ဘာသာပြန်ကဏ္ဍ

မောင်ဖေသက်နီ ဘာသာပြန်သည် – ရိုးပေမယ့် သိပ်ရှုပ်ထွေးလွန်းတယ်လေ

(အခု ဓာတ်ပုံကို Getty Images အဖွဲ့က ရယူပါတယ်)
မောင်ဖေသက်နီ ဘာသာပြန်သည် – ရိုးပေမယ့် သိပ်ရှုပ်ထွေးလွန်းတယ်လေ
(မိုးမခ) မတ်လ ၂၂၊ ၂၀၁၅
 
ဆစ်ဒနီ ဖင်ကယ်လ်စတိုင်း Sydney Finkelstein ဟာ ဘီဘီစီဝက်ဆိုဒ်ရဲ့ အခန်းကဏ္ဍမှာ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။
http://www.bbc.com/capital/story/20150211-is-simplicity-too-complicated
========

နေ့တဓူဝ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေဟာ တဖြည်းဖြည်းပိုပိုများများလာပြီး ပိုပိုရှုပ်ထွေးမှုတွေဖြစ်လာပြီး လူတွေကို စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာရာကနေ လူရဲ့လုပ်ရည်ကိုင်ရည်တွေကို ပျက်စီးဆုံးရှုံးသွားစေနိုင်ပေသလော။

လူအများစုဟာ လုပ်ငန်းခွင်ထဲမှာဖြစ်တဲ့အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို လက်တွေ့ဘ၀ထဲအထိ အရောက် မခံကြတာမျိုးဟာ အမြဲကြုံ တွေ့နေရတာမျိုးဖြစ်ပါတယ်။ အချိန်ပြည့်အလုပ်ရှုပ်နေတဲ့အခါ၊ သူတို့ရဲ့ဘ၀တွေကို အနည်းနဲ့ အများ သက်ရောက်စေနိုင်တဲ့ ဆုံးစမရှိတဲ့ နေ့စဉ်နဲ့  အမျှ ရင်ဆိုင်နေရမှုတွေဟာ ဘယ်တော့မှဆုံးတော့မယ့်ပုံ မတွေ့ရပါဘူး။ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်လို့ မိမိကိုယ်မိမိ သိရှိနားလည်သဘောပေါက်သူ အရည်အတွက်တွေတောင် အခုအချိန် မှာအသုံးတွင်နေတဲ့ လက်ကိုင်ကွန်ပျူတာတွေ၊ စမတ်ဖုန်းဆိုတဲ့ ခေတ်မီလက်ကိုင်ဖုန်းတွေနဲ့ ခေတ်မမီတော့တဲ့ “ဒါ လုပ်ရ မယ်” ဆိုတဲ့ အယူအဆမျိုးတေနဲ့ ပိုမိုရှုပ်ထွေးလာနေတဲ့ ဧရာမပြဿနာကြီးတွေကို ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။

လက်ရှိအသုံးပြုနေကြတဲ့ စက်မှုနည်းပညာတွေဟာ နေ့စဉ်အသုံးပြုရေးအတွက် အထိုက်အလျောက်အထောက်အကူပြု ပေမယ့် အထိမခံရွှေပန်းကန်လိုမျိုး ကယိကထများလွန်းလှပါတယ်။ အသုံးပြုနေတဲ့ ကွန်ပျူတာတွေအပါအ၀င် တခြားလူသုံး ကုန်တွေမှာ မိမိကလွဲပြီးတခြားသူတွေမသိနိုင်အောင် လျှို့ဝှက်နံပါတ်တွေပေးပြီးမှ အီးမေးစာတိုက်ပုန်းကိုဖွင့်လို့ရအောင် စီစဉ်ထားတဲ့အတွက် တနေ့အတွင်း ၀င်ရောက်လာတဲ့စာအသစ်အရေအတွက် ၅၀၀ လောက်ကို နေ့စဉ်လက်ခံနေကြရပါ တယ်။ ဖေ့ဘုတ် Facebook တို့၊ တွစ်တာ Twitter တို့လို လူမှုရေးစာမျက်နှာတွေတောင် လျှို့ဝှက်နံပါတ်တွေပေးပြီးမှ အသုံးပြုလို့ရနေတာပါ။ နောက်ပြီး လက်ရှိဆက်လက်ပေါ်ထွက်နေတဲ့ ခေတ်မီလျပ်စစ်ကရိယာတွေကလည်း ထိုနည်းနှင်နှင် လျှို့ဝှက်နံပါတ်တွေပေးပြီးမှ အသုံးပြုလို့ရနိုင်ပါတော့တယ်။ အသုံးပြုရလွယ်ကူစေအောင် တီထွင်ပေးထားတဲ့ ကိရိယာတွေ ကြောင့် ‘ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်အလေးချိန်တိုး’ ဆိုသလိုမျိုးဖြစ်နေပြီး လျှို့ဝှက်နံပါတ်တွေပေးပြီးမှ အသုံးပြုလို့ရနိုင်တော့တဲ့အတွက် ကယိကထ ပိုပြီးများလာပါတော့တယ်။ အဲဒီလိုမျိုးဆိုတော့ နေ့တဓူဝ လုပ်ငန်းကိုင်ငန်းတွေလုပ်နိုင်စေဖို့အတွက် လျှို့ဝှက်နံပါတ်တွေမှတ်ရတဲ့အတွက် လုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ အခက်အခဲတေနဲ့ စတင်ရင်ဆိုင် လာရပါတော့တယ်။

လူတွေဟာ အခက်အခဲတေနဲ့ စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်နိုင်ဖို့အတွက် အနည်းဆုံးတကြိမ်တော့ ကြိုးစားခဲ့ကြဖူးသူ တွေပဲ ဖြစ်ကြပါတယ်။

အပြောလွယ်သလောက် တကယ်အကောင်အထည်ဖော်လုပ်ကိုင်နိုင်ဖို့ဟာ မလွယ်ကူလှပါဘူး။ ကျနော်တို့လူသား အတော် များများဟာ သူတို့စိတ်ခံစားရမှုတွေအပေါ်လိုက်ပြီး သူတို့ရဲ့လုပ်ငန်းတွေဟာ အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေကြရပါတယ်။ လူကြီးမင်းကိုယ်တိုင်ပင်လျှင် တခါတရံ Yoga ယောဂလို့ခေါ်တဲ့ ဒါမှမဟုတ် Meditation လို့ခေါ်တဲ့ ကမ္မဌာန်းတရားထိုင် တာမျိုးတွေ လုပ်မိကောင်း လုပ်မိနိုင်ကြပါတယ်။ အဲဒီ့အပြုအမူတွေဟာ လူကြီးမင်းကို လူကြီးမင်းရဲ့ဦးနှောက်က အမိန့် ပေးကြိုးကိုင်ပြီး အဲဒီလိုအလုပ်မျိုးပြုလုပ်ဖို့ ညွှန်ကြားခိုင်းစေတာလို့ Psychologists ဆိုတဲ့ စိတ္တဗေဒပညာရှင်တွေကတော့ “စိတ်ထဲကရော ကိုယ်ထဲကရော စိတ်ပါ ကိုယ်ပါလုပ်ကိုင်မှု” လို့ အဓိပ္ပါယ်ဖွင့်ဆိုပြကြပါတယ်။

လူတိုင်းလူတိုင်းဟာ နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရတဲ့ နေ့တဓူဝအဖြစ်အပျက်တွေကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ လွယ်ကူတာမျိုး မဟုတ်သလို ကျော်ဖြတ်ရင်ဆိုင်ဖို့ မဖြစ်နိုင်တာမျိုးလည်း မဟုတ်ပါဘူး။ ဒီနေ့ခေတ် ကျနော်တို့လူသားတွေဟာ “ပိုမိုရှုပ် ထွေးနေတဲ့ဇုံတွေ” ဆီကို ဦးတည်ရွေ့လျားနေကြတာ ဖြစ်ပါတယ်။

အနိမ့်ဆုံးအဆင့်အနေနဲ့ ပြောရရင် ပထမဆုံး စ တင်လှမ်းတဲ့ ခြေလှမ်းဟာ ပြဿနာတွေကို ဖြေရှင်းနိုင်မှုဆီ ဦးတည်နေတဲ့ ခြေလှမ်းမျိုးဖြစ်ဖို့လိုအပ် ပါတယ်။ အခုလို ပြောလိုက်တဲ့အတွက် ဒီလောက်လွယ်ကူတဲ့ ကိစ္စကို ထည့်ပြောနေစရာလိုလို့လားလို့ စ ချင်၊ နောက်ချင်နေကြပါလိမ့်မယ်။ ကဲ ကောင်းပြီ။ လူကြီးမင်းဟာ ကွန်ပျူတာကို အသုံးပြုချင်တယ်ဆိုရင် Computer ကွန်ပျူတာရော၊ Printer ပရင်တာရော၊ Modem မော်ဒဲမ်ရော အားလုံး သူ့နေရာနဲ့သူ အလုပ်လုပ်နေမှု ရှိ၊ မရှိ သိအောင် လုပ်ရမှာ မဟုတ်ပေလော။ လျှပ်စစ်ဓါတ်ကူးနိုင်ဖို့ ၀ါယာကြိုးနဲ့ဆက်သွယ်ထားမှု ရှိ၊ မရှိ စတဲ့ အခြေခံအချက်တွေကို အရင်ဆုံးစစ်ဆေးရမည် မဟုတ်ပေလော။ အဲဒီလို လိုအပ်ချက်တွေ ပြည့်စုံ၊ မပြည့်စုံ အရင်ဦးဆုံးစစ်ဆေးပြီးမှ တခြား လိုအပ် ချက်တွေ ပြည့်စုံ၊ မပြည့်စုံ ထပ်မံစစ်ဆေးကြည့်ရမည် မဟုတ်ပေလော။ အဲဒီလို စစ်ဆေးပြီးမှ လိုအပ်ချက်တွေရှိ နေတာတွေ့ ရင် ပြင်ဆင်ပေးမယ့်ဌာနကို ဆက်သွယ်အကြောင်းကြားရမည် မဟုတ်ပေလော။

မိမိလုပ်ကိုင်နေတဲ့ မိမိရဲ့ အလုပ်ဟာ “ပိုမိုရှုပ်ထွေးနေတဲ့ဇုံတွေ” ဆီကို ဦးတည်ရွေ့ လျားနေတာကိုသိတာနဲ့ ဘယ်လိုမျိုးနည်းနဲ့ ဘယ်လိုအလုပ်မျိုးကို လုပ်သင့်သလဲဆိုတဲ့ မိမိရဲ့ဦးနှောက်က ဘယ်လိုညွှန်ကြားမှုပေးသလဲဆိုတဲ့အပေါ်မူတည်ပြီး အချက် သုံးချက်နဲ့ လေ့လာတွက်ချက်ကြည့်ရမှာဖြစ်ပါတယ်။

● လူကြီးမင်းရဲ့ အီးမေးလ်ကို ခဏခဏ မစစ်ဆေးပါနဲ့
အီးမေးလ်ကို ခဏခဏ မစစ်ဆေးပါနဲ့ဆိုတာက Outlook ရော တခြားအင်တာနက်ကို အသုံးပြုရမယ့် တခြားပရိုဂရမ်တွေကိုပါ မစစ်ဆေးပါနဲ့လို ဆိုလိုတာပါ။ ရယူလိုစိတ်နဲ့ အငမ်းမရ တပ်မက်စိတ်တွေအပါအ၀င် အခြားလိုအင်ဆန္ဒတွေနဲ့ မိမိ အီးမေးလ် ကို ခဏခဏ မစစ်ဆေးပါနဲ့လို့ ဆိုလိုတာပါ။ မိမိသတ်မှတ်ထားတဲ့အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရမှာဖြစ် ပါတယ်။ အချိန်ကာလ သတ်မှတ်ချက် (မိနစ် ၂၀ ကနေ နှစ်နာရီအထိ၊ ဒါမှမဟုတ် ဒီ့ထက်လည်း ပိုကြာကောင်းကြာနိုင်ပါတယ်) နဲ့အညီ တိုင်းထွာလုပ်ကိုင်ရ မှာဖြစ်ပါတယ်။ လူတိုင်းလူတိုင်းအတွက် ထပ်တူမကျနိုင်ပေမယ့် စတင်ကတည်းက အတတ်နိုင် ဆုံး အောင်မြင်နိုင်တဲ့အထိ လုပ်ကိုင်ရမယ်ဆိုတဲ့စိတ်မျိုးထားရှိရမှာ ဖြစ်ပါတယ်။

အဲဒီလိုစိတ်ဓါတ်မျိုးမထားနိုင်ဘူးဆိုရင် လူကြီးမင်း ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာဟာ အီးမေးလ်စွဲရောဂါ တမျိုးလိုပဲ တကယ့်ကို ဧရာမပြဿနာကြီးမျိုး ဖြစ်နေတော့မှာပါ။ ဖုန်းနဲ့လုပ်ကိုင်လို့ရမယ်ဆိုရင် ဖုန်းနဲ့ပဲ လုပ်ကိုင်နေခြင်း အားဖြင်၊့ အီးမေးလ်ရဲ့ Outlook ကို ခေတ္တခဏ ပိတ်ထားလိုက်ခြင်းဖြင့် ဘုရားရိပ်၊ တရားရိပ်သွားပြီး တရားအားထုတ်ရသလို မိမိကိုယ်မိမိ အနားပေးလိုက်သလို အနည်းနဲ့အများဆိုသလို အကျိုးကျေးဇူးကို ရရှိခံစားရမှာပါ။

တုန့်ပြန်မှုကို လျှော့ပြီးလုပ်။ မန်နေဂျာအတော်များများဟာ တခြားလုပ်သင့်တဲ့အလုပ်တွေကိုမလုပ်ကြတော့ပဲ သူ့လက် အောက်က အမှုထမ်းတွေကို အလုပ်ဖြုတ်လိုက်တာမျိုးတွေ၊ လက်တုန့် ပြန်လိုက်တာမျိုးတွေလုပ်တဲ့နည်းတေနဲ့သူတို့ရဲ့အချိန်အတော်များများကို ကုန်ဆုံးသွားစေကြပါတယ်။ နေ့တဓူဝ ၁၅ မိနစ်လောက် “တုန့်ပြန်မှုတွေပြုလုပ်ခြင်း” ကြောင့် တခြားလုပ်သင့်လုပ်ထိုက်တာမျိုးတွေကို မလုပ်နိုင်ကြတော့ပဲ ဖြစ်နေကြပါတယ်။ ကျနော်သိရသလောက်ကတော့ လူကြီးမင်းဟာ ဟောဒီ့ ကျနော်တို့”၂၄ ̸ ၇ ကမ္ဘာကြီး” ရဲ့ နောက်ဆုံးသတင်းတွေလောက်ကိုတောင် (ဘာသာပြန်သူရဲ့ ဖြည့်စွက်မှတ်ချက်။ ။ အခုခေတ် မီဒီယာလောကမှာ နေ့တဓူဝ နောက်ဆုံးဖြစ်ပျက်နေတဲ့ သတင်းအဖြစ်အပျက်တွေကို “၂၄ ̸ ၇ ကမ္ဘာကြီး” ဆိုတဲ့ အသုံးအနှုန်းနဲ့ တင်စားပြောဆိုလေ့ရှိနေကြပါတယ်) မသိပဲ ဖြစ်နေတယ်ဆိုတာပါပဲ။ အဲဒါဆိုရင် လူကြီးမင်းအနေနဲ့ အားလုံး ကို မလုပ်ချင်ရင်တောင် အကောင်းဆုံးဖြစ်နိုင်မယ့် အလုပ်သင့်ဆုံးအလုပ်ကို ဘယ်လိုလုပ်ရင် သင့်လျော်မလဲဆိုတာ ချင့်ချိန် ပြီး လုပ်ကိုင်ရပါလိမ့်မယ်။ အချိန်နည်းနည်းနဲ့ အထိရောက်ဆုံး အလုပ်တာဝန်တွေကို အကောင်အထည်ဖော်လုပ်ကိုင်နိုင်ဖို့ အချိန်ယူ စဉ်းစားရပါလိမ့်မယ်။ ရလာဒ်ကောင်းထွက်လာစေဖို့ဆိုရင် စလုပ်ကတည်းက ရလဒ်ကောင်းထွက်လာစေဖို့နဲ့ စိတ်ဖိစီးမှု အနည်းဆုံးဖြစ်စေမယ့် လုပ်နည်းလုပ်ဟန်တွေကို ဟန်ချက်ညီညီ လုပ်ကိုင်အကောင် အထည်ဖော်ရမှာဖြစ်ပါတယ်။

ရရှိထားတဲ့ အရင်းအမြစ်တွေကို ကောင်းကောင်းအသုံးချပါ။ လူကြီးမင်း ကြိုတင်စီစဉ်ထားတဲ့ အဖွဲ့တဖွဲ့မှာပါဝင်တဲ့ အဖွဲ့ ၀င်တွေဟာ လူကြီးမင်းကိုယ်တိုင် စေတနာထား ဆောင်ရွက်နေသလိုမျိုး သူတို့လည်း အလားတူဆောင်ရွက်သူမျိုးတွေ ဖြစ်နေသင့်ပါတယ်။ (ကြားဖြတ် အရေးကြီးအစီအစဉ်) လူကြီးမင်းဟာ မန်နေဂျာတယောက်ဖြစ်မယ်ဆိုရင် လူကြီးမင်းရဲ့ လက်အောက်က အမှုထမ်းတွေကို အလုပ်နဲ့ပတ်သက်တဲ့ အစီအစဉ်တွေကို သူတို့ကို အမြဲပြောပြပေးနေသူမျိုးဖြစ်ပါစေ။

အင်မတန် ကောင်းမွန်တဲ့ မန်နေဂျာတယောက်ဟာ အင်မတန်အရည်အချင်းပြည့်မီတဲ့ ကိုယ်စားလှယ်တွေလိုမျိုး ဖြစ်ကြပါ တယ်။ လူကြီးမင်းရော အဲဒီလို မန်နေဂျာမျိုးဖြစ်နေပြီလား။ အဲဒီလို မန်နေဂျာမျိုးဖြစ်ဖို့ဆိုတာ သိပ်လွယ်ကူလှတာမဟုတ်ပေမယ့် အရည်အချင်းပြည့်ဝတဲ့ ကိုယ်စားလှယ်မျိုး ဖြစ်ဖို့က မခက်ခဲလှပါဘူး။ “ရည်မှန်းချက်ပန်းတိုင်” တခုပဲ ရှိဖို့လိုအပ်ပါတယ်။ လူသားတွေအားလုံးကို အဲဒီလိုမျိုး “ရည်မှန်းချက်ပန်းတိုင်” တွေရှိလာအောင် ဖန်တီးပေးပါ။ သူတို့ကို ကိုယ့်ကိုယ်ကို တာဝန်ခံနိုင်တဲ့သူမျိုးဖြစ်လာပါစေ။ သူတို့ကို ထိန်းကျောင်းတည့်မတ်ပေးပါ။ နေ့တဓူဝ အဲဒီလိုမျိုး လေ့ကျင့်တည့်မတ်ပေးရင် သူတို့တွေဟာ မိမိကိုယ်မိမိ ယုံကြည်လာပြီး အင်မတန်ထူးချွန်တဲ့ မန်နေဂျာကောင်းတွေ တနေ့နေ့မှာ ဖြစ်လာမှာက အသေ အချာပါပဲ။

အခု ကျနော် ရေးသားတင်ပြခဲ့တဲ့ အချက်အလက်တွေဟာ သာမန်ဖြစ်ပြီး အရေးမကြီးဘူးလို့ ယူဆနိုင်စရာရှိနေပေမယ့် အဲဒီ့အချက်တွေကို အချိန်မီမဆောင်ရွက်နိုင်ဖူးဆိုရင် အင်မတန်ကြီးမားတဲ့ စိတ်ဖိစီးမှုတွေကို ဖြစ်လာအောင် ဖန်တီးပေးသလို ဖြစ်နေမှာပါ။ အချိန်များများ အလေ့အကျင့်လုပ်ပေးလေလေ စိတ်ဖိစီးမှုတွေက နည်းနည်းလာလေ ဖြစ်လာမှာပါ။ “အရိုးဆုံး၊ အရှင်းဆုံးလုပ်ရင် တာရှည်ခံတယ်” ဆိုတဲ့ ယေဘုယျကျတဲ့ ဆိုရိုးတခုကရှိနေတာကို သတိတရကိုင်စွဲသင့်ပါတယ်။

ဆစ်ဒနီ ဖင်ကယ်လ်စတိုင်း Sydney Finkelstein ဟာ ဘီဘီစီ ၀က်ဆိုဒ်ရဲ့ အခန်းကဏ္ဍမှာ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts