မိုးမခကို ပေးတဲ့စာ
အင်းလေးဒေသမှ ဘုရားရွှေဆိုင်းကန်ထရိုက်ပိုင်ရှင်တပည့်နှင့် ဘုရားရွှေဆိုင်းဈေးသည်၏ ပဋိပက္ခ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
ပေးပို့ – ဟင်္သာတမီဒီယာအဖွဲ့
မတ်လ ၅၊ ၂၀၁၃
အင်းလေးဖောင်တော်ဦးဘုရားမှ ရွှေဆိုင်းကန်ထရိုက်တပည့်နှင့် ဈေးသည်များ စကားများရာမှ ဈေးသည်အမျိုးသမီး (၇) ဦးအား ပုဒ်မ(၄၄၀)ဖြင့် ဖမ်ဆီးထားကြောင်း သိရှိရသည်။
၂၆.၂.၂၀၁၃ ရက်နေ့တွင် တာလေးတိုက်နယ်၊ ရွာမကျေးရွာတွင် မီးလောင်နေသောကြောင့် အင်းလေးဖောင်တော်ဦးဘုရားပေါ်မှ ရွှေဆိုင်း ရောင်း အသံချဲ့စက်အား အသံတိုးပေးရန် ဦးစိုးမောင် အသက် ၅၀ ခန့် (ပန်း၊ ဆွမ်းတော်ရောင်း) မှ သွားရောက်ပြောဆိုရာတွင် ရွှေဆိုင်း ကန်ထရိုက် ဦးအောင်ကျော်ထွန်းတပည့် အသက် (၂၅) ၀န်းကျင်လူငယ်မှ ရိုင်းပြစွာ ပြောဆိုခုံနှင့်ရိုက်ကာရန်မူသဖြင့် ရွှေရောင်းဈေးသည်အမျိုးသမီးများနှင့်စကားများကြပြီး ခုံကျိုးကာ ရွှေရောင်းအသံချဲ့စက်ကြိုးများပြုတ်ထွက်သည်ကို နမ့်ပန်ရဲစခန်းမှ မခိုင် (၃၉) နှစ်၊ မဖြူလေး (၃၇) နှစ်၊ မမိငယ် အသက် (၃၅) နှစ်၊ သန်းသန်းဦး(ခ)ကင်းပိုင် (၂၄) နှစ်၊ မခင်မျိုးဖြူ (၁၇) နှစ်၊ မယ်ပိုင် (၂၇) နှစ်၊ ရွှေငယ် (၃၈) နှစ်၊ (၇)ဦးအား စနေနေ့တွင်ဖမ်းဆီးကာ တနင်္ဂနွေနေ့တွင် ရုံးထုတ်ကာ ယမန်ယူခဲ့ကြောင်း ရွှေရောင်းဈေးသည်တစ်ဦးမှ ပြောသည်။
အင်းလေးဖောင်တော်ဦးဘုရား ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ဘုရားတွင် လွန်ခဲ့သည့်နှစ်ပေါင်း(၅၀)ကျော်မှ ယနေ့တိုင် ရွှေရောင်းအလုပ်ဖြင့် အသက်မွေးမှုပြုခဲ့ကြသည်။ လွန်ခဲ့သည့် ၅ လခန့်မှစကာ ဦးအောင်ကျော်ထွန်း(ခ)တရုတ်ကြီးဆိုသူသည် ဘုရားဂေါပကထံမှ ရွှေဆိုင်းကန်ထရိုက်ရသည်ဟုဆိုကာ ဘုရားတွင် အသံချဲ့စက်ဖြင့် ရွှေရောင်းခဲ့ကြောင်း၊ အစဉ်ရောင်းချလာခဲ့သည့် ဒေသခံရွှေဈေးသည်များနှင့်လည်း မကြာခဏရန်ဖြစ်ကာ ဘုရားပေါ်မှလည်း ညစ်ညမ်းစွာပြုမူရန်စကြောင်း၊ ဒေသခံရွှေဈေးသည်များကို ဖမ်းဆီးထိပ်တုံးခတ်ကြောင်း ဒေသခံရွှေဈေးသည်များ ပညာမတတ် မသိနားမလည် ကြောက်တတ်မှုပေါ်တွင် ရဲအားကိုးဖြင့် နည်းမျိုးစုံ နှိပ်ကွက်မှုများလည်းရှိနေကြောင်း၊ ယခုလက်ရှိတွင်လည်း ရွှေရောင်းကန်ထရိုက်နှင့် ဈေးသည်ပဋိပက္ခအားလည်း ယခုကဲ့သို့ သားသည် မိခင်နှင့် ငယ်ရွယ်သူအမျိုးသမီးလေးများအား မတရားဖိနှိပ်လုပ်ဆောင်နေကြောင်း မိသားစုများမှာလည်း ဒုက္ခမျိုးစုံ ရင်ဆိုင်နေရကြောင်း ရွှေဈေးသည်တစ်ဦးမှပြောသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
One thought on “အင်းလေးဒေသမှ ဘုရားရွှေဆိုင်းကန်ထရိုက်ပိုင်ရှင်တပည့်နှင့် ဘုရားရွှေဆိုင်းဈေးသည်၏ ပဋိပက္ခ
  1. ၀တ်မှုန် ရဲ့ အောက်ပါစာစောင် အတွင်းမှ ရေးသားချက်များကို ဖေဖော်ဝါရီလ ၂၁၊ ၂၀၁၃ နေ့ ကထဲက ဖတ်မိခဲ့ပါသည်။ အဲဒီ့ကထဲက ပြဿနာစတော့မယ်ဆိုတာ ရိတ်မိပါတယ်။
    ” ရှမ်းပြည်နယ်၊ နိုင်ငံခြားခရီးသွားများအတွက် အင်းလေးကန်ခရီးစဉ် (၀တ်မှုန် ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃) ”
    – – – နာမည်ကျော် ဖောင်တော်ဦးဘုရားသို့ လှေဆိုက်သည်နှင့် အမျိုသမီးများသည့် အတင်းကပ်ပြီး ရွှေဆိုင်းများ ၃ခုကို တစ်ထောင်ဖြင့် အတင်းရောင်းပါတော့သည်။ လှေဆိပ်မှ ဘုရားပေါ်အထိ မီတာ၅၀ ခရီးတွင်ရုပ်ပျက်ဆင်းပျက်
    ဖြစ်အောင် ရောင်းနေသောကြောင့်၊ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသည် အများအပြားအမြင်တွင် အလွန်ရှက်ဖွယ်ဖြစ် ပါသည်။ ယခုနှစ်တွင်မှ ဒီမိုကရေစီရပြီးနောက် ရဲများမထိန်းကျောင်းပေးသောကြောင့် တိုးဝှေ့ရောင်းချသူများ ပိုမိုအတင့်ရဲလာကြသည်။ – – –
    အထက်ပါ အကြည့်တန်သော မြင်ကွင်းကြောင့် မောင်ပျာလောင်လည်း အောက်ပါအတိုင်းလက်ဆော့ ပြီးရေးမိပါသည်။ – –
    (မောင်ပျာလောင် on February 22, 2013 at 3:50 am )
    စေတနာ့ဝန်ထမ်းဖွဲ့ ရင်မကောင်းဘူးလား ? ? ?
    မီဒီယာများကလည်း မျှမျှတတ ရေးသားဖေါ်ပြစေခြင်သည်။ တရားခံနှင့် တရားလို နှစ်ခုကြားမှာ ၀တ်မှုန်ရဲ့ရေးသားချက်တွေက ပြယုဂ်ကောင်းသည်၊ အမှန်တရားကို စာရှုသူများအတွက် လမ်းကျောင်းအမှန်ဖေါ်ပြနိုင်လျှင် အလွန်တန်ဘိုးရှိပြီး ဒီမိုကရေစီပန်းတိုင်ကို ညွှန်ပြပေးပါလား ခင်ဗျား – – –
Comments are closed.