မျက်မှောက်ရေးရာ သတင်းပဒေသာ

မြန်မာကာကွယ်ရေးဦးစီးချုပ် နှင့် ရုရှားဝန်ကြီး တက္ကသိုလ်ပညာရေးကိစ္စ ဆွေးနွေး – Burmese students to join Moscow State University

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles



မိုးမခအထောက်တော် ရန်ကုန်
မတ် ၅၊ ၂ဝ၁၃

မော်စကို တက္ကသိုလ် (Moscow State University – MSU) တွင် မြန်မာပြည်သားတို့ ပညာဆည်းပူးနိုင်ရန် ကူညီမည်ဟု   ရုရှား ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး Sergy K. SHOUGU  က  မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း အင်္ဂါနေ့ထုတ် အစိုးရအာဘော် သတင်းစာများတွင် ရေးသားထားသည်။

ဝန်ကြီးက (MSU) တွင် “ပညာသင်ကြားနိုင်ရေး ကြိုးစား ဆောင်ရွက်ပေးသွားမည်”ဟု ပြောဆိုကြောင်း ရေးထားသော်လည်း  ကျောင်းသူကျောင်းသား အရေအတွက်၊  သင်ယူမည့် ဘာသာရပ် စသည့် အသေးစိတ် အချက်အလက်များကို ထုံးစံအတိုင်း ဖော်ပြထားခြင်း မရှိချေ။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း  “ရုရှားနိုင်ငံရှိ အဓိက အဆင့်မြင့် တက္ကသိုလ်များတွင် ပညာသင်ကြားခွင့်ပေးခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို တိုးတက်စေသည့်ပြယုဂ်” ဖြစ်သည်ဟု  ပြောဆိုကြောင်း  သတင်းတွင် ရေးသားဖော်ပြထားသည်။

ရုရှားဝန်ကြီးပြောသည့် MSU တွင် ဌာနပေါင်း ၄၀ ရှိသည့်အနက် စစ်ဘက်ဆိုင်ရာသင်တန်းဌာန (Faculty of Military Training) လည်း ပါဝင်ကြောင်း အဆိုပါ တက္ကသိုလ် အင်တာနက်စာမျက်နှာမှတစ်ဆင့် သိရသည်။

ရုရှားတွင် သက်တမ်း အရင့်ဆုံး နှင့် အကြီးဆုံး တက္ကသိုလ်ဖြစ်သည့်၊  မြို့တော် မော်စကိုတွင် တည်ရှိသည့် MSU သည် ဆိုဗီယက် သမ္မတဟောင်း ဂေါ်ဘာချော့ဗ် အပါအ၀င် နိုဗဲလ်ဆုရှင် ၁၀ ဦးထက်မနည်း ထွက်ပေါ်ခဲ့သည့် တက္ကသိုလ်လည်း ဖြစ်သည်ဟု အဆိုပါ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယခင်ကလည်း MSU  အပါအဝင် ရုရှား တက္ကသိုလ်များတွင် မြန်မာကျောင်းသားများ ပညာသင်ယူဖူးသည်ဟု သိရသည်။

မြန်မာ့တပ်မတော် အရာရှိငယ်များ ပါဝင်သည်ဟု သတင်းကြီးသည့် အဆိုပါ ရုရှားနိုင်ငံ ပညာတော်သင် အစီအစဉ်များနှင့် ပတ်သက်ပြီး အာဏာပိုင်တို့က ယနေ့ထက်တိုင် လျှို့ဝှက်ထားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts