ကျော်ဟုန်း
ဖေဖော်ဝါရီ ၄၊ ၂၀၁၄
ကို (ခင်ဝမ်း) …
ပြည်မှာ ဆောင်းက
ကြိုနေတယ်။
ကို (ခင်ဝမ်း) …
ဧရာဝတီကတော့
ခမ်းနားတဲ့ အသွင်တွေ
မသိတတ်သူတွေလက်ချက်နဲ့ 
မျော့မျော့ပဲ ကျန်တော့တယ်၊
အမြန် လာကယ်ပါတဲ့။
ခင်ဗျား…
တာဝန်ကြေခဲ့ပေမယ့်…။
နှုတ်ဆက်ခဲ့ပါတယ်
ကျနော်သွားတော့မယ်
မပြောပါနဲ့ ဦးဗျာ
(၁၄) နှစ်ဆိုတာ
အလင်းအလျင်နဲ့ တွက်ရင်
တစက္ကန့် လောက်တောင် မရှိသမို့ 
ခင်ဗျားကြီးကို မမေ့
တမ်းတခွင့်လေး ပေးပါဗျာ။
(ပုံ)
ပြည် ၊
ဧရာဝတီ။
(၁၄) နှစ်ပြည့် ခင်ဝမ်း အမှတ်တရ။
သီချင်းလေးတွေ ရေးခဲ့ပါတယ်။ မျိုးဆက်သစ်တွေ ဧရာဝတီကို ဆက်ပြီးစောင့်ရှောက်ပါမယ်…
ဧရာဝတီ ရေး-ခင်ဝင်း၊ ဆို-ရင်ဂို၊ ဆောင်းပါး-လှဦး (English translated)
http://hlaoo1980.blogspot.sg/p/irrawaddy-waters-ne-wins-gold-trees.html