(မိုးမခ) ဧပြီလ ၆၊ ၂၀၁၅
အနုပညာအရ Progressive ဖြစ်တယ်၊ တိုးတက်သောအယူရှိတယ်ဆိုတာ ဘာလဲကိစ္စဟာ တခါတခါမှာ အတော်ပြဿနာ ရှိတယ်။ ကဗျာအကြောင်းနဲ့ ယှဉ်ပြောကြည့်ရအောင်ပါ။
‘’ပန်းနီနီ မပန်လေနဲ့၊ အမယ်မှာ နတ်ပန်းပွင့်တဲ့၊ အတင့်ငယ်မှ ရဲချင်၊ ပျော်လိုအားဖြင့် ခေါင်းဖျားတင်၊ အရင်လူနဲ့ လွဲတတ် တယ်’’ ဆိုတဲ့ အိုင်ချင်းလေးဟာ တစ်ပုဒ်လုံး ရပ်ထဲရွာထဲက အယူသည်းမှုအပါအ၀င် ပါးစပ်စကားတွေကို ရေးထားတာပါပဲ။ ဒါပေမဲ့ ကျနော်အစွဲလမ်းဆုံး၊ အကြိုက်ဆုံးပါပဲ။
ဒီကဗျာလေးကို ဖတ်ရရင် ဘာကို အဓိကလှုံ့ဆော်သမှုပြုသလဲဆို ကိုယ့်ဇာတိ၊ ကိုယ်လာရာ ယဉ်ကျေးမှုနောက်ခံ၊ ကိုယ့်ဘာ သာစကားအပေါ် အဖိုးထားတတ်မှု မြတ်နိုးတွယ်တာမှုအပေါ် ဆိုတာပါ။ အယူသည်းမှုကို ဖြန့်ချိသမို့ ဒီကဗျာဟာ နောက်ပြန် ဆွဲကဗျာလို့ ချည်းကပ်သူ လက်ဝဲလက်ယာ မဟာပညာကျော် ကျနော်တော့ မတွေ့ဖူးသေးဘူး။
နိုင်ငံရေးအသွင်ဆောင် ကဗျာ Political Poetry မဟုတ်လို့ တိုးတက်အသွင် မဆောင်ဘူးဆိုတဲ့ အယူအဆ ငြင်းခုံမှု Argument မျိုးပေးသူရှိရင်လည်း ကျနော့်အမြင်မှာတော့ ပန်းနီနီ မပန်ခိုင်းတာဟာ အခုခေတ် အွန်လိုင်းပရိသတ် နှလုံးခွေ့တဲ့ Political Poem တွေလည်းဖြစ်တဲ့ အောင်ဆန်းစုကြည် သေတမ်းစာတို့၊ ဟဲ့.. ခင်ကြည် ညည်းယောက်ျား ဘာဖြစ်တယ် ညာဖြစ်တယ် ကဗျာတွေလောက် ခေတ်နောက်မပြန်၊ သမားရိုးကျမဟုတ် Reactionary မဖြစ်ဘူးလို့ပဲ ပြောရပါမယ်။
ဒီတော့ ကျနော် အဆို (၂) ခု ပြုပါမယ်။
နံပါတ်တစ် အဆိုကတော့ Political Poem တိုင်း Progressive မဖြစ်ဘူး။ အုပ်စိုးသူ လူတန်းစားကို ဘုန်းတော်ဖွဲ့တဲ့ အနု ပညာမျိုးဟာ နောက်ဆုံး စစ်အုပ်စု အဆက်ဆက်အောက်မှာ အကျိုးပြု ကဗျာ၊ သီချင်း၊ နိုင်ငံတော် ရုပ်ရှင်ကား အမည် အောက်မှာ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေ ဖြန့်ချိလိုရင်းနဲ့ ဖန်တီးကြတာ မြင်သာထင်သာပါပဲ။ မမြင်သာ မထင်သာတာ ကတော့ မြင်းမူမောင်နိုင်မိုးမှ မဟုတ်ဘူး…. ဥပမာ အောင်ဆန်းစုကြည် သေတမ်းစာ ကဗျာမျိုးဟာလည်း စိတ်ကူးယဉ်မှု အတိနဲ့ အနုပညာကို သင်းသတ်တာပဲမို့ ကျနော်ကတော့ ‘ဒီမို-မောင်နိုင်မိုး’ ကဗျာမျိုး အဖြစ် စာရင်းသွင်းပါတယ်။
ကျနော့် ဒုတိယ အဆိုကတော့ ပုံသဏ္ဌာန်ပိုင်းဆိုင်ရာ လွတ်လပ်ရုံနဲ့ အနုပညာပစ္စည်းဟာ မလွတ်လပ်ဘူးဆိုတာပါ။ မြင်းမူ မောင်နိုင်မိုးရဲ့ လေးလုံးစပ်ကဗျာမှ မဟုတ်ဘူး၊ ကာရန်မဲ့ကဗျာ စကားပြေကဗျာ ကြိုက်တဲ့ ပုံစံနဲ့ရေး၊ ဘုန်းတော်ဖွဲ့ရင် နောက် ပြန်ဆွဲတယ်၊ ဖောက်ပြန်တယ်၊ မလွတ်လပ်တဲ့ အနုပညာ ဖြစ်တယ်။
ဗမာပြည်မှာ ခက်ကြပုံက မဆလခေတ် ဒန်လက်ဦး တချို့ ဗမာဘော်ရှီဗစ် ယောင်ဆောင်တဲ့ မဆလစစ်အစိုးရကို တိုက်ရိုက် မဆဲရဲတော့ ကွန်မြူနစ် တင်မက ဒညင်းသီးနဲ့ ကြွက်စုတ်ပါ ဓားစာခံ ဖြစ်ခဲ့ရတာပါပဲ။ ဖန်ဆင်းရှင် အယူ ကားလ်ချား နောက် ခံက လာတာမဟုတ်ဘဲ ဗမာ မော်ဒန် ကဗျာနဲ့ ၀တ္ထုတိုတွေမှာ ဘုရားသခင် စကားလုံး လှိုင်လှိုင် သုံးတာလည်းပဲ အနောက်ရဲ့ ‘ဂေါ့ဒ်း’ အပေါ် ဆန်းစစ် ပုန်ကန်မှု ကျောင်းတော်လွှမ်း အတွေးမှ ရုန်းဖောက်ထွက်ခြင်း အနှစ်သာရနဲ့ ထပ်တူမကျပါ၊ မဆလ ဗဟိုဦးစီးအပေါ် ရသေ့စိတ်ဖြေ တို့ထိခဲ့ကြတာပါပဲ။ နားဝေတိမ်တောင်ခေတ်ရဲ့နိုင်ငံရေး တစ်ကိုယ်ရေ အာသာဖြေမှုတွေလို့ ကျနော် သတ်မှတ်ပါတယ်။
နောက် ဆိုရှယ်လစ်သရုပ်မှန်ကိုမှ လက်ဝဲအနုပညာလို့ ယုံမှတ်မှားအောင် မဆလ ဗမာပြည်ဟာ နားဝေတိမ်တောင် ဖြစ်ခဲ့ တယ်။ တကယ်တော့ မော်ဒန်အနုပညာ ဖွံ့ဖြိုးလှုပ်ရှားမှုတိုင်းဟာ လက်ဝဲနိုင်ငံရေးအမြင်တို့နဲ့ တဆက် တစပ်တည်း၊ တသား တည်း ဖြစ်ခဲ့တာပါ။
ဥပမာ ‘ဒါဒါ’ ကို ကြည့်ရအောင်ပါ။ ဒါဒါဟာ အဓိပ္ပာယ်မဲ့သညာပါ။ ဘာကို အဓိပ္ပါယ်မဲ့စေသလဲဆို ဘူဇွာ အရင်းရှင်စံနစ်ရဲ့ ဆင်ခြင်ခြင်းနဲ့ တက္ကဗေဒကိုပါပဲ။ ဘူဇွာအရင်းရှင်စံနစ်ရဲ့ ဆင်ခြင်ခြင်းနဲ့ တက္ကဗေဒက ဖန်တီးတဲ့ အမျိုးသားရေးဝါဒနဲ့ ကိုလို နီနယ်ချဲ့ခြင်း အပြုအမူတွေဟာ နိုင်ငံတကာ စစ်ပွဲတွေကို ဖန်တီးပြီး၊ အခြေခံအကျဆုံး လူသားဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုဟာ နေရာမဲ့တော့တာပါပဲ။
ပထမကမ္ဘာစစ်အပြီး လူးလွန့်နိုးကြားတဲ့ ဒါဒါ လှုပ်ရှားမှု (Dada/Dadaism) ဟာ ရာဒီကယ် လက်ဝဲအယူအမြင်တို့နဲ့ တသား တည်း ဖြစ်ခဲ့တယ်။ စစ် ဘူဇွာလူတန်းစား အရင်းရှင်စံနစ် အမျိုးသားရေးဝါဒ နယ်ချဲ့ဝါဒတို့အပေါ် ဆန့်ကျင်ခြင်းတို့နဲ့ တိုး တက်အသွင် တဟုန်ထိုးဆောင်ခဲ့တယ်။
ဒါဒါဟာ အရေးကြီးတယ်၊ ဒြပ်မဲ့ပန်းချီ၊ အသံဗေဒကဗျာတို့ရဲ့ ပန္နက်၊ ပါဖောင်မဲန့်စ် တင်ဆက်မှု အနုပညာရဲ့ စမှတ်၊ ပို့စ်မော်ဒန် အခြေအနေကြီးရဲ့ ခြေဆင်း၊ ပေါ့ပ်ကားလ်ချားရော အဲန်တီ-အာ့ထ်ရော ၀င်ရိုးစွန်း နှစ်ဖက်စလုံးဟာ ဒါဒါရဲ့ အလွှမ်းမိုးခံ ဖြစ်ခဲ့တယ်။ ဒါဒါကနေ ဆာရီရယ် (Surrealism) ဆီ ဆက်လက် စီးဆင်းခဲ့ကြတယ်၊ ဒါမှမဟုတ် ဆာရီရယ်ဟာ ဒါဒါ လှုပ်ရှားမှုတွေ ထဲကနေ ပုံပေါ် ထွန်ကားလာခဲ့တယ်။
တိုးတက်သော အနုပညာ ဆိုတာ ဘာလဲ စဉ်းစားဆင်ခြင် သုံးသပ်ကြည့်နိုင်အောင်ပါ။
လင်းထင်
Photo Credit —
Title: Cut with the Dada Kitchen Knife through the Last Weimar Beer-Belly Cultural Epoch in Germany.
Artist: Hannah Höch (1889-1978)
Year: 1919
Museum/Gallery : Nationalgalerie, Staatliche Museen zu Berlin
Source: http://www.artres.com
××××××××××××
မိုးမခ တွင် တင်ဆက်ထားသည့် လင်းအေးထင် (လင်းထင်) ၏ ကဗျာ၊ စာ ဟောင်းများ ပြန်ဖတ်လိုပါက —
