သတင်းပဒေသာ ကြော်ငြာကဏ္ဍ

ဝါရှင်တန်ဒီစီမက်ထရို မြန်မာကွန်မြူနီတီ မတ် ၁၆၊ ၈၈မျိုးဆက် ကိုဌေးကြွယ်နှင့် တွေ့ဆုံပွဲ ဖိတ်ကြား

ဝါရှင်တန်ဒီစီမက်ထရို မြန်မာကွန်မြူနီတီ မတ် ၁၆၊ တံတားနီနှစ်လည်အခမ်းအနားနဲ့ ၈၈မျိုးဆက် ကိုဌေးကြွယ်နှင့် တွေ့ဆုံပွဲ ဖိတ်ကြား

မိုးမခရွာဆော်ကြီး၊ မတ် ၅၊ ၂၀၁၃

မတ်လတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်မည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အား အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများက ကြိုဆိုတွေ့ဆုံကြရန် စီစဉ်လျက်ရှိရာ ၀ါရှင်တန်ဒီစီမက်ထရိုဒေသရှိ မြန်မာကွန်မြူနီတီနှင့် မိသားစုများက မတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံကြရန် ဖိတ်ကြားထားသည်ကို တွေ့ရသည်။

မတ်လ ၁၆၊ စနေနေ့ မနက်ခင်း၊ ၆နာရီခွဲမှ ၉ နာရီခွဲအထိ မင်္ဂလာရာမကျောင်းတိုက် (Mingalarama Temple, 1708 Powder Mill Road, Silver Spring, MD 20903) တွင် ၁၉၈၈၊ မတ်လ ၁၆ ရက် ကျောင်းသားအရေးတော်ပုံ၊ တံတားနီနေ့ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံးခဲ့ရသူ ကျောင်းသားများနှင့် အာဇာနည်ပြည်သူတို့အတွက် ကုသိုလ်ပြု ဆွမ်းကျွေး တရားနာပွဲကို ကျင်းပမည် ဖြစ်ကြောင်း၊ ၎င်းနောက် …

မတ်လ ၁၆၊ စနေနေ့၊ ညနေခင်း၊ ၅ နာရီခွဲမှ ည ၈နာရီခွဲအထိ (Twinbrook Community Recreation Center,  12920 Twinbrook Parkway, Rockville, 20851) တွင် အမေရိကန်ပြည်သို့ ရောက်ရှိနေသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့် တွေ့ဆုံပွဲနှင့် ဆွေးနွေးပွဲကို ၀ါရှင်တန်မက်ထရိုဒေသရောက် မြန်မာမိသားစုများနှင့်အတူ ကျင်းပမည် ဖြစ်ကြောင်း …

            သို့ဖြစ်ပါ၍ ရပ်နီး ရပ်ဝေးက မြန်မာပြည်အရေး စိတ်ဝင်စားသူ၊ နိုးကြားလှုပ်ရှားနေသူများအား ဖိတ်ကြားအပ်ပါကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ၀ါရှင်တန်ဒီစီမက်ထရို တွေ့ဆုံဆွေးနွေးပွဲကို စီစဉ်သူတဦးကတော့ ကိုယဉ်ထွေး ဖြစ်ကြောင်း၊ အသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

(ယခုတပတ် ဥရောပခရီးစဉ်မှာ တွေ့ရတဲ့ ကိုဌေးကြွယ် ဓာတ်ပုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts