ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

အလယ်ရွာမီးဘေးသို့ အလှူ

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဖေဖော်ဝါရီ ၉၊ ၂၀၁၂

၆၊ ၂၊ ၂၀၁၂ (တနင်္လာနေ့) မွန်းလွဲ ၁၂း ၀၀ နာရီခန့်အချိန်၌ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အလယ်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး ထရံကာ အိမ်ခြေ (၃၀၀) ခန့်နှင့် ပျဉ်ထောင်အိမ် (၃၇) လုံး စုစုပေါင်းအိမ်ခြေ (၃၄၅)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီဒီယာများ၏ဖော်ပြချက်များအရ သိရှိခဲ့ရသည်။

၇၊ ၂၊ ၂၀၁၂ ရက်နေ့သည် မြန်မာရုပ်ရှင်လောကသားများအတွက် မှတ်တိုင်ထူရမည့် အကယ်ဒမီ ရွှေစင်ရုပ်ဆု ချီးမြှင့်ပွဲနေ့ရက်လည်း ဖြစ်ပေသည်။ ယင်းနေ့နံနက် (၉း ၀၀) နာရီအချိန်တွင် ဥက္ကဋ္ဌ ဦးကျော်သူမှ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် မီးလောင်မှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ရှိ အောင်ဇေယျာမင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွင်း၌ ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိ ကြောင်း သိရှိရသည့်အတွက် တွဲဖက်အတွင်းရေးမှူး (၂) ဦးစန်းအေးဦးဆောင်၍ အသင်းသားများတို့မှ သွားရောက်စုံစမ်းမှုပြုလုပ်ခဲ့ရာ မီးဘေးဒုက္ခသည်များအတွက် အစားအသောက်လာရောက်လှူဒါန်းသူများရှိသော်လည်း ဒုက္ခသည်များအတွက် အအေးဒဏ်ကာကွယ်ရန် အနွေးထည် (အဝတ်အစား) များလိုအပ်နေကြောင်း သိရှိခဲ့ရသည်။ စုံစမ်းရေးအဖွဲ့သည် နံနက် (၁၁း၃၀) နာရီခန့်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ပြန်လည်ရောက်ရှိလာကာ မီးဘေးဒုက္ခသည်များအတွက် လိုအပ်နေသည့် အဝတ်အထည်၊ အနွေးထည်၊ ဘောင်းဘီ၊ ဒန် အိုးများ စုစုပေါင်း ၉၀၀၀၀၀ိ/- (ကိုးသိန်းကျပ်) တန်ဖိုးခန့်အား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသူ/သားများတို့မှ “အောင်ဇေယျာမင်း” ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်၌နေထိုင်လျှက်ရှိသည့် မီးဘေးဒုက္ခသည် အိမ်ထောင်စု (၁၇၄) စု၊ လူဦးရေ (၈၇၂) ဦးအတွက်အား ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းနိုင်ခဲ့ပြီး လှူဒါန်းရန်ကျန်ရှိသော လှူဖွယ်ပစ္စည်းပ္စည်းများအား အောင်ဇေယျာမင်း ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဇေယျာနန္ဒထံပေးပို့ခဲ့ကာ ဆရာတော်မှ ထပ်မံ၍ကျန်ရှိသော မီးဘေးဒုက္ခ သည်များအား ဆက်လက်ဝေငှလှူဒါန်းမည်ဖြစ်သည်။ ညနေ (၅း၃၀) နာရီအချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ ပြန်လည် ရောက် ရှိခဲ့တော့သည်။

 

ယခုကဲ့သို့ အရေးပေါ်ဖြစ်ပေါ်လာသော ကူညီကယ်ဆယ်မှုလုပ်ငန်းများအတွက် အချိန်နှင့်တပြေးညီ ဒုက္ခသည်များလက်ဝယ်ထံသို့ အလျင် မြန်ဆုံး ကူညီထောက်ပံ့နိုင်ရန်အတွက် ကြိုတင် လာရောက်၍ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ လှူဒါန်းထားရှိခဲ့ကြသည့် အလှူရှင်များနှင့် လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာရှိ မီးဘေးဒုက္ခသည်များထံသို့ သွားရောက်၍ တက်ကြွစွာဖြင့် လှူဒါန်းမှုတွင် အင်တိုက်အားတိုက် ပါဝင်ကူညီပေးခဲ့ကြသည့် အသင်းသား/သူများနှင့် ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ရပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “အလယ်ရွာမီးဘေးသို့ အလှူ

Comments are closed.