သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (33)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (33)

အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန်

(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၇

 

ဂူးဂဲဆလိုက် နဲ့ Powerpoint Presentation အသုံးချခြင်း

 

ဂူးဂဲအက်ပလီကေးရှင်းတွေထဲမှာ google slide ဆိုတာက ကျောင်း။ ရုံး၊ အိမ်သုံး Presentation တွေ တင်ဆက်နိုင်ဖို့အတွက် ပေးထားတာဖြစ်ပါတယ်။ Presentation ဆိုတာ ၀ဒ်တို့ အိပ်ဆဲတို့ အီးမေးတို့နဲ့ မတူပါဘူး။ သူက သင်ပြောချင် တင်ဆက်ချင်တဲ့ ကိစ္စ၊ ဇာတ်လမ်း၊ ပရိုဂျက်၊ စတိုရီတွေကို ဖန်သားပြင်ပေါ်မှာ တချပ်ပြီး တချပ် ကားချပ်ပြားတွေ တခုပြီးတခု တင်ဆက် ပြသရှင်းလင်းတာကို လုပ်နိုင်ပါတယ်။ လှုပ်ရှားပုံရိပ်တွေ၊ စာတန်းထိုးပြတာတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ စုပေါင်းပြီး တင်ဆက်တာမျိုးပါ။ တီဗီကြည့်ရသလိုမျိုးပေါ့။ ဒါကို Google Slide ကနေ လုပ်နိုင်ပါတယ်။ အခု မိတ်ဆက်အနေနဲ့ Menu, Shortcut toolbar, Zoom and Theme တွေကို သုံးတာကနေ သင်ကြားပါမယ်။

The Google Slides interface

ဂူးဂဲဆလိုက်၏ မျက်နှာစာ –

 

ဆလိုက်ကို ဖွင့်လိုက်တာနဲ့ အောက်ပါအတိုင်းမြင်ရပါမယ်။ toolbar ဆိုတာ တွေ့ရမယ်။ ထိပ်မှာ Untitled Presentation ဆိုတဲ့ သင့်ဖာသာ အမည်ပြောင်းနိုင်တဲ့ ဆလိုက်ဖိုင်အမည်ကိုလည်း တွေ့ရမယ်။ အဲသည်ကနေ create and modify slides ဆိုပြီး ဆလိုက်တွေ အသစ်ရေးတာ ပြင်ဆင်တာ လုပ်နိုင်တယ်။ ပြီးတော့ theme ဆိုတဲ့ ဆလိုက်ရဲ့ အခြေခံဒီဇိုင်းကိုလည်း ရွေးနိုင်တယ်။ နောက်ကျတော့ share ဆိုပြီးတော့ အခြားသူတွေနဲ့ ကိုယ့်ဆလိုက်ကို ရှယ်နိုင်ပါတယ်။

 

Choosing a theme (ဆလိုက်အတွက် အခြေခံဒီဇိုင်းကို ရွေးချယ်ခြင်း)

 

New Slide ကို ရွေးချယ်လိုက်တဲ့အခါ ဂူးဂဲက Theme ဆိုတာကို ရွေးခိုင်းပါတယ်။ Theme ဆိုတာက သင့်Presentation အတွက် အခြေခံ ကာလာတွေ၊ ဖောင့်တွေ၊ ဘက်ဂရောင်းတွေကို လိုက်ဖက်မယ့် ဒီဇိုင်းအခြေခံတခုကို ရွေးခိုင်းတာပါ။ သင်ရဲ့ ညာဖက်မှာ ပေါ်နေတဲ့ Theme ထဲက သင်နှစ်သက်ရာကို ရွေးနိုင်ပါတယ်။ ဒီဇိုင်းပြင်ဆင်ရတာ ခေါင်းမစားတော့ဘူးပေါ့။

Selecting a theme

လုပ်နေရင်း တန်းလန်းကနေ Theme ကို ပြောင်းချင်လည်း ကိစ္စမရှိပါ။ Toolbar မှာ Theme ဆိုတဲ့ ခလုပ်လေးကို နှိပ်လိုက်ပြီး ထပ်ပြောင်းလို့ ရပါတယ်။ အောက်ပုံကို ကြည့်ပါ။

 

The Theme command on the Shortcut Toolbar

Google Slides မြင်ကွင်းကို မိတ်ဆက်ခြင်း

The menu and shortcut toolbars

 

အောက်မှာ ပြထားတဲ့ လိမ္မော်ရောင် အကွက်ထဲက – Menu နဲ့ shortcut toolbar ဖြစ်ပါတယ်။

 

The menus and Shortcut Toolbar

Showing and hiding the menus

 

အောက်ကပြထားသလို Menu ကို ဖျောက်ထားချင်ရင် အပေါ်ထောင်နေတဲ့ မြားခလုပ်ကို နှိပ်ပါ။

 

Hide the menus

Zooming in and out

မှန်ဘီလူးနဲ့ ချဲ့ခြင်း ချုံ့ခြင်း

 

Zoom ရှော့ကပ်နဲ့ သင့်ဆလိုက်တွေကို အနီးကြည့် အဝေးကြည့်လို့ ရပါတယ်။ Zoom ထဲက ထွက်ချင်ရင်တော့ ESC key ကို နှိပ်လိုက်ပါ။

Zooming with the cursor

 

View menu ကနေပြီးတော့ Zoom Setting တွေ ရွေးလို့ ရပါတယ်။

The zoom options in the View menu

Playing the presentation

 

ဆလိုက်တွေ လုပ်ပြီးရင် Presentation ကို Play လုပ်၊ ဖွင့်ပြရမယ် မဟုတ်လား။ Present ခလုပ်ကို နှိပ်ပြီးတော့ ဆလိုက်တခုကနေ တခုကို ဖွင့်ပြနိုင်ပါတယ်။ သူ့ကို Pull down လုပ်လိုက်ရင် Present ရဲ့ အခြား ဆက်တင်တွေလည်း တွေ့နိုင်ပါတယ်။

Presentation options

Challenge! (အိမ်စာ)

  1. Google Slides ဖွင့်ပြီး blank presentation ဆိုတာကို ရွေးပါ။

  2. Untitled Presentation ဆိုတဲ့ ဖိုင်အမည်မှာ Practice Presentation လို့ ပြောင်းပါ။

  3. theme တခုခု နှစ်သင်ရာကို ရွေးပါ။

  4. View menu သုံးပြီး zoom ကို  50%.ပြောင်းပါ။

  5. ပြီးသွားရင် ဒီလိုမျိုး မြင်တွေ့ရပါမယ်။

  6. Getting Started Challenge Example

 

(ဆက်လက်ဖော်ပြပါမည်)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts