သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (19)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (19)
အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) မေ ၁၀၊ ၂၀၁၇


Headers and footers


ဟက်ဒါဆိုတာက စာမျက်နှာရဲ့ အပေါ်တန်းမာဂျင်အထက်က နေရာလွတ်ဖြစ်ပါတယ်။ စာမျက်နှာမှာ ထုံးစံအားဖြင့် စာမျက်နှာ နံပါတ်တို့၊ ခေါင်းစီးတို့ စတာတွေ တပ်တဲ့ ခေါင်းနေရာ ဖြစ်ပါတယ်။
ဖွတ်တာကတော့ အောက်ခြေမှတ်စုတွေ ရေးတဲ့ ထားတဲ့ နေရာဖြစ်ပါတယ်။ မူလစာမျက်နှာမှာ မိမိရဲ့ စာသားတွေကို မထိခိုက်စေဘဲ နေရာသီးသန့် မာဂျင်အပေါ်တန်းနဲ့ အောက်မာဂျင်တန်းမှာ စာရေးစရာ မှတ်စုထည့်စရာ နေရာတွေ ဖြစ်ပါတယ်။



To insert a header or footer:


ဟက်ဒါတွေ ဖွတ်တာတွေ ထည့်နည်းကတော့ Insert Menu ကို ဆွဲချပါ။ ဟက်ဒါ သို့မဟုတ် ဖွတ်တာကို ရွေးချယ်ပါ။



မိမိရွေးချယ်သည့်အပေါ် မူတည်ပြီး ကာဆာက မာဂျင်အထက် သို့မဟုတ် မာဂျင်အောက်မှာ စာရိုက်စရာ နေရာအကွက်တခု ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။



မိမိရိုက်ချင်တဲ့ စာသားကို ရိုက်ထည့်ပါ။ အဲသည် သီးသန့်နေရာကွက်လပ်က ထွက်ချင်ရင် ESC ကီးကို နှိပ်ပြီး ထွက်ပါ။


 

အဲသည်လို ထွက်လိုက်ရင် ဟက်ဒါ သို့မဟုတ် ဖွတ်တာစာသားက ကွက်လပ်မှာ ပေါ်နေပါမယ်။ သို့သော် အဲသည်စာသားတွေကို lock လုပ်ထားတာ တွေ့ရပါမယ်။ ပြန်ပြင်ချင်ရင် ဖျက်ချင်ရင် အဲသည် အဲသည်နေရာကို ပြန်ပြီး ကလစ်လုပ်ပါ။


Formatting text in a header or footer
ဟက်ဒါ ဖွတ်တာများကို ဖော်မက်များ ထည့်သွင်းခြင်း


အဲသည်အတွင်းက စာသားတွေကို ဖော်မက်လုပ်တာက မူလစာမျက်နှာက စာသားတွေကို ပုံမှန် မီနူးတွေ ရှော့ကပ်တွေကနေ bold, italic, underline, left, right, center, color လုပ်တာတွေ လုပ်ချင်တာ လုပ်လို့ရပါတယ်။ ယခင်သင်ခန်းစာမှာ သင်ပေးခဲ့တဲ့ စာသားများ ဖော်မက်လုပ်ခြင်းမှာ ပြခဲ့တဲ့ အတိုင်းပါပဲ။



To add page numbers to a header or footer:
ဟက်ဒါ ဖွတ်တာမှာ စာမျက်နှာ နံပတ်များ ထည့်သွင်းခြင်း


Google Docs မှာ ဟက်ဒါ ဖွတ်တာနေရာမှာ မိမိဆောင်းပါးရဲ့ စာမျက်နှာ နံပါတ်တွေ အလိုအလျောက် ထည့်သွင်းခိုင်းလို့ ရပါတယ်။ စာမျက်နှာ နံပါတ် ပေါ်အောင်ထည့်တဲ့ဆီမှာ စာမျက်နှာ (Page) လို့ စာသား အရင်ပေါ်စေချင်ရင်တော့ (Page) ဆိုတာကိုတော့ ကိုယ့်ဖာသာကိုယ် ရိုက်ထည့်ရပါမယ်။



ဟက်ဒါနေရာမှာ မောက်စ်ကို ကလစ်လုပ်ပြီး နေရာချပါ။ ပြီးတော့ အလိုရှိရာနေရာမှာ (Page) လို့ ရိုက်ထည့်ပါ။ ပြီးတော့ Insert Menu ကို Pulldown လုပ်ပါ။ Page Number ကို ရွေးပါ။



စာမျက်နှာ နံပါတ်အလိုက် ပေါ်လာပါလိမ့်မယ်။



To display the page count:
စာမျက်နှာ စုစုပေါင်းကို ဖော်ပြခြင်း


စာမျက်နှာ နံပါတ်ကို ထည့်တာအပြင် မိမိဆောင်းပါးမှာ ပါဝင်တဲ့ စာမျက်နှာ စုစုပေါင်း ဘယ်လောက်ရှိသလဲဆိုတာကိုလည်း ထည့်သွင်းနိုင်ပါတယ်။ အခု နမူနာမှာ Page () of ဆိုပြီး (of) ကို စာမျက်နှာနံပါတ် ဖော်မက်နောက်မှာ ရိုက်ထည့်ပါ။ မောက်စ်ကို အဲသည်စာသားနောက်မှာ နေရာချပါ။ြ ပီးတော့ Inset Menu ကနေ (Page Count) ကို ရွေးချယ်ပေးပါ။




စာမျက်နှာ အရေအတွက် စုစုပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ပေါ်လာပါမယ်။ အခု နမူနာမှာ စာမျက်နှာ စုစုပေါင်း ၃ မျက်နှာထဲက စာမျက်နှာ နံပါတ် ၁ လို့ ပေါ်လာပါမယ်။ တခုသတိပြုရမှာက header footer ဆိုတာမှာ ထည့်ထားတဲ့ စာသားတွေဟာ မိမိဆောင်းပါးတခုလုံးရဲ့ ထိပ်စီးနဲ့ အောက်ခြေမှာ အမြဲ လိုက်ပေါ်နေမှာ ဖြစ်ပါတယ်။ တခုမှာ ပေါ်ပြီး နောက်တမျက်နှာမှာ မပေါ်အောင် လုပ်လို့ မရပါ။



Page breaks
စာမျက်နှာများ ခွဲခြင်း


ဆောင်းပါးတွေ စာအုပ်တွေမှာ စာမျက်နှာ တခုကနေ တခုကို ကူးချင်တာ ရှိပါတယ်။ အခန်းတခန်း ရေးပြီးလို့ နောက်တခန်းကို ကူးတဲ့အခါမှာ နောက်စာမျက်နှာအသစ်ကနေ စပြီး စာရိုက်ချင်တယ်ဆိုရင် သာမန် enter ရိုက်ပြီး စာမျက်နှာ ပြောင်းသည်အထိ ဆင်းသွားစရာ မလိုပဲ new page ရောက်အောင် ကွန်မန်း ပေးလို့ရပါတယ်။


To insert a page break:


စာမျက်နှာ ခွဲချင်ရင် မိမိစာမျက်နှာအသစ် ဖြစ်စေချင်တဲ့ နေရာမှာ ကာဆာကို သွားချထားပါ။



Insert Menu ကနေ Page Break ကိုရွေးပါ။ ကီးဘုတ်ကနေ လုပ်ချင်ရင်တော့ Ctrl + Enter ကို တွဲနှိပ်လိုက်ပါ။



စာမျက်နှာ ခွဲသွားတာ တွေ့ရပါတယ်။



စာမျက်နှာခွဲထားတာကို ပြန်ပေါင်းသွားစေချင်ရင်တော့ စာမျက်နှာခွဲထားတဲ့ နေရာမှာ ကာဆာကို ပြန်ထားပြီးတော့ Back space နှိပ်လိုက်ပါ။ break  တွေများနေရင်တော့ back space တွေ များများ နှိပ်ပေးချင် နှိပ်ပေးရပါမယ်။


Working with footnotes
ဖွတ်နုတ်များ ထည့်သွင်းခြင်း


ဖွတ်တာမှာ မိမိထည့်ချင်တဲ့ အခန်းအမည်၊ စာမျက်နှာ၊ စာအုပ်အမည်၊ ရေးသူ အမည်တို့ကို ရိုက်သွင်းလို့ ရသလို နောက်တချက်ကတော့ မိမိစာအုပ် ဆောင်းပါးမှာ အညွှန်းတွေ ဖွတ်နုတ်လို့ ခေါ်တဲ့ (သီးခြားအောက်ခြေမှတ်စု) ထည့်ချင်တာတွေကို မိမိမူလစာသားကနေ ညွှန်းပြီးတော့ ပြောချင် မှတ်စုထုတ်ထည့်ထားပေးချင်လည်း ထည့်သွင်းလို့ ရပါတယ်။ သုတေသန စာစောင်တွေ ပညာရေးစာတမ်းတွေမှာ သုံးလေ့ ရှိပါတယ်။


အောက်ပါ စာမျက်နှာကို နမူနာ ကြည့်ပါ။ (1) ဆိုပြီး သေးသေးတင်ထားတာက အောက်ခြေမှတ်စုမှာ (1) ကို အောက်ခြေမှတ်စုထုတ် ရှင်းပြထားပါတယ်။



To add footnotes:
အောက်ခြေမှတ်စု ထည့်မယ် ဆိုရင် …


ဖွတ်နုတ်ညွှန်းချင်တဲ့နေရာမှာ ကာဆာကို နေရာချပါ။



Inert Menu ကနေ Footnote ကို ရွေးပါ။



အောက်ခြေ ဖွတ်တာမှာ ဖွတ်နုတ်နေရာ ပေါ်ထွက်လာပြီးတော့ (1) ဆိုတာကို အလိုလိုထည့်သွင်းပါမယ်။ ပထမဆုံး အညွှန်းကို ဂူးဂဲက (1) နံပါတ် တပ်ပေးလိုက်ပါတယ်။ အဲသည်နောက်မှာ မိမိပြောလိုတဲ့ အောက်ခြေမှတ်စု ကို ရိုက်သွင်းပါ။



အောက်ပါအတိုင်း မိမိဖာသာ ရိုက်သွင်းလိုက်တယ် ဆိုကြပါစို့။



Esc Key နှိပ်ပြီး ဖွတ်တာနဲ့ အောက်ခြေမှတ်စုကနေ ပြန်ထွက်ပါ။


Horizontal lines
အလျားလိုက် မျဉ်းကြောင်းများ


ဆောင်းပါးတွေ စာစောင်တွေမှ အပိုင်းတွေကို မျဉ်းကြောင်း ခြားပြီး ဖော်မက်ချလေ့ရှိပါတယ်။
မျဉ်းကြောင်းများ ချခြင်းဟာ ဆောင်းပါးကို ဖော်မက်ချသည်မှာ ကြည့်လို့ကောင်းအောင် ဖန်တီးခြင်း ဖြစ်ပါတယ်။ အပိုင်းကဏ္ဍတွေကို မျဉ်းကြောင်းတွေ ခြားပြီး ထင်ရှားအောင် လုပ်လေ့ရှိပါတယ်။


To add a horizontal line:
အလျားလိုက်မျဉ်းကြောင်း ထည့်ခြင်း


မိမိကာဆာကို အလိုရှိတဲ့ နေရာမှာ ချထားပါ။


Insert Menu ကနေ Horizonal Line ကို ရွေးချယ်ပါ။



အောက်ပါအတိုင်း မျဉ်းသားပေးတာတွေ့ရပါမယ်။ စာသားကို အောက်ခြေမျဉ်း underline လုပ်တာနဲ့ မတူဘူးဆိုတာကို သင်တန်းဆရာက ရှင်းပြပါ။



အလျားလိုက်မျဉ်းကြောင်းတွေကို ဖျက်ချင်ရင် အဲသည်လိုင်း (မျဉ်း) ကို double click လုပ်ပါ၊ ပြီးတော့ back space နဲ့ ဖျက်ဖျက်၊ Delete ကီးနဲ့ ဖျက်ဖျက် ဖျက်လို့ ရပါတယ်။


Challenge!
အိမ်စာ –


အောက် ဖော်ပြပါ ဆောင်းပါးကို မိမိ နယူးဒေါ့ကူးမင့်အဖြစ် ကော်ပီကူးပါ။


Green Valley Animal Rescue
JUNE  2016  VOLUNTEER  NEWSLETTER

 

A  MESSAGE  FROM  YOUR  DIRECTOR

June has been a spectacular month for Green Valley Animal Rescue and the animals in our care! Eight pets found a new home, including Temple, a long-time resident of the kennel who was later fostered by Raj. Temple was a volunteer favorite, who, in spite his special needs, had a great sense of humor and a charming transparency – he wasn’t above begging for a belly rub, a cookie, or an ice cube (his absolute favorite)!
This was a big month for Abner, too, our loveable Lab mix with the silly smile. Through the generous donation of Dr. Giuliani’s time and attention, Abner received much needed hip surgery. He’s recovering nicely in foster care with Joy and her two young children, who are teaching Abner to “speak” while he’s on bed rest.
The sad truth about what we do is that approximately 5 to 7 million pets enter animal shelters nationwide each year. Many of those pets are euthanized before they can be adopted (approximately 3 to 4 million) due to lack of resources, space, and other factors in the shelter environment.
It’s your hard work and dedication that make it possible for us help shelter animals in need, and ensure that they find a home. To all our volunteers – from kennel staff, to adoption counselors, to office helpers, to those who help with fundraising and special events – thank you for all you do.
– Stefano



 

ADOPTED  THIS  MONTH

Congratulations to these lucky pets, and the Green Valley staff and volunteers who helped them find a home!
  • Temple, by the Dia family
  • Leila, by Patrick and Lauren
  • Pequeno, by the Larsson family
  • Sandy, by the Ileana
  • Chickpea and Garbanzo, by Mark and Theo
  • Firefly, by Trey
  • Niklaus, Michaela



 

FEATURED  PETS

These wonderful pets are still looking for their forever homes. Each one has been with Green Valley Animal Rescue for several months.
Name
Breed
Age
Rescued
Featured because…
Irma
Tabby
12
Dec. 11
Beautiful senior girl. Still lots of love to give!
Abner
Lab Mix
1.5
Jan. 12
Great personality. Recent hip surgery, ready for his forever home.
Speck
Whippet
1.5
Feb. 12
Sweet, active pup. Needs a home without cats or small children.
Godard
Shorthair
3
Nov. 11
Lovely cat, brother to Truffaut. Very bonded, would like to keep together.
Truffaut
Shorthair
3
Nov. 11
Cute, playful, affectionate. Seizures easily managed with medication.



 

DONATIONS


Gold
Celia Briggs
Championship Vinyl Siding
Weaver family


Silver
Bark & Bite Bakery
Tia and Candido Flores
Spencer, Taylor, and Kylie Gordon
Donald Hall
Jenks family

Other
Kenya Leeds – pet food, kennel supplies
Dr. Paige Giuliani – vet services
Green Valley Pet Supply – collars and leashes


Insert a header.
First Edition
June 2016.


Right align and bold the words First Edition.


In the footer,
insert a page number and right align it.


In the footnote,
hyperlink ထည့်ထားတာကို ဖြုတ်ပစ်ပါ။


ASPCA, Pet Statistics ဆိုတာကို ရွေးချယ်ပါ။ hyperlink အဖြစ် အသွင်ပြောင်းပါ။ အပေါ်မှာ ဖြုတ်ထားတဲ့ ၀က်လိပ်စာကို ဟိုက်ပါလင့်ခ်အဖြစ် ထည့်သွင်းပါ။


ဒီလို ဖြစ်သွားရမယ်။


(ဆက်လက် ဖော်ပြပါမည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts