ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်) – နောက်ဆုံးကဗျာဖြင့် နှုတ်ဆက်ခဲ့လေသူ

နောက်ဆုံးကဗျာဖြင့် နှုတ်ဆက်ခဲ့လေသူ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇွန် ၂၂၊ ၂၀၁၄
 

ဆရာမကြီး ဒေါ်မြင့်မြင့်ခင်သည် ပညာဉာဏ်ကြီးမြင့်သလောက် ဝီရိယကြီးပေသည်။ စိတ်သဘော ထားကြီးမြင်သလောက် နှလုံးသားဖြူစင်မွန်မြတ်သည်။ အလွန်အင်မတန် အလုပ်လုပ်သူ၊ အလွန်အင်မ တန် သိစပ်မြင်နှံ့သူ၊ အမှန်တရားကို အလွန်အင်မတန် မြတ်နိုးသူ၊ မတရားမှုကို အလွန်အင်မတန် စက်ဆုပ် သူပီပီ မည်သူ့ကိုမဆို မည်သည့်အခြေအနေကိုမဆို ကာလမရွေး ရင်ဆိုင်ဝံ့သူဖြစ်ပြီး လွတ်လပ်ပွင့်လင်း သလောက် ချစ်စရာကောင်းလှသည့် ပြည်သူ့ဆရာဝန်ကြီး၊ ပြည်သူ့စာရေးဆရာကြီး၊ ပြည်သူ့ဘက်တော် သားကြီးတစ်ဦး အသက် (၉၁) နှစ်အရွယ်၌ ၁၉.၆.၂ဝ၁၄ (ကြာသပတေးနေ့) မွန်းလွဲ (၂း၂ဝ) နာရီအချိန်၌ ရွှေဂုံတိုင်အထူးကုဆေးခန်း (SSC) တွင် ကွယ်လွန်သွားခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့မှ သွားရောက်၍ ရေဝေး သုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီခဲ့သည်။ ဆရာမကြီး၏ ဈာပနအခမ်းအနားအား ၂၁.၆.၂ဝ၁၄ (စနေ နေ့) ညနေ (၄းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုဟ်မှုပြုခဲ့ပြီး ကြွင်းကျန်ရစ်မည့် အရိုးပြာများ တို့အား ဂူသွင်းထားရှိ သွားမည်ဖြစ်ပါသည်။

 

 

မာမီကြီး (သို့) ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင်သည် ၁၉၂၄ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွား၍ ရန်ကုန်မြို့တော်ကြီးမှာ ကြီးပြင်းခဲ့ပါသည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရောက်ရှိခဲ့ပြီး စစ်တွင်း ကာလ (ဂျပန်ခေတ်)၌ ဆေးကျောင်းတက်ရောက်၍ ၁၉၄၆ ခုနှစ်တွင် B.A ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၅ဝ ခုနှစ်တွင် M.B.B.S ဘွဲ့ရယူခဲ့ပြီး USA နှင့် UK နိုင်ငံများတို့တွင် ဘွဲ့လွန်ပညာရပ်များအား ဆည်းပူး၍ ကျန်းမာရေးဌာနတို့တွင် ဝင်ရောက်၍ အမှုထမ်းခဲ့ပြီး ဆေးတက္ကသိုလ် မန္တလေး၌ ဆေးပညာ ပါမောက္ခ/ ဌာနမှူးအဖြစ် နှစ်ပေါင်း (၂ဝ)မျှ ဆောင်ရွက်ခဲ့သည်။ ခင်ပွန်းဖြစ်သူ ဒေါက်တာဦးစံဘော် (အရိုးအထူးကု ဆရာဝန်ကြီး၊ ထင်ရှားကျော်ကြားသော သုတေသီ) တစ်ဦးဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဆရာမကြီးသည် အငြိမ်းစားယူပြီး မလေးရှား (UKM) ဆေးတက္ကသိုလ်၌ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ တိုက်ဒေသ (နယူးဒေလီ)တွင် အကြံပေးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် မ လေးရှားနိုင်ငံနှင့် သြစတြေးလျနိုင်ငံတွင် နေထိုင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်လည်ရောက်ရှိကာ ရန်ကုန်မြို့၌ နေထိုင်ပြီး ဆေးပညာ၊ ပညာရေးနှင့် လောလောဆယ်တွင် ပြဿနာဖြစ်နေသော အကြောင်းအရာများ၊ ဖြေရှင်းရန်လိုအပ်သော အကြောင်းခြင်းရာများတို့ကို မီးမောင်းထိုးပြသည့် ဆောင်းပါးများနှင့် စာအုပ်များ ရေးသားခဲ့သည်။ ပညာရေး၊ သိပံ္ပပညာအခြေခံသိမြင်ရန် သက်ကြီးများ၏ ကျန်းမာရေးအကျိုးဆောင်လုပ် ငန်းများ လုပ်ဆောင်ရန် “မြင့်မြင့်ခင်” ဖောင်ဒေးရှင်း တည်ထောင်ပြီး သားဖြစ်သူ ဒေါက်တာမြင့်ဇံ ပါမောက္ခ ဥပဒေပညာဌာ Multimedia တက္ကသိုလ် မလေးရှားမှ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည်။ ဆရာမ ကြီး မကွယ်လွန်မီ (၃) နှစ်ခန့်မှစပြီး The Heritage: Myanmar Women through the Ages စာအုပ်ကို ရေးသားဆဲဖြစ်ပြီး စာမျက်နှာ (၃ဝဝ) ခန့် ရေးသားပြီး မပြီးဆုံးသေးသော်လည်း သား ဒေါက်တာမြင့်ဇံ မှ တတ်နိုင်သရွေ့ ရေးသားထုတ်ဝေရန် ရည်ရွယ်ထားသည်။ ဆရာမကြီးသည် မြန်မာဆေးလောကအတွက် ၁၉၉၅ ခုနှစ်တွင် “လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း” နှင့် “AIDS အကြောင်း” ၁၉၉၉ ခုနှစ်တွင် “ကင် ဆာ” ၂ဝဝ၃ ခုနှစ်တွင် “သက်ရှည်ကျန်းမာမြန်မာ့အစာ” ၊ “ဆေးလိပ်အကြောင်းဖြစ်ကြောင်းကုန်စင်” နှင့် “ဆီးချိုလူနာလမ်းညွှန်” ၂ဝဝ၇ ခုနှစ်တွင် “မိုက်ခရိုဝေဗ်နှင့် ဟင်းချက်နည်းများ” ၊ “ရှေ့တန်းရောက် ကျန်း မာရေးပြဿနာများ” ၊ “ပျော်ရွှင်ကျန်းမာ ဘဝဆည်းဆာ” နှင့် “Myanmar Handbook of Health Research Methods Tomorrow`s Doctors” ၂ဝ၁၂ ခုနှစ်တွင် “အားလုံးအတွက် ပညာရေးနှင့် တိုင်းပြု ပြည်ပြုဆောင်းပါးများ” အစရှိသည့် စာအုပ်များတို့အား ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။

 

 

 
ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင် အသက် (၉၁) နှစ်၏ ဈာပနအခမ်းအနားအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက် ကူညီပံ့ပိုးပေးခဲ့ပြီး အသင်းသား/သူများ၊ ဆရာမကြီး၏ မိသားစုဝင် များ၊ သားတပည့်များ၊ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆရာမကြီး၏ နောက်ဆုံးခရီးအား စည်ကားသိုက်မြိုက်စွာဖြင့် ဂါရဝပြု ပို့ဆောင်ခဲ့ကြသည်။ ဆရာမကြီးသည် ဝေဒနာရှင်ပေါင်း မြောက်များစွာ ကို ကုစားကယ်ဆယ်ခဲ့သလို မျိုးဆက်သစ် ဆေးပညာရှင်ပေါင်း မြောက်မြားစွာကိုလည်း မွေးထုတ်ပေးခဲ့ သည့် ဉာဏ်ပညာကြီးမားသော ဆေးပညာရှင်ကြီးတစ်ဦး၊ ရှည်လျားလှတဲ့ ဘဝသက်တမ်းတလျှောက် တိုင်းပြည်နှင့် လူမျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မာမီကြီး (သို့) ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့် ခင် ကောင်းရာသုဂတိလားပါစေကြောင်းနှင့် ကျန်ရစ်သူမိသားစုများနှင့်ထပ်တူထပ်မျှ နာရေးကူညီမှုအ သင်း(ရန်ကုန်)မှ ဝမ်းနည်းကြွေကွဲရပါသည်။

ဆရာမကြီး နောက်ဆုံးရေးသားခဲ့သည့် ကဗျာအား အမှတ်တရအဖြစ် ဖော်ပြလိုက်ရပါသည်။

I was dying; my cat by my side
I was yearning to die so the cat did meow.
That means she can`t let me go
When will she mea let me die.
That I don`t know only she Knows
(Oh, Me let me go)2
(Oh the cat will you meow)3


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts