ထွန်းဝင်းငြိမ်း ဓာတ်ပုံသတင်း

ပြည်တွင်းငြိမ်းချမ်းရေး အမြင်သဘောထားဖလှယ်ပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်တွင်းငြိမ်းချမ်းရေး အမြင်သဘောထားဖလှယ်ပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ထွန်းဝင်းငြိမ်း၊ မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၅

 

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အင်အားစုများက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်း၊ မင်္ဂလာရာမပါဠိတက္ကသိုလ်၊ စိန်ရတုခန်းမမှာ လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေအပေါ် အမြင် သဘောထားဖလှယ်ပွဲတရပ်ကို ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီမှ ၃ နာရီအထိ ကျင်းပခဲ့ပါတယ်။

 

 

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်က ကမကထပြုလုပ် စီစဉ်တာဖြစ်ပြီး ဘာသာကြီး ၄ ခုမှ ဘာသာရေးခေါင်းဆောင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ကယန်းပြည်သစ် ပါတီ (KNLP)၊ အမျိုးသားညီညွတ်ရေးကွန်ကရက်ပါတီ (UNC)၊ ၂ဝဝ၇ ရွှေဝါရောင်သံဃာတော်များ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု၊ ဗ .က .သ များအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)၊ လူ့ဘောင်သစ်လူငယ်၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက်၊ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားအခွင့်အရေး လှုပ်ရှား သူများ၊ တောင်သူလယ်သမားသမဂ္ဂများ၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO)၊ ၁၉၉ဝ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်၊ အမျိုးသား ဒီမိုကရေစီကွန်ရက် (NDN)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့ (HRDP) အစရှိတဲ့ အဖွဲ့အစည်းပေါင်း ၃၄ ဖွဲ့တက်ရောက်ပြီး အမြင်သဘောထားများ ဖလှယ်ခဲ့ကြပါတယ်။ အခမ်းအနားမှာ အမြင်သဘောထား ၈ ရပ်၊ တောင်းဆိုချက် ၅ ချက် ပါဝင်တဲ့ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။

သဘောထားထုတ်ပြန်ချက်နဲ့ ပါဝင်တဲ့ အဖွဲ့အစည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

ပြည်တွင်းငြိမ်းချမ်းရေး အမြင်သဘောထားဖလှယ်ပွဲသဘောထားထုတ်ပြန်ချက်

 

နေ့စွဲ – ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက် (တနင်္လာနေ့)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အင်အားစုများက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်း၊ မင်္ဂလာရာမပါဠိတက္ကသိုလ်၊ စိန်ရတုခန်းမတွင် လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေအပေါ် အမြင် သဘောထားဖလှယ်ပွဲတရပ်ကို ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီမှ ၃ နာရီအထိ ကျင်းပခဲ့ပါသည်။ ထိုပြည်တွင်း ငြိမ်းချမ်းရေး အမြင်သဘောထား ဖလှယ်ပွဲမှ ရရှိသော အောက်ပါ သဘောထားများကို ထုတ်ပြန်ကြေညာလိုက်သည်။

၁။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) သည် ပြည်တွင်းငြိမ်းချမ်းရေး၏ ပန်းတိုင်မဟုတ်ပေ။ ငြိမ်းချမ်းရေးခရီးအစ၊့ ပထမခြေလှမ်း သာဖြစ်သည်။ သို့သော် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်သည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့်သာမက တနိုင်ငံလုံးရှိ ဒီမိုကရေစီအင်အားစုများနှင့်ပါ သက်ဆိုင်ပြီး ယနေ့ကာလ တပြည်လုံး ဒီမိုကရေစီရေးရုန်းကန်လှုပ်ရှားမှုများအပေါ်၌လည်း သြဇာ သက်ရောက်လျှက်ရှိပါသည်။

၂။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် မည်သို့ရွေးချယ်ကြသည်ဖြစ်စေ၊ အားလုံးက တစည်းတလုံးထဲ ရပ်တည်လျှက် အေးအတူပူအမျှ ရင်ဆိုင်ရုန်းကန် ကြစေ လိုပါသည်။ နွားကွဲလျှင် ကျားဆွဲခံရနိုင်ပါသည်။

၃။ အစိုးရအနေဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတချို့ကိုသာ ပါဝင်စေပြီး၊ တချို့အဖွဲ့အစည်းများကို ကန့်သတ် ချန်လှပ် ခွဲခြားမှုများ ပြုလုပ်ခြင်းမှာ လုံးဝ မဖြစ်သင့်ပါ။ ထိုသို့ ကန့်သတ် ခွဲခြားမှုများနှင့် ဆောင်ရွက်ခဲ့လျှင် တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေးဆိုသည့် အဓိပ္ပါယ်မဆောင်တော့ပါ။ ထိုလုပ်ရပ်ကို ကျွန်ုပ်တို့ ကန့်ကွက်ပါသည်။

၎။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘဲ (သို့မဟုတ်) အသစ်မရေးဆွဲဘဲ၊ ကာချုပ်မူ ၆ ချက်ကို မပြောင်းလဲဘဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးစေသည်ဆိုပါက ထိုသို့ လက်မှတ်ရေးထိုးစေခြင်းမှာ အုပ်ချုပ်သူအစိုးရအတွက်သာ အကျိုးရှိ စေ၍ ပြည်သူလူထုအတွက် အကျိုးမရှိနိုင်ဘဲ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အဟန့်အတား ဖြစ်စေပါသည်။

၅။ စစ်ပွဲများသည် အခြေခံအနှစ်သာရအားဖြင့် နိုင်ငံရေးပြဿနာဖြစ်သည်။ နိုင်ငံရေးပြဿနာကို ပြေလည်အောင် ဆွေနွေးဖြေရှင်းမရသည့်အခါ ပဋိပက္ခ၏ အမြင့်ဆုံးသော စစ်ပွဲသဏ္ဍာန်ဖြင့် ဖြေရှင်းကြခြင်းဖြစ်သည်။ စစ်သည် နိုင်ငံရေး၏ အဆက်ဖြစ်သည်။ ထို့ကြောင့် အပစ်ရပ်စဲရေး အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ အဖြေရှာရေးသည် နိုင်ငံရေးအရ အကြေအလည်ဖြေရှင်းရေးသည်သာ အဓိက အခရာဖြစ်သည်ဟု ယူဆပါသည်။

၆။ တဆက်တည်းမှာပင် မဟာအင်အားကြီးနိုင်ငံများသည် ၂၁ ရာစု အခင်းအကျင်းသစ်တွင် နိုင်ငံရေး၊ စစ်ရေးအရ$၄င်းတို့၏ အကျိုးစီးပွား အတွက် ဖြန့်ကျက်လှုပ်ရှားကစားလျှက်ရှိနေပေသည်။ ဤအချက်ကို သတိမူ၍ ကျွန်ုပ်တို့ အားလုံးသည် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော လူမျိုးရေးဝါဒတို့ကို ဆန့်ကျင်ကာ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ဖြင့် အမျိုးသားအကျိုးစီးပွားအခြေခံပေါ်တွင် အမြော်အမြင်ရှိရှိ စည်းလုံးညီညွတ်ကြံ့ခိုင်စွာ ရပ်တည်ကြရပေမည်။

၇။ ယခုလက်ရှိအခြေအနေအတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကာချုပ်မူ ၆ ချက်ကို မပြောင်းလဲဘဲ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ရေးထိုးပါက နောင်ဖြစ်ပေါ်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများသည် လွတ်လပ်မှု၊ တန်းတူရေး၊ တရားမျှတမှု မရရှိနိုင် သော ဒုတိယညောင်နှစ်ပင်ညီလာခံသာ ဖြစ်လာမည်ဟု ကျွန်ုပ်တို့ ယူဆသည်။

၈။ သို့အတွက် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) သည် ပြည်တွင်းငြိမ်းချမ်းရေး၏ ပန်းတိုင်မဟုတ် လမ်းစသာဖြစ်၍ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရေးဆွဲရေးနှင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းမှသာ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး အစစ်အမှန် ဖြစ်ပေါ်လာနိုင်ပါသည်။ ဤပန်းတိုင်သို့ ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံအင်အားစုအားလုံး၊ ပြည်သူလူထုတရပ်လုံး အတူလက်တွဲ ရုန်းကန်လှုပ်ရှားကြရမည်ဖြစ်ပါသည်။

ထို့ကြောင့် ဤသဘောထားဖလှယ်ပွဲက အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။

၁။ အစိုးရအနေဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဦးစွာ တဖက်သတ် ရပ်စဲကြောင်း ကြေညာပေးရန်။

၂။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်းသားဒေသများတွင် စစ်တပ်အင်အားများ ထပ်မံချထားခြင်း၊ တိုးချဲ့ နေရာယူခြင်း၊ ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းပေးရန်။

၃။ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ထိခိုက်စေသော အမိန့်ကြေညာချက်များ၊ ငြိမ်းစုစီဥပဒေနှင့် မတရားသင်း အက်ဥပဒေများ ကို ပယ်ဖျက်ပေးရန်။

၎။ တနိုင်ငံလုံးတွင် တရားမျှတမှု၊ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးတို့အတွက် တိုက်ပွဲဝင်လျှက်ရှိသော အလုပ်သမား၊ လယ်သမား၊ ဆရာတော်သံဃာတော်များ၊ ကျောင်းသားများ၊ စာနယ်ဇင်းသမားများနှင့် ဝန်းရံပြည်သူများကို ပုဒ်မအမျိုးမျိုးတပ်၊ တရားစွဲဖမ်းဆီး ထောင်ချ နေခြင်းများကို ရပ်စဲပေးရန်။

၅။ တနိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်။

ပါဝင်သော အဖွဲ့အစည်းများ

၁။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ရန်ကုန်)

၂။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မန္တလေး)

၃။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မြင်းခြံခရိုင်)

၎။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်)

၅။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပုသိမ်ခရိုင်)

၆။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မုံရွာခရိုင်)

၇။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (မှော်ဘီ)

ဂ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပဲခူး)

၉။ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ (DPNS)

၁ဝ။ ၁၉၉ဝ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့

၁၁။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (UNDO)

၁၂။ ကယန်းပြည်သစ်ပါတီ (KNLP)

၁၃။ ၂ဝဝ၇ ရွှေဝါရောင်သံဃာတော်များ

၁၄။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်

၁၅။ ကရင်အမျိုးသမီး အစည်းအရုံး

၁၆။ လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီ

၁၇။ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်

၁၈။ ဗ .က .သ များအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီ)။

၁၉။ လူ့ဘောင်သစ်လူငယ်

၂ဝ။ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ။

၂၁။ အမျိုးသားဒီမိုကရေစီကွန်ရက် (NDN)

၂၂။ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ။

၂၃။ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု။

၂၄။ ၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု။

၂၅။ လူ့အခွင့်အရေး လှုပ်ရှားသူများကွန်ရက်

၂၆။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)

၂၇။ တွံတေးမြို့နယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ပညာရေးကွန်ရက်

၂၈။ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သားများသမဂ္ဂ (မှော်ဘီမြို့နယ်)

၂၉။ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ်သားများသမဂ္ဂ (လှည်းကူးမြို့နယ်)

၃ဝ။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့ (HRDP)

၃၁။ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်

၃၂။ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ်

၃၃။ အမျိုးသား ညီညွတ်ရေးကွန်ကရက်ပါတီ (UNC)

၃၄။ ဝိမုတ္တိလူမှုဝန်ထမ်းအဖွဲ့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts