>The Lady Film coming soon

>

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဘ၀ဇာတ်ကြောင်းအား

ရိုက်ကူးထားသည့် The Lady ရုပ်ရှင်

ကမ္ဘာနှင့်အ၀ှမ်း မကြာမီ ကြည့်ရှုနိုင်တော့မည်

ထွန်းဝေ

ဇူလိုင် ၁၇၊ ၂၀၁၁

2011 အောက်တိုဘာလတွင် ရုံတင်ပြသမည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဘ၀ ဇာတ်ကြောင်းများကို The Lady ရုပ်ရှင်အဖြစ် ကမ္ဘာနဲ့အဝှမ်း ရုံတင်ပြသပြီး ရှုစားကြ ရ တော့မှာပါဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသူကတော့ မလေးရှားနိုင်ငံဖွား နာမည်ကျော်မင်းသမီး မင်းသမီး မီရှယ်လ်ယိုး (Michelle Yeoh) ပါ။ မလေးရှားမှ နိုင်ငံကျော် ရုပ်ရှင်မင်းသမီး အဖြစ် ထင်ရှားပါတယ်။ ဒါရိုက်တာ ပြင်သစ်လူမျိုး Luc Besson က စီစဉ်ရိုက်ကူးပြီး Drama၊ Romance၊ ဘဝသရုပ်ဖော်မြောက်များစွာ သုံးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Europa Corp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပါ တယ်…။ The Lady ဇာတ်ကားရဲ့ဇာတ် ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ ဇာတ်ဝင် ခန်းတွေကိုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါ တယ်။

ယခုနှစ် ဇန္နဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံသို့ ခေတ္တလာရောက်ခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့နေအိမ်ခြံဝင်းအတွင်း ဇာတ်ဝင်ခန်းတချို့ကို ရိုက်ကူးခဲ့ပါတယ်။ မင်းသမီး မီရှယ်လ်ယိုး၊ ဒေါ်အောင် ဆန်းစုကြည်ရဲ့အိမ်ရောက်ရှိစဉ် ဒေါ်စုရဲ့စကားပြောပုံ မြန်မာဆန်ဆန်ဝတ်စားပုံများကို တနေကုန်ကာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဟောလိဝုဒ် နာမည်ကျော်မင်းသမီး Michelle Yeoh ဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၂) ရက်နေ့က မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်တဲ့အချိန်မှာတော့ ရန်ကုန်လေဆိပ်မှာ မြန်မာ အာဏာ ပိုင်များမှ ပြည်ဝင်ခွင့်ကိုတားမြစ်ခဲ့တဲ့အတွက် မြန်မာအစိုးရရဲ့ လူသားခြင်းစာနာစိတ်ကင်းမဲ့သော သဘော ထားမှန်ကို နိုင်ငံတကာမှ မျက်ဝါးထင်ထင်သိမြင်ခဲ့ရပါတယ်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အဖြစ် သရုပ်ဆောင်တဲ့ မလေးရှားနိုင်ငံဖွား ဟောလိဝုဒ်နာမည် ကျော်မင်းသမီး Michelle Yeoh ဟာ လူမှုရေး လုပ်ငန်းများနဲ့ ပရဟိတလုပ်ငန်းများကိုပါ လုပ်ဆောင် နေသူတဦးအဖြစ် ထင်ရှားလျက်ရှိပါတယ်။

http://michelleyeoh.info/Movie/thelady.html အား မှီငြမ်းရေးသားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts