ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ငုပ်ကောင်

 

  ရန်လင်းအောင် – ငုပ်ကောင်

(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၅

ငါ့ အသားထဲ မျက်တက်တက်

စူးကနဲ စူးကနဲ ပြန်ထိုးစိုက်နေတာ

ငါ့ လက်သည်းပါပဲ

ငါ့ ခြေသည်းပါပဲ ၊

အရိုးထိအောင် တစစ်စစ်စူးတယ်

အသည်းခိုက်အောင် နာကျင်ရတယ်

ငါ့ မှာ

စားမဖြောင့် သွားမဖြောင့်

ထိုင်မဖြောင့် နေမဖြောင့်

နံရံပေါ်အသေရိုက်ကပ်ခံထားရတဲ့

ကြွေးကြော်သံတွေလို

ကြော်ငြာတွေလို ဆိုင်းဘုတ်တွေလို

အနာရင်းရပြီ ဖျားနာနေရပြီ ၊

အသားနုလေးထဲ မူမမှန်ကြီးထွား

ငုပ်နေတဲ့ခြေစွယ်လက်စွယ်

ရိုးမလိုနဲ့ တော်တော့်ကိုဆန်းကြယ်

အသားနုလေးထဲ မတရားထိုးခွဲ

ငုပ်နေတဲ့ ခြေစွယ်လက်စွယ်

ဟုတ်မလိုနဲ့ ပြည်ပုပ်နာတည်

ငါ့ လက်သည်းပါပဲ

ငါ့ ခြေသည်းပါပဲ

ငါ့ အသားနုလေးထဲ ပမာမခန့်

ပြန်ပြန်ထိုးစိုက်လို့နေတယ်

မျက်တက်တက်နဲ့ရယ် ။         ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts