သတင်းဆောင်းပါး

ပြည်ခရိုင်အတွင်းရှိ ဒေသ (၅) နေရာ လူ့အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်းကျင်းပခဲ့


ချမ်းမြ (မိုးမခထောက်တော်)
ဇန်န၀ါရီ ၁၅၊ ၂၀၁၄
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ ရွှေတောင်၊ ပြည်၊ ပေါက်ခေါင်း၊ ဆီဆုံကုန်း၊ ပန်းတောင်းနေရာ (၅) နေရာတွင် လူ့အခွင့်အရေးအလုပ်ရုံဆွေးနွေးပွဲ သင်တန်းပြုလုပ်ခဲ့သည်။ သင်တန်းသား (၃၀) သတ်မှတ်ပါသည်။  ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှ ၁၂ ရက်နေ့အထိပြုလုပ်ခဲ့သည်။ 

 

ဒေသခံပြည်သူများက မိမိကိုယ်ပိုင်အခွင့်အရေးကိုသိရှိလာကြောင်း၊ လာရောက်သင်တန်းပေးခဲ့သဖြင့် ကျေးဇူးတင်ရှိကြောင်း၊ နောက်နောင် တွင်လည်း သင်တန်းများကို ဆက်လက်ပေးပါရန်ပြောသည်။

 

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့သည် မြန်မာနိုင်ငံ ဒေသ(၄၀)တွင် ဒေသဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒေသတချို့သာကျန်သေးမည် ဖြစ်ကြောင်း၊ လူကြီးလူငယ်၊ အမျိုးသား၊ အမျိုးသမီးများတက်ရောက်ကြောင်း၊ (၆၆)နှစ်သက်တမ်း ရှိသော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို ယခုမှ မြင်ဖူးသူများက ပိုမိုများကြောင်း၊ လူ့အခွင့်အရေး ဆိုတာဘာလဲ၊ လူ့အခွင့်အရေး ဘာကြောင့်အရေးကြီးတာလဲ ဆွေးနွေးသင်တန်းပေးခဲ့ကြောင်း၊ (HRDP)အနေဖြင့် လူ့အခွင့်အရေးအသိအမြင် မြှင့်တင် တတ်အောင်၊ တောင်းဆိုတတ်အောင်၊ ကာကွယ်တတ်အောင် လူ့အခွင့်အရေးယဉ်ကျေးမှုတစ်ရပ်ပေါ်ထွန်းလာအောင် သင်တန်းပေးခဲ့ သည်ဟု (ပြည်ဒေသ) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ သတင်းနှင့်သုတေသနတာဝန်ခံ ဦးဇော်ထွန်းကပြော သည်။

 

၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တတိယအကြိမ် ကမ္ဘာကုလသမဂ္ဂအထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြုကြေညာခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts