သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင်(မုံရွာ) – အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ၊ သတင်းစာလွတ်လပ်ခွင့်နဲ့မြန်မာ

ဇော်အောင်(မုံရွာ) – အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ၊ သတင်းစာလွတ်လပ်ခွင့်နဲ့မြန်မာ

ဇူလိုင် ၁၉၊ ၂၀၁၄

ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး (လူဦးရေ ၂၃၇သန်း) အင်ဒိုနီးရှား၊ ပြည်သူတိုက်ရိုက်တင်မြှောက်တဲ့ သမ္မတရွေးကောက်ပွဲမှာ ဂျိုကိုဝီဒိုဒိုနဲ့ပရာဗိုဝို ပြိုင်ကြပါတယ်။ အရပ်သား၊နောက်ကြောင်းရှင်းတဲ့ ဂျာကာတာအုပ်ချုပ်ရေးမှုး ဂျိုကိုဝီဒိုဒို နဲ့ စစ်ဗိုလ်ချုပ်ဟောင်း၊ အာဏာရှင်ဟောင်းဆူဟာတိုရဲ့ သားမက်ဖြစ်သူ ပရာဗိုမို နှစ်ယောက်မှာ ဂျိုးကိုဝီ ကို လူကြိုက်များကြပါုတယ်။ မဲစစ်တမ်းများအရ ဂျိုကိုဝီ အပြတ် အသတ်သာ နေရာက၊ ရွေးကောက်ပွဲ မတိုင်မီ တစ်လအတွင်း ပရာဗီုဝို အဖွဲ့သားများ၊ နည်းမျိုးစုံနဲ့မဲဆွယ်ပွဲများ လုပ်ရာက ၄၇ % ဖြစ်လာပါတယ်။ တကယ်ပြိုင်ပွဲမှာ မဲရုံများက ထုတ်ပြန်ချက်ကို လုပ်အားပေးများက လက်နဲ့ပြန်ရိုက်နှိပ်ပေးတဲ့ Quick Count စာရင်းများအရ ၊ ဂျိုကိုဝီက ခန့်မှန်းထားတဲ့အတိုင်း ၅၂% – ၄၈ % အနိုင်ရတယ်လို့ ကြေညာပါတယ်။ (www.kawalpemilu.org)

ရွေးကောက်ပွဲကော်မရှင် (KPU)  ဇူလိုင်၂၂ တရားဝင်ကြေညာမဲ့အချိန်ကို စောင့်နေကြပါတယ်။ စတော့ဈေးကွက်နဲ့ရင်းနှီးမြှတ်နှံသူများက ဂျိုကိုဝီိအနိုင်ရတယ်ဆိုတဲ့ သတင်းကို ကြိုဆိုကြပါတယ်။ စစ်အာဏာရှင်အရိပ် မကင်းတဲ့ ပရာဗိုဝို အနိုင်ရရင်တော့၊ ရင်းနှီးမြှတ်နှံသူတွေ သူတို့ရင်းနှီးခဲ့မှု တွေကို ရောင်းချကြမယ်လို့ ဂျာမန်ဘဏ် Deutsche Bank ထံမှ သတင်း ထွက်နေပါတယ်။

ငွေ-အာဏာရှင်များက အထူးသဖြင့် အင်ဒိုနီးရှားစီးပွားရေးမှာ ကြီးစိုးနေဆဲဖြစ်ပါတယ်။ အာဏာရှင်ဟောင်းကြီး ဆူဟာတို လက်ထက်ကတည်းက ပါဝင်ခဲ့သူ ဂိုကာပါတီဥက္ကဌ Bakrie ဆိုသူဟာ၊ လက်ရှိသမ္မတ ယူဒိုရိုနို အစိုးရအဖွဲ့မှာ၊ စီးပွားရေး ဆိုင်ရာ ဝန်ကြီးအဖြစ် သြဇာလွမ်းမိုးနေဆဲဖြစ်ပါတယ်။ တကယ်လို့ ဂျိုကိုဝီ သမ္မတဖြစ်လာရင်၊ ပါလီမန်မှာ အမတ် အများစုရအောင် ညွှန့်ပေါင်းဖွဲ့ရမယ်ဖြစ်ပါတယ်။ ဂျိုကိုဝီသမ္မတဖြစ်ပြီး အစိုးရမှာ သူ့ကို ထည့်သွင်းဖို့ Bakrie ပြောဆို ထားပါတယ်။ ဂျိုကိုဝီ အဖွဲ့သားများက အစိုးရဖွဲ့ရင် ဒီမိုကရေစီ အရှိန်ဟုန် မြှင့်တင် သွားဖို့ရှိပါတယ်။

တကယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဂျိုးကိုဝီ အနိုင်ရတယ် ကြေညာရင်၊ ပရာဗိုဝို အဖွဲ့က အခြေခံဥပေဒတရားရုံးမှာ ကန့်ကွက်စာ တင်မယ်လို့ ဆိုပါတယ်။ နည်းလမ်းရှိသမျှနဲ့၊ ငွေအားကိုပါ သုံးပြီး အနုင်ရအောင်ကြိုးစားမယ် ဖြစ်ပါတယ်။ ဘီဘီစီနဲ့ ပရာဗိုမို လတ်တလော အင်တာဗျူးရာမှာ  ၅% – ၇% အသာရနေတယ်ဆိုပေမဲ့  “သူတို့ရတဲ့မဲများဟာ ဘက်လိုက်ခြင်း၊ ကြောင်ငြာခြင်း” များကြောင့်ပါ လို့ ဖြေပါတယ်။ မဲပေးမှု မတရား တာတွေရှိကြောင်း သူတို့ဆီသတင်းပို့မှုတွေ ရရှိတယ်၊ မမှန်မကန်မှုများဟာ အင်ဒိုနီးရှား အဂတိ တိုက်ဖျက်ရေးအဖွဲ(KPK) အဖွဲ့နဲ့လည်း ဆိုင်ပါတယ်။

အနိုင်အရှုံးကြေငြာလို့ ပရာဗိုဝို ရှုံးလို့ အခြေခံဥပေဒတရားရုံး ကိုတင်မယ်ဆိုရင်၊ လောလောဆယ် အခြေခံဥပဒေတရားရုံး အကြီးကဲဟာ လတ်တလော ကပဲ အဂတိ လိုက်စားမှုနဲ့ ထောင်တစ်သက် ချခံ ထားရပါတယ်။ လက်ရှိ အကြီးကဲ Hamdan Zoelva ကတော့ အကောင်းဆုံး ဖြေရှင်းပေးမယ် လို့ဆိုပါတယ်။ အခြေခံဥပေဒ တရားရုံး ဆီရောက်လာရင်၊ တရားသူကြီး၉ဦး အဖွဲ့ဟာ ၁၄ရက်အတွင်း ဖြေရှင်း ပေးရမယ် ဖြစ်ပြီး၊ ဒီဆုံးဖြတ် ချက်သာ အတည်ဖြစ်ပါမယ်။

  မြန်မာပြည်မှာတော့ အင်ဒိုနီးရှားလောက် ဒီမိုကရေစီမခိုင်မြဲသေးပါဘူး။ သို့သော် သမ္မတဖြစ်သူက စိတ်ကောင်းရှိ၊ သတ္တိရှိ၊ မျှတမှု ရှိရင် အင်ဒိုနီးရှား ဒီမိုကရေစီ အဆင့်ကို နှစ်တိုတို အတွင်း မှီနိုင်ပါတယ်။

 


Wikipedia.com

အင်ဒိုနီးရှားသတင်းစာလွတ်လပ်ခွင့်

အထက်ပါအတိုင်း ရွေးကောက်ပွဲ လွတ်လပ်တဲ့မဲရေတွက်အဖွဲ့ပေါင်း ၁၂ခု နဲ့ မဲဆွယ်၊ မဲနိုင် သတင်းများကို မီဒီယာပေါင်းစုံက လွတ်လပ်စွာ သတင်းတင်ပြနိုင်ပါတယ်။ ဒါလောက် လွတ်လပ်ပေမဲ့ ကြွယ်ဝတဲ့ အာဏာရှင်ကြီးများက နည်းမျိုးစုံနဲ့ ပွင့်လင်းမြင်သားမှုမရှိအောင် လုပ်လျှက်ရှိပါသေးတယ်။

အာဏာရှင်ဆူဟာတို ၁၉၉၇ခုနှစ် လူထုအုံကြွမှုနဲ့နှုတ်ထွက်သွားပြီး၊ ဒီမိုကရေစီအစိုးရသစ် တက်လာပါတယ်။ သမ္မတ လေးဆက်ပြောင်းလဲခဲ့ပြီး၊ ယခုနောက်ဆုံးသမ္မတ ယူဒိုယိုနို လက်ထက်မှာ ၁၇နှစ်အတွင်း၊ တည်ငြိမ်မှုများစွာ ရရှိလာပါတယ်။ အဂတိလိုက်စားမှုဟာ ကြီးမားတဲ့အခက်ခဲကြီး ဖြစ်နေပေမဲ့၊ အထူးသဖြင့် မီဒီယာ (စာနယ်ဇင်း၊ အသံလွှင့်) လွတ်လပ်ခွင့်ကတော့ အများကြီးတိုးတက်ခဲ့ပါတယ်။

စာနယ်ဇင်း။  လွတ်လပ်ခွင့်များပေးထားတဲ့ သတင်းစာ၊ ဂျာနယ်၊ စာစောင်များစွာ ထုတ်ဝေ၊ဖြန့်ချိလျှက်ရှိပါတယ်။ ဂျာဗားကျွန်း အခြေပြုတဲ့ နေ့စဉ် သတင်းစာပေါင်း ၅၀ခန့်ထုတ်ဝေလျှက်ရှိပါတယ်။ ရာနဲ့ချီရှိတဲ့ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်များ အင်ဒိုနီးရှား တစ်နိုင်ငံလုံးမှာ ရှိပါတယ်။ စောင်ရေ အများဆုံး Kompas (စောင်ရေ ၅သိန်းကျော်)၊ Suara Mardeka (စောင်ရေ၂သိန်း)၊ Berita Buana , Sinar, Pikiran (စောင်ရေ၁သိန်းခွဲ) ..စသဖြင့် ထုတ်ဝေကြပါတယ်။ စောင်ရေ ၄သောင်းကျော်နဲ့  Jakata Post, Jakata Globe, Tempo , Gatra .စတဲ့ အပတ်စဉ် မဂ္ဂဇင်းများရှိပါတယ်။

တီဗွီ။   အစိုးရ ရုပ်မြင်သံကြား TVRI, ပုဂ္ဂလိက RCTI, Indosiar, RCTI, SCTV, Metro TV, Trans 7, Global TV, MTV Indonesia, MNCTV, Bali TV, Jak TV, and Pacific TV ..etc. စသည်တို့ဖြစ်ပါတယ်။ ဖလင်ဆင်ဆာအဖွဲ့ကိုလဲ ဖြက်သိမ်းခဲ့ပါတယ်။

ရေဒီယို။  အစိုးရရေဒီယိုအစီအစဉ်နဲ့အတူ၊ အင်ဒိုနီးရှားတစ်နိုင်ငံလုံးမှာ ရေဒီယိုအသံလွှင့်ဌာနပေါင်း ၃ထောင်ကျော် လိုင်စင်ချပေး၊ အသံလွှင့်လျှက်ရှိပါတယ်။

တစ်နိုင်ငံလုံးမှာ တရားမဝင်အသံလွှင့်၊တီဗွီ၊စာနယ်ဇင်း ထောင်နဲ့ချီ ရှိပါတယ်။ ၂၀၀၃ ကစပြီး၊ အစိုးရက လိုင်စင်လျှောက်ဖို့ တိုက်တွန်း၊ ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာမီဒီယာနှင့်စာနယ်ဇင်း ၂၀၁၄

မြန်မာနိုင်ငံ ၂၀၁၀မှာ မီဒီယာလွတ်လပ်ခွင့် အဆင့် ၁၇၄ (အဆိုးဆုံး) ရှိနေရာကနေ ၁၄၅ တိုးတက်လာခဲ့ပါတယ်။ ဗီယက်နမ်၊တရုပ်ထက် အများကြီးသွားပါတယ်။ အစိုးရသတင်းစာကြီး ၃ခုမှာ မြန်မာလိုထုတ်ဝေတဲ့ ပုံစံတူ မြန်မာ့အလင်းနဲ့ကြေးမုံ ၂စောင်၊ အင်္ဂလိပ် New Light of Myanmar တစ်စောင်ရှိပါတယ်။ ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ၂၀၁၂မှ စတင်လိုင်စင်ထုတ်ပေးခဲ့ပါတယ်။  Eleven Media, The Voice Daily, Golden Fresh Land, The Standard Time Daily, The Union Daily စသည်တို့ ထုတ်ဝေနေပါတယ်။ ဂျနယ်၊ မဂ္ဂဇင်းများစွာ ထုတ်ဝေခွင့်ပေးနေပြီး၊ ရခိုင်၊ရှမ်းပြည်နယ်များမှာ တိုင်းရင်းသားဘာသာနဲ့ ထုတ်ဝေခွင့် ပေးထားပါတယ်။

တီဗွီနဲ့ရေဒီယိုမှာတော့ အစိုးရပဲ မြန်မာ့ ရုပ်မြင်သံကြား၊ မြဝတီ(စစ်တပ်) တို့ပဲချုပ်ကိုင်ထားပါတယ်။ Skynet ပုဂ္ဂလိက တီဗွီ၊ တရုပ်ဖက်စပ် လုပ်ငန်းက တစ်ဦးထဲ တီဗွီလက်ဝါး အုပ်ထားလို့၊ ပြောစရာဖြစ်နေပါတယ်။ ရေဒီယို မှာတော့ အစိုးရရဲ့  မြန်မာ့အသံနဲ့ ဖြေဖျော်ရေး City FM ရှိပါတယ်။

အင်တာနက်ကို ၂၀၁၁မှာ အပြည့်အဝ ဖွင့်ပေး လိုက်တဲ့အတွက် မြန်မာများ လွတ်လပ်တဲ့မီဒီယာ အသီးအပွင့်ကို အပြည့်ဝခံစားခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်-၂၀၁၄မှာ ယူနတီသတင်းအဖွဲ့ ၄ဦးကို လျှို့ဝှက်ချက်ဖောက်လို့ဆိုပြီး၊ ထောင်၁၀နှစ် ချတဲ့အတွက် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်ရောက်ချိန် ပြင်းထန်စွာ၊ ဝေဖန်ပြောကြားခဲ့ပါတယ်။

နိုင်ငံပေါင်း ၁၈၃၊ မီဒီယာလွတ်လပ်ခွင့် (Press Freedom Index, 2014) 

အမေရိကန် ၄၆
တိုင်ဝမ် ၅၀
တောင်ကိုးရီးယား ၅၇
ထိုင်း ၁၃၀
အင်ဒိုနီးရှား ၁၃၂
ကမ္ဘောဒီယား ၁၄၄
ြ မြန်မာ ၁၄၅
မလေးရှား ၁၄၇
စင်ကာပူ ၁၅၀
ဗီယက်နမ်  ၁၇၄
တရုပ် ၁၇၅

မီဒီယာလွတ်လပ်ခွင့်၊ အဂတိနဲ့တစ်ဦးချင်းဝင်ငွေ

စာနယ်ဇင်းလွတ်လပ်ခွင့်မှာ အင်ဒိုနီးရှားကို မှီပြီး၊ စင်ကာပူ၊မလေးရှားထက် သာတယ်ဆိုပြီး၊ ပျော်မနေဖို့ပါ။ ငွေမရတဲ့ စာနယ်ဇင်းလွတ်လပ်ခွင်ပါ။ အောက်က ဇယားကို ချမ်းသာတဲ့မြန်မာများ ကိုယ်ချင်းစာတရားနဲ့ အမြဲကြည့်တတ်ပါစေ။ အဂတိလိုက်စားမှုနဲ့ ပြည်သူလူထု ဝင်ငွေကတော့ နောက်ဆုံးမှာပဲ ရှိနေဆဲပါ။ ဝင်ငွေနည်းပြီး၊ အလုပ်မရှိ၊ လျှောက်ပြော၊ရေးခွင့်ပေးရင်လဲ ဒေါသထွက်နေတဲ့ လူတွေကိုထိမ်းရခက်ပါတယ်။ 

 

 

နိဂုံး

Tempo မဂ္ဂဇင်းမှာ အင်ဒိုနီးရှားအချမ်းသာဆုံး သူဌေးတစ်ဦးဖြစ်တဲ့ Winata , အထည်စက်ရုံကိုမီးလောင်စေပြီး၊ ဈေးကွက်လက်ဝါးကြီးအုပ် အမြတ်ထုတ်တဲ့သတင်း တင်ပြမှုကြောင့်၊ လူ၂၀၀အုပ်စု ဝန်ထမ်းများကို ထိုးနှက်၊ နှိပ်စက်ပြီး မဂ္ဂဇင်းတိုက် မီးရှို့ဖို့ကြိုးစားပါတယ်။ ရဲတပ်ဖွဲ့ကလည်း လစ်လျူပြုခဲ့ပါတယ်။ သူဌေးကြီး Winata ရဲ့ ငွေ-အာဏာသုံးပြီး၊ တရားစွဲဆိုမှုကို အယ်ဒီတာချုပ် Harymurti  ခံရပါတယ်။ ထောင်၁နှစ်၊ ဒဏ်ငွေ ၅သောင်း တရားရုံးက ပြစ်ဒဏ်ချမှတ်ပေမဲ့၊ နိုင်ငံတော် အမြင့်ဆုံးတရားရုံးက ၂၀၀၅ ဖေဖေါ်ဝါရီလမှာ Harymurti ကိုလွှတ်ပေးလိုက်ပါတယ်။ အင်ဒိုနီးရှား ဂျာနယ်လစ်စ် များရဲ့ အောင်ပွဲဖြစ်ပါတယ်။ 

ဒီမိုကရေစီခရီးကို မြန်မာထက် ရှေ့ရောက်နေတဲ့ အင်ဒိုနီးရှားမှာ အရပ်သားသမ္မတ ဂျိုကိုဝီ မဲအနိုင်တဲ့အတိုင်း၊ ရွေးကောက်ပွဲကော်မရှင်က သမ္မတအဖြစ် ဇူလိုင်၂၂ရက်နေ့မှာ ကြေညာမယ် မျှော်လင့်ပါတယ်။ မြန်မာပြည်မှာလဲ ဒီမိုကရေစီလမ်းကြောင်း လျှောက်နေချိန် ဂျိုကိုဝီ ကဲ့သို့ မှန်ကန်တဲ့စီးပွားရေးသမား တဖြစ်လဲ နိုင်ငံရေးသမားများစွာ ပေါ်ထွက်လာပြီး၊ နေရာရလာဖို့ နီးစပ်ပါပြီ။  

ဇော်အောင်(မုံရွာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts