ကဗျာ ကျော်ဟုန်း

ပြည် – ဧရာဝတီက ကြိုနေဆဲ ခင်ဝမ်း

ကျော်ဟုန်း
ဖေဖော်ဝါရီ ၄၊ ၂၀၁၄

 

 

ကို (ခင်ဝမ်း) …
ပြည်မှာ ဆောင်းက
ကြိုနေတယ်။

 

ကို (ခင်ဝမ်း) …
ဧရာဝတီကတော့
ခမ်းနားတဲ့ အသွင်တွေ
မသိတတ်သူတွေလက်ချက်နဲ့ 
မျော့မျော့ပဲ ကျန်တော့တယ်၊
အမြန် လာကယ်ပါတဲ့။
ခင်ဗျား…
တာဝန်ကြေခဲ့ပေမယ့်…။
နှုတ်ဆက်ခဲ့ပါတယ်
ကျနော်သွားတော့မယ်
မပြောပါနဲ့ ဦးဗျာ
(၁၄) နှစ်ဆိုတာ
အလင်းအလျင်နဲ့ တွက်ရင်
တစက္ကန့် လောက်တောင် မရှိသမို့ 
ခင်ဗျားကြီးကို မမေ့
တမ်းတခွင့်လေး ပေးပါဗျာ။

 

(ပုံ)
ပြည် ၊
ဧရာဝတီ။
(၁၄) နှစ်ပြည့် ခင်ဝမ်း အမှတ်တရ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “ပြည် – ဧရာဝတီက ကြိုနေဆဲ ခင်ဝမ်း

Comments are closed.