ဒေါက်တာခင်မောင်ဝင်း (သချာင်္) လောကဓာတ်ခန်း

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – MATHS LAB

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – MATHS LAB
(မိုးမခ) မေ ၁၇၊ ၂၀၁၇

MATHS LAB လုပ်​နည်း
 ၁။ ​ခေါင်းစဉ်
၂။ ရည်​ရွယ်​ချက်
၃။ လိုအပ်​သည့်​ ပ​စ္စည်းများ  -ဥပမာ – ဇယား၊ ဂဏန်းတွက်​စက်​၊ အကွာအ​ဝေးတိုင်းကိရိယာ
၎။ သီအိုရီ
၅။ ပြုလုပ်​ချက်​။
၆။ ကောက်​ချက်​၊ ရလဒ်​၊ ​တွေ့ရှိချက်

TUTORIAL ပုစ္ဆာ နှင့် LAB ပုစ္ဆာနှင့်​ ကွာခြားပုံ

Tutorial Lab
Lecturer တွင် သင်​ပြီးသားဖြစ်​စရာကို ပြန်​​မေးခြင်းဖြစ်​သည် သင်ပြီးသားဖြစ်စရာ မလို။ သီအိုရီ လိုသ​လောက်​ကို သင်​​ပေး၍ ​ကျောင်​သားကိုတွက်​တွက်​ခိုင်းသည်​။
သင်ရိုးအတိုင်းသွားရသည် သင်ရိုးအတိုင်းသွားစရာ မလို။ Lab လုပ်လို့ ကောင်းတာပဲ ရွေးလုပ်သည်။
သင်​ရိုးနဲ့ တိုက်​ရိုက်​ဆက်စပ်နေသည် Lab Course ကို သပ်သပ်ဆွဲရသည်
ကျောင်စားကို ဖြေခိုင်းခြင်း ဖြစ်သည် ဖြေတတ်အောင်သင်ပေးပြီးမှ ဖြေခိုင်း

Lab လုပ်​၍ ​ကောင်း​သောပုစ္ဆာများမှာ 
၁။ အ​ဖြေကို လက်​​တွေ့စမ်းသပ်​၍ ကြည့်​နိုင်​​သောအရာများ
ဥပမာ – အကွာအ​ဝေး၊ ဧရိယာ၊ ပါမြူ​တေးရှင်း permutation
၂။ အ​ဖြေတစ်​ခုတည်းကို တွက်​နည်းအမျိုးမျိုးဖြင့်​ ချိန်​ကိုက်​နိုင်​​သော ပုစ္ဆာများ

Example of Lab 1

Find the number of permutations of four different things taken all at a time
၁။ ခေါင်းစဉ်​ – အရာဝတ္ထု ၄ ခု ၏ ​အစီအစဉ် ​ကို ရှာခြင်း

၂။ ရည်​ရွယ်​ချက်​ – က ခ ဂ ဆ ဟူ​သော အရာဝတ္ထု ၄ ခု ၏ ​အစီအစဉ် ​အ​ရေအတွက်​ကို ပုံ​သေနည်းဖြင့်​တစ်​နည်း လက်​​တွေ့စီကြည့်​​သောနည်းဖြင့်​တစ်​နည်း ရှာ၍ ချိန်​ကိုက်​ရန်​။
အရာဝတ္ထု ၄ ခု ​နေရာတွင် ​ကြိုက်​ရာ သ​​င်္ကေတ​ ၄ ခု ကိုသုံးနိုင်​သည်​။ A BC D, # $ % & ။

၃။ လိုအပ်​သည့်​ ပစ္စည်း – စာရွက်​ ၊ ခဲတံ၊ ​ဘောပင်​။

၎။ သီအိုရီ –
n! = 1.2.3 … … … n
1! = 1
2! = 1.2 = 2
3! = 1.2.3 = 6

2! = 1.2 =2 သည် ​မတူ​သောအရာဝတ္ထု နှစ်​ခု ကို စီ၍ရ​သော အစီအစဉ်​အ​ရေအတွက်​ဖြစ်​သည်​။
AB, BA

3! = 1.2.3 = 6
၎င်းသည်​ မတူ​သော အရာဝတ္ထု ၃ ခုကို စီ၍ရ​သော အစီအစဉ်​အ​ရေအတွက် ​ဖြစ်​သည်​။
ကခန
ကနခ
ခကန
ခနက
နခက
နကခ

၅။ ပြုလုပ်​ချက်

4! = 1.2.3.4 = 24

မတူ​သော အရာဝတ္ထု ​၄ ခုကို A,B,C,D ဟု​ခေါ်ပါ။ ၎င်းတို့ကို စီ ​သော် …
ABCD, ABDC, ACBD, ACDB, ADCB, ADBC, … … … .. 24 ခု

၆။ ​တွေ့ရှိချက်
မတူ​သော အရာဝတ္ထု ​၄ ခု၏ ​အစီအစဉ်​အ​ရေအတွက်​ကို ပုံ​သေနည်းဖြင့်​ရှာခြင်းနှင့်​ ဧကန်​တကယ်​စီခြင်းသည် ​အတူတူဖြစ်​သည်​။

Example of Lab 2

Find the distance between two given points.

၁။ ​ခေါင်းစဉ်​ – အမှတ်​နှစ်​ခု၏ ​အကွာအ​ဝေးကို ရှာခြင်း

၂။ ရည်​ရွယ်​ချက်​ – (1,4) နှင့်​ (3,0) တို့၏ ​အကွာအ​ဝေးကို ပုံ​သေနည်းသုံး၍ ရှာပြီး ထိုအမှတ် ​နှစ်​ခု၏​အကွာအ​ဝေးကို တိုင်းကြည့်​ရန်​။

၃။ လိုအပ်​သည့်​ပစ္စည်းများ – ဇယား၊ ဂဏန်းတွက်​စက်​၊ အကွာအ​ဝေးတိုင်းရန်​ ကိရိယာ ​ပေတံ။

၎။ သီအိုရီ

Definitions of x-axis, y-axis, origin, x-coordinate, y-coordinate, point (a,b).
Formula for distance between two points.

၅။ ပြုလုပ်​ချက်

အမှတ်​ A (3,0)နှင့်​ B (1,4) တို့၏ ​အကွာအ​ဝေး A B ကို ပုံ​သေနည်းသုံး၍ ရှာပါ။
ထိုအမှတ်​နှစ်​ခု၏ ​အကွာအ​ဝေးကို တိုင်းကြည့်​ပါ။

AB = ပုံ​သေနည်းဖြင့်​ ရ​သောအ​ဖြေ
AB = တိုင်းကြည့်​၍ ရ​သောအ​ဖြေ

၆။ ​တွေ့ရှိချက်​။

ပုံ​သေနည်းဖြင့်​ရ​သောအ​ဖြေသည်​ ဒသမများစွာ ရှာနိုင်​သည်​။ သို့​သော် ​ဧကန်​တကယ် တိုင်း၍ရ​သောအ​ဖြေသည်​ ဒသမနှစ်​​နေရာ​လောက်​ထက်​ ပို၍မရပါ။ ထို့​ကြောင့်​ ထိုအ​ဖြေနှစ်​ခု တူဖို့ ခက်သည်​။

Idea for Lab

∆ ၏​ areaကို အမျိုးမျိုးရှာ၍ ချိန်​ကိုက်​ခြင်းသည် ​Lab အတွ​က်​ ကောင်း​သော idea ဖြစ်​သည်​။

ဥပမာ ∆ = 1/2 a b sinC
= 1/2 b c sinA
= 1/2 c a sinB
= 1/2 (အ​ခြေ) . (အမြင့်​)

အောက်​ပါ​ ပေးထားချက်​များကို သုံး၍ ∆ABC ကိုဆွဲပါ။
a=5, b=2, ∠C = 50
ပြီးလျှင်
c, ∠A, ∠B တို့ကို တိုင်း၍ ရ​သောတန်​ဖိုးများကို မှတ်​ထားပါ။
c=
∠A=
∠B=
∆ = 1/2 ab sinC ဟူ​သောပုံ​သေနည်းဖြင့်∆ ၏ ​ဧရိယာကိုရှာပါ။

ပြီးလျှင်​ တိုင်းတာ၍ရ​သော တန်​ဖိုးများကို သုံး၍ ∆၏ ဧရိယာကို 1/2 bc sinA, 1/2 ca sinB တို့သုံး၍ ရှာပါ။ နှိုင်းယှဉ်​ကြည့်​ပါ။

∆ = 1/2 (အ​ခြေ).(အမြင့်​) တွင် ​ကြိုက်​ရာအနားတစ်​ခုကို အ​ခြေဟုယူ၍ ၎င်း၏ ​မျက်​နှာချင်းဆိုင်​​ထောင့်​၏ အမြင့်​ကို ယူနိုင်​သည်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts