သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (31)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (31)
အိမ်သုံး ကျောင်းသုံး ရုံးသုံး – GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၇

 

Function (တွက်နည်း) မိတ်ဆက်

 

အစတုန်းကတော့ ညီမျှခြင်းနဲ့ ဖော်မြူလာတွေကို sheet’s cell တွေမှာ ထည့်တွက်ကြတယ်။ d1=a1+c1 ဒါမျိုးပေါ့။ ဖော်မြူလာကို ထည့်တာပါ။ နောက်တခုကတော့ function ဆိုတဲ့ ဖော်မြူလာထည့်ထားပြီးသား တွက်နည်းကို ခေါ်သုံးတာပါ။ တွက်နည်းဆိုတာက sum, average, count, maximum value, and minimum value ဆိုတဲ့ ပေါင်းလဒ်၊ ပျမ်းမျှခြင်း၊ အရေအတွက်၊ အများဆုံးကိန်း၊ အနည်းဆုံးကိန်း ဆိုတာတွေကို CELL တွေကို ဆလက်လုပ်ပြီး တွက်ခိုင်းတာပါ။ အဲသည် function ကို ခေါ်သုံးလို့ ရပါတယ်။ ပေါင်းလဒ်အတွက် formula ကို d1=a1+c1+b1 တွေ လုပ်မနေဘဲ d1=sum(a1,b1,c1) လို့ တန်း ခေါ်သုံးတာကို ဆိုလိုပါတယ်။

The parts of a function

ဖန်ရှင်ရဲ့ အစိတ်အပိုင်းတွေကိုတော့
equals sign (=), a function name (AVERAGE, SUM ဆိုတဲ့ ဖန်ရှင်ရဲ့ အမည်မှန်) ပြီးတော့ argument (ဆိုတဲ့  သတ်မှတ်ချက်၊ ရည်ညွှန်းချက် ဆိုတာ) ပါရမယ်။ ဘယ် ဆဲလ်တွေကို ရည်ညွှန်းထားတာလဲ ဆိုတာမျိုး။

 

Syntax of a basic function

Working with arguments

ရည်ညွှန်းချက်၊ သတ်မှတ်ချက်ဆိုတာ က ဆဲလ်လိပ်စာ တခု သို့မဟုတ် ဆဲလ်လိပ်စာ အစုအဝေးကို ကွင်းစ ကွင်းပိတ်ထဲမှာ ထည့်ထားတာကို ပြောပါတယ်။
ဥပမာအားဖြင့် – ပျမ်းမျြှုခင်းကို ရှာတဲ့ function =AVERAGE(B1:B9)  ဆိုတာ cell range B1:B9 ထဲက ဂဏန်းတွေကို ရည်ညွှန်းပြီးတော့ သူတို့အားလုံးရဲ့ average – ပျမ်းမျှခြင်းကို ရှာခိုင်းတဲ့ တွက်နည်း ဖြစ်ပါတယ်။

 

A function containing one argument

 

သတ်မှတ်ချက် ညွှန်းဆိုချက် အများအပြားကိုလည်း ကွင်းထဲမှာ ထည့်နိုင်ပါတယ်။ အဲလိုဆိုရင်တော့ argument ထဲမှာ အုပ်စုတွေကို , ကော်မာနဲ့ ခြားထားလို့ ရပါတယ်။

 

ဥပမာ – =SUM(A1:A3, C1:C2, E1) ဆိုတာ ပေါင်းလဒ်ကို ရှာခိုင်းတာမှာ (a1:a3) တစု ပေါင်း၊ ပြီးတော့ (c1:c2) တစုပေါင်း၊ ပြီးတော့ e2 နဲ့ တွဲပြီး အားလုံးပေါင်းလဒ်ကို ထုတ်ခိုင်းတာ ဖြစ်ပါတယ်။

 

A function containing multiple arguments

Creating a function

ဖန်ရှင်များကို ခေါ်သုံးခြင်း
  • SUM: ဆိုတာက argument () ထဲက cell တွေရဲ့ စုစုပေါင်းရလဒ်ကို ပေးပါတယ်။
  • AVERAGE: ဆိုတာက argument ()  ထဲက cell တွေရဲ့ ပျမ်းမျှကိန်းကို ထုတ်ပေးပါတယ်။ သဘောကတော့ cell တွေကို အရင်ပေါင်းပြီးတော့ cell အရေအတွက်နဲ့စားပြီး ရလဒ် ထုတ်တာကို တွက်ပေးတာပေါ့။
  • COUNT: ဆိုတာက argument () ထဲက cell အရေအတွက်ကို ရှာပေးတာပါ။
  • MAX: ဆိုတာက cell တွေထဲက အကြီးဆုံး ကိန်းကို ရှာပေးတာ။ highest cell value ပေါ့။
  • MIN:  ဆိုတာက အနိမ့်ဆုံးကိန်း lowest cell value ကို ရှာပေးတာပါ။

 

To create a function using the Functions button:
Function ခလုပ်သုံးပြီး တွက်နည်းများ ခေါ်သုံးခြင်း

 

  1. ပုံမှာ ပါတဲ့အတိုင်း cell  D3:D12 ကို ဆလက်လုပ်ပါ။ Selecting a range of cells
  2. Functions button ကို မီးနူးကနေ ဆွဲချပါ။
  3. Selecting SUM
  4. SUM ကို ရွေးလိုက်ရင် – တခါတည်း function ကို ဆလက်လုပ်ထားတဲ့ ဆဲလ်တွေနဲ့ argument သွင်းပြီးသား ပေါ်လာပါတယ်။
  5. The function in the adjacent cell
  6. Enter ခေါက်လိုက်ပါ။  တခါတည်း တွက်ထားတဲ့ အဖြေ ပေါ်လာပါတယ်။ sum of D3:D12 is $765.29.
  7. The result

To create a function manually:

ဖန်ရှင်တွေကို ကိုယ့်ဖာသာကိုယ် ရိုက်ထည့်ပြီး သုံးခြင်း

 

ဖန်ရှင်အမည်တွေကို သိနေပြီဆိုရင်တော့ ဖန်ရှင်ကို စာနဲ့ တန်းပြီး ရိုက်ထည့်လို့ ရပါတယ်။ menu pulldown ကနေ ခေါ်သုံးစရာ မလိုပါ။ AVERAGE function ကို ခေါ်ပြီးတော့ အောက်ဖော်ပြပါ သင်ခန်းစာက အရောင်းစာရင်းကနေ ရောင်းရငွေတွေထဲက တခုချင်းစီရဲ့ ပျမ်းမျှအရောင်းကို တွက်ကြည့်ရအောင်။
  1. C10 ကို ဆလက်လုပ်ပါ။
  2. Selecting a range of cells
  3. equals sign (=)  ကို ရိုက်ပြီးနောက် သိထားတဲ့ ဖန်ရှင်အမည် function name ကိုစရိုက်ကြည့်ပါ။ ဂူးဂဲရှိကနေ သူဆီမှာ ရှိတဲ့ Aနဲ့ စတဲ့ function တွေကို suggest လုပ်တာ တွေ့ရမယ်နော်။ suggested functions  ထဲကနေ သည်လို ရိုက်ထည့်လိုက်ပါ။ =AVERAGE.
  4. Typing the function =AVERAGE
  5. အဲသည် ရိုက်လိုက်တာနဲ့ function နောက်မှာ လိုက်ပါရမည့် ကွင်းစကွင်းပိတ်နဲ့ သတ်မှတ်ချက် ရည်ညွှန်းချက်တွေကို ဂူးဂဲကနေ ဆက်တောင်းပါတယ်။ argument တွေ ဘာတွေ လိုသလဲဆိုတာကို သူက suggest လုပ်ပေးတာပေါ့။
  6. Google Sheets argument window
  7. cell range  ကို parentheses လို့ခေါ်တဲ့ ကွင်းစကွင်းပိတ်ထဲမှာ ရိုက်ထည့်ပါ။ (C3:C9) ပေါ့။ လိုချင်တာက ရောင်းရတဲ့ ဈေးတွေထဲက ပျမ်းမျှအရောင်း ဘယ်လောက်လဲဆိုတာကို သိချင်တာကိုး။Entering the cell range
  8. Enter ခေါက်လိုက်တာနဲ့ အဖြေထွက်လာပါတယ်။
  9. Displaying the result

 

Google Sheets function list

ဂူးဂဲ၏ ဖန်ရှင် တွက်နည်းများ စာရင်းကို ဂူးဂဲမှာ ရိုက်ပြီး ရှာကြည့်ပါ။
The Google Spreadsheets function list
Excel နဲ့ Google Function တွေက ဆင်တူတွေ များပါတယ်။ Excel သုံးသူတွေအတွက် မခက်ပါ။

To access the function list:

ဖန်ရှင်စာရင်းကို menu pulldown ကနေ ခေါ်သုံးခြင်း

 

Functions button ကို ဆွဲချပါ။ More functions…  ကိုနှိပ်လိုက်ပါ။ Google sheets function list ကို ၀င်းဒိုးတခုနဲ့ ဖော်ပြပါလိမ့်မယ်။
Selecting More functions

 

နောက် စမ်းသုံးချင်စရာ ဖန်ရှင်တခုကတော့ VLOOKUP ဖြစ်ပါတယ်။ ဒါကို သင်တန်းဆရာက ပြသပေးရမှာ ဖြစ်ပါတယ်။ VLookup ဆိုတာက မိမိ sheet ထဲကနေ argument တွေ အများကြီး ထုတ်ပြီး ဒေတာကို ရှာတာ စီစဉ်တာ ဖြစ်ပါတယ်။ ဥပမာ – =VLOOKUP(“Photo frame”, A2:B16, 2, FALSE) ဆိုတာကို ဘယ်လို သုံးသလဲဆိုတာ စမ်းခိုင်းပါ။

 

Challenge! အိမ်စာ

 

  1. cell C10  မှာ ပစ္စည်း အရေအတွက် ပျမ်းမျှ ဘယ်လောက် ရောင်းရသလဲ ဆိုတာ ရှာပါ။  finds the average number of units sold by all of the troops.
  2. cell C11 မှာ  ရောင်းရတဲ့ ပစ္စည်း အရေအတွက် ပေါင်းလဒ်ကို ရှာပါ။ find the total amount of units sold by all of the troops.
  3. cell C12, မှာ ဘယ်အဖွဲ့က အများ    ဆုံး ပစ္စည်းအရေအတွက် ရောင်းရသလဲ ဆိုတာ ရှာပါ။
  4. အဖြေက ဒီလိုပေါ်ရပါမယ်။
  5. functions challenge example

 

(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts