ဒီလို ကိုယ်စားလှယ်လောင်းတင်ချိန်မှာ ပြဿနာကြီးကြီးမားမားကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကိုယ်စားလှယ်လောင်းတင်တဲ့ကိစ္စပါ ပဲ။ ဒေါ်အောင်ဆန်းစုကြည်က ဗဟန်းမြို့နယ် (၁) မဲဆန္ဒနယ်မြေမှာ အရွေးခံဖို့ လျှောက်လွှာတင်ပါတယ်။ မြို့နယ်စုကော်မရှင်က လက်ခံပါ တယ်။ ဒါကို ဒီမြို့နယ်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် တစညကိုယ်စားလှယ်လောင်း ဦးလဘန်ဂရောင်နဲ့ ဦးမြင့်သန်းတို့က ကန့်ကွက်ပါတယ်။ ဒါပေမယ့် ဒီကန့်ကွက်ချက်ကိုပဲ အထောက်အထား မခိုင်လုံဘုးဆိုပြီး ရန်ကုန်မြို့နယ်စု ကော်မရှင်ကပယ်ချပြီး ဒေါ်အောင်ဆန်းစုကြည်ကို အရွေးခံခွင့်ပြုပါတယ်။
ဒါကို ဦးလဘန်ဝရောင်တို့က တိုင်းအယူခံတက်လို့ ရန်ကုန်တိုင်းကော်မရှင်က ကန့်ကွက်ချက်ကိုလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။
ကျနော်မှတ်မိသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလက်ခံတဲ့ ရန်ကုန်မြို့နယ်စု ကော်မရှင်ရဲ့ဥက္ကဌက တက္ကသိုလ်က ဘူမိဗေဒ ပါမောက္ခဟောင်း ဦးဘသန်းဟက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခွင့်ပယ်တဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တဲ့ ရန်ကုန်တိုင်းကော်မရှင်ရဲ့  ဥက္ကဌက တက္ကသိုလ်ပါမောက္ခချုပ် ဦးတင်အောင်အေးပါ။ တိုင်းကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာချစ်ရွှေဆိုတာ အခြေခံပညာဦးစီးမှာ
ညွှန်ကြားရေးမှူးဖြစ်ပြီး တက္ကသိုလ်တုန်းက ကျနော်နဲ့ တဆောင်တည်းနေခဲ့ဖူးတဲ့ ကျောင်းနေဖက်ပါ။
လူထုကတော့ မကျေနပ်ပါ။ ဒါပေမယ့် ရွေးကောက်တင်မြှောက်ပွဲဥပဒေလုပ်တုန်းကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ပယ်နိုင်အောင် ထည့်ဆွဲထားတာပဲ။ ဒီလိုပဲဖြစ်လာရတာပေါ့။ ဥပဒေအရ ဒါကို ဗဟိုကော်မရှင်မှာ အယူခံဝင်နိုင် မဝင်နိုင် ဖော်ပြချက်တစုံတရာမရှိပါ။ သာ မာန်အားဖြင့်တော့ ဗဟိုကော်မရှင်က ပြင်ဆင်မှုလုပ်ဖို့ပဲရှိတယ်။ ဗဟိုကဘာမှမလုပ်ပါ။ ဒီလိုနဲ့ ဗဟန်း (၁) နယ်မြေအတွက် အမျိုးသားဒီမိုက ရေစီအဖွဲ့ ချုပ်ရဲ့ ကိုယ်စားလှယ်မရှိပဲ၊ ကျန်နေရာတွေမှာသာ ဝင်ရောက်ယှဉ်ပြိုင်ကြရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လျှောက်လွှာအပယ်ခံရပေမယ့် သူရွေးကောက်ပွဲဝင်တဲ့အတွက် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ထောက် ခံတယ်ဆိုတဲ့အချက်ဟာ ကျန်ရွေးကောက်ပွဲဝင်တဲ့ ကျနော်တို့အဖွဲ့ ချုပ်ကိုယ်စားလှယ်အားလုံးအတွက် ပြည်သူ့မဲကို ပုံအောရစေတဲ့အ ချက်ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရေးနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းလျှောက်လွှာမှာရေးတဲ့စာတပိုဒ်ကို ဘလောက် လုပ်ဖော်ပြပြီး မဲဆွယ်စာတမ်းအဖြစ် အဖွဲ့ချုပ်က အသုံးချခဲ့တာပါ။
“၉။ ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးကဏ္ဍအကျဉ်းချုပ် ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံပြည်သူလူထု၏ ဒီမိုကရေစီကြိုးပမ်းလှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့ ပြီး ၂၇.၉.၈၈ နေ့တွင်ဖွဲ့ စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
နိုင်ငံရေးကြိုးပမ်းမှုများကြောင့် ၂ဝ.၇.၈၉ နေ့မှစ၍ ထိန်းသိမ်းခံခဲ့ရပါသည်။ အထိန်းသိမ်းခံနေလျှက်နှင့်ပင် မိမိအဖွဲ့ချုပ်၏ ဒီမိုကရေစီ နည်းလမ်း အရဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့် တိုင်းသူပြည်သားတို့၏ အမှန်တရားနှင့်ကိုက်ညီသော လိုအပ်ချက်များကို တတ် စွမ်းသ၍ ကူညီဖြည့်စွက်လိုသောကြောင့်လည်းကောင်း၊ ဒီမိုကရေစီလိုလားသောလူထုကြီး၏ ဇွဲသတ္တိကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ၊ ဗဟန်းမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကိုလိုက်နာ၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူတဦး အဖြစ်အမည်စာရင်း တင်သွင်းလိုက်ပါသည်။
အောင်ဆန်းစုကြည်
လက်မှတ် ——– အမည်၊ အောင်ဆန်းစုကြည်
နေ့စွဲ၊ ၂၂.၁၂.၈၉
ဒီလောက် တနိုင်ငံလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးအရှိန်အဝါက ကြီးမားခဲ့တာပါ။ ကျနော်တို့တိုင်းပြည်လို အခုမှ ဒီမိုကရေစီကို တောင်းဆိုတိုက်ပွဲဝင်နေရဆဲ၊ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့တိုင်းပြည်မျိုးမှာ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးအရှိန်သြဇာကို ဘယ်လိုမှ မပယ်နိုင်သေးပါ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အခိုက်အတန့်မှာတော့ ပြည်သူလူထုက လက်ခံဆဲပဲရှိပါသေးတယ်။