သူတို့အာဘော်

ဟားဗတ်မှ ကျွန်ုပ်တို့လူ

မောင်ညို (ဝိဇ္ဇာလင်္ကာရကျောင်းတိုက်) ၊ ဇွန် ၆၊ ၂၀၁၂

ဟားဗတ်မောင်အေးချမ်းက စာရေးကောင်းတယ်။ ဒါဟာသူ့ရဲ့ ဒုတိယမြောက် သတင်းစာဆောင်းပါးလည်းဖြစ်တယ်။ ခေါင်းစဉ် ကလည်း အများသည်းခြေကြိုက်မယ့်ခေါင်းစဉ် “ မြန်မာ့မျှော်လင့်ချက် ခေါင်းဆောင်ကြီးများသို့” တဲ့။ ဒီဆောင်းပါးကို မြန်မာ့အလင်း သတင်းစာ (အင်္ဂလိပ်ဘာသာ) မှာပါ ဖော်ပြထားတယ်။

“အကြောင်းမညီညွတ်ပါသဖြင့်”  ဆိုတာ ဘာများပါလိမ့်ဆိုတာ ဟားဗတ်မောင်အေးချမ်း ရေးပြမှ ရှင်းတော့တယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ဆိုရင် “နိုင်ငံတော်ကိုကိုယ်စားပြုပြီး၊ နိုင်ငံသားအား လုံးရဲ့ အထွတ်အထိပ်နေရာ” က လူပဲ။ ပုဒ်မ (၅၇)နဲ့ (၅၈) ကိုကြည့်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဟားဗတ်မောင်အေးချမ်းက သူ့ဆောင်းပါးမှာ “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ” လို့သာဖေါ်ပြထားတယ်။ (ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဆိုတာကို မဖေါ်ပြဘူး၊ တမင်ချန်ထားတယ်)

ဦးသိန်းစိန်ဟာ နိုင်ငံတကာစင်မြင့် (WEF) ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  တူယှဉ်တွဲပြီး ဝင်ကာမနွှဲနိုင်ဘူး။

 တန်းတူယှဉ်တွဲပြီး နိုင်ငံတကာစင်မြင့်ပေါ်မှာ မတက်နိုင်ဘူးဆိုတဲ့ တဲ့ သဘောထားဟာ  ဦးသိန်းစိန်တစ်ဦးထဲရဲ့ သဘောထား တင်မကဘူး၊ အစိုးရအဖွဲ့နဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (အကလ) ကလည်းလက်သင့်ခံမှာမဟုတ်ပါဘူး။

“စိတ်ကွက်သွားပုံရတယ်” ဆိုတဲ့ နယူးယောက်တိုင်းမ်ဆောင်းပါးရှင်ရဲ့ ထင်မြင်ချက်မမှားဘူး။

 (WEF) ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လိုမိန့်ခွန်းပေးမယ်ဆိုတာ သူတို့ အတိအကျမသိနိုင်ပေမယ့် ၊ တွက် ချက်ရိပ်စားမိမှာသေချာတယ်။ ဒီတော့ အတူယှဉ်နွှဲလို့မဖြစ်နိုင်ဘူး။

“နိုင်ငံတော်သမ္မတ” နဲ့ “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်”တို့ဟာ အခြေခံဥပဒေအရ တန်းမတူဘူးလား။ သူတို့ကို သက်ဆိုင် ရာ မဲဆန္ဒနယ်တွေကနေ ပြည်သူလူထုက ဆန္ဒမဲပေးရွေးချယ်ထားကြသူတွေပဲမဟုတ်ဘူးလား။ နိုင်ငံတော်ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီဥက္ကဋ္ဌ လည်း တန်းမတူဘူးလား။ သူတို့ဟာ နိုင်ငံသားတွေပဲမဟုတ်ဘူးလား။ ဒီအချက်တွေမှာ မတူညီနိုင်လို့ ဦးသိန်းစိန်ဟာ ခရီးစဉ်ဖျက်သိမ်းခဲ့ တာပါ။ “အကြောင်းမညီညွတ်တာတွေ” ဟာ အဲဒီအချက်တွေသာဖြစ်မယ်လို့ယူဆပါတယ်။

ကျန်တာတွေကတော့ (WEF) ဖိုရမ်မှာဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်းထဲကအချက်အလက်တွေဖြစ်တယ်။

သူတို့ မကြိုက်တာတွေက “ မြန်မာ” (Myanmar) ကို “ဘားမား” (Burma ) လို့ သုံးနှုန်းတာမကြိုက်ဘူး။ ဘားမားလို့ သုံးတာ ဟာ အခြေခံဥပဒေနဲ့မညီဘူးတဲ့။ (ကြံ့ဖွံ့ပါတီလွှတ်တော်ကိုယ်စားတစ်ဦးကလည်း “ဘားမား/မြန်မာ”သုံးတဲ့ကိစ္စကို လွှတ်တော်ထဲမှာ ခါးခါး သီးသီး တိုက်ခိုက် ပြောကြားတာ ရှိဖူးတယ်)  

ဒီလိုသုံးရင်  “ကိုလိုနီနယ်ချဲ့တွေကို ပြန်ပြောင်းသတိရတတ်တယ်” တဲ့။

ဒါပေမယ့် “မြန်မာနိုင်ငံရာဇတ်သတ်ကြီး” (The Penal code) ကိုတော့ တည်ဆဲဥပဒေအဖြစ်တွင်တွင်သုံးနေတယ်။ ဒီလိုသုံးတဲ့ အခါတိုင်း ကိုလိုနီနယ်ချဲ့တွေကို ပြန်ပြီးသတိမရဘူးလား။ “ရာဇသတ်ကြီး” ကို ၁၈၆၁ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကိုလိုနီနယ်ချဲ့ (အင်္ဂလိပ်)က ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ “အင်းစိန်ထောင်ကြီး”က လည်းကိုလိုနီအမွေအနှစ်ပဲ။ ဒါတော့ လက်ခံသုံးစွဲနေတယ်။

နောက်တစ်ချက်က ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် သံသယတွေ၊ မသေချာမှုတွေဖြစ်ပေါ်လာအောင် မပြောသင့်ဘူးတဲ့။ “ယုံကြည်မှုဟာ ရွှေငွေရတနာထက်အဖိုးတန်သတဲ့” ။

 ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေနဲ့အစိုးရကြားမှာဒေါ်အောင်ဆန်းစုကြည်က ယုံကြည်မှုတွေ ပွားများလာအောင် အကျိုးဆောင်ပေး ရမယ်လို့ ဟားဗတ်မောင်အေးချမ်း က ဆိုလိုချင်တဲ့သဘောပဲ။

“ရင်းနှီးမြှုပ်နှံမှုတွေအတွက် အာမခံချက်ရှိတဲ့ ဥပဒေစိုးမိုးမှုမရှိဘူးဆိုတဲ့ပြောကြားချက်ဟာ ဖွင့်ထားတဲ့တံခါးကို ကိုယ့်ဘာသာ ကိုယ်ပြန်ပိတ်သလို”  ဖြစ်မှာ မောင်အေးချမ်းက အထူးပဲစိုးရိမ်သတဲ့။

“လျှပ်စစ်မီးမရတဲ့ကိစ္စ” မှာတော့ ဟားဗတ်မောင်အေးချမ်း ခမျာ  ချော်လဲရောထိုင်လုပ်ပြီး “အခုမှ ဖြစ်တာမဟုတ်ဘူး၊ အရင်က လည်းဒီလိုဖြစ်ခဲ့တာကြာပြီ”တဲ့။

ဒါပေမယ့် စက်မှုဇုံများက အလုပ်သမားတွေ လစာလုပ်ခတိုးမြှင့်ပေးရေး ဆန္ဒပြပွဲတွေဖြစ်လာနေတာကိုတော့ ရူးချင်ယောင် ဆောင်ခဲ့ပြီး။ ဒီလိုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာရတာဟာ “နိုင်ငံရေးစနစ်တိုးတက်ပြောင်းလဲလာလို့ အခွင့်အရေးတွေတိုးတက်လာပြီး အစိုးရသစ်ရဲ့ လမ်းဖွင့် ပေးမှုကြောင့် ” ဆိုပြီး အရူးကွက်နင်းသွားပါတယ်။

 “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ” ကို  ပြည်ထောင်စုလွှတ်တော်က  ၂၀၁၁ ဒီဇင်ဘာ လ ၂ ရက်နေ့မှာ (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅ ဖြင့်) ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပေမယ့် နည်းဥပဒေမရှိသေးလို့ ဆိုပြီး ခွင့်ပြုချက်မပေး တာကို ဟားဗတ်မောင်အေးချမ်း တကယ်မသိတာလား။ “အစိုးရသစ်ရဲ့လမ်းဖွင့်ပေးမှုကြောင့် ”ဆိုတာ ဟုတ်ပါ့မလား။

မောင်အေးချမ်းက “ခေါင်းဆောင်၂ဦးအပေါ်မှာ ကျွန်တော်တို့ မျှော်လင့်ချက်တွေကို အားကိုးတကြီးပုံအပ်ထားတာဖြစ်ပါ တယ်”တဲ့။ သူတို့ကိုင်စွဲထားတဲ့ မူတွေ၊ ပေါ်လစီတွေ၊ လမ်းစဉ်တွေ၊ ဥပဒေစည်းမျဉ်းစဉ်ကမ်းတွေအပေါ်မှာမဟုတ်ဘူးလား။ ဟားဗတ် ကျောင်းတော်ကြီးက “လူကိုသာ အားကိုးတကြီးပုံ အပ်ထားကြ”လို့ သင်ကြားပေးလိုက်ပါသလား။

 တိုင်းရင်းသားတွေကတော့ သူတို့ယုံကြည်မှုကို (ပင်လုံစာချုပ်)နဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ် လုံးလုံးပုံအပ်ယုံကြည်ခဲ့ကြတာနဲ့ ပတ်သက်ပြီး ခါးသီးဖွယ်သင်ခန်းစာ ထုတ်ထားကြတယ်။

ရှင်းရှင်းပြတ်ပြတ်မစဉ်းစားနိုင်တာနဲ့ပတ်သက်ပြီးဖတ်ဖူးတဲ့ပုံပြင်ကလေးတစ်ခုကို မှတ်မိသလို ပြန်ရေးပြပါ့မယ်။

တစ်ခါက ဟားဗတ်ကျောင်းသားတစ်ယောက်ဟာ “ဝီစကီ”ကို ဆိုဒါနဲ့ ရောသောက်သတဲ့၊ ဒီလိုသောက်တိုင်း သူ့မှာ ခေါင်း ကိုက်ဝေဒနာခံစားရတယ်။ ဒါနဲ့သူဟာဘာကြောင့်လဲဆိုတဲ့အဖြေကိုသိဖို့  “ရမ်”၊ ဘရန်ဒီ” စသဖြင့် တမျိုးပြီးတမျိုး ပြောင်းသောက် ကြည့် သတဲ့။ နောက်ဆုံးမှာ သူရတဲ့အဖြေက “ဆိုဒါ”ကြောင့်ပဲဆိုတာသိလိုက်ရသတဲ့။ ပုံပြင်ကတော့ဒါပါပဲ။

ကျနော်တို့ကို ဟားဗတ်မောင်အေးချမ်းဆောင်းပါးက ရှင်းရှင်းလင်းလင်းပေးတဲ့အချက်ကတော့ သူဟာ သမ္မတဦးသိန်းစိန် အစိုးရအတွက်  “ဟားဗတ်မှ ကျွန်ုတို့လူ” ဆိုတဲ့အချက်ပါပဲ။ ဟားဗတ်မောင်အေးချမ်း စာရေးကောင်းတာကလည်း သမ္မတဦးသိန်းစိန် အတွက်ပါလား။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

7 thoughts on “ဟားဗတ်မှ ကျွန်ုပ်တို့လူ
  1. ကိုမောင်ညိုရေ …
    မောင်အေးချမ်း(ဦးအေးချမ်း၊ဟားဗတ်)ရေးတဲ့စာကို ကျနော် နှလုံးသားနဲ့ရင်းပြီး သဘောတူပါတယ်..
    အမှန်တကယ်လည်း ကျနော်တို့မှာ တိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု လိုနေပါတယ် ..
    အမေစုက တဖက်နိုင်ငံမှာလုပ်နေတဲ့ ဗမာပြည်သားတွေကို ဗမာပြည်ကို ပြန်မလာချင်အောင် ၊
    ဗမာပြည်က လုပ်ငန်းရှင်တွေ မပေးနိုင်တဲ့ လုပ်ခတွေနဲ့ ချည်နှောင်ထားခဲ့တယ် …

    ကျနော်တို့ ဗမာပြည်က ထိုင်းနိုင်ငံလို အဘက်ဘက်က အသာစီးရနေတဲ့ တိုင်းပြည်ကို ယှဉ်နိုင်ဖို့
    ကုန်ထုတ်လုပ်ငန်းတွေ လိုအပ်ပါတယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါတယ် …
    တိုင်းပြည် တစ်ပြည်ချမ်းသာဖို့ဆိုတာ အစိုးရချည်းပဲ ငွေရှိနေလို့ မရပါဘူး.. တိုင်းပြည်ရဲ့ ဘဏ္ဍာဖြစ်တဲ့
    သူဌေးသူကြွယ်တွေကို အခွင့်အလမ်းတွေ ဖွင့်ပေးရပါမယ် .. လုပ်သားထုတစ်ရပ်လုံးကိုလည်း
    ပိုမိုပြီး ၀င်ငွေသေချာမဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးရပါမယ် …

    အဲဒါတွေအတွက် … အမေစုကို မေတ္တာရပ်ခံချင်ပါတယ်.. ကျနော်တို့အားလုံးကို ဖွင့်ပေးပါ…
    နိုင်ငံရေး အသိတင်မကဘဲ မိသားစု အဆင်ပြေစေမဲ့ စီးပွားရေးအခွင့်အလမ်းတွေကို
    ကူညီပေးပါ .. ဆောင်ရွက်ပေးပါ ။

    ထိုင်းနိုင်ငံလို ကြီးပွားနေတဲ့ တိုင်းပြည်က အလုပ်သမား ထု
    (၂)သန်းကို ဗမာပြည်ရောက်အောင် ပြန်လည် ခေါ်ယူပေးနိုင်ရင် ကျနော်တို့ဆီမှာ အလုပ်တွေ
    လာပေးချင်တဲ့ ရင်းနှီးမြုပ်နှံသူတွေ ပိုများလာပါမယ် .. .. သူတို့ကို ထိုင်းမှာပဲ ပျော်အောင်ထားရင်
    ထိုင်းနိုင်ငံပဲ ပိုပြီး ကြီးထွားလာမှာပါ၊ အမေစုကို ထိုင်းက အရူးအမူး ကျေးဇူးတင်မှာပါ …

    ဒါပေမဲ့ .. ကျနော် မေတ္တာရပ်ခံချင်ပါတယ် … ဗမာပြည်အတွက် နဲနဲလောက် စဉ်းစားပေးပါအမေရယ်..

    1. DASSK EXPRESS THE REALITY OF OUR COUNTRY’ PRESENT SITUATION. WE NEED TO CHANGE OUR LONG TIME BAD HABBITS LIKE CRONIES, CORRUPTIONS, ABOVE LAW PRACTICES. IF NOT, FDI WILL TAKE ADVANTAGE UPON IT AND ONLY FOREIGN COMPANIES AND A FEW PEOPLE IN OUR COUNTRY WILL GET PROFIT, NOT ALL PEOPLE AND COUNTRY. TILL NOW, LAW ENFORCEMENT AND ANTI-CORRUPTION ACITVITIES OF GOVERNMENT IS VERY WEAK. WE ARE LOOSING OUR NATURAL RESOURCES BUT COUNTRY/PEOPLE DIDN’T GET IT.

  2. အန်.. အလုပ်အကိုင် အခွင့်အလမ်း အရင်လုပ်ပြီးမှ ထိုင်းကလူတွေကိုပြန်ခေါ်ရမှာလေ…ထိုင်းကလူတွေ ပြန်ရောက်ပြီးမှ အလုပ်အကိုင်ပေးချင်တဲ့ သူတွေများလာမှာတဲ့ လားဗျ ပြောင်းပြန်ကြီးဖြစ်နေတယ် ..ကျနော်ပြောချင်တာက ထိုင်းက လူတွေ မလာသေးတာတောင် မြန်မာပြည်မှာ အလုပ်သမားတွေအလုပ် လုပ်မယ့်သူ တွေ အများကြီး တပုံကြီး အလုပ်မ၇ှိတဲ့သူတွေကလဲ တစ်ပုံကြီးမို့ အလုပ်ကိုသာအရင်ဆုံးပေးကြပါလို့ပဲ ပြောချင်ပါတယ်..အလုပ်ပေးရင်လဲ အခုလို ဆန္ဒပြမှုတွေမဖြစ်အောင်အစထဲက သေချာလုပ်ပေးစေလိုပါတယ်…( uat ဆိုတဲ့ အမည်နဲ့ ပေးတဲ့comtကို တုန့်ပြန်ပါတယ်)

  3. He went to Harvard. He completed his studies. But he cannot use his education taught by Harvard to become somebody in the land of American Dream. Finally, he came back to his country which he earlier thought a country hopeless for people. When he realized this country is hopeful for a scholar like him it was too late. There were enough selected people to advise the president. But he knows they are just nuts and no educational background like him. He is still waiting for the opportunity that will never comes again for him. Poor chap, Maung Aye Chan (Harvard), he does not know the president will not appoint a Harvard graduate for advisor position, as his intelligence level is so low comparing to that of a Harvard graduate.

Comments are closed.