ကဗျာ

ဖိုးဇီးရိုး – သင်္ကြန် ၁၃၇၆

သင်္ကြန် ၁၃၇၆

ဖိုးဇီးရိုး ၊ ဧပြီ ၁၇၊ ၂၀၁၄

သြော သင်္ကြန်သင်္ကြန် …
ရင်ထဲမှာ တဒုန်းဒုန်းနဲ့
လာမည်နေတာ
သင်္ကြန်၊

ဗမာသင်္ကြန်
မြန်မာသင်္ကြန်
ရိုးရာသင်္ကြန်
ရွိင်ရယ်သင်္ကြန်
ဝီစကီသင်္ကြန်
အိတ်စ်ပို့စ်သင်္ကြန်
ခေတ်သစ်သင်္ကြန်
ခွက်စုတ်နဲ့ပက်တဲ့သင်္ကြန်
ရွမျိုးစုံအောင်ရွကြတဲ့သင်္ကြန်၊

အဲဒီသင်္ကြန်မဟာအခါသမယမှာ
မူးလည်းမူးသူများ
ရူးလည်းရူးသူများ
ထူးလည်းထူးသူများ၊

တချို့တွေကလည်း
သိက္ခာတွေ သမာဓိတွေနဲ့
လူ့လောကကို လေးငါးရက်စွန့်ခွာပြ၊
တချို့တွေကလည်း
စာအုပ်ကလေးတွေပိုက်ပြီး
တချို့တွေကလည်း
သီချင်းလေးတွေညည်းရင်းဆိုရင်း
လေးငါးရက် အနားယူကြ၊

သြော် သင်္ကြန်သင်္ကြန်
ဒီလိုနဲ့ ၁၃၇၆၊ ဒီလိုနဲ့ ၁၃၇၇၊
ဒီလိုနဲ့ ၁၃၇၈ …

တန်ခူးလပြည့်နေ့ ၁၃၇၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts