ဟန်သစ်နိုင်
မတ်လ ၁၄၊ ၂၀၁၄
အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်လီမိတက် AGD Bank သည် Daily Eleven တွင်ဖော်ပြထားခြင်းမှာ အခွန်ဦးစီးဌာန၏ မှာယွင်းစွာထုတ်ပြန်ချက် ကြောင့် ဖြစ်ကြောင်းကို မတ် ၁၁ ရက်တွင် AGD ဘဏ်၌ နေ့လည် ၃ နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
AGD ဘဏ်၏ အုပ်ချုပ်ရေးမှူးဒါရိုက်တာ ဦးရဲမင်းဦးက AGD ဘဏ်မှသတင်းစာရှင်းလင်းပွဲလုပ်ရခြင်းသည် (၁၁.၃.၂၀၁၄) ရက်နေ့ထုတ် Daily Eleven သတင်းစာသည် အခွန်ဦးစီးဌာန၏ မှားယွင်းစွာထုတ်ပြန်မှုအရ ဖော်ပြမိကြောင်း၊ ၄င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အခွန်ဌာနသို့ မေးမြန်းစုံစမ်းကြည့်သော် အခွန်ဌာန၏ ဝက်ဆိုဒ်တွင် ကွန်ပျူတာရဲ့မှားယွင်းမှုကြောင့်ဖြစ်ကြောင်း၊ မှားယွင်းဖော်ပြမှုများ ကိုလည်း အခွန်ဌာန၏ ဝက်ဆိုဒ်တွင် ပြန်လည်ဖယ်ရှားဖော်ပြပြီးဖြစ်ကြောင်း၊ ဘဏ်တွေရဲ့လုပ်ရိုးလုပ်စဉ် ပုံစံများကို မီဒီယာများကြားတွင် နည်းနည်းကွဲလွဲနေသည်ဟု ယူဆကြောင်း၊ ဘဏ်တွေအားလုံးဟာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ထားသော စည်းမျဉ်းစည်း ကမ်းများကို လိုက်နာရကြောင်း၊ မြန်မာနိုင်ငံတွင်အခွန်ကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ရေးများတွင် မှန်ကန်မှုရှိသလို၊ မမှန်ကန်မှုများလည်းရှိနိုင် ကြောင်း၊ ကုမ္ပဏီအချို့သည် အခွန်ဆောင်မှုများရှိသလို အခွန်ရှောင်မှုများလည်းရှိပြီး ဘဏ်များလောကတွင် ယခုလိုလုပ်၍မရကြောင်း ပြောသည်။
ဆက်လက်၍ “ကျနော်တို့က နှစ်စဉ်နှစ်တိုင်း အခွန်အမြဲဆောင်ပါတယ်။ ဘဏ်တွေအားလုံးဟာလည်း အခွန်နဲ့ပတ်သက်ရင် တိမ်းရှောင် လို့မရ” ဟုပြောသည်။
အခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူ ဦးတင်ထွန်းနိုင်ကလည်း ၇.၃၂၀၁၄ ရက်နေ့တွင် IRD ဝက်ဆိုဒ်တွင် ဖော်ပြထားသော အခွန်စည်းကြပ်မှု ခံယူခြင်းမရှိသော ကုမဏီများစာရင်းသည် ကွန်ပျူတာစာရင်းမှားယွင်းမှုကြောင့် အခွန်ပေးဆောင်နေသော ကုမ္ပဏီအချို့ကို မှားယွင်းစွာ ထည့် သွင်းဖော်ပြခဲ့မိကြောင်း၊ Asia Green Deveolpment Bank ၊ Yoma Bank၊ Small နှင့် Medium Industrial Development Bank၊ A-1 Garment၊ Korea Development Bank များသည်လည်း အခွန်ပေးဆောင်နေသောကုမ္ပဏီများဖြစ်ပြီး မှားယွင်းစွာဖော်ပြခဲ့မိကြောင်း၊ မှားယွင်းဖော် ပြခဲ့သော ကုမ္ပဏီ (၁၀၆၇၀) စာရင်းကို ပယ်ဖျယ်ထားပြီးဖြစ်ကြောင်း၊ အမှန်စာရင်းကိုလည်း သေချာစိစစ်ပြီး တစ်ယောက် ချင်းကို ဝက်ဆိုဒ်ထဲတွင် ထည့်သွင်းလိုက်ပြီဖြစ်သော်လည်း ကွန်ပျူတာထဲတွင် အရေအတွက်များလွန်းသဖြင့် ထပ်မံမှားယွင်းနိုင်ကြောင်း ပြောသည်။
ဆက်လက်၍ “ ကျနော်တို့အမှားယွင်းကို ဖော်ပြပြီးပြီ၊ အားလုံးဟာလည်း ကျနော်တို့အမှားတွေပဲဖြစ်ပြီး ဝန်ချတောင်းပန်ပါတယ်” ဟုပြော သည်။
There is no tax issue with AGD Bank because this bank is owned by than shwe & his thugs,thieves & crooks gang.