သတင်းပဒေသာ

ကျောင်းသားခေါင်းဆောင်မျိုးဆက်များရဲ့ မိတ်ဆက်လက်ဖက်ရည်ပွဲ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

တာရာဝေယံ
ဖေဖော်ဝါရီ ၉၊ ၂၀၁၂

ကျောင်းသားခေါင်းဆောင်များရဲ့ မိတ်ဆက်လက်ဖက်ရည်ပွဲကို ဒီနေ့နေ့လည်ပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပ၊ မြစ်သာရပ်၊ သံသုမာ လမ်းနဲ့ ရတနာလမ်းထောင့် လိုင်စင်ရုံးအနီးက စိတ်တိုင်းကျ စားရိပ်မြုံ ဒုတိယထပ်မှာ ကျင်းပခဲ့ပါတယ်။


Magin sayardaw, Ko min Ko naing, Dr. zaw min, U hla shwe


Ma zin mar aung ………………. U hla saw


Ko took ki & Ko mya aye …… ….Kyaw ko ko & Ko zeya

Ko si thu mg …………………….. Ma nobel aye

အခမ်းအနားမှူးအဖြစ် မဇင်မာအောင်က ဆောင်ရွက်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်မျိုးဆက်အသီးသီးမှ လူတစ်ရာကျော်ခန့်တက်ရောက်ခဲ့ ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံ ဒီမိုကရေစီတော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်များကို ဦးညွှတ်လေးစားအောက်မေ့ခြင်းအားဖြင့် တစ်မိနစ်ငြိမ်သက်ခဲ့ကြပြီး၊ ၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေမှ အဖွင့်အမှာစကားချီးမြှင့်ခဲ့ပါတယ်။


၇၄ – ၇၅ – ၇၆ ကျောင်းသားခေါင်းဆောင်မျိုးဆက်များမှ ဦးလှစော၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ၉၆ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ မနိုဘယ်အေး၊ ၂၀၀၇ ဗကသမျိုးဆက်များကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်တို့က အမှစကားအသီးသီးပြောကြားခဲ့ပါတယ်။

အခမ်းအနားရဲ့ နိဂုံးချုပ်အမှာစကားကို ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေက ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများကို လက်ဖက်ရည်၊ မုန့်များနဲ့ဧည့်ခံကာ ကျောင်းသားခေါင်းဆောင် မျိုးဆက်များရဲ့ မိတ်ဆက်လက်ဖက်ရည်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

U hla shwe speech


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကျောင်းသားခေါင်းဆောင်မျိုးဆက်များရဲ့ မိတ်ဆက်လက်ဖက်ရည်ပွဲ
  1. ကိုတာယာဝေယံ ရေ
    ကျေဇူးတင်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲဘော်ဟောင်း သစ်တွေကို တွေ့ ရတာ။ အဝေးကပဲ ဖြစ်ပေမဲ့ ကိုယ်ကိုတိုင် ၀င်ရောက်ပါဝင်နေသလိုမျိုးခံစားရပါတယ်။

  2. In U Hla Shwe’s speech, he said:
    “In 1939, Pha-Sa-Pa-La expelled A-Loke-Tha-Ma Lu-Dan-Sa Party”.
    As far as I know, it was the Communist Party that was expelled from Pha-Sa-Pa-La. Are they same? If they are the same, why did U Hla Shwe try to disguise a historical fact?

Comments are closed.