>journal pieces on July 17

>

ဖလားဝါး၊ မြန်မာပို့စ်၊ Envoy နဲ့ ပြည်သူ့ခေတ် ဂျာနယ် ဖြတ်စများ
နွားကျောင်းသား ကိုဝင်း
ဇူလိုင် ၁၇၊ ၂၀၁၁ 

Flower News ဂျာနယ်၊ ဇူလိုင် ၅

မြန်မာပြည်မှာ ဘီပိုး ရှိတဲ့သူ ၅ သန်း ကျော်နေပြီဆိုပဲ။ အဲဒီအထဲ ကျုပ် ပါမလား မသိဘူး။ ဘီပိုးက ချောင်းဆိုး နှာခြေရုံနဲ့တင် ကူးတယ် တဲ့။ ဒီဆရာဝန်ရဲ့ အဆိုအရ နေပြည်တော်ဝန်ထမ်းတွေကိုတော့ ဘီပိုးရန် ကာကွယ်ဆေး အကုန်ထိုးပြီး ဆိုပဲ။

ကဲ – အာလူးချောင်းကြော်က စားလို့ အရမ်းကောင်းပေမယ့် အ၀ လွန်မယ် ဆိုပဲ။ ဘာကြောင့်များလဲ သိချင်ရင် ဖတ်ပါအုံး။

လေးဖြူနဲ့ တခြားအဆိုတော် ၄ ယောက်ရဲ့ စတိတ်ရှိုးအကြောင်း ဖတ်ရမှာပါ။

မူဆယ်မြို့ ဟိုဘက်ကမ်းက ပေါချောင်ညံ့ပစ္စည်းအရောင်းဆိုင်အကြောင်း သတင်း ဖြစ်ပါတယ်။ သတင်း နိဂုံးပိုင်း ဘယ်မှာလဲတော့ မမေးနဲ့။ ကျုပ်လည်း မသိပါ။ စိတ်ဝင်စားစရာ သတင်းတပုဒ်မို့ ဖတ်နိုင်ဖို့ ကူးပေးလိုက်တာပါ။

ကျုပ်တို့ဆီမှာ နိုင်ငံတကာနဲ့ ပခုံးချင်းယှဉ်လို့ရတဲ့ လုပ်ငန်းကို ပြပါ ဆိုရင် ပြည့်တန်ဆာလုပ်ငန်းကို ပြလိုက်ရုံပါပဲ။

ဒါလည်း ပြည့်တန်ဆာလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ သတင်း။
ပြည်ပသတင်းဌာနတွေ ဂုဏ်ယူစရာပါ။ ခင်ဗျားတို့ကို အားကိုးသူတွေထဲမှာ ရဲတွေလည်း ပါတယ် ဆိုပဲ။ ဒီသတင်းကိုသာ ဖတ်ပါဗျာ၊ ရှင်းသွားမှာပါ။

ခေတ်နောက်ပြန်ဆွဲတဲ့ အလှဆင်မှု မြန်မာပြည်မှာ ခေတ်စားနေပြီ တဲ့။ ဘာလဲ သိချင် ဖတ်ကြည့်ပါ။

မြန်မာပို့စ် ဂလိုဘယ် ဂျာနယ်၊ မေ ၆

ခေါင်းစဉ်တခုဟာ ရသစုံ ပေးနိုင်တယ်။ ရယ်ချင်မယ်၊ စိတ်ရှုပ်သွားမယ်။ ဒီခေါင်းစဉ်ကို ကြည့်ပါ – ရွှေဈေးတက်လို့ ရွှေတူးသူများလာ ဆိုရင် မကောင်းဘူးလား။ ခေါင်းစဉ်တွေဟာ ကျစ်လျစ်ရမယ်လို့ ပြီးခဲ့တဲ့ ၂ လ လောက်က တက်ခဲ့ရတဲ့ သတင်းသင်တန်းတခုက ဆိုတယ်။
ခေါင်းစည်းတခုကို အကြမ်း ချရေးပြီး ဖြုတ်လို့ရတဲ့ စာလုံးကို ဖြုတ်လိုက်တာဟာ ခေါင်းစဉ် ပေးနည်းမဟုတ်လား။ ရွှေဈေးတက်တယ်လို့ ဗြောင်ရေးခွင့်မရှိဘူး ဆိုတာ ခေတ်ကုန်ပါပြီ။ စာပေစိစစ်ရေးက ငနဲတွေလည်း ဒါမျိုးတွေကို လွှတ်ပေးနေတာပဲ။ သတင်း အစပြုထားတာကိုက ရွှေဈေးတက်တယ် တဲ့။ သတင်းကိုတော့ လိုတိုရှင်းနဲ့ အစပြုပြီး ခေါင်းစည်းမှာ ပေရှည်နေတာက အမြင်ကပ်စရာဖြစ်နေပါအုံးမယ်ခင်ဗျာ။

ကလေးတွေ စာကျက်အားကောင်းတာကို ဂုဏ်ယူမနေနဲ့ ဆိုတဲ့သဘော ရေးထားတဲ့ စာစုပါ။ ကျက်အားကောင်းပြီး ဘာမှမသိတဲ့ဘ၀ ရောက်ကုန်ပြီလို့ ဆိုပါတယ်။

ပရဟိတ အသင်းတွေ အရမ်းများလာတယ်၊ နယ်ပယ်စုံ လုပ်နိုင်ဖို့တော့ လိုနေသေးတယ် ဆိုတဲ့ သတင်းပါ။

Envoy ဂျာနယ် ဒီဇင်ဘာ ၁၂၊ ၂၀၁၀

ဒီသတင်းအဟောင်းက ဟိုတလောက အပြောများခဲ့တဲ့ အကြော်အိုးထဲ ပလပ်စတစ်ပုလင်း ထည့်တယ် ဆိုတဲ့ သတင်း နောက်ဆက်တွဲ ဖြစ်ပါလိမ့်မယ်။ ၀က်ခေါက်ကြော်တွေမှာ ပလတ်စတစ်အကြည်ပါးလေးတွေ ပါနေတယ် ဆိုပဲ။ ကျုပ်တို့ ငယ်ငယ်ကတည်းက စားလာတဲ့ ဒီအစားအစာက ဒီပုံစံပဲ မဟုတ်လား။ အဲဒါ ပလပ်စတစ်စ ဟုတ်ပါ့မလား။

ပြည်သူ့ခေတ် ဇွန် ၃၀၊ ၂၀၁၁



ပြည်သူ့ခေတ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် မိုးပြေး ရေးထားတာ ဖတ်ကြည့်ပါအုံး။ သူမြင်နေရတာတွေကို ရိုးရိုးလေး ရေးထားတာ ဖတ်လို့ အင်မတန် အဆင်ပြေပါတယ်။


7Day ဂျာနယ် အယ်ဒီတာနဲ့ အင်တာဗျူးမှာ အင်မတန် ပွင့်ပွင့်လင်းလင်း မေးကြ ဖြေကြတာကို တွေ့ရမှာပါ။
ဂျာနယ်တခု အပတ်စဉ် ပုံမှန်ထွက်ရေးအတွက် စိစစ်ရေးရုံးဆိုတဲ့ မကောင်းဆိုးဝါးဌာနကို သွားနေရတာ အလုပ်ပျက်လှတယ် ဆိုတာ ဖတ်စေချင်လို့ ဒီအင်တာဗျူး ကူးပေးလိုက်ပါတယ်။ ဖတ်ပါအုံး။


ဒေါက်တာဖုန်းဝင်းနဲ့ အင်တာဗျူး။
ဒီဆြာ ဘယ်သူပါလိမ့်။ သိသလိုလိုပဲ လို့ ထင်ကြလိမ့်မယ်။ သူ့အကြောင်း မိတ်ဆက်ပေးတာကို အင်တာဗျူးအစမှာ မတွေ့ရပါ။

ပြည်သူ့ခေတ်ဂျာနယ်ဟာ ပထမတန်းစားဂျာနယ်ထဲမှာ ပါပါတယ်။ နိုင်ငံရေးသိပ်များတော့ အရောင်းသွက်ပါ့မလားမသိပါ။
ဖတ်စရာ တပုံတပင်ရှိတော့ ဒီဂျာနယ်ကို လက်နှစ်ဖက်ကားပြီး ကိုင်ဖတ်ရတာ အင်မတန် လက်ညောင်းပါတယ်။
Time, Newsweek, Economist စတဲ့ အပတ်စဉ်ထုတ်တွေလို ဆိုဒ်သေးလိုက်ရင် စာဖတ်သူ လက်ညောင်း သက်သာမယ် ထင်ပါတယ်။ သိမ်းဆည်းရလွယ်ပြီး စာရွက်တွေ ပြုတ်ထွက်ခြင်းမှ ကင်းဝေးမယ်။
ပြီးတော့ စာမျက်နှာ ဘယ်လောက်သို့ သွားဖတ်ပါ ဆိုတဲ့ ပြဿနာကလည်း ကျနော်တို့ ကင်းဝေးမယ်။
အထက်က ညွှန်းခဲ့တဲ့ အင်တာဗျူး ၂ ခုကို ကြည့်ပါ။ စာဖတ်သူ အဆင်ပြေရေး မကြည့်ဘဲ ဒီဇိုင်းသမား စိတ်ကြိုက် လုပ်လိုက်တော့ လှတော့ လှပါရဲ့၊ ဖတ်ရတာ ဇိမ်ပျက်သဗျာ။ ဂျာနယ်မှာ မမြင်ချင်ဆုံးကတော့ ဗိုလ်ချုပ်ကြီးတွေရဲ့ လူကြားကောင်းအောင်ရေးထားတဲ့ကြော်ငြာတွေ ပြီးရင် အဲဒီ စာမျက်နှာ — သို့ ဆက်ဖတ်ပါ ဆိုတဲ့ စာတန်းပဲ။
ပြည်သူ့ခေတ်က TRUE NEWS ဂျာနယ်ထက် အပြင်အဆင် အပုံကြီး သာတယ် ဆိုပေမယ့် ဖတ်ရင်းဖတ်ရင်း မွမ်းကျပ်စေတဲ့ ရသကို ပေးရာမှာတော့ အတူတူပါပဲ။ ဖတ်စရာတွေကို ပြွတ်သိပ်ထည့်ထားလို့ပါ။ အပေါ်ကစာလုံးတွေက အောက်ကစာလုံးတွေနဲ့ သွားထိနေပါတယ်။ ဒါမှလည်း စာ များများ ဆံ့မယ် မဟုတ်လား။

အကြံပြုရရင် ဆောင်းပါးရှည်တွေကို ကျစ်လစ်အောင် ရေးဖို့ တိုက်တွန်း သို့မဟုတ် တည်းဖြတ်လိုက်ပါ။ အင်တာဗျူးတွေလည်း ထိုနည်းနှင်နှင်ပေါ့။ လေရှည်ထားတာတွေကို ရဲရဲတင်းတင်း ဖြတ်ပစ်ပါ။ ကိုယ့်ဂျာနယ်ပဲဗျာ ကိုယ့်စိတ်ကြိုက် ဖြတ်ပေါ့ ခင်ဗျာ အဲ – ပရိသတ်မှာ အချိန်သိပ်မရှိလို့ပါဗျာ၊ သူတို့ပြောတာတွေ အကုန်မထည့်ပါနဲ့ခင်ဗျာ။


အထက်က ၂ ပုဒ်က ပြည်ပရောက်မြန်မာမိသားစုတွေ ကြုံနေရပုံ၊ သဘာဝဓာတ်ငွေ့ရောင်းရငွေတွေ ကျုပ်တို့နဲ့ ဆိုင်သလား ဆိုတာတွေ ရေးထားပါတယ်။


ဒီသတင်း၂ပုဒ်က သတင်းထူးတော့ မဟုတ်ဘူး။ ဒါပေမယ့် အင်မတန် ဗဟုသုတ ရစေမယ့်၊ စဉ်းစားစရာတွေ ပေးမယ့် သတင်းတွေ ဖြစ်တယ် ဆိုတာတော့ အာမခံပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts