၊ ပြုမူနေထိုငိနိုင်မယ်ဆိုရင် သဘာဝဘေးဆိုးတွေရဲ့ အန္တရာယ်က ရှောင်ရှားနိုင်သလို မိမိတို့ ချစ်ခင်ရသူ တွေရဲ့ အသက်အန္တရာယ်တွေကို ကြုံတွေ့ နိုင်မှာ မဟုတ်ပါဘူး။

အိန္ဒိယနိုင်ငံက ဆစ်ခ် Sikh ဘာသာဝင်တယောက် “ဘန်ဒီ ချော့ ဒီဝါ့ Bandi Chhor Divas” ဒါမှမဟုတ်
“ဒီဝါလီ Diwali” ပွဲတော်ရက်အတွင်း ဖယောင်းတိုင်ဆီမီးပူဇော်နေပုံ (ဒီဓါတ်ပုံကို Getty Images အဖွဲ့ က ရယူပါတယ်)

ကမ္ဘာကြီးပေါ်က ဒီလိုအကမျိုး က တတ်တဲ့သူ ရှာဖွေတဲ့အခါမှာ အမှတ် (၁) စနစ်အရ တချို့ သော ဘာသာရေးဆိုင်ရာသုတေသီတွေက လိုအပ်တဲ့ အကြံဉာဏ်တွေ၊ အကူအညီအထောက်အပံ့တွေ စိတ်ပါလက်ပါ ကူညီပံ့ပိုးမှုတွေ ပေးခဲ့ကြပါတယ်။ “အထိမခံရွှေပန်းကန် အေဂျင်စီတွေ” လို့ လည်း ကင်ပွန်းတပ်ခဲ့ကြပါသေးတယ်။ ဘယ်ကိုပဲသွားသွား၊ ဘာကိုပဲလုပ်လုပ် “အဲဒီ့ကိုသွားတယ်၊ အဲဒါကိုလုပ်တယ်” ဆိုပြီး ခေါင်းထဲမှာ ထည့်မထားကြ ပါဘူး။ အရင်ထောင်စုနှစ်တွေတုန်းက အခုလို အန္တရာယ်မျိုးကြုံတွေ့ ရလိမ့်မယ်လို့ ယူဆမထားခဲ့ကြပါဘူး။ မကြုံတွေ့ နိုင်အောင်ရှောင်ရှားနိုင်လိမ့် မယ်လို့ ယူဆထားခဲ့ကြတာပါ။ ခြင်္သေ့တွေက မြက်ခင်းပြင်မှာ ကြက်စားတာမျိုးမရှိသလို၊ အဆိပ်ပြင်းတဲ့မြွေကလည်း အန္တရာယ်ကိုရှောင်ရှားဖို့  ခြုံပုတ်ထဲ ၀င်ပုန်းတာမျိုးတွေလို ရယ်စရာအပြုအမူတွေကို နောက်ကွယ်မှာအတိုင်းသားတွေ့ နေရပါတယ်။ ဒါပေမယ့် အဆိုပါ အေဂျင်စီတွေဟာ လူတွေကို လျှို့ ဝှက်ငှားရမ်းပြီး သူတို့ အကျိုးအတွက် အမြတ်ထုတ်သွားတတ်ကြတယ်။ ကျနော်တို့ ဆီကထွက်တဲ့ကုန်ကြမ်းပစ္စည်းတွေကနေ သူတို့  အတွက်ဘယ်လိုအကျိုးအမြတ် ထွက်အောင်လုပ်လို့ ရတယ်ဆိုတာ သိကြပါတယ်။ ကျနော်တို့ အတွက် အင်မတန်ကြောက်စရာမကောင်းဆိုးဝါး တကောင်လိုမျိုး ပြုမူကျင့်ကြံနေကြပါတယ်။

အဲဒီလိုမျိုးပဲ အမှတ် (၁) စနစ်ဟာ အရာရာကိုရှုမြင်တဲ့အခါ နည်းလမ်းနှစ်မျိုးနဲ့ ရှုမြင်ပြီး အဓိပ္ပါယ်ကတော့ သူတို့ ဟာ ပြဿနာအခက်အခဲ တခုခု ရှိလာရင် သူတို့ ခေါင်းထဲမှာ စိတ်ကူးစိတ်သမ်းရော လက်တွေ့ လက်ငင်း လုပ်ကိုင်ရမှာကိုပါ အမြန်ဆုံးဆောင်ရွင်လိုက်တာမျိုး လုပ်နိုင်ဖို့ လေ့ကျင့် ထားတာမျိုးပါ။ အဲဒီလိုမျိုးပြုမူဆောင်ရွင်နိုင်ဖို့ ငယ်စဉ်ကလေးဘ၀ကတည်းက လေ့ကျင့်ပြုစုပေးခဲ့တာဖြစ်ပါတယ်။ မွေးတဲ့အချိန်ကစပြီး သေဆုံးတဲ့ အထိ သူတို့ ရဲ့ အသက်ရှင်ရပ်တည်မှုဟာ အဆုံးအစမရှိပါပဲတဲ့။ သူတို့ ရဲ့ ဓလေ့ထုံးစံအရ သူတို့ ဟာ မသေတဲ့ သက်ရှိသတ္တ၀ါတမျိုးပဲလို့ ယူဆ သတ်မှတ်ထားကြတာဖြစ်ပါတယ်။ အဲ့ဒီ့ အယူအဆဟာ တခြားရှင်သန်နေတဲ့ ဘာသာတရားတွေဆီကို အလွယ်တကူ ကူးလူးဆက်သွယ်ပြောင်းလဲ နိုင်မှုမရှိတဲ့ တယူသန်အစွဲအပေါ်အခြေခံပါတယ်။ ဒါမှမဟုတ် ယုံကြည်မှုနဲ့ ပါတ်သက်ရင် မိမိကိုယ်မိမိ အနည်းငယ်ပြောင်းလဲပြီး မိမိတို့ ရဲ့ မူလပင်ရင်း အယူအဆကို မသိမသာလေးပဲ ပြောင်းလဲလက်ခံသုံးစွဲတာမျိုးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာဝင်တယောက်ဟာ ချဟတ် Chhat ပွဲတော်ရက်အတွက် ကြိုတင်ပြင်ဆင်နေပုံ
(ဒီဓါတ်ပုံကို Getty Images အဖွဲ့ က ရယူပါတယ်)

“ကျနော့်ရဲ့ စကင်ဒီနေးဗီးယားက စိတ္တဗေဒ၀ါဒီ ရဲဘော်ရဲဘက်တယောက် သူ့ ရဲ့ သုံးနှစ်အရွယ် သမီးတယောက်ဟာ ‘ဘုရားကဘယ်အချိန်မဆို နေရာမှာတိုင်းမှာ ရှိနေတာပဲ’ လို့ သူ့ ကိုပြောခဲ့တယ်တဲ့။ သူရော၊ သူ့ အမျိုးသမီးရော ဘယ်လိုပြန်ဖြေရမှန်းမသိဘူး” လို့  ကယ်လီဖိုးနီးယားပြည်နယ် ပါဆာဒေနာ Pasadena မြို့ က လူသားတွေရင့်ကျက်လာစေဖို့ ဘာသာရေးဆိုင်ရာ လေ့ကျင့်ပညာပေးရေးဌာန Thrive Center for Human Development at Fuller Theological Seminary မှာ ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်နေတဲ့၊ ‘ယုံကြည်သူများအဖြစ် မွေးဖွားလာခဲ့သူများ Born Believers’ စာအုပ်ကို ရေးသားခဲ့တဲ့ ဂျပ်စတင် ဘားရက် Justin Barrett က ပြောဆိုခဲ့ပါတယ်။ “အဲဒီစာရေး ဆရာဟာ ဘုရားဆိုတာ အသက်ကြီးကြီး မိန်းမတယောက်လို့ သူ့ သမီးကို ပြောပြခဲ့တယ်။ အဲဒီလိုပြောရုံနဲ့ တော့ သူ့ သမီးဟာ ဘုရားဆိုတာ ဘာမှန်းသိမှာ မဟုတ်ပါဘူး” လို့ သူက ဆက်ပြောပြခဲ့ပါတယ်။

အခုပြောပြခဲ့တဲ့အကြောင်းပြချက်တွေကို သုတေသီအတော်များများက “ကျွန်ုပ်တို့ ရဲ့ မှတ်ဉာဏ်အတွက် လုပ်သင့်တဲ့အရာ၊ မလုပ်သင့်တဲ့အရာတွေ လို့ ရှုပ်ထွေးအောင်လုပ်လိုက်ခြင်း” လို့  ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ မှာရှိတဲ့ အဲမိုရီ တက္ကသိုလ် Emory University ရဲ့ စိတ်နေ စိတ်ထား၊ ဦးနှောက်နဲ့ ယဉ်ကျေးမှုဌာန Center for Mind, Brain and Culture မှာ ညွှန်ကြားရေးမှူး လုပ်ကိုင်နေတဲ့၊ “ဘာကြောင့် ဘာသာရေးဟာ သဘာဝတရားနဲ့ သိပ္ပံပညာ မဟုတ်ရတာလဲ Why Religion Is Natural and Science Is Not” ဆိုတဲ့ စာအုပ်ထဲမှာ ရောဘတ် မက္ကောလေး Robert McCauley က “ဘာသာတရားတွေဟာ ယဉ်ကျေးမှုရဲ့ အထိမ်းအကွပ်အောက်မှာနဲ့ လူသားတွေရဲ့ စွမ်းဆောင် နိုင်စွမ်းတွေအပေါ် မူတည်ပြီး ရှင်သန်ရပ်တည်နေရတဲ့အတွက်ပဲ” လို့  သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဖြိုခွဲဖို့ အတွက် အပြင်းအထန်ကြိုးစားခဲ့ရခြင်း

ကိုးကွယ်မှုဘာသာတရားမရှိသူတွေက ယဉ်ကျေးမှုနဲ့ ဆင့်ကဲပြောင်းလဲမှုကို လုံးဝဂရုမစိုက်ပဲ တစိုက်မတ်မတ် ဆန့် ကျင်နေခဲ့ပါတယ်။ လူသားရယ် လို့ ဖြစ်လာရင် တခြားအရာဝတ္ထုတွေထက် တနည်းမဟုတ်တနည်း မြင့်မြတ်တယ်ဆိုတဲ့ အတွေးအခေါ်ဟာ အနည်းနဲ့ အများဆိုသလို သြဇာသက်ရောက်နေခဲ့တဲ့အတွက် ဘ၀ဆိုတာ သမရိုးကျပါပဲ၊ ထူးထူးခြားခြား ဘာမှမရှိပါဘူးဆိုတဲ့ အတွေးမျိုးကသာ လူအများစုရဲ့ ရင်ထဲနှလုံးထဲမှာ ကိန်းအောင်းနေကြပါတယ်။ “ပညာရေးတွေက သိပ္ပံပညာရပ်တွေနဲ့ ပြန်လှန်သုံးသပ်တဲ့ critical thinking လို့ ခေါ်တဲ့ ပိုင်းခြားဝေဖန်သုံးသပ်တဲ့ ပညာရပ်တွေကို အထူးပြုလေ့လာတဲ့အခါမှာ ဘယ်တက္ကသိုလ်ရယ်၊ ဘယ်ကျောင်းရယ်ကမှ လေ့ကျင့်သင်ကြားခဲ့ကြတာမဟုတ်ပါဘူး။ မိမိကိုယ်မိမိ ယုံကြည်မှုနဲ့ သာ လေ့ကျင့်သင်ကြားခဲ့ကြရတာပါ” လို့ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ က ဘရစ်တစ်(ရှ်)ကိုလံဘီယာတက္ကသိုလ် University of British Columbia က လူမှုရေးစိတ္တဗေဒပညာရှင်လည်းဖြစ် ၂၀၁၃ ခုနှစ်မှာရေးသားခဲ့ပြီး ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံးစာအုပ်စာရင်းဝင် ဖြစ်လာခဲ့တဲ့ “ဘုရားရှင်ကြီးများ Big Gods” စာအုပ်ကို ရေးသားခဲ့သူ အာရာ နိုရဲန်ဇာယမ် Ara Norenzayan ကပြောဆိုခဲ့ပါတယ်။

ဥပုသ်သီလဆောက်တည်တဲ့ ရာမာဒန် ရက်အကုန်ပိုင်းမှာ ဘုရားရှိခိုးနေကြတဲ့ အဇာဘိုင်ဂျန်နိုင်ငံက မူဆလင်ဘာသာဝင်များ (ဒီဓါတ်ပုံကို Getty Images အဖွဲ့ က ရယူပါတယ်)

ဘာသာတရားကိုးကွယ်မှုမရှိသူတွေနဲ့ ဘာသာတရားဆိုတာကို အယုံအကြည်မရှိသူတွေဟာ ကမ္ဘာကြီးသူ ဖာသာတည်ရှိဖြစ်ပေါ်နေတဲ့တည်ရှိမှု အပေါ်ဆေးဝါးတမျိုးလို အတင်းအဓမ္မလက်ခံခိုင်းလို့ မရနိုင်ဘူးလို့ သတ်မှတ်ထားကြပါတယ်။ သိပ္ပံပညာဆိုတာက အဲဒီလို မမျှမတဖြစ်နေတဲ့ အမှတ် (၁) စနစ်ကို ပြန်လည်ပြင်ဆင်ပြုပြင်ပေးကြရမှာ ဖြစ်ပါတယ်လို့  ရောဘတ် မက္ကောလေး Robert McCauley က ပြောဆိုခဲ့ပါတယ်။ ကျနော်တို့  ဟာ မိမိတို့ ကြုံတွေ့ ခဲ့ရတဲ့ ဘ၀အခြေအနေတွေက တမျိုးတဖုံဖြစ်ခဲ့သည့်တိုင် ကမ္ဘာ့ဝင်ရိုးရှိတယ်ဆိုတဲ့ အယူအဆကိုတော့ လက်ခံနိုင်ရပါလိမ့်မယ်၊ တခြားဌာနတွေက ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဖွင့် ကမ္ဘာကြီးဟာ သူ့ ဝင်ရိုးပေါ်မှာ တစောင်းပုံသဏ္ဍာန်နဲ့ လည်ပတ်နေတာကိုတော့ လက်ခံအသိအမှတ် ပြုနိုင်ရပါလိမ့်မယ်။ အဲဒါအပြင် ကျွန်ုပ်တို့ ဟာ ဘယ်အချက်တွေက မှားနေခဲ့သလဲဆိုတဲ့ အရင်သိအောင်ကြိုးစားပြီး ကျနော်တို့ အားလုံး လက်ခံနိုင် မယ့် အမှန်တရားကိုဖေါ်ထုတ်ပြီး လူအများသိရှိနိုင်အောင် တင်ပြပေးနိုင်ရပါလိမ့်မယ်။ “သိပ္ပံပညာဟာ သဘာဝနဲ့ ဖီလာဆန့် ကျင်နေမှုတွေကို ခက်ခဲ ပေမယ့် ဖေါ်ထုတ်ပေးသွားမှာပါ။ တဖက်ကလည်း ကျွန်ုပ်တို့ သိနားလည်ထားတဲ့ ဘာသာတရားထဲမှာ ထပ်ပြီးလေ့လာစရာ မရှိတော့တဲ့အထိ ကျွန်ုပ် တို့ ဆက်လက်လေ့လာသွားကြရဦးမှာပါ” လို့  ရောဘတ် မက္ကောလေးက ဆက်လက်ပြောပြခဲ့ပါတယ်။

“ဘာသာရေးနဲ့ ဆိုင်တဲ့ အတွေးအမြင်မှန်သမျှဟာ အနိမ့်ဆုံးအားဖြင့်တော့ မိမိကိုယ်မိမိ ခုခံနိုင်တဲ့ အစွမ်းသတ္တိတော့ ရှိနေကြပါတယ်။ အနိမ့်ဆုံးအား ဖြင့် ဘာသာတရားနဲ့  တနည်းတဖုံ ပါတ်သက်ဆက်နွယ်နေလို့ သာ ကျနော်တို့ ဟာ လူသားတွေအဖြစ်တည်ရှိနေနိုင်တာပဲလေ” လို့  ‘ယုံကြည်သူများအဖြစ် မွေးဖွားလာခဲ့သူများ Born Believers’ စာအုပ်ကို ရေးသားခဲ့တဲ့ ဂျပ်စတင် ဘားရက် Justin Barrett က ဆက်ပြောဆိုခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ‘၀ါ့တ် ဆမ္ပေါ့ ဗ် ထရိုင်လီခ် Sampov Treileak ဘုရား’ ကို ဗုဒ္ဓဘာသာရဟန်းသံဃာတော်တွေဟာ
လမ်းလျှောက်သွားနေကြပုံ (ဒီဓါတ်ပုံကို Getty Images အဖွဲ့ က ရယူပါတယ်)

အဲဒီလိုပါပဲ ကမ္ဘာပေါ်က သူတို့ ကိုယ်သူတို့ ဘာသာတရားကို အယုံအကြည်မရှိဘူးလို့ ပြောဆိုနေကြတာဟာ တစ္ဆေသရဲတွေလိုမျိုး၊ ဂြိုဟ်နက္ခတ်၊  ကာမ၊ စိတ်တန်ခိုး ဒါမှမဟုတ် နောက်ဘ၀ပြန်လည်ဖြစ်လာမှုတွေအပေါ် ယုံကြည်ကြတဲ့ တန်ခိုးကြီးမားချင်စိတ်ရှိသူတွေ ဖြစ်ချင်ကြသူတွေပါပဲ။  “ဥရောကတိုက်မြောက်ပိုင်း စကင်ဒီနေးဗီးယားနိုင်ငံတွေမှာ နေထိုင်ကြတဲ့ လူတွေဟာ ဘာသာတရားကို မယုံကြည်ကြဘူးလို့  ပြောဆိုလေ့ရှိကြ ပေမယ့် လူတိုင်းယူဆထားကြတဲ့ ပုံမှန်မဟုတ်တဲ့ ယုံကြည်မှုတွေနဲ့ သဘာဝလွန် အတွေးအခေါ်၊ ဘာသာတရားတွေအပေါ်တိမ်းညွတ်မှုတွေ ရှိနေ ကြတယ်လို့ လူအတော်များများက ယူဆထားခဲ့ကြတာပါ။ ဒါပေမယ့် သဘာဝလွန်တွေနဲ့  ဖြစ်ရပ်ဆန်းတွေဟာ လူတွေယူဆထားတာထက် ပိုပြီး ထူးဆန်း၊ ဆန်းကြယ်နေကြပါတယ်” လို့  အာရာ နိုရဲန်ဇာယမ်က ပြောဆိုခဲ့ပါတယ်။ ဘာသာတရားတွေအပေါ် မယုံကြည်ကြသူတွေဟာ ဘာသာ တရားတွေအစား အားကစားအသင်းအဖွဲ့ တွေ၊ ယောဂ အဖွဲ့ အစည်းတွေ၊ အခြားစိတ်ဝင်စားစရာကောင်းတဲ့ ဌာနတွေအပေါ်၊ သဘာဝပါတ်ဝန်းကျင် အပါအ၀င် အခြားစိတ်ဝင်စားစရာတွေအပေါ် အာရုံစိုက်လာခဲ့ကြပါတယ်။ အဲဒီ့အယူအဆဟာ အမေရိကန်နိုင်ငံမှာ စိတ်ကုထုံးတခုအနေနဲ့ သဘော ပေါက်ကြပြီး အင်္ဂလန်နိုင်ငံမှာတော့ ယဉ်ကျေးမှု မရှိသူတွေရဲ့ ကိုးကွယ်မှုတရားလို့  လူအတော်များများက နားလည်သဘောပေါက်ထားကြပါတယ်။

ဘာသာတရားတွေအပေါ်ယုံကြည်မှုရှိသူတွေဟာ မယုံကြည်သူတွေနဲ့ စာရင် အရာရာအပေါ်ထိုးထွင်းသိမြင်နိုင်စွမ်းပိုရှိတယ်လို့  မနုဿဗေဒပညာရှင် ရီအဲန် ဟုမ်းဘက်ခ် Ryan Hornbeck က ယုံကြည်သလိုမျိုး လူသားရင်းမြစ်ဖွ့ံဖြိုးတိုးတက်ရေးဌာန Thrive Center for Human Development ကလည်း ပြောဆိုထောက်ပြနေခဲ့ပါတယ်။ အဲဒီဌာနကပဲ တရုတ်နိုင်ငံက ကမ္တာစစ်ကြီးဒဏ်ခံစားခဲ့ရသူတွေဟာ နတ်ကိုးကွယ်မှု ဘက်ဆီ ဦးတည်လာခဲ့ကြပါတယ်ဆိုတာမျိုး ထောက်ပြပြောဆိုလာခဲ့ပါတယ်။ “ကမ္တာစစ်ကြီးဟာ လူတွေရဲ့ အသက်အန္တရာယ်ကို မထိခိုက်စေသည့် တိုင်အောင် စိတ်ပိုင်းဆိုင်ရာတွေကို အနည်းနဲ့ အများဆိုသလို ထိခိုက်သွားစေပါတယ်။ ကမ္တာစစ်ကြီးကို ရင်ဆိုင်ခဲ့ရတဲ့ သက်ရှိလူသားတွေဟာ ဘာသာရေးအရပဲဖြစ်ဖြစ် လူမှုရေးအရပဲဖြစ်ဖြစ် မထင်မှတ်၊ မယူဆထားတဲ့ အပြုအမူတွေကို ရှောင်တခင်ပြုမူလာတာတွေကို တွေ့ မြင်နေကြရပါ တယ်” လို့ ဂျပ်စတင် ဘားရက်က ထောက်ပြခဲ့ပါတယ်။

အရေအတွက် အနည်းငယ်သာရှိတဲ့ လူအုပ်စု

ဘာသာတရားအရ တူညီကြတဲ့ လူသားတွေဟာ ဘာပဲလုပ်လုပ် ညီညီညွတ်ညွတ်နဲ့  စိတ်တူကိုယ်တူ လုပ်ကိုင်နိုင်ကြပါတယ်။ အခြားခြိမ်းခြောက်မှု တွေဖြစ်ပေါ်စေမယ့် ဘုရား (ဒါမှမဟုတ် တန်ခိုးရှင်တွေ) က လူသားတွေကို ဘာတွေလုပ်နေကြသလဲလို့  တစိုက်မတ်မတ် စောင့်ကြည့်အကဲဖြတ်ပြီး ဟိုး အရင် ရှေးတုန်းက လူ့ အဖွဲ့ အစည်းတွေမှာလို ကူညီတာ၊ ကဲ့ရဲ့တာတွေ ပြုလုပ်နေကြပါတယ်။ “အဲဒီလို အပြုအမူဟာ သဘာဝဖြစ်ရပ်လွန် အပြစ်ပေးမှုပဲဖြစ်ပါတယ်။ တကယ်လို့ တစုံတယောက်ဟာ တကယ့်လက်တွေ့ မှာလည်း အဲဒီလို အပြစ်ပေးမှုမျိုးတွေရှိနေရင် အဲဒီ့ အပြုအမူဟာ တခြားအုပ်စုတွေမှာလည်း ရှိနေနိုင်တာကို သတိချပ်ရပါလိမ့်မယ်” လို့ နယူးဇီလန်နိုင်ငံ အုက္ကလန် တက္ကသိုလ် University of Auckland ရဲ့ စိတ်ပညာရှင်တယောက်ဖြစ်တဲ့ ကွဲန်တင် အတ်ကင်ဆန် Quentin Atkinson က ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အသက်သတ်လွတ် ပွဲတော်အတွင်း ယုံကြည်သူတဦး ဆင်နွှဲနေသူတဦး
(ဒီဓါတ်ပုံကို Getty Images အဖွဲ့ က ရယူပါတယ်)

လူသားအဖြစ်ရပ်တည်နေထိုင်မှု မလုံခြုံခြင်းနဲ့ လူဦးရေများပြားလွန်းခြင်းတွေကြောင့် လူသားတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍဟာ အရေးကြီးတဲ့ နေရာမှာ ရှိလာပြီး ဘာသာတရားတွေကိုးကွယ်မှုအပါအ၀င် ကျင်းဝတ်သိက္ခာပိုင်းတွေမှာ တင်းတင်းကြပ်ကြပ်ကိုင်တွယ်လာကြရပါတယ်။ လက်ရှိကမ္ဘာကြီးပေါ် က သမရိုးကျ လူ့ အဖွဲ့ အစည်းပေါင်း ၆၀၀ ကျော်ကို လေ့လာသုံးသပ်ကြည့်တဲ့အခါ နယူးဇီလန်နိုင်ငံက ၀ယ်လင်တန်တက္ကသိုလ်က ဂျိုးဆက် ဘူလ်ဘူလီယား Joseph Bulbulia နဲ့  သူ့ လုပ်ဖေါ်ကိုင်ဖက်တွေဟာ အဲဒီလို တင်ဒတင်းကြပ်ကြပ်လုပ်ထားတဲ့ လူ့ အဖွဲ့ အစည်းတွေ ဟာ လူ့  ယဉ်ကျေးမှုဆိုင်ရာတွေမှာ ပျက်စီးမှုတွေ ပိုပြီးရှိလာနိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဘာ့ကြောင့် အဲဒီလို ပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင်ရတာလဲ။ ရှင်သန်မှုနဲ့ သေခြင်တရား ကွာဟမှုတွေကို အိမ်နီးချင်းကောင်းတွေက ကူညီပံ့ပိုးပေးမှုမပေးနိုင်ကြတော့ပြီလော။ ‘ဘာသာတရား’ ဆိုတာ ဘာသာတရားတွေ ဖြစ်ထွန်းတည်ရှိမှုနဲ့ အတူ ရပ်တည်နေပြီး လူသားများအကျိုးအတွက် အကူအညီ အပံ့အပိုးများပေးနေကြရမည်သာ ဖြစ်ပါတယ်။

“တကယ့်ကို ပျံ့ နှံ့ သွားတာကို ကျနော်တို့ မြင်တွေ့ ကြရမှာပါ။ တကမ္ဘာလုံးအနှံ့ တခြားယဉ်ကျေးမှုတွေအပေါ် လျင်လျင်မြန်မြန် သြဇာသက်ရောက် သွားတာကို ကျနော်တို့ မြင်တွေ့ နေရပါတယ်။ အဲဒီလို အလျင်အမြန်ပျံ့ နှံ့ သွားတာကိုကြည့်ရင် ဘာသာတရားတွေမှာအတူတကွပူးပေါင်းပါတ်သက်မှု ရှိနေတာကို ကျနော်တို့  မြင်တွေ့ ကြရမှာပါ” လို့  ဂျိုးဆက် ဘူလ်ဘူလီယား ကပြောဆိုခဲ့ပါတယ်။

နောက်ဆုံးမတော့ ဘာသာတရားတွေရဲ့ နောက်ကွယ်မှာ တခြားထူးခြားမှုတချို့ ရှိနေတယ်ဆိုတာကို သင်္ချာဗေဒအမြင်နဲ့ ကြည့်ရင် တွေ့ မြင်နိုင် ပါတယ်။ ယဉ်ကျေးမှုတိုင်းမှာ ဘာသာတရားကို ကိုးကွယ်သူတွေရဲ့ကလေးတွေဟာ ဘာသာတရားကိုးကွယ်မှုမရှိသူတွေရဲ့ ကလေးတွေထက် ဘာသာရေးတွေအပေါ်ရိုသေတတ်သလို ပိုပြီးလည်း သိမ်မွေ့ နူးညံ့နေတတ်တာကို တွေ့ ရှိရတတ်ပါတယ်။ “သိပ်ကို တိတိကျကျ ပြောနိုင်ပါတယ်။ ဘာသာတရားကို ရိုသေကိုင်းရှိုင်းသူတွေကြားမှာတောင် ပိုပြီးလွတ်လွတ်လပ်လပ်ရှိတဲ့ လူ့ အသိုင်းအ၀ိုင်းမှာ မွေးဖွားကြီးပြင်းလာကြတဲ့ ကလေးတွေ ဟာ မလွတ်လပ်၊ မပွင့်လင်းတဲ့ လူ့ အသိုင်းအ၀ိုင်းမှာ မွေးဖွားကြီးပြင်းလာတဲ့ ကလေးတွေထက် ထက်ထက်မြက်မြက် ပိုရှိတာကို လေ့လာခွင့်ရရှိခဲ့ပါ တယ်” လို့  အာရာ နိုရဲန်ဇာယမ် Ara Norenzayan ကပြောဆိုခဲ့ပါတယ်။ ကလေးတွေဟာ သူတို့ ရဲ့ မိဘတွေရဲ့ ဓလေ့ထုံးစံရိုးရာတွေကိုလက်ခံ ကျင့်သုံးလေ့ရှိကြပေမယ့် အဲဒီကလေးတွေ အရွယ်ရောက်ပြီး လူကြီးတွေအဖြစ်ရောက်လာတဲ့အခါ ဘာသာတရားကိစ္စတွေကို သူတို့ စိတ်ကြိုက် ကိုးကွယ်လာတတ်ကြပါတယ်လို့  အာရာ နိုရဲန်ဇာယမ်က ဆက်ပြောခဲ့ပါတယ်။

နောက်ဆုံမတော့ မိမိတို့ ရဲ့ ယုံကြည်မှုတွေ နိဂုံးချုပ်သွားခြင်း

စိတ္တဗေဒအရ၊ အာရုံခံစားမှုအရ၊ ရာဇ၀င်အရ၊ ယဉ်ကျေးမှုအရနဲ့ ယုတ္တိဗေဒအရဖြစ်စေ ပညာရှင်အများစုက ဘာသာတရားဟာ ပျောက်ကွယ်သွားဖို့  လုံးဝမဖြစ်နိုင်ဘူးဘူးလို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။ ဘာသာတရားဟာ မပျောက်ကွယ်နိုင်မယ့်အပြင် ချစ်ခြင်း၊ မုန်းခြင်းစတဲ့ စိတ်ဆန္ဒတွေ အကောင်အထည်ဖေါ်နိုင်ဖို့ အတွက် သူ့ လုပ်ငန်းတွေကို တစိုက်မတ်မတ် ဆက်လက်အကောင်အထည်ဖေါ်နေပါလိမ့်မယ်။ အဲဒီ့ သူ့  ၀တ္တရားတွေကို အကောင်အထည် မဖေါ်ဆောင်နိုင်တော့လျင် ကျနော်တို့ နဲ့ အတူ ရှိနေနိုင်မှာ မဟုတ်ပါဘူး။

ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ်၊ မူဆလင်ဘာသာပဲဖြစ်ဖြစ်၊ ဟိန္ဒူဘာသာပဲဖြစ်ဖြစ် ဘုရားတွေအပါအ၀င် တခြားကိုးကွယ်ခံထိုက်တဲ့ တခြားဘာသာတွေ၊ တခြားယုံကြည်မှုတွေဟာ တန်ခိုးဣတ္တိပါတ်ရှိနေကြသူများ၊ နတ်တွေကိုကိုးကွယ်ကြသူများကပါ အခိုင်အမာယုံကြည်လာခဲ့ကြတာဖြစ်ပါတယ်။တချိန် ထဲမှာပဲ ဘာသာတရားဟာ သဘာဝကပ်ဆိုးတခု၊ ဒါမှမဟုတ် ကပ်ဆိုးနှစ်ခုကို သူ့ နည်းနဲ့ သူ ရိုက်ခတ်ခံစားလိုက်ရတာ ဖြစ်ပါတယ်။ “အဲဒီလို ပြောင်း လဲမှုတွေကို အင်မတန် ကောင်းမွန်တဲ့ အစိုးရတရပ်ဆိုရင်တောင် မပြောင်းလဲနိုင်အောင် မတားဆီးနိုင်ပါဘူး” လို့ ရောဘတ် မက္ကောလေး ကပြောဆို ခဲ့ပါတယ်။ သဘာဝပါတ်ဝန်းကျင်ကြီး ဆုတ်ယုတ်လာတာ၊ ကမ္ဘာကြီးမှာ နယူကလီးယားစစ်ပွဲကြီး၊ ဒါမှမဟုတ် ဂြိုဟ်ပါတ်လမ်းကြောင်းထဲမှာဂြိုဟ်သေး ဂြိုဟ်မွှားတွေ တွန်းတိုက်မှုတွေကြောင့် ကျွန်ုပ်တို့ ကမ္ဘာကြီးထဲမှာ ဘုရားတွေဟာ လူသားတွေအပေါ် သြဇာပိုမိုကြီးမားလာနိုင်ပါတယ်။

“လူတွေဟာ သူတို့ ရဲ့ မျက်နှာတွေပေါ်က နာကျဉ်မှုတွေနဲ့ သူတို့ ရဲ့ ခံစားမှုတွေကို တွေ့ မြင်နိုင်ပါတယ်။ လူအတော်များများဟာ သူတို့ ရဲ့ အခု လက်ရှိဘ၀ပြီးတဲ့အခါ နောက်ဘ၀ဆိုတာမျိုး ရှိ၊ မရှိ သိချင်စိတ်ရှိကြပါတယ်။ နောက်ဘ၀ဆိုတာဟာ မမြင်တွေ့ နိုင်ပေမယ့်လို့  လူတွေက သိချင် ကြပါတယ်။ လူရဲ့သဘာဝက တခြားလူတွေရဲ့ ယုံကြည်တဲ့ကိစ္စအပေါ် အခြားလူအချို့ တွေဟာ ယုံကြည်လိုက်ကြတယ်ဆိုတာကို ကျနော်တော့ သိပ်လက်မခံချင်ဘူး” လို့  ဖီလ် ဇုက္ကာမဲန် ကပြောဆိုခဲ့ပါတယ်။

ဘီဘီစီ ၀က်ဆိုဒ်ရဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ အနာဂါတ် Future ကဏ္ဍက ရေချယ်လ် နူးဝါး ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖေသက်နီ – ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေ ပျောက်ကွယ်သွားလေတော့မလား

Comments are closed.