၀၁) ဂိုဂင်နီ
http://gita.cc/archives/1002
http://moemaka.blogspot.com.au/2013/08/linn-htin-essay.html
၀၂) အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
http://moemaka.com/archives/39648
http://moemaka.blogspot.com.au/2014/09/blog-post_42.html
၀၃) မန္တလေးကို ရောက်ခဲ့တယ်
http://moemaka.com/archives/41135
http://moemaka.blogspot.com.au/2014/12/blog-post_52.html
၀၄) ဘုရားပေါ်မှာ
http://moemaka.com/archives/41118
http://www.moemaka.blogspot.com.au/2014/12/blog-post_22.html
၀၅) လွန်ခဲ့တဲ့ (၁၅) နှစ်
http://moemaka.com/archives/41080
http://www.moemaka.blogspot.com.au/2014/12/blog-post_43.html
၀၆) အပ္ပမာဒေန သမ္မာဒေထ
http://gita.cc/archives/41882
http://moemaka.blogspot.com.au/2015/01/blog-post_201.html
၀၇) ရုပ်ချည်းရှိတဲ့ ဗြဟ္မာလို
http://gita.cc/archives/42844
http://www.moemaka.blogspot.com.au/2015/03/blog-post_581.html
၀၈) အော့ဖ်လိုင်း
http://moemaka.com/archives/41769
http://www.moemaka.blogspot.com.au/2015/01/blog-post_36.html
၀၉) မဒမ်တူးဆိုး ဖယောင်းရုပ်
http://moemaka.com/archives/41676
http://www.moemaka.blogspot.com.au/2015/01/blog-post_53.html
၁၀) ဥသြဆွဲ တေးချင်း
http://moemaka.com/archives/41280
http://www.moemaka.blogspot.com.au/2014/12/blog-post_20.html
၁၁) ဘာလဲဟဲ့ ရင်ကြားစေ့ရေး
http://moemaka.com/archives/40675
http://www.moemaka.blogspot.com.au/2014/11/blog-post_14.html
၁၂) ကျောင်းသားမုန်းရောဂါရှင် ဘယ်သူက ပရောက်ဇီလဲ
http://gita.cc/?p=42282
http://www.moemaka.blogspot.com.au/2015/02/blog-post_23.html
၁၃) ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
http://moemaka.com/archives/40853
http://www.moemaka.blogspot.com.au/2014/11/blog-post_212.html
၁၄) မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား
http://moemaka.com/archives/41023
http://www.moemaka.blogspot.com.au/2014/11/blog-post_761.html
၁၅) ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
http://moemaka.com/archives/1322
http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html
၁၆) စစ်အုပ်စုရဲ့ စရိုက် (၄) မျိုး
http://gita.cc/archives/42919
http://moemaka.blogspot.com.au/2015/03/blog-post_509.html