ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – မျိုးဆက် စက်ဝန်း မြင်တွေ့ ခဏ်း

 

 ကျော်ဟုန်း – မျိုးဆက် စက်ဝန်း မြင်တွေ့ ခဏ်း

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၅

၂၆ နှစ်လုံးလုံး

ငါတို့ တတွေ

နေ့ တိုင်း မှန်ကြည့်တယ်၊

ကိုယ့်ရုပ်ပုံ ကိုယ်မမြင်ရဘူး။

ခုကျမှပဲ …

မင်းတို့ ရဲ့ ဓာတ်ပုံလေးတွေ မြင်

ကိုယ့်ရုပ်ပုံ ကိုယ်ပြန်တွေ့ ရ၊

ကျေးဇူးပါ ကလေးတို့ ရေ…။

အဝေးဆိုတဲ့ ဝေါဟာရမှာ

ဘေးမကြောက် ရောက်ခဲ့။

ကိုယ့်ကိုယ်ကို ဘာမှန်း

ဝေခွဲရ ခက်ခဲ့။

အပြီးနှံခြင်းတွေ မဆုံးလို့ 

အထီးကျန်ခြင်းတွေ ဖြစ်ခဲ့။

အထီးကျန်တော့

မျိုးဆက်ပြတ်ပြီ ထင်ခဲ့။

ထင်ခဲ့သမျှ၊ မြင်ခဲ့ရမှ

သြော်… မျိုးဆက်သဘော

စောကြောသိပေါ့။

အတွေးဆုံရင်

မြိုင်စောင်းမှာ 

ဒေါင်းတွန်သံကြားတယ်။

အရေးကြုံရင်

တိုက်ပွဲမှာ

ခွပ်ဒေါင်းအတက် မြတယ်။

မျိုးဆက် မပြတ်မှန်း

မျိုးဆက်သစ်တို့ ပြခဲ့၊

မြိုင်ဝေး ဒေါင်းဟောင်းကြီးများ ပီတိ

အနာဂတ်အလှသို့  ကူးစက်

နေပျော်၊ သေပျော်ပါဘိလေ

ကျေးဇူးအထူး ခွပ်ဒေါင်းငယ်ပျိုတွေ။   ။

ကျော်ဟုန်း

ဇန်နဝါရီ၊ ၂၉၊ ၂၀၁၅။

အမြို့ မြို့ အနယ်နယ်မှ အမျိုးသားပညာရေးသပိတ်မှောက်ကျောင်းသား/သူများနဲ့ ဝန်းရံ မိဘပြည်သူများကို

ဂုဏ်ပြုလျှက်… ။

 

Photo – Yangon Globe


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts