အတွေးအမြင် ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အောက်စ်ဖို့တက္ကသိုလ်၏ ပညာရေးမူဝါဒအပေါ် မတူသော အမြင်များ

 

ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အောက်စ်ဖို့တက္ကသိုလ်၏ ပညာရေးမူဝါဒအပေါ် မတူသော အမြင်များ
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၄

၂၁ ရာစု၏ အထင်ရှားဆုံး သိပ္ပံပညာရှင် စတီဖင်ဟော့ကင်း (Stephen Hawking) သူ၏ ကိုယ်ရေးအထုပ္ပတ္တိဖြစ်သော My Brief History (ကျွန်ုပ်၏ သမိုင်းအကျဉ်း) တွင် အောက်စ်ဖို့တက္ကသိုလ် (Oxford) တွင် ၁၉၅၉ သူပညာသင်ကြားခဲ့သော အတွေ့အကြုံများကို ရေးသားထားပါသည်။ ယင်းစာအုပ်တွင် အောက်စ်ဖို့တက္ကသိုလ်၏ ပညာရေးမူဝါဒနှင့် ပတ်သက်၍ ဤသို့ရေးသားထားပါသည်။

“The Prevailing attitude at Oxford at that time was very anti-work”

ဆိုလိုသည်မှာ ထိုအချိန်က အောက်စ်ဖို့တက္ကသိုလ်၏ မူဝါဒ (အယူအဆ)သည် အလုပ် (ကြိုးစားမှု) ဆန့်ကျင်ရေး ဖြစ်သည်။ ကျောင်းသားတဦးသည် အလိုအလျောက် (မကြိုးစားဘဲ) ထူးချွန်သောသူ ဖြစ်ရမည်။ အကယ်၍ ဤသို့မဖြစ်လျင် သူ၏အားနည်းချက် (အဆင့်မမီမှု) ကို သူလက်ခံပြီး ရရှိသည့်အဆင့်ဖြင့် ကျေနပ်၍နေရမည်။ အလုပ်ကြိုးစား၍ တော်ခြင်းကို လုံးဝလက်မခံချေ။

အောက်စ်ဖို့တက္ကသိုလ် ပညာရေးမူဝါဒနှင့် ပတ်သက်၍ ဤသို့ထုတ်ဖော်၍ ပြောဆိုခြင်းကို ပထမဦးဆုံးအကြိမ် ကြားဖူး (ဖတ်ဖူး) ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ အောက်စ်ဖို့တက္ကသိုလ်တွင် ပညာသင်ဖူးသူတဦးအား မေးကြည့်သင့်သည်ဟု ယူဆမိပါသည်။

ကံကောင်းချင်တော့ မြန်မာနိုင်ငံတွင် အထင်ရှားဆုံးသော အောက်စ်ဖို့တက္ကသိုလ် ကျောင်းထွက်တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခွင့်ရခဲ့ပါသည်။ ထို့နေ့မှာ ၂၀၁၄ နှစ် သြဂုတ်လ ၂၅ ရက်နေ့ဖြစ်ပြီး တော်ဝင်နှင်းဆီ – သီရိခန်းမတွင် စာရေးဆရာများနှင့် တွေ့ဆုံသောပွဲ ဖြစ်ပါသည်။ ထိုနေ့က ကျနော်သည် စတီဖင်ဟော့ကင်းရေးသော စာကြောင်းလေးကို ဒေါ်အောင်ဆန်းစုကြည်အားပြ၍ မေးကြည့်ပါသည်။ သူက ဤသို့ ပြောပါသည်။

“ကျမတက်ခဲ့တဲ့ အချိန်တုန်းကတော့ အဲဒါမဟုတ်ပါဘူး။ ကျမတို့က အသေအလဲကြိုးစားခဲ့ရတာပါ။ အခုနောက်ပိုင်းမှာတော့ မသိဘူး”

သူက ဆက်လက်၍ ဤသို့ ပြောသည်။

“စတီဖင်ဟော့ကင်းက လူတမျိုးဆိုတော့ သူပြောတိုင်းမယုံပါနဲ့။ သူပြောတိုင်း ဟုတ်ချင်မှ ဟုတ်မှာပါ”

ဤသည်ကား စတီဖင်ဟော့ကင်းရေးသားထားသော အကြောင်းနှင့် ၎င်းအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်တို့ကို ဖတ်ဖူးသည့်အတိုင်း၊ ကြားဖူးသည့်အတိုင်း ပြန်လည်ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

ယခုဤအဆိုများအပေါ် ကျနော်၏ ကိုယ်ပိုင်အမြင်များကို ဖော်ပြပါမည်။ ထိုပုဂ္ဂိုလ် ၂ဦးစလုံးသည် ကျနော်ထက် အသက်အားဖြင့် ငယ်ပါသည်။ သို့သော် နှစ်ဦးစလုံးကို ကျနော်ကြည်ညိုလေးစားပါသည်။ ကြည်ညိုလေးစားပုံချင်း တူသော်လည်း သိကျွမ်းပုံချင်းတော့ ကွာခြားပါသည်။ စတီဖင်ဟော့ကင်းကို သူ၏ရေးသားသော စာအုပ်များမှတဆင့်သာ သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ငယ်စဉ်ကလေးဘ၀ကပင် သိကျွမ်းခဲ့သည်။ ၁၉၈၈ နောက်ပိုင်းတွင်တော့ သူ့ကို နိုင်ငံရေးအရ အပြည့်အ၀ထောက်ခံခဲ့သည်မှာ ယခုအထိ ထောက်ခံမှု မလျော့သေးပါ။ သူ၏ပညာကိုလည်း လေးစားပါသည်။

ထိုသို့ ကျနော်လေးစားသော ပုဂ္ဂိုလ် ၂ဦးသည် ဆန့်ကျင်ဘက်အမြင်များ ရှိနေခြင်းကို ကျနော့်စိတ်ထဲတွင် ဘယ်လိုဝေခွဲရမှန်း မသိပါ။ စဉ်းစား၍ ရသော အရာတခုမှာ – အချိန်ကာလချင်း ကွဲပြားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ နောက်တခုမှာ ဘာသာရပ်ချင်း မတူခြင်းကြောင့် ဖြစ်နိုင်ပါသည်။ စတီဖင်ဟော့ကင်းသည် သိပ္ပံဘာသာတွဲ ယူသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ၀ိဇ္ဇာဘာသာတွဲ ယူသူ ဖြစ်ပါသည်။

ဘာသာရပ်ကွဲပြားမှုကြောင့် ဖြစ်နိုင်သည်ကို ညွှန်ပြသော စာပိုဒ်တခုကို စတီဖင်ဟော့ကင်း၏ စာအုပ်တွင် ဤသို့ တွေ့ရပါသည်။

“ထိုအချိန်က အောက်စ်ဖို့တက္ကသိုလ်၏ ရူပဗေဒဘာသာရပ်သင်ရိုးသည် ကြိုးစားဖို့မလိုအောင် စီစဉ်ထားသည်၊ ကျနော်သည် အောက်စ်ဖို့တွင် ၃နှစ် နေခဲ့သည့်အတွင်းတွင် နှစ်စဉ်နောက်ဆုံးစာမေးပွဲတကြိမ်စီ ဖြေဆိုခဲ့ရသည်။ သုံးနှစ်အတွင်း စာဖတ်ခဲ့သည့်အချိန်ကို တွက်ကြည့်လျင် နာရီ ၁ထောင် လောက်သာ ရှိခဲ့ရာ၊ နေ့စဉ်ပျမ်းမျှ တနာရီလောက် အလုပ်လုပ်ခဲ့ရပါသည်။ ဤသို့ အလုပ်မလုပ်ဘဲ နီးပါးနေခဲ့ရခြင်းအတွက် ဂုဏ်မယူပါ။ အလွန်ပျင်းစရာကောင်းပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် လောက၌ ဘယ်အရာမှ ကြိုးစားရကျိုး မနပ်ဟူ၍ပင် စိတ်ထဲ ဖြစ်ပေါ်လာပါသည်”

ဤသည်ကား စတီဖင်ဟော့ကင်း၏ ရေးသားချက်ဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကမူ သူမည်ကဲ့သို့ ကြိုးစားခဲ့ရသည် ဟူ၍ ကြိုးစားရသည့်အတွက် ဂုဏ်ယူသည့်သဘောမျိုးဖြင့် ပြောခဲ့ပါသည်။

အောက်စ်ဖို့တက္ကသိုလ်၏ မူဝါဒနှင့် ပတ်သက်၍ ရေးသားကြရာတွင် –

“To work hard to get a better class of degree was regarded as the mark of a ‘gray man’, the worst epithet in the Oxford vocabulary”

ဆိုလိုသည်မှာ အဆင့်ကောင်းကောင်း ရရှိရန်အတွက် ကြိုးစားအားထုတ်သောသူကို ‘မီးခိုးရောင်လူတန်းစား’ ဟု ခေါ်သည်။ ဤဝေါဟာရသည် အောက်စ်ဖို့အဘိဓာန်တွင် အဆိုးဆုံးအရည်အချင်းကို ဖော်ပြသော စကားလုံး ဖြစ်သည်။

အင်္ဂလိပ်အဘိဓာန်တွင် ‘gray’ ဟူသော စကားလုံးကို သိပြီးသာ မီးခိုးရောင်အပြင်၊ အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ထားသည်ကို ဖတ်ရပါသည်။

Gray (grey) : (4) not interested or attractive –

ဆိုလိုသည်မှာ ‘စိတ်ဝင်စားစရာ မကောင်းသော၊ ဆွဲဆောင်မှု မရှိသော” ဟူ၍ ဖြစ်ပါသည်။

ဤသည်ကား အောက်စ်ဖို့တက္ကသိုလ်၏ ပညာရေးမူဝါဒအပေါ် ကျနော်ကြည်ညိုလေးစားသော သူ၂ဦး၏ ဆန့်ကျင်ဖက် အမြင်များ ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အောက်စ်ဖို့တက္ကသိုလ်၏ ပညာရေးမူဝါဒအပေါ် မတူသော အမြင်များ
  1. ဆရာရေးတဲ့ ပြင်သစ်နိုင်ငံမှာ ကိုယ်တိုင် ပါရဂူဘွဲ့အတွက်ကြိုးစားခဲ့ရတာတွေ .. လေးစားပါးတယ်။ ကိုယ်တိုင် ဒီလိုအဆင့်ကိုမရောက်ခဲ့ပေမဲ့… နောက်နောင်လူငယ်များစွာ၊ နိုင်ငံခြားတွေမှာ ပါရဂူဘွဲ့ စပွန်စာ၊ စကောလားရှစ်တွေ တက်နေဆဲ၊ ဆက်ဦးမှာ များစွာရှိပါတယ်။ မာစတာ၊ ပါရဂူ ဘွဲ့ရမှာမဟုတ်ပါ.. ရိုးရိုးဘွဲ့တစ်ခုရဘို့..တက္ကသိုလ်များဟာ
    – ပညာတတ်အသိုင်းအဝိုင်းတစ်ခုနဲ့မိတ်ဆက်ပေးပါတယ်
    – အရမ်းကြိုးစားရပါတယ်။ စတီဗင်ဟော့ကင်လို ဥာဏ်ကောင်းလှတဲ့သိပ္ပံသမားကတော့ သိပ်ကြိုးစားစရာမလိုပေမဲ့၊ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်လို အရမ်းကြိုးစားရပါတယ်။ ကြိုးစားရတယ်..ဆိုတဲ့အသိုင်းအဝိုင်းနဲ့ မိတ်ဆက်ပေးပါတယ်။
    -စိတ်သဘောထားကောင်းသူများစွာနဲ့ မိတ်ဆက်ပေးပါတယ်။ ငယ်စဉ်ကတည်းက စီးပွားရေးလောက ရောက်သွားသူတွေ မသမာသူများပြားလှတဲ့အသိုင်းဝိုင်းထဲရေက်သွားပြီး၊ ငွေရဲ့ကျေးကျွန် (လိုင်၊လာဘ်၊လောင်းကစား) တွေနဲ့ရေပြွန်းနေပါတယ်။ အသက်၂၀ကျော်မှာ အောက်စဖို့လို တက္ကသိုလ်ဆရာများလောကကတော့ စီးပွားရေးလောကနဲ့ တခြားစီပါ။ ဆရာများ ၉၀%ဟာ မကောင်းမှုကင်းစင်ပါတယ်။ စိတ်ရင်းကောင်းကြပါတယ်။
    – ဆရာများအားလုံးကို ဂုဏ်ပြုပါတယ်။ ဒေါက်တာခင်မောင်ဝင်းကတော့ ထိပ်ဆုံးကပေါ့။ ကိုယ့်အတွေ့အကြံ့ကို စာရေးပြီး လူငယ်များကို ဖြန့်ဖြူးပေးနိုင်ပါစေ။ အောက်စဖို့ကို မြန်မာများစွာ ရောက်ရှိရုံမက.. အောက်စဖို့လိုဖြစ်အောင် ရန်ကုန်၊ မန္တလေး တက္ကသိုလ်များကို ပြုစုပေးနိုင်သူများ ပေါ်ပေါက်လာမှာပါ..။ ဇော်အောင်

  2. I don’t know about other places but we study a lot in med school. It s not difficult but it s a lot of volume for a short period of time. Smart people do very well studying but when we get to the hospitals/ clinical, we are the same since we re learning by watching and doing things. We used to work 32 hours straight when we are on call. We are on call at least every 3 to 7 days. Now I think they changed the rules to maximum of 16 hrs which might not be good because people will miss out on learning. I think people are becoming wimps but may be they are more rested. That s how we train in the US and I don’t know about other places. We all have to work hard to become what we are. That s just my 2 cents.

Comments are closed.