ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – နိုးချင်း …

သစ်ကောင်းအိမ် – နိုးချင်း …
မတ်လ ၂၂၊ ၂၀၁၅

အိပ်ရာက နိုးနိုးချင်း
ညက ကြည့်လက်စ
ဆိုဖီမားဆိုးရဲ့
ရုပ်ရှင်ကိုဆက်ကြည့်ရင်း
ဝိုင်နီတခွက်ကိုငှဲ့သောက်နေမိတယ်.. လို့
သူငယ်ချင်း အင်္ဂလိပ်ပေးရှန့်ကို
နောက်နေတုန်း
ညက ရှုပ်ထားတဲ့အမှိုက်တွေ
အမှိုက်ပုံးထဲသွားပစ်တဲ့….
နားထဲ ယီမင်ဗလီထဲဗုံးကွဲသလို
အသံတသံ ….

ဒေါ်ကေခိုင်
မောင်ချောနွယ်ဆန်ချင်ဆန်
မချောတော့ မဆန်ပါနဲ့ ….

ဒေါ်ကေခိုင်
အာဏာရှင်ကို ဆန့်ကျင်ရင်း
အာဏာရှင်ဖြစ်သွားတဲ့
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်လည်း
မဖြစ်ပါစေနဲ့..

ချစ်ဇနီးလေး မိနန်းနဲ့
အောင်ဘညိုဟာ ခွဲမရသလို..

ပုသိမ်ဟာ
ငဝန်နဲ့ ပူးချည်ထားသလို..

ကဗျာနေ့မှာ
ကဗျာဟာ ကော်ရည်ချက်နေတယ်။

photo : Aung Htet

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts