Han Thit Naing သတင်းပဒေသာ

ရိုဟင်ဂျာကို တိုင်းရင်းသားဟု ပြက္ခဒိန်ထုတ်ဝေသူများကို ဒဏ်ငွေ ၁၀ သိန်းစီ အမိန့်ချ

ရိုဟင်ဂျာကို တိုင်းရင်းသားဟု ပြက္ခဒိန်ထုတ်ဝေသူများကို ဒဏ်ငွေ ၁၀ သိန်းစီ အမိန့်ချ

ဟန်သစ်နိုင်၊ မိုးမခ၊ ၂၀၁၅ နိုဝင်ဘာ ၂၃

 
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများတွင် ရိုဟင်ဂျာလူမျိုးပါဝင်သည်ဟု ပြက္ခဒိန်ပုံနှိပ် ထုတ်ဝေမှုနှင့်ပတ်သက်ပြီး
တရားခံငါးဦးအား  နိုဝင်ဘာ ၂၃ရက် ညနေ၄နာရီက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဒဏ်ငွေကျပ် ၁၀သိန်းစီအမိန့်ချမှတ်ခဲ့သည်။


          အဆိုပါပြက္ခဒိန်ထုတ်ဝေမှုနှင့်ပတ်သက်ပြီး ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲမှူးဦးခင်မောင်လတ်က တရားလိုပြုလုပ်ကာ ပုံနှိပ်ထုတ်ဝေသူ ဦးဟုတ်ရွှေ(ခေါ်) ဦးကျော်ကျော်အပါအဝင် လူငါးဦးအား ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ခဲ့သည့်အတွက် နိုဝင်ဘာ ၂၃ရက်နေ့တွင် ၄င်းလူငါးဦးအား တရားသူကြီးမှ အပြစ်ရှိမရှိစတင်စစ်ဆေးရာတွင် ငါးဦးလုံးမှ အပြစ်ရှိကြောင်း ချက်ချင်းဝန်ခံခဲ့သည်။

          ရိုဟင်ဂျာနာမည်ပါပြက္ခဒိန်ထုတ်ဝေမှုသည် တိုင်းရင်းသားလူမျိုးအချင်းချင်း အငြင်းပွားဖွယ်ရာ ဖြစ်သည့် အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၂၀အရ ပုဇွန်တောင်မြို့နယ် တရားသူကြီး ဦးနေအောင်မြင်က ဒဏ်ငွေ ၁၀သိန်းစီအမိန့်ချမှတ်ခဲ့သည်။

          “ဒီအမှုသည် ရဲမှတရားလိုပြုလုပ်ခဲ့ပေမယ့် ရဲအရေးမပိုင်တဲ့အမှုဖြစ်တဲ့အတွက် တရားရုံးကစွဲ ရတာပါ” ဟု
တရားသူကြီး ဦးနေအောင်မြင်က ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရိုဟင်ဂျာကို တိုင်းရင်းသားဟု ပြက္ခဒိန်ထုတ်ဝေသူများကို ဒဏ်ငွေ ၁၀ သိန်းစီ အမိန့်ချ
  1. ရိုဟင်ဂျာဆိုတာတိုင်းရင်းသားပါလို့အော်နေကြပေမဲ့ မြန်မာပြည်ကစကားတွေမတတ်၊” မြန်မာနိုင်ငံတော်အလံကိုအလေးမပြုနိုင်ဘူး၊ မြန်မာနိုငံတော်သီချင်းကိုမဆိုဘူး။ မြန်မာစကားနဲ့စာသင်ဖို့မလိုဘူး၊ ။ ဒါပေမဲ့ ငါတို့ခေါ်တောစကားကို မြန်မာပြည်က တိုင်းရင်းသားစကား အဖြစ်အသိအမှတ်ပြုရမယ်”လုပ်နေကြတာကတော့ မြန်မာပြည်ထဲခိုးဝင်ပြီး မြန်မာပြည်သားအတုလုပ်နေသူတွေဖြစ်ကြောင်းထင်ရှားသွားတာပေါ့။

    A historian specializing in Arakanese history, Dr. Jacques Leider stated clearly during his interview with the Irrawaddy Magazine on 8th July 2012:

    Q: Are the Rohingya an ethnic group of Burma?
    A: My answer is that Rohingya is not an ethnic concept. Okay, they can stand up and say we are an ethnic group inside Myanmar. But I think that is not the best way. When you argue we are Muslims and we have been living in Rakhine for several generations, nobody can deny it. For me, Rohingya is the term, which is an old word that has been claimed as above all as a political label after the independence of Myanmar. For the moment, I do not see that all the people there readily submit to one and a single label. When I was in Bangladesh, people pointed out Muslims to me who originally lived in Rakhine. They have now moved to Bangladesh and when you ask them, “are you Rohingya coming from Rakhine?” they say, “no, we are Muslims who live in Rakhine, we do not take for us the label Rohingya.”

Comments are closed.