စာစုတို

နေဝန်းနီ(မန္တလေး) – “မန္တ လေး က စကား”

 

နေဝန်းနီ(မန္တလေး) – “မန္တ လေး က စကား”
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၅
     ကျွန် တော် တို့ငယ် စဉ် တုန်းကတည်းက အဖိုး အဖွား အ ဖေ၊ အ မေ တွေ ပြောဆို နေကြတယ် စကား လေးတစ် ခွန်းရှိတယ် ။ထိုစကား လေးကိုယ နေ့တိုင် သုံးစွဲ နေကြဆဲ ပါပဲ။
             “ရန် ကုန် က အကြွား

မော် လမြိုင် က အစား

မန္တ လေး က စကား” တဲ့ ။

ဟိုး ရှေးတုန်းကတည်းက မန္တ လေးသူ မန္တ လေးသား တွေကစကား ပြောရာမှာလိမ္မာ ရေးခြားရှိပြီး တတ်ကျွမ်းကြတယ် ။ဘာ ကြောင့် ဒီလို ပြောရလည်းဆို တော့ကျွန် တော် ကြားဖူးတဲ့ဟာသ လေးတစ် ပုဒ် ပြောပြပါမယ် ။
မင်းတုန်းမင်းတရားကြီးဟာ သူ၏နန်း ဆောင် ရှေ့ကဖြတ် သွား လေသူမှန်သမျှကို မည်သူမည်ဝါလဲ … ဟု လှမ်း မေး တော် မူတယ်။ နန်းတွင်းသူများဖြစ် ပါက မင်းတုန်းမင်းကြီးက ခေါ်ထား တော်မူတယ် ။ မင်းတုန်းမင်းတရားကြီး၏ ဥာဏ်ကိုသိရှိနေသော နန်းတွင်းသူတို့က မင်းတုန်းမင်းတရားကြီးလှမ်း မေး တော် မူ သောအခါ “ကျွန်တော်မျိုးပါဘုရား” လို့ လိမ္မာပါးနပ်စွာ ဖြေကြတယ် ။ အဲဒီတော့မှ မင်းတုန်းမင်း၏ လက်မှ လွတ် ကြရတယ် ။ အဲ နောက် တော့ မန္တ လေးသူ တွေဟာ ကျွန်တော်၊ ကျွန်တော်လို့ပဲ ပြောလာ တော့တာပါပဲ။
မန္တလေးသား စာရေးဆရာကြီး ရွှေဥဒေါင်းကတော့ သူ့ရဲ့ “မနေ့က မန္တလေး၊ ယနေ့ မန္တ လေး” ဆိုတဲ့ ဆောင်းပါးထဲမှာ မန္တ လေးသား တွေစကား အ ပြောအဆို ကြွယ်ဝပုံ ၊ ပြောပုံဆိုပုံ စကားလုံးအသုံးအနှုံးနှင့် ပက် သက် ၍လည်းမန္တ လေးသူ၊ မန္တ လေးသားများသည်  တစ် ပြည် လုံးနှင့် မတူ အောင် ကွဲပြား နေပုံကိုဆရာကြီးက သူ၏ကိုယ်တွေ့ဖြစ်ရပ် တစ် ခုနှင့် တင်ပြထား ပေသည် ။
ဆရာကြီးသခင် ကို ယ်တော်မှိုင်း(ဆရာလွန်း)က အစည်းအ ဝေးတစ်ခုတွင် အစည်းအဝေးပြုလုပ်ပြီးသွား သောအခါ၌ ဆရာလွန်းက ” မောင်တို့ မန္တ လေးသားတွေက စကား ပြောပုံကောင်းပါပေ့ မောင်ရာ ၊ ဒီက ခွေးမသားတွေ တကောင်မှ လိုက် မမှီဘူး” လို့ ဆရာကြီး ရွှေဥဒေါင်း အား ပြောဖူးသည်။
ရွှေမန်းသားများ၏ ပီယဝါစာဖြစ် အောင် ပြောတတ်ခြင်းကား ယုံမှားဖွယ်ရာရှိမည် မဟုတ်ချေ။ အမေလူထု ဒေါ်အမာ၏ မိခင် မန္တလေးသူစစ်ကြီးဖြစ်သော ဒေါ်စုသည်လည်း စကား ပြော ကောင်းသူတစ် ယောက် ဖြစ် လေသည် ။ အမေမာရဲ့မိခင် ကြီး ဒေါ်စုသည် သာမာန် အရပ် သူဖြစ် သော် လည်း အရပ်သုံးစကား ဗဟုသုတကြွယ်လွန်းလို့ နယ်ကဧည့်သည်တွေ မန္တ လေးကို ဘုရားဖူးလာကြရင် ဒေါ်စုရဲ့ ဧည့်ခံစကားတွေက အင်မတန်မှ ဗဟုသုတကြွယ်ဝဖွယ် ရှိလှတယ်လို့ ပြောဆိုခြင်းခံရပါတယ် ။ အမေမာကလည်း မိခင်နည်းတူဖြစ်လေသည် ။ တကယ်တော့ မန္တ လေးသူ မန္တလေးသားတိုင်း

စကားတတ်လှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် တခြားဒေသကလူတွေထက်  စကားလုံးအသုံးအနှုန်း ဝေါဟာရက ပိုပြီးကြွယ်ဝကြတယ် ။

မန္တ လေးကိုလာတဲ့ ဧည့် သည် ၊ အထူးသဖြင့်  အောက်အရပ်က ဧည့် သည်တွေဆို မန္တလေးသူ၊ မန္တ လေးသားတွေ စကား ပြောတာ “ချွဲတယ် “လို့ ပြောတက် ပါတယ် ။တကယ်တော့ တမင်တကာချွဲနွဲ့ပြီး ပြောတာမဟုတ်ပါဘူး။ ကျွန် တော်တို့ မန္တ လေးဟာ ဘုရင်တည် သွားတဲ့မြို့ ၊ မင်းဆက် နှစ်ဆက် စိုးစံသွားခဲ့တယ်လေ။ ပြီးတော့ မန္တ လေးသူ မန္တ လေးသား တွေ က နန်းတော်တိုင်လုံးတွေဖက်ပြီး မွေးလာတဲ့လူတွေ လေ။အဲဒီ တော့ ပဒေသရာဇ်အငွေ့သက်လေးတွေ အနည်းငယ်တော့ ကျန် တာပေါ့။
တခြားအရပ်က ဧည်သည်ကို မုန့်ကျွေးတဲ့အခါ “စားပါအုံး”လို့ ပြောပေမယ့်  မန္တ လေးသူ၊ မန္တ လေးသား တွေက တော့ “သုံး ဆောင်ပါဦး”လို့ ပြောပါတယ် ။ ဒါပဒေသရာဇ်  အငွေ့အသက်တွေ ပေါ့။ တမင် ချွဲတာတော့ဘယ် ဟုတ်မှာလဲဗျာ။
နို့သောက်လျှင် အသားဖြူမည် ဟု သမ္မတကြီးက အာမခံ သော်လည်း နန်း တော်ရှေ့ဆရာတင်ကတော့ – မန္တ လေးသွားလျှင် အသားမည်း(မဲ)မည် ၊ မန္တ လေးရောက် ရန်ကုန်သူတို့ အသားအရေ မပျက်စီးရန် အင်လျားကန်မှရေကို ရထားနှင့် ယူပြီး ရေချိုး စေသလို၊  ရွှေဘိုသနပ်ခါးလိမ်းရန်လည်း သီချင်းစပ်ဆို အကြံပြုခဲ့သည်။ ထိုသီချင်းထဲ၌ ဆရာတင်သည် သူ ပြောချင် သောစကားကို စကားလုံး အသုံးအနှုံးပရိယာရ်ကြွယ်ဝ လိမ္မာပါးနပ်စွာ သုံးစွဲထားခြင်းကိုလည် မြင် တွေ့ရ ပေသည် ။

အခု တော့ မန္တ လေးမှာ တော့ မန္တ လေးသား တွေကပဲ စကားမပြောတတ်ကြတော့တာလား၊ ဒါမှမဟုတ်  စကားပြောရမယ့်နေရာတွေရောက်နေတဲ့ မန္တ လေးသားတွေက မန္တလေးသားစစ်စစ်ကြီး မဟုတ်ကြတော့လို့လား မသိပေ။ဆရာကြီး ရွှေဥဒေါင်းတို့ အမေမာတို့ ဆရာတင်တို့ ယခုချိန်ရှိနေလျှင် သိပ်ကောင်းမည် ။ ဆရာကြီးရွှေဥဒေါင်း နှင့် အ မေမာတို့ကတော့  ယနေ့မန္တလေးကိုမြင်လျှင်  မည်သို့ ရေးကြမည်ဆိုတာ မသိပေမယ့် နန်းတော်ရှေ့ဆရာတင် ကတော့ မန္တလေးသွားလျှင် အသားမည်း(မဲ)မည်ဟု အစား မန္တလေးသွားလျှင်  “ရှဲရှဲ” ဆိုတာ ပြောတတ်အောင် သင်သွားဟု အကြံပြုသီချင်းစပ်ဆိုမည်လို့ မြင်ယောင်မိပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts